#Local_News
Published_19 January 2023

 

မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အတွင်း ခွင့်ပြုချက်မဲ့ အပျော်တမ်းငါးမျှားလှေဖြင့် ဝင်လာသူ နိုင်ငံခြားသား ၇ ဦးအား ဇန်နဝါရီလ ၁၇ ရက်က ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နိုင်ငံခြားသား ၇ ဦးမှာ ထိုင်းနိုင်ငံသား ၃ ဦး၊ ဗြိတိန်နိုင်ငံသား ၃ ဦးနှင့်ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးတို့ဖြစ်ကြောင်း၊ ယင်းတို့က အပျော်တမ်းငါးမျှားလှေဖြင့် မြန်မာ့ပင်လယ်ပိုင်နက်အတွင်းသို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်က ခွင့်ပြုချက်မဲ့ ဝင်ရောက်လာခဲ့သည့်အတွက် မြန်မာအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်တရားစွဲဆို ၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ် ရေး(လတ်တလောဥပဒေများ)အက်ဥပဒေပုဒ်မ ၇(၁)ဖြင့် ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့ကာ ကော့သောင်းခရိုင်တာဝန်ရှိသူများမှ ထိုင်းနိုင်ငံ၊ရနောင်းမြို့တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံ၍ ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group