Published_ 6 September-2023
ယခုလအတွင်း ကျင်ပမည့် အာရှအား ကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း အနေဖြင့် ခြေစမ်းပွဲများ ဆက်တိုက်ကစားလေ့ ကျင့်လျက်ရှိသည်။
ယင်းသို့ လေ့ကျင့်ပြင်ဆင်ရာ၌ ပြည်တွင်း အမျိုးသမီးဘောလုံးကလပ်အသင်းများဖြင့် ခြေစမ်းပွဲများ ကစားနေခြင်းဖြစ်သည်။
ယမန်နေ့ စက်တင်ဘာ (၅)ရက်က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် FIFA-MFF U15 League (Lower Myanmar) ရာသီဝက်ချန်ပီယံ ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းနှင့် ခြေစမ်းကစားခဲ့ကြသည်။
ထိုသို့ကစားရာတွင် မိနစ် ၃၀ မိနစ်တစ်ကြိမ် သုံးပိုင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် သရေ ရလဒ်ထွက်ပေါ်ခဲ့ကာ တတိယပိုင်းတွင် ရခိုင်အသင်းက ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ( ၄၀ ) မှ ပြိုင်ပွဲ အမျိုးအစား( ၄၈၁) မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။
Yangon_Times/MY
#Local_News
#YMG #Yangon_Times
- Category: Myanmar
လက်ဝှေ့ထိုးခြင်းမှ မနားမယူခင် ဒေဝနှင့်ဖြစ်စေ ပရွမ်ဆွမ်နန်နှင့်ဖြစ်စေ တစ်ပွဲထိုးသတ်ချင်သေးဟု ထွန်းထွန်းမင်းပြော
ထွန်းထွန်းမင်းက သူတို့နှစ်ယောက်ထဲက ဘယ်သူနိုင်နိုင် ကျွန်တော်လက်ဝှေ့အနားမယူခင် တစ်ပွဲလောက် ဆုံချင်သေးတယ်
#Yangon_Times/MY
#Local_News
#Published_ 5 September 2023
#YMG #Yangon_Times
- Category: Myanmar
Published_ 4 September 2023
ယခုလ စက်တင်ဘာ ပထမအပတ်အတွင်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည့် အင်ဒိုနီးရှားမာစတာပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သူမ၏ ဖခင်ဖြစ်သူက Yangon Times သို့ပြောသည်။
ယင်းပြိုင်ပွဲကို စက်တင်ဘာ (၅)ရက်မှ (၁၀)ရက်အထိ အင်ဒို နီးရှားနိုင်ငံ မီဒန်မြို့၌ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ကစားသမား (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ သက်ထားသူဇာသည် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသူ ဝီဂျာဂျာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ဝီဂျာဂျာသည် လက်ရှိ ကမ္ဘာ့အဆင့် (၉၈)တွင် ရပ်တည်လျက်ရှိပြီး ၊ သက်ထားသူဇာမှာ ကမ္ဘာ့အဆင့် (၄၈)နေရာတွင် ရပ်တည်နေကြသူများဖြစ်သည်။
ပြိုင်ပွဲတွင် သက်ထားသူဇာအနေဖြင့် ဝီဂျာဂျာကို အနိုင်ရရှိပါက ဒုတိယအဆင့်တွင် တရုတ်တိုင်ပေ ကြက်တောင်မယ်ချန်စုယူနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သက်ထားသူဇာသည် ယခု စက်တင် ဘာလအတွင်း အင်ဒိုနီးရှားမာစတာပြိုင်ပွဲအပြင် ဗီယက်နမ် မာစတာပြိုင်ပွဲနှင့် ထိုင်းနိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲတို့ကို တစ်ဆက်တည်သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သက်ထားသူဇာသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေပြီး၊ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့်ပြိုင်ပွဲများတွင် အဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး သြဂုတ်လကုန်အထိ ပြိုင်ပွဲစုစုပေါင်း (၁၄)ခု ယှဉ်ပြိုင်ထားပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
- Category: Myanmar
Published_ 4 September 2023
2024 AFC U23 Asian Cup ခြေစစ်ပွဲ အုပ်စု(ခ)အဖွငိ့ပွဲစဉ်ကို ကာဂျစ္စတန်နှင့်မြန်မာအသင်းတို့ ယခုလ စက်တင်ဘာ (၆)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ထံ က သိရသည်။
အဆိုပါ ခြေစစ်ပွဲစဉ်ကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာ့လက်ရွေးစင် ယူ ၂၃ ဘောလုံးအသင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ Changwon မြို့သို့ ယမန်နေ့စက်တင်ဘာ (၃)ရက် နံနက်ပိုင်းက ရောက်ရှိနေပြီဖြစ်သည်။
မြန်မာ ယူ၂၃ အသင်းအနေဖြင့် ခြေစစ်ပွဲ အုပ်စု(ခ)ပွဲစဉ်တွင် အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ယင်းသို့ ယှဉ်ပြိုင်ရာတွင် စက်တင်ဘာ ၆ ရက် အုပ်စု ပွဲစဉ်အဖွင့်၌ ကာဂျစ္စတန် အသင်းဖြင့်လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် ကာတာအသင်းဖြင့် လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် အိမ်ရှင် တောင်ကိုရီးယား အသင်းတို့ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times
- Category: Myanmar
Published_ 4 September 2023
2024 AFC U23 Asian Cup ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် စက်တင်ဘာ ၃ ရက် မနက်ပိုင်းတွင် တောင်ကိုရီးယား နိုင်ငံ Changwon မြို့သို ရောက်ရှိခဲ့ပြီး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ဘောလုံအဖွဲ့ချုပ်(MFF) က ထုတ်ပြန်ထားပါတယ်။
မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲ အုပ်စု(ခ)တွင် အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းများနှင့်အတူ ကျရောက်နေပြီး အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် စက်တင်ဘာ ၆ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲတွင် စတင် ကစား ရမှာဖြစ်ပါတယ်။
ဒုတိယမြောက်ပွဲစဉ်အဖြစ် ကာတာအသင်းနှင့် စက်တင်ဘာ ၉ ရက်၊ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် တောင်ကိုရီးယားအသင်းနှင့် စက်တင်ဘာ ၁၂ ရက်တွင် ကစားရမှာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#local_sport
#YMG #Yangon_Times
- Category: Myanmar
#Local_Sport
Published_ 31 August 2023
နယူးကာဆယ်နဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတဲ့လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ကို မသင့်မလျော်တုံ့ပြန်ပြုမူမှုနဲ့ FA ကစွဲချက်တင်လိုက်ပါတယ်။
VAR နဲ့ဒီဖြစ်စဉ်ကို ပြန်ကြည်ရာမှာ ဗန်ဒိုက်က ဒိုင်လူကြီး ဒေးဗစ်ဘရွက်ကို ပြန်လည်ငြင်းခုံ အော်ဟစ်စောဒကတက်ခဲ့ပြီး စော်ကားတဲ့ အသုံးအနှုန်းတွေ ပြောဆိုခဲ့တယ်လို့ တွေ့ရှိရတာကြောင့် အခုလိုစွဲချက်တင်တာလို့ဆိုပါတယ်။ဗန်ဒိုက်ကအလိုအလျှောက်တစ်ပွဲပယ်ခံရပြီး အခုလိုစွဲချက်တင်ခံရတာကြောင့် နောက်ထပ် ထပ်မံပွဲပယ်ပြစ်ဒဏ်တွေ ခံရဖွယ်ရှိနေပါတယ်။
လက်ရှိမှာ လီဗာပူးခံစစ်မှူး ကိုနာတေး ကလဲ ဒဏ်ရာရနေတာကြောင့် လာမယ့်ပွဲစဉ်တွေမှာခံစစ်ကြောင်း အခက်အခဲတွေ့ရဖွယ်ရှိနေတာပါ။လက်ရှိအသင်းရဲ့ဗဟိုခံစစ်မှာ မာတစ်၊ ဂိုမက်ဇ်နဲ့ နက်ဖိလစ်တို့ပဲရှိနေပြီး ဖိလစ်က ဆဲလ်တစ် ကိုအငှားသွားကစားမှာဖြစ်ပါတယ်။
ကိုနာတေးက တော့ဆော်ဒီကို ပြောင်းရွှေ့ကစားဖို့ကမ်းလှမ်းခံရပေမယ့် ငြင်းပယ်ထားတယ်လို့သိရပါတယ်။အခြားသတင်းတစ်ရပ်မှာတော့ လီဗာပူးဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရာဗန်ဘတ်ခ်ျကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
လီဗာပူးဟာ ကာရာဘောင်းဖလားတတိယဆင့်မှာလက်စတာကိုအိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဗီလာနဲ့အိမ်ကွင်းမှာပဲ ဆုံတွေ့ယှဉ်ပြိုင်ရမှာပါ။
#Local_Sport #လီဗာပူးနောက်ခံလူ #ဗန်ဒိုက်ကိုစွဲချက်တင်လိုက်တဲ့FA
#Ref ;fotmob
- Category: Sport
#Local_Sport
Published_ 28 August 2023
အသင်းပြောင်းရွှေ့သွားသော တိုက်စစ်မှူးဟယ်ရီကိန်း၏ နေရာကိုစုပေါင်းအားဖြင့် ဖြည့်ဆည်း ကစားရမည်ဟု စပါးကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ကပြောကြားခဲ့သည်။ မက်ဒီဆင်သည် ရာသီမစမီက အသင်းပြောင်းရွှေ့သွားသော ဟယ်ရီကိန်း၏ နံပတ် ၁၀ကိုဝတ်ဆင်ပြီး ခြေစွမ်းပြကစားလျက်ရှိသည်။
ကိန်းထွက်ခွာသွားသော်လည်း နည်းပြပိုစတီ ဂလူ၏စပါးအသင်းမှာခြေချော်မသွားပဲ ခြေစွမ်းကောင်းမွန်လျက်ရှိနေကာ မက်ဒီဆင်မှာလည်းခြေစွမ်းပြဂိုးဖန်တီးမှုများ ပြုလုပ်နေပြီး ဘုန်းမောက်နှင့်ပွဲစဉ်တွင် စပါးအတွက်၎င်း၏ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့သည်။
တိုက်စစ်ကစားသမားများဖြစ်သော ဆွန်ဟောင် မင်နှင့်ရစ်ချာလီဆင်တို့မှာယခုရာသီတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသော်လည်း ကူလူဆက်စကီးမှာဘုန်းမောက်နှင့်ပွဲစဉ်တွင် ဒုတိယ ဂိုးသွင်းယူနိုင်ခြင်းဖြင့် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့သည်။
"ကိန်းကကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးထဲက တစ်ယောက်ပါ၊သူ့လို ဂိုးသွင်းယူမှုကိုအစားထိုးဖို့မလွယ်ပါဘူး။ အားလုံး စုပေါင်းလုပ်ဆောင်မှာပါ" ဟု မက်ဒီဆင်ကဆိုခဲ့သည်။နည်းပြသစ် ပိုစတီကို ဂလူ၏ နည်းစနစ်ပိုင်းကလည်းရာသီအစတွင် အသင်းရလဒ်ကောင်းမှန်ခြင်း၏အကြောင်းရင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Ref:fotmob
#Yangon_Times
#Local_Sport #ဟယ်ရီကိန်း #မက်ဒီဆင်
- Category: Sport