#Local_News
Published 1 May 2024


▪️ “လန်ချန်း-မဲခေါင်ပုံရိပ်အမြင်”ဗီဒီယိုအတိုပြိုင်ပွဲတွင် မြန်မာမှ ဗီဒီယိုအတိုဖန်တီးသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

 

▪️ အဆိုပါ ဗီဒီယိုအတိုလက်ရာများကို စက်တင်ဘာလလကုန်အထိ လက်ခံသွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္ထရားထူထောင်ခြင်း (၈) နှစ်ပြည့် အခါသမယတွင် China News Service မှ ကြီးမှူးကျင်းပသော“လန်ချန်း-မဲခေါင်ပုံရိပ်အမြင်”ဗီဒီယိုအတိုပြိုင်ပွဲကို ဧပြီလ ၂၄ ရက်နေ့မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး စက်တင်ဘာလအထိကျင်းပသွားမည်ဖြစ်သည်။

 

▪️ အဆိုပါပြိုင်ပွဲတွင် လန်ချန်း-မဲခေါင်ဒေသ ၆ နိုင်ငံမှပြည်သူများက ဗီဒီယိုအတိုဖြင့်ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

 

▪️ ဖန်တီးရိုက်ကူးသူသည် စစ်မှန်၍ သက်ဝင်လှုပ်ရှားသော ဗီဒီယိုမှတ်တမ်းဖြင့် လန်ချန်း-မဲခေါင်မြစ်ကမ်းနှစ်ဖက်ရှိ အရောင်အသွေးစုံလင်သော သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူအချင်းချင်း ကူးလူးဖလှယ်သည့်ရူခင်းများကို မှတ်တမ်းတင်ရိုက်ကူး၍   ကင်မရာဖြင့် “လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအကြောင်း” တင်ဆက်ပြီး ယဉ်ကျေးမှုဖလှယ်ရေး “သံတမန်” အဖြစ်ထမ်းဆောင်ရန် တိုက်တွန်းထားသည်။

 

▪️ ဗီဒီယိုအတိုများကို အောက်ပါလင့်သို့ ပေးပို့ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။  http://www.ecns.cn/cns-wire/2024-04-29/detail-ihczzkiq6812202.shtml ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်သူများသည် မိမိဖန်တီးထားသောလက်ရာများကို အထက်ဖော်ပြပါလင့်မှတစ်ဆင့် ပေးပိုနိုင်မည်ဖြစ်ပြီး လက်ရာများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ လကုန်အထိ လက်ခံသွားမည်ဖြစ်ကြောင်းနှင့်ပြိုင်ပွဲကြီးမှူးကျင်းပသူမှ ဆုရရှိသောလက်ရာများကို ရွေးချယ်ပြီး ဆုလက်ဆောင်များချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times