Published 2 May 2024
၂၀၂၄ ခုနှစ် မေလ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများသို့ အမျိုးသားများအလုပ်သွားလုပ်ခွင့်အား အလုပ်သမားဝန်ကြီးဌာနက ယာယီရပ် ဆိုင်းလိုက်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်းထံ က သိရသည်။
မေလ ၁ရက်မတိုင်ခင်က ပြည်ပနိုင်ငံများသို့တရား၀င်အလုပ်သွားရောက် လုပ်ခွင့် ကျထားသူများ မပါရှိဘဲ ယင်းတို့မှာ ထွက်ခွာ ခွင့်ရှိကြောင်းသိရသည်။
အဆိုပါ ကိစရပ်နှင့်ပက်သက်၍ အလုပ်သမား၀န်ကြီးနှင့်‌လိုင်စင်ရအေဂျင်စီများ ဧပြီ ၃၀ရက်က ပြုလုပ်သည့်အစည်းဝေးတွင် သိရှိခဲ့ရကြောင်းသိရသည်။
""၃၀ရက်က အလုပ်သမား၀န်ကြီး နဲ့ အေဂျင်စီ တွေနဲ့ အစည်းဝေး လုပ်ကကတည်းကပြောလိုက်တာ ဘာကြောင့်ဆိုတာကိုတော့မပြောဘူး ကောလင်းချထားပြီးတဲ့ သူတွေ စေလွှတ်ခွင့်ရထားတဲ့သူတွေကတော့ထွက်လို့ရသေးတယ်၊မေလ၁ရက် ကစပြီး demand ခေါ်စာအသစ်တွေတော့လုံး၀တင်မရတော့ဘူး အမျိုးသားအသက်အရွယ်"ကြီးကြီးငယ်ငယ် တရား၀င်အလုပ်သွားလုပ်တာယာယီရပ်လိုက်တာ"ဟုအစည်းဝေးကိုတတ်ရောက်ခဲ့တဲ့အေဂျင်စီတစ်ခုမှတာ၀န်ရှိသူတစ်ဦးကပြောသည်။
တရား၀င်ပြည်ပ ကို လုပ်သားစေလွှတ်‌ေနသည့် နိုင်ငံအားလုံးပါ၀င်သ်ောလည်း အစိုးရပြည်ပအလုပ်အကိုင် မှ ကိုရီးယားနိုင်ငံသို့EPS စနစ်နှင့်စေလွှတ် မှုကိုတော့ အမျိုးသား လုပ်သားစေလွှတ်မှုယာယီရပ်နားသည့်အထဲမပါရှိကြောင်းသိရသည်။
""
ကိုရီယားက G to G. မို့ မပါဘူးပြောတယ် တခြားလိုင်စင်ရအေဂျင်စီတွေကနေ ပို့ပေးတဲ့ နိုင်ငံ အကုန် လုံးပါတယ် အမျိုးသား ဆို သွားလို့မရဘူး""ဟုအေဂျင်စီတစ်ခု မှတာ၀န်ရှိသူကပြောသည်။
YMG/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group