#World_Health
Published 02 May 2024


▪️ ပူအိုက်တဲ့ ရာသီဥတုမှာ ရေဓာတ်ခန်းခြောက်ခြင်း ခံစားရနိုင်ပြီး စားပုံစားနည်းတွေက ခန္ဓာကိုယ်အေးမြအောင် ကူညီပေးနိုင်ပါတယ်။
 
(၁) ရေဓာတ်ပြည့်ဝအောင်နေပါ

▪️ ရေများများသောက်ခြင်းဖြင့် ချွေးထွက်ကာ ခန္ဓာကိုယ်အေးမြစေပါတယ်။


▪️ ပုံမှန်ရေဓာတ်ဖြည့်ခြင်းဖြင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။
 
(၂) ရေဓာတ်ကြွယ်ဝသောအစာများ စားပါ

▪️ သခွားသီး၊ ဖရဲသီး၊ လိမ္မော်သီးတို့ဟာ ရေဓာတ်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို အေးမြစေပါတယ်။
 
(၃) အေးမြသောသစ်ဖု၊ဟင်းခတ်မှုန့်များစားပါ

▪️ နံနံပင်၊ ပူရှိန်းပင်၊ စမုန်စပါးတို့လို ဟင်းခတ်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အပူချိန် ကျဆင်းစေပြီး ဖျော်ရည်ထဲလည်း ထည့်သွင်းနိင်ပါတယ်။
 
(၄) အပူအစပ်လျှော့စားပါ

▪️ အစပ်တွေက ကိုယ်အပူချိန် တက်စေတာကြောင့် ပူအိုက်တဲ့ရာသီမှာ လျှော့ချစားသုံးသင့်ပါတယ်။
 
(၅) အီလက်ထရိုလိုက်ပါဝင်အောင်စားသုံးပါ

▪️ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့လို အီလက်ထရိုလိုက်တွေက ရေဓာတ်ထိန်းသိမ်းပေးကာ ငှက်ပျောသီး၊ အုန်းရည်၊ အစိမ်းရောင်ရွက်၊ ဒိန်ချဥ်တို့က အီလက်ထရိုလိုက် ကြွယ်ဝပါတယ်။
 
(၆) အယ်လ်ကိုဟောနှင့်ကဖင်း အလွန်အကျွံမသောက်ပါနှင့်

▪️ အဆိုပါ နှစ်မျိုးစလုံးက ရေဓာတ်ခန်းခြောက်စေပြီး ကိုယ်အပူချိန် တက်စေတာကြောင့် ပူပြင်းတဲ့ရာသီမှာ အတန်အသင့်သာ သောက်သုံးသင့်ပါတယ်။
 
(၇) အေးမြပြီးအခန်းအပူချိန်ရှိသော အစားအစာများစားပါ

▪️ အသုပ်၊ ဖျော်ရည်၊ စွပ်ပြုတ်၊ အသီးတို့က ခန္ဓာကိုယ်ကို အေးမြလန်းဆန်းစေပါတယ်။

#Source: DoctorNDTV