#World_Health
Published 08 December 2024
▪️ ကင်းစ်ကောလိပ်လန်ဒန်မှ သိပ္ပံပညာရှင်များ ဦးဆောင်တဲ့ ABRA လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်ရဲ့ ရလဒ်များအရ ရင်ကြပ်နဲ့ အဆုတ်လေပြွန်ရောဂါခံစားရသူများအတွက် အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။
▪️ ထိုဆေးဟာ ထွက်ရှိနေပြီးသားဖြစ်သလို အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ပြီး ဆေးရုံတက်ကုသရမှုများနဲ့ နောက်ထပ်ကုသမှုများ လျှော့ချနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ Benralizamab လို့ခေါ်တဲ့ဆေးဟာ သွေးဖြူဥဆဲလ်များကို ပစ်မှတ်ထားပြီး အဆုတ်ရောင်ရမ်းခြင်းကို လျှော့ချပေးကာ လက်ရှိမှာ ရင်ကြပ်ပြင်းထန်လူနာများမှာ ကုသဖို့ အသုံးပြုနေပါတယ်။
▪️ စတီးရွိုက်ဆေးတွေနဲ့ မတူတာက ABRA စမ်းသပ်ချက်မှာ ဖြစ်ပွားတဲ့နေရာကို ဆေးတစ်ကြိမ်တည်း ထိုးလိုက်ခြင်းဖြင့် ထိရောက်မှုပိုရှိတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ရင်ကြပ်နဲ့ အဆုတ်လေပြွန်ရောဂါ ဆိုးရွားမှုတွေက နှစ် ၅၀ အတွင်း မပြောင်းလဲဘဲ တစ်နှစ်အတွင်း သေဆုံးသူ ၃.၈ သန်း ရှိတယ်လို့ စမ်းသပ်မှု ပရော်ဖက်ဆာ မိုနာဘာဖက်ဟယ်က ပြောသွားပါတယ်။
▪️ "Benralizumab က ရင်ကြပ်ပြင်းထန်မှုကို ထိန်းချုပ်နိုင်တဲ့ စိတ်ချရတဲ့ ဆေးဖြစ်ပြီးသားပါ။ အသုံးပြုပုံ ကွဲပြားသွားတာက ဖြစ်တဲ့နေရာမှာ ထိုးနှံလိုက်တာဖြစ်ပြီး လက်ရှိကုသမှုထက် ပိုမိုထိရောက်တယ်လို့ တွေ့ရှိထားပါတယ်" လို့ ပြောသွားပါတယ်။
▪️ ဒီနည်းလမ်းကို ကျန်းမာရေးပညာရှင်များမှ ထိုးနှံရတာဖြစ်ပေမယ့် မကြာခင် အရေးပေါ်ဆေးပေးခန်းတွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
▪️ စမ်းသပ်မှုမှာ ပါဝင်တဲ့ အသက် ၇၇နှစ်အရွယ် လူနာက ဒီဆေးထိုးနှံမှုကြောင့် စတီးရွိုက် ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘူးလို့ ဆိုပါတယ်။
#Source: India_Today
#World_Health
Published 08 December 2024
▪️ ၁ နှစ်ကို ၂ ကြိမ်ထိုးရတဲ့ AIDS ကာကွယ်ဆေးဟာ အမျိုးသမီးတွေနဲ့ လေ့လာရာမှာ ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး အမျိုးသားတွေမှာလည်း ထိရောက်မှုရှိတယ်လို့ ဖော်ပြလာပါတယ်။
▪️ ဈေးသက်သာတဲ့ အမျိုးအစားတွေကို အာဖရိက၊ အရှေ့တောင်အာရှ၊ ကာရစ်ဘီယံ အပါအဝင် HIV ကူးစက်မှုနှုန်းအများဆုံး နိုင်ငံ ၁၂၀မှာ ရောင်းချခွင့် ပြုသွားမှာဖြစ်တယ်လို့ ဆေးဝါးထုတ်လုပ်ရေး Gilead က ပြောပါတယ်။
▪️ အခြားကာကွယ်ရေးနည်းလမ်းတွေထက် ပိုပြီးစိတ်ချရပေမယ့် ဖြစ်ပွားမှုနှုန်းမြင့်တဲ့ နိုင်ငံတွေမှာတော့ စိုးရိမ်ရဆဲ ဖြစ်တယ်လို့ UNAIDS မှ အမှုဆောင်ညွှန်ကြားရေးမှူး ဝင်နီဘီယန်ယီမာက ဆိုပါတယ်။
▪️ ယမန်နှစ်က AIDS ကြောင့် သေဆုံးသူ ၆၃၀၀၀၀ ခန့်ရှိကာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်ခဲ့သဖြင့် ဒီကပ်ရောဂါကြီးကို အဆုံးသတ်ဖို့ အခွင့်အရေး ရလာပြီလို့ UNAIDS က ဖော်ပြလိုက်ပါတယ်။
▪️ လက်ရှိမှာ ရောဂါကာကွယ်ရေး နည်းလမ်းများအနေနဲ့ ကွန်ဒုံး၊ တားဆေး၊ သားအိမ်ထည့်ပစ္စည်းများ၊ ထိုးဆေးများ ရှိနေပေမယ့် Gilead ရဲ့ ကာကွယ်ဆေးကတော့ ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် စိုးရွံ့တဲ့သူတွေအတွက် အသုံးဝင်နိုင်တယ်လို့ ပညာရှင်များ သုံးသပ်ထားပါတယ်။
▪️ ဆေးခန်းကို ၁ နှစ်မှ ၂ ကြိမ်တည်း လာရမှာဖြစ်တဲ့အတွက် ထိုလူတွေအတွက် အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။
▪️ လက်တင်အမေရိက နိုင်ငံတွေမှာဆိုရင် လူတွေက ဆေးတွေကို မေးရမှာ ရှက်ကြောက်ကြတယ်လို့ ဂွာဒယ်လာဂျာရာမှ ဒေါက်တာ အယ်မာမီနာဗာပီရက်ဇ်က ပြောပါတယ်။
▪️ HIV ကာကွယ်မှု အလိုအပ်ဆုံး နေရာတွေမှာ ကုသကာကွယ်ရေး နည်းလမ်းများ ရရှိနိုင်ရန် ကူညီသွားမယ်လို့ Gilead က ဖော်ပြထားပါတယ်။
▪️ အာဖရိက ၁၈ နိုင်ငံဟာ ကမ္ဘာမှာ HIV ဖြစ်ပွားမှုရဲ့ ၇၀ ရာခိုင်နှုန်းရှိနေပါတယ်။
ဖြစ်ပွားမှုအများဆုံး အာဖရိကနဲ့ အာရှတို့မှာ အရင်ပေးသွားဖို့ရှိသလို လက်တင်အမေရိကမှာ လိင်တူများကြား HIV ဖြစ်ပွားမှုနှုန်းကလည်း မြင့်တက်နေပါတယ်။
▪️ မက္ကဆီကိုမှာဆိုရင် ချမ်းသာတဲ့သူတွေ ရှိသလို အလွန်ဆင်းရဲတဲ့သူတွေလည်း ရှိနေတယ်လို့ မက္ကဆီကိုမှ လိင်အင်္ဂါပြောင်း အမျိုးသမီးက ဆိုပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ HIV ကူးစက်သူ နှစ်စဉ် ၁ သန်းကျော်ရှိနေပြီး လက်ရှိမှာ ကာကွယ်ရေးနည်းလမ်းတွေက လုံလောက်ခြင်း မရှိပါဘူး။
▪️ ယခုအချိန်မှာ လိုအပ်ချက်က Gilead ကာကွယ်ဆေးကို လိုအပ်တဲ့သူတွေဆီရောက်ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဖြစ်တယ်လို့ တောင်အာဖရိကတက္ကသိုလ်မှ AIDS ပညာရှင် ဒေါက်တာ ဆလမ်အက်ဒူလ်ကာရင်က ပြောသွားပါတယ်။
#Source: AP News
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ် ယာယီထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်က စီးပွားရေးနဲ့ဘဏ္ဍာရေးရိုက်ခတ်မှုများ ရှိလာနိုင်ကာ ရင်းနှီးမြှုပ်နှံသူများရဲ့ ယုံကြည်မှုနဲ့ကုန်သွယ်မှု ဆက်ဆံရေးတို့ကိုပါ ထိခိုက်လာနိုင်တယ်လို့ ပြည်တွင်းစီးပွားရေး ပညာရှင်တစ်ဦး သတိပေးလိုက်ပါတယ်။
#World_News
Published 07 December 2024
#တောင်ကိုရီးယားစစ်အုပ်ချုပ်ရေး
#စီးပွားရေးနဲ့ဘဏ္ဍာရေးရိုက်ခတ်မှုများရှိလာနိုင်
၇ ဒီဇင်ဘာ ၂၀၂၄
🔳တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုးအပေါ် ပါလီမန်က စွပ်စွဲပြစ်တင်ခြင်းအတွက် ယနေ့မဲခွဲဆုံးဖြတ်ရာ လုံလောက်သောမဲမရသဖြင့် အရေးနိမ့်သွားပါတယ်။
🔳တောင်ကိုရီးယားသမ္မတ ယွန်ကို ဖြုတ်ချရန်ကြိုးစားမှု ပထမအကြိမ်တွင် မအောင်မြင်ဖြစ်သွားခဲ့တာပါ။
🔳လိုအပ်တဲ့မဲအရေအတွက်ရဖို့ ငါးမဲအလိုနှင့် အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။
🔳အတိုက်အခံအမတ်၁၉၂ဦးနှင့် ယွန်ရဲ့အာဏာရ ပြည်သူ့အာဏာပါတီမှအမတ်(၃)ဦးတို့က ထောက်ခံမဲ ပေးခဲ့ကြတာပါ။
🔳“စုစုပေါင်း ၁၉၅မဲရရှိပြီး အဲဒီအရေအတွက်ဟာ စုစုပေါင်းအမတ်ဦးရေရဲ့ သုံးပုံနှစ်ပုံကို ပြည့်မီခြင်း မရှိခဲ့ပါဘူး။ အဲဒါကြောင့် ဒီကိစ္စအပေါ်မဲပေးဆုံးဖြတ်မှုအထမမြောက်ကြောင်းကြေညာ ပါတယ်” လို့ ပါလီမန်ဥက္ကဋ္ဌ ဝူဝန်ရှစ်က ပြောပါတယ်။
🔳အာဏာရပါတီရဲ့ ပါလီမန်ခေါင်းဆောင်က ပြစ်တင်စွပ်စွဲမှု အထမမြောက်ခဲ့ခြင်းကြောင့် သူရာထူးက နှုတ်ထွက်မည်ဖြစ်ကြောင်းကြေညာပါတယ်။
🔳အတိုက်အခံပါတီခေါင်းဆောင်ကတော့ လက်လျှော့ဦးမှာမဟုတ်ဘဲ ဘယ်လိုနည်းနှင့်ပဲဖြစ်ဖြစ် သမ္မတကို မရရအောင် စွပ်စွဲပြစ်တင်မှုအထမြောက်အောင်လုပ်ဆောင်မယ်လို့ ပြောပါတယ်။
၇ ဒီဇင်ဘာ ၂၀၂၄
🔳အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဘီဂျေပီ ပါတီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
🔳အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အိန္ဒိယနိုင်ငံ မတည်ငြိမ်အောင်လုပ်ဖို့ မီဒီယာအုပ်စုတစ်ခုကို ငွေ ကြေးထောက်ပံ့ပေးနေတယ်လို့စွပ်စွဲလိုက်ပါတယ်။
🔳အမေရိကန်ရဲ့ 'deep state’(နောက်ကွယ်အစိုးရ) မီဒီယာအုပ်စု၊ ဂျော့ဆိုးရော့စ်နှင့် ရာဟူးဂန္ဒီတို့ ပေါင်း ကြံနေကြတယ်လို့ ဘီဂျေပီပါတီကပြောပါတယ်။
🔳သတင်းသမားတွေကိုထောက်ပံ့ကူညီပေမယ့် သူတို့ဟာ အယ်ဒီတာပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေ အပေါ် ဩဇာမလွှမ်းမိုးပါဘူးလို့ အမေရိကန်ကတုန့်ပြန်ပါတယ်။
🔳အိန္ဒိယစွပ်စွဲထားတဲ့ အဲဒီ မီဒီယာအုပ်စုဖြစ်တဲ့ Organized Crime and Corruption Reporting Project (OCCRP)က သူတို့ဟာ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေနှင့်လုပ်နေပေမယ့် လွတ်လပ်တယ်လို့ ပြန်ဖြေရှင်း ထားပါတယ်။
🔳ရာဟူးဂန္ဒီရဲ့ ကွန်ဂရက်ပါတီဟာ အိန္ဒိယရဲ့ အက်ဒါနီစီးပွားရေးအုပ်စုနှင့် အဲဒီအုပ်စုက အစိုးရနှင့် ဆက်နွယ်မှုတွေကို သီးခြား ရည်ရွယ်ရေးသားတဲ့ OCCRP ရဲ့ ဆောင်းပါးတွေကို အသုံးပြုပြီး ထိုးနှက်နေ တယ်လို့ ဘီဂျေပီက ဝေဖန်ထားတာဖြစ်ပါတယ်။
Source-Reuters and agencies
#World_News
Published 07 December 2024
▪️ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်ကို စွဲချက်တင်ဖို့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်မှု မပြုလုပ်ခင် နာရီပိုင်းလောက်မှာ စစ်အုပ်ချုပ်ရေးအမိန့် ချမှတ်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အများပြည်သူ စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့တဲ့အတွက် သမ္မတက စနေနေ့မှာ တောင်းပန်လိုက်ပါတယ်။
▪️ အမိန့်ကြေညာချက်အတွက် ဥပဒေရေးရာနဲ့ နိုင်ငံရေးအကျိုးဆက် တာဝန်များကို ရှောင်လွှဲမှာမဟုတ်သလို ထပ်မံချမှတ်ဖို့လည်း ကြိုးပမ်းမှာမဟုတ်ဘူးလို့ ကတိပြုခဲ့ကြောင်း စနေနေ့နံနက်ပိုင်း ရုပ်သံအစီအစဉ်ကနေ ပြောသွားပါတယ်။
▪️ ယင်းရဲ့ သမ္မတရာထူးသက်တမ်းနဲ့ ပတ်သက်တဲ့ ကိစ္စများ အပါအဝင် နိုင်ငံရေး မတည်ငြိမ်မှုတွေကို ကျော်ဖြတ်လမ်းပြဖို့ ကွန်ဆာဗေးတစ် နိုင်ငံရေးပါတီကို လွှဲသွားမယ်လို့ ဆိုပါတယ်။
▪️ နိုင်ငံတဝှမ်းမှာ ယင်းကိုရာထူးမှ ဖယ်ရှားဖို့ ဆန္ဒပြနေကြရာ တောင်ကိုရီးယား လွှတ်တော်အမတ်များက စစ်အုပ်ချုပ်ရေးအမိန့်ချမှတ်ရန် ခဏတာကြိုးပမ်းခဲ့တဲ့ သမ္မတကို စွဲချက်တင်ရန် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
▪️ စွဲချက်တင်ဖို့ရာ အတိုက်အခံ လွှတ်တော်အမတ်များမှ ကြိုးပမ်းခဲ့ခြင်းက လိုအပ်တဲ့မဲ ၃ ပုံ ၂ ပုံရရှိခြင်း ရှိမရှိ သေချာမသိရပါဘူး။
▪️ ဒါပေမဲ့ သမ္မတရဲ့ပါတီခေါင်းဆောင်ကပင် ယွန်ဆော့ယောလ်ဟာ ဒီထက်ပြင်းထန်တဲ့ လုပ်ရပ်တွေ ကိုင်တွယ်ဖို့နဲ့ သမ္မတရာထူး ဆက်လက်ထိန်းသိမ်းဖို့ မသင့်လျော်ဘူးလို့ ပြောလာကာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ဆိုင်းငံ့ရန် တောင်းဆိုလာပါတယ်။
▪️ သမ္မတကို စွဲချက်တင်ဖို့အတွက် နိုင်ငံတော် လွှတ်တော်ညီလာခံ အဖွဲ့ဝင် ၃၀၀ ထဲမှ ထောက်ခံမဲ ၂၀၀ ရရှိရန်လိုအပ်ပြီး အတိုက်အခံပါတီတွေက နေရာစုစုပေါင်း ၁၉၂ နေရာရှိပါတယ်။
▪️ ဒါကြောင့် သမ္မတရဲ့ ပြည်သူ့အာဏာပါတီ(PPP)မှ အနည်းဆုံး ၈ မဲရရှိရင် ဆုံးဖြတ်မဲအရေအတွက် ပြည့်မီပါပြီ။
▪️ ယွန်ဆော့ယောလ်က အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ ပါလီမန်ကို ရာဇဝတ်သားများ ခိုအောင်းတဲ့နေရာလို့ ပြောလိုက်ပြီး ရုပ်သံကနေ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက် ထုတ်လိုက်ပြီးနောက် ၃ နာရီမတိုင်ခင်မှာပဲ ဗုဒ္ဓဟူးနေ့မှာ ထိုအမိန့်ဥပဒေကို ပါလီမန်က ကန့်ကွက်မဲမရှိ ၁၉၀-၀ မဲဖြင့် တညီတညွတ်တည်း ဖျက်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။
#Source: AP News
#World_Science
Published 07 December 2024
▪️ လွန်ခဲ့တဲ့နှစ် ၁ သန်းခွဲလောက်က လူသားမျိုးနွယ် ၂ မျိုး ယှဉ်တွဲနေထိုင်ခဲ့ပြီး အပြန်အလှန် ပြုမူခဲ့ကြဟန်ရှိတယ်လို့ လေ့လာတွေ့ရှိလာပါတယ်။
▪️ ယနေ့ခေတ် ကင်ညာနိုင်ငံရှိနေတဲ့ ရေကန်တစ်ခုနားမှာ ရှေးခေတ်လူသားမျိုးစိတ် ၂ မျိုး သွားလာခဲ့ကြကာ ထိုရေကန်က ကူဘီဖိုရာ ရုပ်ကြွင်းနေရာမှာ ရှိပါတယ်။
▪️ သဲပြင်နေရာတွေထဲမှာ ရုပ်ကြွင်းခြေရာများကို မထင်မှတ်ဘဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ယင်းမျိုးစိတ် ၂ မျိုးဟာ အိမ်နီးချင်းတွေလိုမျိုး ရင်းနှီးစွာ နေထိုင်ခဲ့ဟန်ရှိတယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။
▪️ မျက်နှာပြင်တစ်မျိုးထဲမှာ ၂ မျိုးစလုံးကို တူညီတဲ့အချိန်အတွင်း နီးစပ်စွာ တွေ့ရတယ်လို့ အမေရိကန် ရုဂျာစ်တက္ကသိုလ်မှ ဘူမိဗေဒပညာရှင် ခရိတ်ဖေဘယ်က ပြောသွားပါတယ်။
▪️ ရေကန်ရဲ့ အနီးတဝိုက်မှာ နီးကပ်စွာတွေ့ရပြီး ၂ ရက်လောက်အထိ နာရီပိုင်းအတွင်း ဖြတ်သန်းသွားကြတယ်လို့ ယူဆရကြောင်း ချာသမ်တက္ကသိုလ်မှ ဇီဝဗေဒတွဲဖက်ပရော်ဖက်ဆာ ကယ်ဗင်ဟာတယ်လာက ပြောသွားပါတယ်။
▪️ တစ်ဖက်နဲ့ တစ်ဖက်သိနေကြပြီး အပြန်အလှန် ဆက်သွယ်ခဲ့ကြဟန်ရှိတယ်လို့ ဆိုပါတယ်။
▪️ ကူဘီဖိုရာရှိ ခြေရာများကို ၂၀၀၇ မှာ စတင်တွေ့ရှိခဲ့ပြီး ယနေ့ခေတ် လူသားတွေလိုမျိုး မတ်တပ်ရပ်လမ်းလျှောက်ကြတဲ့ သက်တမ်းအရင့်ဆုံး လူသားမျိုးနွယ်များလို့ သိထားပါတယ်။
▪️ ထိုနေရာမှာပဲ ရှေးခေတ်လူသားမျိုးနွယ် အများအပြားရဲ့ ရုပ်ကြင်းများကိုလည်း တွေ့ရှိထားပါတယ်။
▪️ တွေ့ရှိခဲ့တဲ့ မျိုးစိတ် ၂ ခုဟာ မတူညီတဲ့ နေထိုင်စားသောက်မှုပုံစံ ရှိကြပေမယ့် တစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြတယ်လို့ သုတေသီများ ဆိုပါတယ်။
#Source: WION
Page 15 of 847