#Daily_News
Published_ 29 June 2024
၁။ မူးယစ်ဆေးစွဲသွားသူများအတွက် ဥပဒေအရပြစ်ဒဏ်မရှိတော့၍ ဆေးဖြတ်ရန်အမြန်ဆုံးကြိုးစားသင့်ဟုဆို
၂။ ဂျပန်ဗီဇာလျှောက်ထားခြင်းများ ဇူလိုင်လအတွင်းအွန်လိုင်းဘိုကင်စနစ်ကျင့်သုံးမည်
၃။ ရန်ကုန်တွင်အခုရက်ပိုင်း လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ရန်ရှိ
၄။ အမေရိကန်လေယာဥ်မှချသွားသည့် ရေငုပ်သင်္ဘောရှာဖွေရေးကိရိယာများကို တရုတ်ကြားဖြတ်ဆယ်ယူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 June 2024
▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို အနိုင်ရဖို့ ရည်မှန်းထားကာ ယှဥ်ပြိုင်မှုကနေ အလျှော့ပေးဖို့ စိတ်ကူးမရှိဘူးလို့ သောကြာနေ့က ပြောကြားလိုက်ပါတယ်။
▪️ ဒီမတိုင်ခင် စကားစစ်ထိုးပွဲမှာ ဘိုင်ဒင်ရဲ့အသံက အားလျော့လာပုံ ပေါက်တာကြောင့် နောက်လိုက်ဒီမိုကရက်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါရတယ်။
▪️ အရင်ကလို လမ်းလျှောက်ဖို့ မလွယ်ကူတော့ကြောင်း၊ အရင်ကလို စကားကို ချောချောမွေ့မွေ့ မပြောနိုင်တော့ကြောင်း၊ အရင်ကလို စကားရည်မလုနိုင်တော့ကြောင်း၊ ဒီအလုပ်ကို မလုပ်နိုင်တော့ဘူးထင်ရင် ထပ်ပြိုင်မှာမဟုတ်ကြောင်း ပြောသွားပါတယ်။
▪️ စကားရည်လုပွဲမှာ ဘိုင်ဒင်ရဲ့ ပြောဆိုပုံအမှားတွေ၊ တောင်ရောက်မြောက်ရောက် ပြောဆိုပုံတွေက မဲပေးမယ့်သူတွေအတွက် စိုးရိမ်စရာဖြစ်လာကာ ဒီမိုကရက်တွေအနေနဲ့လည်း ကိုယ်စားလှယ်လောင်း နောက်တစ်ဦးနဲ့ အစားထိုးဖို့ ဖြစ်လာနိုင်ပါတယ်။
▪️ ဘိုင်ဒင်ရဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး နောက်ထပ်သမ္မတရာထူး ထပ်မံတာဝန်ယူခိုင်းဖို့ကို သံသယဖြစ်လာသူတွေ ရှိလာပါတယ်။
▪️ ဒါပေမဲ့ သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဘာရက်အိုဘားမား အပါအဝင် ဒီမိုကရက်ပါတီမှ ဝါရင့်ပုဂ္ဂိုလ်အများစုကတော့ ဘိုင်ဒင်ဘက်ကနေ ရပ်တည်နေကြပါသေးတယ်။
▪️ စကားစစ်ထိုးပွဲမှာ အခြေအနေဆိုးခဲ့တာ မှန်ပေမယ့် ဒီရွေးကောက်ပွဲဟာ ဘဝတလျှောက်လုံး သာမန်ပြည်သူတွေအတွက် အလုပ်လုပ်ပေးခဲ့သူနဲ့ ကိုယ့်အတွက်သာ ကြည့်တတ်တဲ့သူတို့ကြား ရွေးချယ်ရမှာဖြစ်တယ်လို့ သမ္မတဟောင်း ဘာရက်အိုဘားမားက X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ နယူးယော့ခ်တိုင်းမ် အက်ဒီတာအဖွဲ့ကတော့ ဘိုင်ဒင်အနေနဲ့ အခုအချိန်မှာ ပြည်သူတွေအတွက် သယ်ပိုးချင်တယ်ဆိုရင် ရွေးကောက်ပွဲ ထပ်မံမယှဥ်ပြိုင်ဖို့ ကြေညာရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
▪️ အမေရိကန်သမိုင်းမှာ ဘိုင်ဒင်က အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်နေပြီဖြစ်ပေမယ့် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံမှုတွေ အလုံအလောက် ရရှိထားပါတယ်။
▪️ ဘိုင်ဒင်မယှဥ်ပြိုင်ဖြစ်တော့ရင် နောက်ထပ် ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ဖို့ အချိန် ၂ လတောင် မကျန်တော့ပါဘူး။
#Source: Reuters
၂၉ ဇွန် ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဟာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်အတူတက်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင် ဟာ အခမ်းအနားမစတင်ခင်မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း)ဦးသိန်းစိန်အပါအဝင် အခြားသော နိုင်ငံ့အကြီးအကဲဟောင်း များနှင့် ခေါင်းဆောင်တွေကို တစ်ဦးချင်းနှုတ်ဆက်ခဲ့ပါတယ်။
Source CCTV+
#World_Health
Published 29 June 2024
▪️ ဒိန်ခဲဟာ အာဟာရပြည့်ဝတဲ့ နို့ထွက်ပစ္စည်းတစ်မျိုး ဖြစ်ပြီး အချဥ်ဖောက်ခြင်းနဲ့ ကစော်ဖောက်ခြင်းတို့ကနေ ရရှိကာ ဘက်တီးရီးယားတွေ အင်မ်ဇိုင်းတွေ ပါဝင်လေ့ရှိပါတယ်။
▪️ အသင့်အတင့်စားပေးပါက ကျန်းမာရေးအတွက် သင့်လျော်တာကြောင့် ဒိန်ခဲစားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ကယ်လ်စီယမ် ကြွယ်ဝတာကြောင့် သွားနဲ့အရိုး ကျန်းမာစေပြီး အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၂) ပရိုတိန်းဓာတ် အများအပြား ပါဝင်တာကြောင့် တစ်ရှူးများကို ပြုပြင်တည်ဆောက်ပေးကာ ကြွက်သားများကို ထိန်းသိမ်းပေးပါတယ်။
▪️ (၃) ဗိုက်တာမင်-ဘီ၁၂ က အာရုံကြော လုပ်ဆောင်ချက်များနဲ့ သွေးနီဥဆဲလ်များ ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။
▪️ (၄) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီများ ပါဝင်တာကြောင့် စွမ်းအင်ပေးနိုင်ပြီး ဗိုက်တာမင်စုပ်ယူမှုကို ကူညီပေးပါတယ်။
▪️ (၅) အူလမ်းကြောင်းရှိ ဘက်တီးရီးယားစနစ်ကို ကောင်းမွန်စေပြီး အစာကြေစေပါတယ်။
▪️ (၆) ဖော့စ်ဖရပ်စ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးနဲ့သွားများကို ထိန်းသိမ်းပေးပါတယ်။
▪️ (၇) ဇင့်ပါဝင်ခြင်းကြောင့် ကိုယ်ခံအားစနစ်၊ ဒီအင်န်အေ ဖွဲ့စည်းမှု၊ ဆဲလ်ကွဲခြင်းတို့ကို ကူညီပေးပါတယ်။
▪️ (၈) ဗိုက်တာမင်-အေက အမြင်အာရုံ၊ ကိုယ်ခံအားစနစ်၊ အရေပြား ကျန်းမာရေးတို့ကို ထောက်ကူပေးပါတယ်။
▪️ (၉) ရိုင်ဘိုဖလေဗင် ဗိုက်တာမင်-ဘီ၁၂က အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပါတယ်။
▪️ (၁၀) ဒိန်ခဲမှာပါတဲ့ ပရိုတိန်းနဲ့ အဆီဓာတ်တို့က ဗိုက်ပြည့်ဝစေတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်။
#Source: DoctorNDTV
#World_Health
Published 29 June 2024
▪️ မန်ချက်စတာတက္ကသိုလ်မှ သုတေသီများက ဆံပင်ပါးစေတဲ့ ဇီဝဖြစ်စဥ်တစ်မျိုးကို တွေ့ရှိခဲ့ကြပါတယ်။
▪️ အဆိုပါ တွေ့ရှိချက်ကနေ အနာဂတ်မှာ ဆံပင်ကျွတ်ခြင်းကို ကုသနိုင်မယ့်နည်းလမ်း ရလာရန် မျှော်လင့်နေကြပါတယ်။
▪️ ဖိစီးမှုပေါင်းစည်းတုန့်ပြန်ခြင်း (ISR)လို့ခေါ်တဲ့ ဖြစ်စဥ်ကို အလွန်အမင်းလှုံ့ဆော်တဲ့အခါ ဆံပင်ဖွံ့ဖြိုးမှုကို ဆိုးရွားစေတယ်လို့ သုတေသီများ တွေ့ရှိခဲ့ပါတယ်။
▪️ ထိုဖြစ်စဥ်မှာ ဆဲလ်တွေက ဖိစီးမှုအခြေအနေနဲ့ ကြုံတဲ့အခါ ပုံမှန်လှုပ်ရှားမှု ရပ်ဆိုင်းသွားပါတယ်။
▪️ မွေးညင်းပေါက်ဆဲလ်တွေဟာ သက်တမ်းရင့်လာတဲ့အခါ ဖိစီးမှုများလာပြီး ဖွံ့ဖြိုးမှု နှေးသွားပါတယ်။
▪️ ISR ဖြစ်စဥ် အလွန်အမင်း လှုံ့ဆော်လိုက်ရင်တော့ ဆဲလ်သေဆုံးသည်အထိ ဖြစ်သွားပါတယ်။
▪️ ဒါကြောင့် ISR ဖြစ်စဥ် အလွန်အမင်းလှုံ့ဆော်ခြင်း မဖြစ်အောင် ရပ်တန့်နိုင်မယ်ဆိုရင် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ဖွယ် ရှိပါတယ်။
▪️ ဒီအတွက် သုတေသီ တယ်ဗင်းပါဘာနဲ့ မန်ချက်စတာအဖွဲ့က ဆံပင်ကျွတ်သူတွေရဲ့ ISR ဖြစ်စဥ်တွေကို လေ့လာခဲ့ကြပါတယ်။
▪️ အမျိုးသားအများစုက သက်လတ်ပိုင်းရောက်တဲ့အချိန်မှာ ဆံပင်ကျွတ်လာကြပါတယ်။
▪️ ဆံပင်ကျွတ်ခြင်းအတွက် ဆေးဝါးတွေက ဘေးထွက်ဆိုးကျိုးများပြီး လေဆာဖြင့်ကုသခြင်း၊ အစားထိုးကုသခြင်း နည်းလမ်းတွေလည်း ရှိပါတယ်။
#Source: New York Post
တရုတ်ပြည်မှ ချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ် အခက်အခဲအောင်မြင်မှုကြီး(၃)ချက်ဖြင့် ကမ္ဘာပေါ်သို့ပြန်ရောက်လာ
တရုတ်နိုင်ငံရဲ့ ချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ်ဟာ အင်္ဂါနေ့မှာ စူးစမ်းရေးခရီးစဥ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး အခက်အခဲကျော်ဖြတ်မှုကြီး ၃ ခုပြုလုပ်နိုင်ခဲ့ကြောင်း တရုတ်မီဒီယာဂရု(CMG)မှ အစီရင်ခံသူတစ်ဦးက ကြေညာသွားပါတယ်။
#Asia_Space
Published 28 June 2024
#ချန်ဂယ်-၆ #တရုတ်မီဒီယာဂရု(CMG)
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 28 June 2024
၁။ နေပြည်တော်နှင့်မြို့ကြီးသုံးမြို့ရှိ လက်လီဆိုင် ၂၈၀ကျော်အပါအဝင် Superနှင့် Mini များ၌ပါ ကန့်သတ်ချက်မရှိရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေ
၂။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် အိန္ဒိယအသင်းတို့ ဖီဖာနိုင်ငံတကာခြေစမ်းပွဲများကန်မည်
၃။ ဇူလိုင်လအတွင်းလေဖိအားနည်းရပ်၀န်း (၂)ကြိမ်၊ မုန်တိုင်းငယ်(၁)ကြိမ်ဖြစ်ပေါ်နိုင်၊ ကချင်၊ ရခိုင်၊ စစ်ကိုင်းအထက်ပိုင်းမိုးပိုမည်
၄။ တရုတ်ပြည်မှချန်ဂယ်-၆ လကမ္ဘာစူးစမ်းရေးယာဥ် အခက်အခဲအောင်မြင်မှုကြီး(၃)ချက်ဖြင့် ကမ္ဘာပေါ်သို့ပြန်ရောက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 138 of 859