#World_Health
Published 05 July 2024
▪️ ပလတ်စတစ်ဗူးတွေထဲက ဓာတုပစ္စည်းတစ်မျိုးဟာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ခြေများစေနိုင်ဖွယ် ရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ပလတ်စတစ် ရေသန့်ဗူးလိုမျိုး ထုပ်ပိုးထားတဲ့ သောက်စရာတွေနဲ့ စားစရာတွေမှာ ဘိုင်စဖီနောလ်-အေ (BPA)ပါဝင်ပြီး အင်ဆူလင်ကို တုန့်ပြန်မှုလျော့နည်းစေတယ်လို့ သုတေသနမှာ တွေ့ရှိခဲ့ပါတယ်။
▪️ ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေက အင်ဆူလင်ကို တုန့်ပြန်သိရှိကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
▪️ အင်ဆူလင်ကို တုန့်ပြန်သိရှိမှု အားနည်းသွားမယ်ဆိုရင် သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး ဆီးချိုရောဂါ ဖြစ်လာနိုင်ပါတယ်။
▪️ ဗူးတွေနဲ့ စားစရာထုပ်ပိုးမှုတွေမှာ BPA ဘေးကင်းတဲ့ ပမာဏပါဝင်ဖို့ကို ပြန်လည်သုံးသပ်သွားဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်။
▪️ ကယ်လီဖိုးနီးယား ပိုလီတက်ခ်နစ် ပြည်နယ်တက္ကသိုလ်မှ သုတေသီများက ကျန်းမာသူအယောက် ၄၀ ကို BPA ၅၀ မိုက်ခရိုဂရမ်ဖြင့် စမ်းသပ်တဲ့အဖွဲ့နဲ့ အာနိသင်မရှိတဲ့ အရာဖြင့် စမ်းသပ်တဲ့အဖွဲ့ခွဲကာ စမ်းသပ်ခဲ့ကြပါတယ်။
▪️ ၄ ရက်ကြာပြီးနောက် BPA ဖြင့်စမ်းသပ်ခံတဲ့လူတွေမှာ အင်ဆူလင်ကို တုန့်ပြန်သိရှိမှု အားနည်းသွားခဲ့ပါတယ်။
▪️ ဒါကြောင့် လက်ရှိ BPA ဘေးကင်းစိတ်ချရတဲ့ ပမာဏသတ်မှတ်ချက်ကို ပြန်သုံးသပ်သင့်ပြီလို့ သုတေသီများ ဆိုလိုက်ပါတယ်။
▪️ ဒီအန္တရာယ်ကို လျှော့ချဖို့အတွက် BPA မပါတဲ့ ပစ္စည်းတွေကို အစားထိုးသုံးစွဲဖို့ အကြံပြုထားပါတယ်။
▪️ ပလတ်စတစ်ဗူးတွေဟာ အသုံးပြုရလွယ်ကူပေမယ့် ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
▪️ ပလတ်စတစ်ဗူးတွေကို နေရောင်ထဲမှာထားလိုက်ရင် အန္တရာယ်ရှိ ဓာတုပစ္စည်းများ ထွက်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဒါကြောင့် ဒီဓာတုပစ္စည်းတွေကို ထိတွေ့မှုနည်းအောင် စည်းမျဉ်းတွေ ပိုမိုထိန်းချုပ်ဖို့ လိုတယ်လို့ အကြံပြုလိုက်ပါတယ်။
#Source: India Today
#World_Health
Published 05 July 2024
▪️ အူလမ်းကြောင်းနဲ့ ဦးနှောက်ကျန်းမာရေးတို့ကြား ဆက်စပ်ပုံတွေကို လေ့လာချက်တွေ ပြုလုပ်ပြီးနောက် အသိအမှတ်ပြုလာကြပါတယ်။
▪️ အူလမ်းကြောင်း-ဦးနှောက် ဝင်ရိုးဟာ အပြန်အလှန် ဆက်သွယ်နေကြတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
▪️ ထိုဆက်သွယ် ချိတ်ဆက်မှုမှာ အာရုံကြော၊ ဟော်မုန်း၊ ကိုယ်ခံအားစနစ် လမ်းကြောင်းများ ပါဝင်နေပါတယ်။
▪️ အူလမ်းကြောင်း ကျန်းမာရေးအပေါ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးက ဘယ်လိုသက်ရောက်နေသလဲဆိုတော့... ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီဆောလ်ဟာ အူလမ်းကြောင်း လှုပ်ရှားမှုနဲ့ ပိုးမွှားစနစ်ကို နှောင့်ယှက်ပြီး အူလမ်းကြောင်း ရောဂါများ ဖြစ်စေပါတယ်။
▪️ စိတ်အခြေအနေကို ထိန်းညှိပေးတဲ့ အာရုံကြောဟော်မုန်းများနဲ့ ဆယ်ရိုတိုနင်အချို့ကို အူလမ်းကြောင်းက ထုတ်လုပ်ပေးတာကြောင့်လည်း စိတ်ကျန်းမာရေးနဲ့ အူလမ်းကြောင်း ကျန်းမာရေးတို့ကြား ဆက်စပ်နေမယ်လို့ ယူဆရပါတယ်။
▪️ လေ့လာချက်တွေအရလည်း အူလမ်းကြောင်းနဲ့ ဦးနှောက်တို့ကြား ဆက်စပ်နေပုံကို အထောက်အထား ပြနေပါတယ်။
▪️ အူလမ်းကြောင်းရောဂါ ခံစားရသူတွေမှာ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတို့ ပိုမိုခံစားရနိုင်ကြောင်း တွေ့ရှိထားပါတယ်။
▪️ ဒီအခြေအနေတွေကို ထိန်းသိမ်းပေးနိုင်မယ့် အရာတွေကတော့...
- ပရိုဘိုင်အိုတစ် အစားအစာတွေဖြစ်တဲ့ ဒိန်ချဉ်
- ပရီဘိုင်အိုတစ် အစားအစာတွေဖြစ်တဲ့ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ကြက်သွန်ဖြူ
- အမျှင်ဓာတ်၊ အသီးအနှံ၊ အရွက်တို့ကို မျှတစွာ စားသုံးခြင်းတို့ ပြုလုပ်သင့်ပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ ဖိစီးမှုလျှော့ချခြင်း၊ ဆရာဝန်ပြသခြင်းတို့ဖြင့်လည်း အူလမ်းကြောင်းနဲ့ စိတ်ကျန်းမာရေးတို့ကို တိုးတက်စေမှာ ဖြစ်ပါတယ်။
▪️ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နောက်ထပ်လေ့လာမှုတွေလည်း ပြုလုပ်သွားကြဦးမှာ ဖြစ်ပါတယ်။
#Source: DoctorNDTV
ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ခင်ပွန်းသည်ဆုံးရှုံးခဲ့ရသည့်အမျိုးသမီး ပဋိပက္ခတွေကိုအမြန်ဆုံး ပြီးဆုံးလိုကြောင်းထုတ်ဖော်ပြောကြား
ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရတဲ့ နာတာလီယာဟာ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုလိုက်ပြီး သူ့လိုလူမျိုးတွေအနေနဲ့ မိသားစုဝင်တွေထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူးလို့ ဆိုလိုက်ပါတယ်။
#World_News
Published 04 July 2024
#ရုရှား-ယူကရိန်းစစ်ပွဲ #ပဋိပက္ခ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 04 July 2024
၁။ မိုးကြီးမည့်ဒေသများတွင် ရန်ကုန်နှင့်အောက်ပိုင်း ဒေသများပါဝင်လာ၊ မြစ်ရေကြီးဦးမည်
၂။ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဇူလိုင်၇ရက် နောက်ဆုံးထားဆောင်ရွက်ရန်နှင့် ကုန်ရ၊ကုန်ထုတ်၊ကုန်လက် ကျန် လချုပ် update စာရင်းပေးသွင်းခြင်းကို လစဉ် ၇ရက်အတွင်း ဆောင်ရွက်ရမည်
၃။ ယခုနှစ်အတွင်း မွန်ဒေသမှ ဆားတန်ချိန်လေးသောင်းသုံးထောင်ကျော်ထွက်ရှိ
၄။ ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ခင်ပွန်းသည်ဆုံးရှုံးခဲ့ရသည့်အမျိုးသမီး ပဋိပက္ခတွေကိုအမြန်ဆုံး ပြီးဆုံးလိုကြောင်းထုတ်ဖော်ပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 July 2024
▪️ ၂၀၀၈-၂၀၀၉ ခုနှစ်တုန်းက အမေရိကန်မှာ စီးပွားရေးဆုတ်ယုတ်ဘေး ဖြစ်ခဲ့တာ အကင်းမသေသေးသလို ကိုဗစ်-၁၉ ကာလစီးပွားရေး ဆုတ်ယုတ်မှုကလည်း နောက်ထပ်ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
▪️ ဘဏ္ဍာရေးနဲ့ စီးပွားရေးဈေးကွက်များ မတည်မငြိမ်ဖြစ်ရတဲ့အတွက် စိုးရိမ်ပူပန်စရာတွေ အခုဆိုရင် ထပ်မံပေါ်ပေါက်လာပါတယ်။
▪️ အမေရိကန်စတော့ဈေးကွက်ဟာ ရှေ့ဆက်ပြီး မတည်မငြိမ် ဖြစ်ဦးမယ်လို့ ကနေဒါ ရင်းနှီးမြှုပ်နှံမှု သုတေသန အဖွဲ့အစည်း BCA Research က ခန့်မှန်းလိုက်ပါတယ်။
▪️ စီးပွားရေးဟာ ယခုနှစ် ဒါမှမဟုတ် ၂၀၂၅ အစောပိုင်းလောက်မှာ ဆုတ်ယုတ်လာလိမ့်မယ်လို့ BCA Research ကမ္ဘာလုံးဆိုင်ရာ ဗျူဟာမှူးချုပ် ပီတာဘရဲဇင်က သတိပေးလိုက်ပါတယ်။
▪️ အမေရိကန်ရှိ ထိပ်သီးကုန်သွယ်ရေးကုမ္ပဏီ ၅၀၀ ရဲ့ စတော့ဈေးကွက် အခြေအနေ ယိုင်ညွှန်းကိန်းကိုပြတဲ့ S&P 500 ဇယားမှာ ၃၇၅၀ သို့ ကျဆင်းသွားနိုင်ကာ ဒါဟာ လက်ရှိအနေအထားကနေ ၃၀ ရာခိုင်နှုန်း ကျဆင်းမယ့်သဘော ဖြစ်ပါတယ်။
▪️ အလုပ်သမားဈေးကွက်က လာမယ့်လများအတွင်း သိသိသာသာ နှေးကွေးသွားမှာဖြစ်ပြီး စီးပွားရေး တိုးတက်မှုရဲ့ အဓိကတွန်းအားဖြစ်တဲ့ ဝယ်ယူသူသုံးစွဲမှုအပေါ် အကြီးအကျယ် သက်ရောက်မှာဖြစ်တယ်လို့ ဘရဲဇင်က ယုံကြည်နေပါတယ်။
▪️ ငွေကြေးဖောင်းပွခြင်းနဲ့ အလုပ်လက်မဲ့ အခြေအနေကြား ဆက်စပ်မှုကို ဖိလစ်အခြေပြဇယားဖြင့် တိုင်းတာပါတယ်။
▪️ ၂၀၂၂ နဲ့ ၂၀၂၃ တို့မှာ အမေရိကန် စီးပွားရေးဆုတ်ယုတ်မှု မဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းက စီးပွားရေးဟာ ဖိလစ်အခြေပြဇယားရဲ့ မတ်စောက်တဲ့ ဘက်ခြမ်းအတိုင်း လည်ပတ်နေခဲ့တာကြောင့် ဖြစ်ကြောင်း၊ အလုပ်သမား ထောက်ပံ့ရေးဇယားသာ ထောင်လိုက်နီးပါး ဖြစ်သွားရင် လုပ်အားလိုအပ်ချက် အားနည်းသွားကာ လုပ်ခလစာ တိုးတက်မှု ကျဆင်းသွားပြီး အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးသွားမှာဖြစ်ပါတယ်။
▪️ တရုတ်နဲ့ ဥရောပတို့မှာလည်း စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာ နှေးသွားနိုင်သလို ကမ္ဘာ့နေရာ အနှံ့အပြားမှာ စီးပွားရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်တယ်လို့လည်း ဘရဲဇင်က ခန့်မှန်းလိုက်ပါတယ်။
▪️ ထိုကနေ ကမ္ဘာ့စီးပွားရေး ယုတ်လျော့လာနိုင်ပြီး နိုင်ငံတကာ စတော့ဈေးကွက်များအပေါ် ဖိအားပိုများလာနိုင်ပါတယ်။
#Source: NDTV
#World_Health
#
+++++++++++++++++++++
Published 04 July 2024
▪️ ရင်သားနေရာက ဆဲလ်တွေ ပွားများလာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အခါ အကျိတ်ဖြစ်လာပြီး ရင်သားကင်ဆာ ဖြစ်ပေါ်လာတယ်။
▪️ လက္ခဏာများအနေနဲ့ အဖုအကျိတ် ခံစားရခြင်း၊ ရင်သားအရွယ်အစား ပြောင်းလဲလာခြင်း၊ ရင်သားတဝိုက် အရေပြားပြောင်းလဲခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ရင်သားကနေ အခြားနေရာတွေသို့ ကူးစက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
စောစီးစွာသိရှိနိုင်မယ့် လက္ခဏာတွေကတော့..
- ဓမ္မတာရာသီလာပြီးနောက် ရင်သားနာကျင်ခြင်း
- နို့သီးခေါင်း အရေးကြောင်းပြောင်းလဲခြင်း
- ဓမ္မတာပြီးနောက် အဖုဖြစ်ပေါ်လာခြင်း
- ရင်သားတစ်ဖက်ကနေ နီညိုရောင် ဒါမှမဟုတ် အဝါရောင်အရည်ထွက်လာခြင်း
- ရင်သားမှာ နီမြန်းခြင်း၊ ဖူးရောင်ခြင်း၊ ယားယံခြင်း
- ဘက်မညီဘဲ အကျိတ်မှာမာကျောလာခြင်း
- ရင်သားနဲ့ နို့သီးခေါင်း အရေပြားဖျော့လာခြင်း
ဒီလိုလက္ခဏာတွေ ကြုံလာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
▪️ ကင်ဆာကို စောစီးစွာသိရှိဖို့ အရေးကြီးပြီး ဒါမှသာ ကုသအောင်မြင်ဖို့ အခွင့်အရေးများမှာ ဖြစ်ပါတယ်။
ပုံမှန်ဆေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် စောစီးစွာ တွေ့ရှိနိုင်ပါတယ်။
#Source: DoctorNDTV
#World_Health
Published 04 July 2024
▪️ ဗိုက်တာမင်-ဒီ ချို့တဲ့ခြင်းဖြင့် ဆံပင်ကျွတ်နိုင်ဖွယ်ရှိကာ ဗိုက်တာမင်-ဒီ နည်းပါးခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ကြား ဆက်စပ်မှုကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
▪️ နေရောင်မှရတဲ့ ဗိုက်တာမင်-ဒီက ခန္ဓာကိုယ်မှာ အရိုးသန်မာစေခြင်း၊ ကိုယ်ခံအား ကောင်းမွန်စေခြင်း၊ ဆံကေသာ သန်စွမ်းစေခြင်းတို့ ပေးနိုင်ပြီး ချို့တဲ့တဲ့အခါမှာတော့ ဆံပင်ကျွတ်ခြင်းနဲ့ အခြားပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီ ချို့တဲ့တဲ့ လက္ခဏာတွေကတော့ အရေပြားခြောက်ခြင်း၊ ကြွက်သားအားနည်းနွမ်းနယ်ခြင်း၊ အရိုးကိုက် အရိုးထိခိုက်လွယ်ခြင်း၊ ရောဂါပိုးကူးစက်လွယ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ ဗိုက်တာမင်-ဒီကို နေ့စဉ် ၆၀၀-၈၀၀ IU လိုအပ်ပါတယ်။
▪️ ဗိုက်တာမင်-ဒီက ဦးရေပြားကနေ သန်စွမ်းတဲ့ ဆံပင်အသစ်ထွက်စေပါတယ်။
▪️ သူ့ရဲ့လုပ်ဆောင်ချက်တွေက ဆံပင်မွေးညင်းပေါက်တွေကနေ ဆံပင်ထွက်စေခြင်း၊ ရောဂါခုခံအားစနစ် ကောင်းစေခြင်း၊ ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်း၊ ဖိစီးမှုလျှော့ချပေးခြင်း၊ သွေးလည်ပတ်မှု ကောင်းစေခြင်းတို့ ဖြစ်ပါတယ်။
▪️ ဗိုက်တာမင်-ဒီချို့တဲ့ခြင်းကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းစတဲ့ ပြဿနာအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။
▪️ ဗိုက်တာမင်-ဒီချို့တဲ့တာကို ဖြေရှင်းဖို့အတွက် ၁၀-၃၀ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်း၊ ဗိုက်တာမင်-ဒီ ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများ၊ မှိုများ စားသုံးခြင်း၊ ဒါနဲ့မှ မလုံလောက်သေးဘူးဆိုရင် ဗိုက်တာမင်-ဒီ ဖြည့်စွက်ဆေးများသုံးစွဲခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
▪️ ဒါ့အပြင် ဗိုက်တာမင်-ဒီနဲ့ အခြားဆံပင်အားဖြည့်ဆေးများ ပါဝင်တဲ့ ဆံပင်သန်ဖြည့်စွက်ဆေးများလည်း ရှိပါသေးတယ်။
#Source: The Jerusalem Post
Page 134 of 859