#World_Health
Published 12 July 2024
▪️ အမေရိကန်မှာ ရောင်းချနေတဲ့ တက်တူးမင် ၃၅ ရာခိုင်နှုန်းလောက်ဟာ ဘက်တီးရီးယားတွေ ကူးစက်နေတယ်လို့ သုတေသနအသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ ထုတ်လုပ်သူ ၁၄ ဦးထံမှ တက်တူးမင်ရည် ၇၅ မျိုးမှာ ဘက်တီးရီးယားတွေကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
▪️ အောက်ဆီဂျင် လိုအပ်တဲ့ ဘက်တီးရီးယားတွေရော အောက်ဆီဂျင်မလိုတဲ့ ဘက်တီးရီးယားတွေရော ကူးစက်နေတာဖြစ်တယ်လို့ အမေရိကန် FDA မှ သုတေသနပြုစုသူ ပီတာကင်မ်က ပြောပါတယ်။
▪️ တက်တူးတွေမှာ အသုံးပြုတဲ့ မင်တွေဟာ အလှကုန်ပစ္စည်းမျိုး ဖြစ်တာကြောင့် ဆေးဝါးတွေလိုမျိုး အသိအမှတ်ပြု ရရှိဖို့မလိုပါဘူး။
▪️ လွန်ခဲ့တဲ့ နှစ်များအတွင်း မသန့်ရှင်းတဲ့ တက်တူးမင်တွေကနေ ရောဂါကူးစက်သူတွေ ရှိခဲ့တာကို သတင်းရရှိခဲ့တယ်လို့ FDA က ဆိုပါတယ်။
▪️ ကူးစက်မှုတွေကြောင့် အနာများ၊ အဖုများ၊ အမာရွတ်များပင် ဖြစ်စေပါတယ်။
▪️ တက်တူးမင်တွေမှာ ဘက်တီးရီးယားနဲ့ အခြားပိုးမွှားတွေ ကူးစက်နိုင်ခြေရှိတာကို ထုတ်လုပ်ဖြန့်ဖြူးသူများ သိရှိစေရန် FDA က လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ပါတယ်။
▪️ လတ်တလောနှစ်တွေမှာ တက်တူးထိုးခြင်းက ခေတ်စားလာပြီး တက်တူးထိုးတာနဲ့ ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေလည်း အဖြစ်များလာပါတယ်။
▪️ သုတေသနဌာနတစ်ခုရဲ့ စစ်တမ်းအရ အမေရိကန်ရှိ အရွယ်ရောက်ပြီးသူ ၃၂ ရာခိုင်နှုန်းမှာ တက်တူးရှိပြီး ၂၂ ရာခိုင်နှုန်းကတော့ တက်တူးတစ်ခုထက် ပိုရှိပါတယ်။
▪️ ဘက်တီးရီးယား ကူးစက်မှုအပြင် ရောင်ရမ်းခြင်းများ၊ ဓာတ်မတည့်ခြင်းများနဲ့ အဆိပ်ဖြစ်ခြင်းတို့လည်း ဖြစ်တတ်ကြပါတယ်။
▪️ ပီတာကင်မ်နဲ့ သုတေသနအဖွဲ့က တက်တူးမင်တွေမှာ ပိုးမွှားကူးစက်မှုကို ပိုမိုထိရောက်စွာ ရှာနိုင်ဖို့ စီစဉ်နေကြပါတယ်။
▪️ ရောဂါကူးစက်မှု မဖြစ်ရေးအတွက် ဒီပစ္စည်းတွေကို အဆက်မပြတ် စောင့်ကြည့်ဖို့လည်း အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒါ့အပြင် တက်တူးထိုးခြင်းနဲ့ လင်ဖိုးမားဆိုတဲ့ သွေးကင်ဆာတစ်မျိုး ဆက်စပ်နိုင်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။
#Source: New York Post
#World_Health
Published 12 July 2024
▪️ ကော်လာဂျင်ဓာတ်က အသားအရေ၊ အရိုး၊ အဆစ်အမြစ်များအတွက် မရှိမဖြစ်လိုအပ်ပြီး ဖြည့်စွက်စာများ အသုံးပြုခြင်းဖြင့် ထိုနေရာတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
▪️ လက်တွေ့လေ့လာချက်များအရ တစ်နေ့ကို ကော်လာဂျင် ၃၀၀ မီလီဂရမ်မှ ၁၀ ဂရမ်အထိ ရှိနိုင်ပါတယ်။
▪️ အရေးကြောင်းပေါ်တဲ့ သူတွေအတွက်တော့ ၂.၅ မှ ၅ ဂရမ်အထိ လိုအပ်နိုင်ပါတယ်။
▪️ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်များလွန်းရင်တော့ မူးဝေခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ ကော်လာဂျင် ပုံစံအမျိုးမျိုးရှိနိုင်ပြီး အမျိုးအစား ၁ က အရွတ်တွေ၊ အရေပြား၊ အင်္ဂါတွေ၊ အရိုးများ၊ သွားတွေစတဲ့ ခန္ဓာကိုယ်ထဲက အဓိကကော်လာဂျင်ပုံစံမျိုး ဖြစ်ပြီး အမျှင်ဓာတ်များက ခိုင်မာမြဲမြံကာ တစ်ရှူးတွေကို ကြံ့ခိုင်တည်မြဲစေပါတယ်။
▪️ အမျိုးအစား ၂ က တစ်ရှူးတွေထဲမှာ ပိုများပြားပြီး အရိုးချိတ်ဆက်ထားရာ အရွတ်နေရာတွေမှာ ပတ်သက်နေပါတယ်။
▪️ အမျိုးအစား ၃ က ကျုံ့နိုင်ဆန့်နိုင်တဲ့ အမျှင်ဓာတ် အများအပြားရှိတဲ့ တစ်ရှူးတွေနဲ့ ပတ်သက်ပြီး အရေပြား သွေးကြောတွေ ကြွက်သားတွေမှာ ပါဝင်ပါတယ်။
▪️ ကော်လာဂျင်ဖြည့်စွက်ဆေးတွေကို အမှုန့်၊ အတောင့်၊ အရည်၊ စားစရာတွေထဲက ပါဝင်ပစ္စည်းများအဖြစ် တွေ့နိုင်ပါတယ်။
▪️ ကော်လာဂျင်ပါဝင်တဲ့ အစားအစာတွေကတော့ အမဲသားနဲ့ ဆက်စပ်ပစ္စည်းတွေ ဖြစ်ပါတယ်။
အမဲသားက လူ့ခန္ဓာကိုယ်နဲ့ အတော်လေး ကိုက်ညီပြီး အရိုးတွေ အရွတ်တွေမှ ထုတ်ယူတဲ့ကော်လာဂျင်ကို အသုံးပြုနိုင်ပါတယ်။
▪️ ဝက်သားကလည်း ကော်လာဂျင်ဓာတ် ကြွယ်ဝပြီး ခွဲစိတ်ပြုပြင်မှုတွေမှာ အသုံးပြုကြပါတယ်။
ပင်လယ်နေသတ္တဝါတွေကလည်း ကော်လာဂျင်ရနိုင်ပြီး အကျိုးအာနိသင်တွေကတော့ အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။
▪️ အပင်တွေကနေ ကော်လာဂျင်အစစ် မရနိုင်ပေမယ့် ပရိုလင်း၊ ဂလစ်ဆင်း၊ ဟိုက်ဒရိုဆီပရိုလင်းတို့လို ဖြည့်စွက်ပစ္စည်းများ ရနိုင်ပါတယ်။
▪️ ကော်လာဂျင်သုံးစွဲခြင်းရဲ့ အကျိုးကျေးဇူးများအနေဖြင့် အသားအရေကို တင်းရင်းစေပြီး အရိုးကျန်းမာရေး၊ ကြွက်သားထု၊ နှလုံးသွေးကြောကျန်းမာရေးတို့အတွက် အကျိုးရှိစေပါတယ်။
▪️ စမ်းသပ်ချက်အရ အရေပြားမျက်နှာပြင်မှာ ဆဲလ်များထုတ်လုပ်ပေးပြီး ဒဏ်ရာအနာတရများကို အလျင်အမြန် သက်သာစေပါတယ်။
▪️ နောက်ဆုံးတစ်ချက်ကတော့ ကော်လာဂျင်က အိုမင်းရင့်ရော်ခြင်းလက္ခဏာကို လျှော့ချပေးတာပါပဲ။
#Source: The Jerusalem Post
ဘိုးအင်းလေယာဉ်နှစ်ကြိမ်ပျက်ကျမှုနှင့် ပတ်သက်၍အမှုစစ်ဆေးခြင်း အသနားခံခွင့်အား တရားရေးဌာနရွေးချယ်ခွင့်ပေး
အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီး ဘိုးအင်းက ယင်းတို့ရဲ့ 737 Max ခရီးသည်တင်လေယာဉ်တွေ ၂ ကြိမ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး လိမ်လည်ခြင်းဆိုင်ရာ ပြစ်မှုမြောက်ခြင်းကို အသနားခံသွားမယ်လို့ အမေရိကန် တရားရေးဌာနက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_News
Published 11 July 2024
#ဘိုးအင်းလေယာဉ်နှစ်ကြိမ်ပျက်ကျမှု #အသနားခံခွင့်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 11 July 2024
၁။ ဝမ်းပျက်ဝမ်းလျှောလူနာတစ်ရက်ထဲတွင် (၁၁၅)ဦးအထိရှိ၊ (၅)ရက်အတွင်း(၃၄၆)ဦးအထိရှိလာ
၂။ အိန္ဒိယတွင် ကျင်းပမည့် "အာရှ U-21 တန်းခုန် မြင်းစီးအားကစားပြိုင်ပွဲ"အတွက်အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲနေပြည်တော်၌ ပြုလုပ်မည်
၃။ ရှမ်းအက်ဖ်စီအသင်း ဖီဖာ- MFF ယူ-၁၇ လိဂ်အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖလားရရှိ
၄။ ဘိုးအင်းလေယာဉ်နှစ်ကြိမ်ပျက်ကျမှုနှင့် ပတ်သက်၍အမှုစစ်ဆေးခြင်း အသနားခံခွင့်အား တရားရေးဌာနရွေးချယ်ခွင့်ပေး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 11 July 2024
▪️ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေ၊ အလှူရှင်တွေကို လွှမ်းမိုးနိုင်လောက်အောင် ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်များဖြစ်တဲ့ နန်စီပယ်လိုစီ၊ ဂျော့ဂျ်ကလူနီနဲ့ အထက်လွှတ်တော်မှ အခြားဒီမိုကရက်နှစ်ဦးတို့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲထပ်မံယှဉ်ပြိုင်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်သံသယ ဖြစ်လာကြပါတယ်။
▪️ ဘိုင်ဒင်အနေဖြင့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခြင်းရှိမရှိ အလျင်အမြန် ဆုံးဖြတ်ဖို့လိုအပ်ကြောင်း အောက်လွှတ်တော်ဥက္ကဌဟောင်းဖြစ်ပြီး ဘိုင်ဒင်ရဲ့ မိတ်ဖက်လည်းဖြစ်ခဲ့တဲ့ ပယ်လိုစီက ပြောကြားသွားပါတယ်။
▪️ ဟောလိဝုဒ်ကြယ်ပွင့်ဖြစ်ပြီး ပြီးခဲ့တဲ့လက ဘိုင်ဒင်အတွက် ရန်ပုံငွေပွဲ ပူးတွဲလက်ခံပြုလုပ်ပေးခဲ့တဲ့ ဒီမိုကရက် ဘက်တော်သား ကလူနီဟာလည်း ဘိုင်ဒင်ကို ဆက်လက်ထောက်ခံခြင်း မရှိတော့ဘဲ ၂၀၂၀ ခုနှစ်တုန်းက ပုဂ္ဂိုလ်မျိုး မဟုတ်တော့ဘူးလို့ နယူးယော့ခ်တိုင်းမ်ကို ပြောသွားပါတယ်။
▪️ အထက်လွှတ်တော်ခေါင်းဆောင် ချက်ခ်ရှူမာက အခြားဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း အခွင့်အလမ်းဖွင့်ပေးထားတယ်လို့ အလှူရှင်တွေကို အသိပေးလိုက်ပါတယ်။
▪️ အထက်လွှတ်တော်အမတ် ပီတာဝဲ့လ်ချ်က ဘိုင်ဒင်အနေဖြင့် နောက်ဆုတ်သင့်ပြီလို့ ဆိုလိုက်ကာ သမ္မတကို ဘေးဖယ်ခိုင်းတဲ့ ပထမဦးဆုံးသော ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဖြစ်လာပါတယ်။
▪️ ကြာသပတေးနေ့ ဘိုင်ဒင်နဲ့အစည်းအဝေးမှာ အထက်လွှတ်တော် ဒီမိုကရက်အချို့က သူတို့ရဲ့ သံသယအမြင်တွေကို ထုတ်ဖော်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
▪️ ပယ်လိုစီရဲ့ မှတ်ချက်စကားများကြောင့် ကျန်တဲ့ ဒီမိုကရက်နောက်လိုက်တွေကလည်း ဘိုင်ဒင်ကို ရွေးကောက်ပွဲကနေ နောက်ဆုတ်ပေးဖို့ တောင်းဆိုလာနိုင်ပါတယ်။
▪️ ဘိုင်ဒင်ကတော့ စကားစစ်ထိုးပွဲမှာ အခြေအနေမလှခဲ့ပေမယ့် ယင်းဟာ ထရမ့်ကိုအနိုင်ယူဖို့ အသင့်တော်ဆုံးသူဖြစ်ပြီး ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ ကြုံးဝါးထားပါတယ်။
▪️ ဘိုင်ဒင်သာ နုတ်ထွက်ပါက အစားထိုးဖို့ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအဖြစ် ရှေ့ဆုံးကပြေးနေတဲ့ ဒုသမ္မတ ကာမယ်လာအဲရစ်က ဘိုင်ဒင်ကို နောက်ထပ် ၄ နှစ်ဆက်ရှိစေဖို့ ဒဲလက်စ်မှာ လူပေါင်း ၁၉၀၀၀ ရှေ့ မိန့်ခွန်းပြောကြွေးကြော်ခဲ့ပါတယ်။
▪️ ပယ်လိုစီကတော့ ဘိုင်ဒင်ဆန္ဒရှိတဲ့အတိုင်း လုပ်စေချင်ပြီး အချိန်သိပ်မရှိတော့တာကြောင့် မြန်မြန်ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းအားပေးနေပါတယ်လို့ ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 11 July 2024
▪️ ETH ဇူးရစ်နဲ့ အင်ပီရီယယ်ကောလိပ်လန်ဒန်မှ ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ မြေငလျင်အချက်အလက်များ အသုံးပြုပြီး ယခင်က မသိရှိခဲ့တဲ့ ဥက္ကာခဲများက မားစ်ဂြိုဟ်ပေါ် ရိုက်ခတ်နေပုံကို တွေ့ရှိခဲ့ကြပါတယ်။
▪️ တွေ့ရှိချက်များအရ နှစ်စဉ်ဥက္ကာခဲပေါင်း ၂၈၀ မှ ၃၆၀ လောက်ဟာ မားစ်ဂြိုဟ်ပေါ် ကျရောက်နေပြီး ၈ မီတာထက်ကျယ်ပြန့်တဲ့ ကြွင်းပေါက်များ ကျန်နေခဲ့ပါတယ်။
▪️ ဒီနှုန်းထားဟာ ပတ်လမ်းကြောင်းပုံဖော်ခြင်း တစ်ခုတည်းကနေ ခန့်မှန်းထားတာထက် ၅ ဆလောက် ပိုများနေပြီး မြေငလျင်တိုင်းနည်းပညာက ထိုနှုန်းထားတွေကို တိုင်းတာဖို့ အသင့်လျော်ဆုံး ကိရိယာတစ်ခုဖြစ်ကြောင်း သုတေသနခေါင်းဆောင် ဂျရဲလ်ဒင်းဇန်ဟော့ဆန်က ပြောသွားပါတယ်။
▪️ ထိုသုံးသပ်ချက်များအရ အာကာသမှ ကျောက်ခဲတွေဟာ မားစ်ဂြိုဟ်ကို ထင်ထားတာထက် ပိုပြီးရိုက်ခတ်နေပါတယ်။
▪️ ခန့်မှန်းချက်များအရ ထိုကျောက်ခဲတွေဟာ ဘက်စ်ကတ်ဘော အရွယ်အစားလောက် ရှိပါတယ်။
▪️ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ ကြွင်းပေါက်ဖြစ်ပေါ်မှုနှုန်းကို ကြည့်ရှုပြီး ထိုမျက်နှာပြင် သက်တမ်းဘယ်လောက်ရှိလဲ ဆိုတာကို သိရှိနိုင်စေမှာ ဖြစ်ပါတယ်။
▪️ ကြွင်းပေါက်ဝတွေပိုများတဲ့ မျက်နှာပြင်အပိုင်းဟာ ကြွင်းပေါက်ဝနည်းတဲ့ မျက်နှာပြင်ထက် သက်တမ်းပိုရင့်တယ်လို့ ယူဆရကြောင်း အင်ပီရီယယ်ကောလိပ်လန်ဒန်မှ အာကာသဂြိုဟ် သိပ္ပံပညာရှင် နာတယ်လီယာဝစ်ဆီကာက ပြောပါတယ်။
▪️ မားစ်ဂြိုဟ်ဟာ ယင်းပတ်လမ်းကြောင်းနဲ့ ဂျူပီတာပတ်လမ်းကြောင်း ကြားမှာတည်ရှိနေတဲ့အတွက် ဥက္ကာခဲရိုက်ခတ်မှုဒဏ်ကို ပိုခံစားရတာ ဖြစ်နိုင်ပါတယ်။
▪️ InSight ငလျင်တိုင်းကိရိယာဖြင့် ထိုအကျယ်အဝန်းအတွင်း ဥက္ကာခဲကျရောက်သမျှကို သိရှိနိုင်တယ်လို့ ပြောသွားပါတယ်။
#Source: WION
#World_Health
Published 11July 2024
▪️ အဝေးမှုန်ခြင်းဆိုတာက အဝေးကအရာတွေကို ကြည့်ရာမှာ မှုန်ဝါးနေပြီး အနီးကပ်ကြည့်ရင်တော့ ကြည်လင်နေဆဲ ဖြစပါတယ်။
ဒါဟာ မျက်လုံးရဲ့သဏ္ဍာန်က ဝင်လာတဲ့ အလင်းတန်းတွေ ပုံမှန်မဟုတ် ကွေးသွားစေတာကြောင့် ဖြစ်ပါတယ်။
▪️ စမတ်ဖုန်း၊ ကွန်ပျူတာ၊ တီဗီဖန်သားပြင်များကို ကြာရှည်ကြည့်ရှုခြင်းက အဝေးမှုန်ခြင်းအခြေအနေနဲ့ ဘယ်လောက်ထိ သက်ရောက်နေလဲဆိုတာကို တရုတ်ပြည် ဆူချောင်တက္ကသိုလ်မှ သုတေသီများ လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
▪️ ပါဝင်စမ်းသပ်သူ ၁၀၂၃၆၀ ဦးဖြင့် လေ့လာချက် ၁၉ ခုကို သုံးသပ်ခဲ့ကြပြီး ကျန်းမာရေးအချက်အလက်များ အသုံးပြုခဲ့ကြပါတယ်။
စက်ပစ္စည်းဖန်သားပြင်ကို အချိန်ကြာမြင့်စွာ ကြည့်ရှုတတ်တဲ့ ကလေးတွေမှာ အဝေးမှုန်လက္ခဏာ ဖြစ်နိုင်ခြေပိုများတာကို တွေ့ရပါတယ်။
▪️ ဖန်သားပြင်ကြည့်ရှုချိန် ပိုများလေ အဝေးမှုန်လက္ခဏာ ဖြစ်နိုင်ခြေပိုများလေ ဖြစ်ပါတယ်။
▪️ ကွန်ပျူတာနဲ့ တီဗီကြည့်ရှုခြင်းတို့က အဝေးမှုန်ခြင်းဖြစ်နိုင်ခြေ ပိုများပေမယ့် စမတ်ဖုန်းအသုံးပြုခြင်းကတော့ သိပ်ပြီးသေချာမသိရသေးပါဘူး။
▪️ ၂၀၀၈ နောက်ပိုင်းပြုလုပ်တဲ့ သုတေသနနဲ့ အရှေ့အာရှ၊ တောင်အာရှတို့မှ လေ့လာချက်တွေမှာ ဖြစ်နိုင်ခြေက ပိုပြီးသိသာထင်ရှားပါတယ်။
▪️ လေ့လာချက်အများစုက အကျိုးပြုပေမယ့် ပမာဏနည်းပါးခြင်းနဲ့ အခြားအချက်အလက်များကို ထည့်သွင်းမထားခြင်းတို့က ကန့်သတ်ချက်တွေ ဖြစ်လာပါတယ်။
▪️ ထိုလေ့လာချက်များအရ ဖန်သားပြင်ကြာရှည်စွာကြည့်ရှုခြင်းက ကလေးတွေရဲ့ မျက်လုံးကျန်းမာရေးအပေါ် သက်ရောက်နိုင်ပုံတွေကို ဖော်ပြထားပြီး ကြည့်ရှုချိန် ကန့်သတ်ခြင်းဖြင့် အဝေးမှုန်ဖြစ်နိုင်ခြေ လျှော့ချနိုင်မယ်လို့ ယူဆရပါတယ်။
#Source: India Today
Page 129 of 859