#World_Health
Published 15 July 2024
▪️ မျက်ခွံတွေ အိုမင်းရင့်ရော်လာခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မီချီဂန်မှ ပလတ်စတစ်ခွဲစိတ် ဆရာဝန် အန်သိုနီယွန်းက မျှဝေသွားပါတယ်။
▪️ မျက်ခွံတွေ အိုမင်းလာတဲ့ လက္ခဏာတွေထဲမှာ မျက်လုံးဖောင်းအစ်ခြင်း၊ မျက်ခွံနားလျော့တွဲခြင်း၊ မျက်ခွံအိတ်ပေါ်ခြင်းတို့ ပါဝင်ပါတယ်။
ဒါတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့..
(၁) နေကာမျက်မှန်တပ်ခြင်း
▪️ နေကာမျက်မှန်က ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးရုံမက မျက်လုံးထောင့်တွေမှာ အရေးကြောင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(၂) အဆင့်ဆင့်ထုတ်လုပ်ထားသော စားစရာများလျှော့စားခြင်း
▪️ ထိုစားစရာတွေက နှလုံးရောဂါနဲ့ ကင်ဆာ၊ ဆီးချို၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေများစေပြီး မျက်လုံးဖောရောင်စေနိုင်ပါတယ်။
(၃) ဓာတ်မတည့်မှုများကိုထိန်းချုပ်ခြင်း
▪️ မျက်ခွံအရေပြားဟာ အပါးလွှာဆုံး အရေပြားတွေထဲမှာ ပါဝင်ပြီး ဓာတ်မတည့်လို့ယားယံပြီး ပွတ်တိုက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) ရက်တီနောလ်မျက်လုံးလိမ်းဆေးသုံးခြင်း
▪️ ရက်တီနောလ်က ကော်လာဂျင်တိုးစေပြီး မျက်ခွံအရေပြား ပါးလွှာတွန့်ခေါက်ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: New York Post
၁၄ ဇူလိုင် ၂၀၂၄
နိုင်ငံပေါင်း ၂၆နိုင်ငံပါဝင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCOနိုင်ငံတွေရဲ့ မီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ (၂)ရက်နေ့က ရှန်ဟိုင်းမြို့က Hozon New Energy Auto ကုမ္ပဏီကိုသွားရောက်လေ့လာခဲ့ကြပါတယ်။
အဆိုပါမီဒီယာကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံမှ YMG လည်းပါဝင်ပါတယ်။
Hozon New Energy Auto ဆိုတာ NETA အမှတ်တံဆိပ်လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
NETA လျှပ်စစ်ကားတွေဟာ မြန်မာနိုင်ငံမှာလည်း ရောင်းချနေပါတယ်။
NETA ကားပြခန်းမှာ သူတို့ထုတ်ထားခဲ့တဲ့ လျှပ်စစ်ကား မော်ဒယ်လ် ၅ မျိုးစလုံးကိုခင်းကျင်းပြသထားပါတယ်။
မီဒီယာအဖွဲ့တွေ စိတ်ဝင်တစားလေ့လာခဲ့ကြပြီး မေးခွန်းတွေလည်း မေးမြန်းခဲ့ကြပါတယ်။
၁၄ ဇူလိုင် ၂၀၂၄
တရုတ်နှင့်ရုရှားရေတပ်များရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု Joint Sea-2024 ကို ဇူလိုင် ၁၂ရက်က ကွမ်တုန်းပြည်နယ်တောင်ပိုင်း ကျန့် ကျောင်မြို့ ရေတပ်စခန်းတွင် ကျင်းပခဲ့ပါတယ်။
Source CCTV+
#World_Health
Published 14 July 2024
▪️ ဝမ်းဗိုက်ပူခြင်းကို လျှော့ချဖို့ အကူအညီဖြစ်စေမယ့် အချို့သော ဗိုက်တာမင်ဓာတ်တွေ ရှိနေပါတယ်။
▪️ အချို့ဗိုက်တာမင်တွေဟာ ဇီဝကမ္မဖြစ်စဉ်ကို ထောက်ကူပေးပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။
- ဗိုက်တာမင် ဘီအုပ်စု
▪️ အစားအစာတွေကို ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတိန်းအဖြစ်မှ စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးပါတယ်။
- ဗိုက်တာမင်ဒီ
▪️ ဗိုက်တာမင်ဒီနည်းပါးပါက အင်ဆူလင်မတိုးတော့ဘဲ အဆီစုပြုံလာနိုင်ပါတယ်။
- ဗိုက်တာမင်စီ
▪️ အဆီတွေကို ဆဲလ်များအဖြစ် ချေဖျက်ပေးပြီး စွမ်းအင်ထောက်ပံ့ပေးပါတယ်။
- ဗိုက်တာမင်အီး
▪️ ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပြီး နှလုံးသွေးကြောစနစ်ကို ထောက်ပံ့ပေးပါတယ်။
- ဗိုက်တာမင်ကေ
▪️ ဗိုက်တာမင်ကေ၂ က ကိုယ်အလေးချိန် လျှော့ချခြင်းနဲ့ ဆက်စပ်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဗိုက်တာမင်တွေက ကိုယ်အလေးချိန်လျှော့ချရာမှာ ဘယ်လိုကူညီပေးသလဲဆိုတော့..
- ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။
- စွမ်းအင်ကနေ ခွန်အားတွေပေးပြီး အလုပ်တွေကို ပိုမိုအားစိုက်နိုင်ပါတယ်။
- ဗိုက်ပြည့်ဝနေစေပြီး အချိုစာတွေ မုန့်တွေကို မစားဖြစ်တော့ပါဘူး။
- သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။
- ခန္ဓာကိုယ်မှ အဆီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးပါတယ်။
- ကိုယ်အလေးချိန်ချတဲ့နေရာမှာ အရေးပါတဲ့ ဟော်မုန်းတွေကို ညီမျှအောင် ထိန်းသိမ်းပေးပါတယ်။
▪️ ဂရုပြုရမယ့် ဗိုက်တာမင်ချို့တဲ့ခြင်း လက္ခဏာတွေကတော့ ပင်ပန်းခြင်း၊ အားနည်းခြင်း၊ အရေပြားခြောက်ခြင်း၊ အမြင်အာရုံအားနည်းခြင်း၊ ဒဏ်ရာအနာကျက်ရန် ကြာရှည်ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ ကြွက်သားတက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မကြာခဏ ဖျားနာခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်းတို့ ဖြစ်ပါတယ်။
#Source: The Jerusalem Post
#World_Research
Published 14 July 2024
▪️ ပုရွက်ဆိတ်တွေကို စောင့်ကြည့်လေ့လာခဲ့ရာမှာ ဒဏ်ရာရထားတဲ့ သူတို့ရဲ့ မိတ်ဆွေပုရွက်ဆိတ်တွေကို သယ်ဆောင်ကြပြီး လူသားတွေလို ပြုမူတတ်ကြတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ပိုပြီးအံ့အားသင့်စရာ ကောင်းတာက ခြေထောက်မှာ ဒဏ်ရာရနေတဲ့ ပုရွက်ဆိတ်တွေကို ဒဏ်ရာထပ်မံမပျံ့ပွားအောင် ခြေထောက်ဖြတ်ခွဲစိတ်တာမျိုးကိုပါ ပြုလုပ်ပေးတာကို တွေ့ခဲ့ကြပါတယ်။
▪️ ဒါဟာ လူသားမဟုတ်တဲ့ သတ္တဝါတွေက ခြေလက်တွေဖြတ်ပြီး အသက်ကယ်ဆယ်တာမျိုးကို ပထမဆုံးတွေ့ရတာ ဖြစ်ပါတယ်။
▪️ ဖလော်ရီဒါကာပင်တာ ပုရွက်ဆိတ်တွေက ဒဏ်ရာတွေကို စစ်ဆေးသန့်စင်ပေးနိုင်ပြီး ခြေဖြတ်ပစ်ရင် အသက်ရှင်နိုင်မလားဆိုတာကို စစ်ဆေးနိုင်ပါတယ်။
▪️ တိရိစ္ဆာန်လောကမှာ မျိုးတူသတ္တဝါအချင်းချင်း စနစ်ကျကျ ခြေလက်ဖြတ်ခွဲစိတ်တာမျိုး တွေ့ရတာဖြစ်ကြောင်း ဝါ့ဇ်ဘာ့ဂ်တက္ကသိုလ်မှ ဂေဟပညာရှင် အဲရစ်ဖရန့်ခ်က ပြောပါတယ်။
▪️ ဖရန့်ခ်နဲ့ သုတေသနအဖွဲ့က အဆိုပါပုရွက်ဆိတ်တွေကို ညာဘက်နောက်ခြေထောက်ကို ဖြတ်တောက်ပြီး အပေါင်းအဖော် ပုရွက်ဆိတ်တွေကို စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ ဒဏ်ရာရထားတဲ့ ပုရွက်ဆိတ် ၁၇ ကောင်ထဲက ၁၃ ကောင်ကို ကျန်တဲ့ပုရွက်ဆိတ်တွေက ခြေဖြတ်ပစ်ခဲ့ကြပါတယ်။
▪️ ပါးစပ်တွေနဲ့ မသယ်ဆောင်ခင် ဒဏ်ရာခြေထောက်ကို လျက်ပေးပြီးနောက် ခြေထောက်မပြတ်မချင်း ကိုက်ဖြတ်ကြတယ်လို့ ဖော်ပြထားပါတယ်။
▪️ ခြေထောက်အောက်ပိုင်း ဒဏ်ရာရတဲ့ ပုရွက်ဆိတ်တွေကို လျက်ပေးခြင်းဖြင့်သာ ကုသပေးကြပြီး နှစ်ဖွဲ့စလုံးမှာ အသက်ရှင်နှုန်း အတော်လေးမြင့်မားခဲ့ပါတယ်။
▪️ ခြေထောက်ဖြတ်ပစ်မလား ဒါမှမဟုတ် သာမန်အတိုင်း ကုသမလားဆိုတာကတော့ ဒဏ်ရာရတဲ့ နေရာအပေါ် မူတည်ပါတယ်။
▪️ ထိုပုရွက်ဆိတ်တွေက ခန္ဓာကိုယ်ကနေ ဖြတ်တောက်ဖို့လိုအပ်တဲ့ အစိတ်အပိုင်းကို ပိုင်းခြားတတ်ပါတယ်။
#Source: WION
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း SCO ၏ နယ်စပ်ကာကွယ်ရေးခေါင်းဆောင်များအစည်းအဝေးကျင်းပ
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(SCO) အဖွဲ့ဝင်နိုင်ငံများရဲ့ နယ်ခြားကာကွယ်ရေး ခေါင်းဆောင်များ ၁၀ ကြိမ်မြောက်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းမှာကျင်းပခဲ့ပါတယ်။
#Asia_News
Published 13 July 2024
#SCO #နယ်စပ်ကာကွယ်ရေးခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 13 July 2024
၁။ မိုးရာသီလမ်းပိုင်းပြုပြင်ထား၍ ကျိုက်ထီးရိုးကိုတစ်ရက်လျှင်ဘုရားဖူး(၂၀၀)ခန့်လာရောက်ဖူးမြော်
၂။ ၂၀၂၅ ခုနှစ်အတွက် အနိမ့်ဆုံးအခြေခံ တစ်နာရီလုပ်အားခ ဝမ်တစ်သောင်းကျော်အထိ တောင်ကိုရီးယား၌ တိုးမြှင့်သတ်မှတ်
၃။ ညောင်ဦးတွင်မြစ်ရေကြီးနေပေမယ့် ပုဂံဘုရားများ မြစ်ရေတက်၍ ထိခိုက်ပျက်စီးမှုမရှိသေးဟုဆို
၄။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း SCO ၏ နယ်စပ်ကာကွယ်ရေးခေါင်းဆောင်များအစည်းအဝေးကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 127 of 859