#World_Science
Published 23 July 2024
▪️ ယခုထက်ထိ တွေ့ရှိဖူးသမျှ ဂြိုဟ်ပေါင်း ၅၆၀၀ ခန့်ထဲမှာ အရှည်လျားဆုံး ပတ်လမ်းကြောင်းရှိတဲ့ ဂြိုဟ်အသစ်တစ်ခုကို သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ထိုဂြိုဟ်ဟာ ပတ်လမ်းကြောင်းမှားနေတဲ့ ပုံစံဖြစ်နေပြီး ထူးဆန်းတဲ့ပုံပေါ်နေပြီး ဂြိုဟ်ဖွဲ့စည်းပုံတွေကြား ပျောက်ဆုံးနေတဲ့ ဆက်စပ်မှုကို ရှာဖွေနိုင်ဖို့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။
▪️ TIC 241249530 b လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ကနေ အလင်းနှစ် ၁၁၀၀ နီးပါးကွာဝေးတဲ့ ကြယ်တစ်ခုကို လည်ပတ်နေပါတယ်။
▪️ ထိုဂြိုဟ်ဟာ ဗဟိုချက်ချင်း အလွန်ကွဲပြားတဲ့ပုံပေါ်ပြီး ကြယ်နဲ့အလွန်နီးကပ်စွာ လှည့်ပတ်နေပါတယ်။
▪️ နေစကြဝဠာရှိ အခြားဂြိုဟ်တွေက နေကို တူညီတဲ့ဦးတည်ချက်အတိုင်း လှည့်ပတ်နေပေမယ့် ထိုဂြိုဟ်ကတော့ ဆန့်ကျင်ဘက်အတိုင်း ကြယ်ကို လည်ပတ်နေပါတယ်။
▪️ ဒီလိုမျိုး ဗဟိုချက်ချင်းမတူတဲ့ ဂြိုဟ်ဟာ ပူလောင်တဲ့ ဂျူပီတာဖြစ်လာနေတယ်လို့လည်း ယူဆနေကြပါတယ်။
▪️ သူ့ရဲ့လည်ပတ်ပုံကွဲပြားမှုတွေကြောင့် နှစ်ပေါင်းဘီလီယံခန့် ကြာတဲ့အခါ အပူချိန် ကယ်လ်ဗင်ထောင်ချီပူတဲ့ ဂြိုဟ်ဖြစ်လာနိုင်တယ်လို့ MIT ကာဗလီတက္ကသိုလ်မှ ရူပဗေဒ လက်ထောက်ပရော်ဖက်ဆာ ဆာရာမေးလ်ဟော်လန်က ပြောပါတယ်။
▪️ ဂြိုဟ်ရဲ့ပတ်လမ်းကြောင်း ပြောင်းလဲမှုများက အလွန်ကြီးမားလွန်းကြောင်း ဆိုပါတယ်။
▪️ ဂြိုဟ်ပတ်လမ်းကြောင်း ပြောင်းလဲပုံတွေကို ပုံစံတုပြုလုပ်ခြင်းများနဲ့ စောင့်ကြည့်မှုများအရ ပူလောင်တဲ့ဂျူပီတာတွေဟာ ဗဟိုချက်ချင်းကွဲပြားမှု မြင့်မားတာကြောင့် ဖြစ်ပေါ်တယ်လို့ သုတေသနအဖွဲ့က ယူဆနေကြပါတယ်။
#Source: WION
#World_Health
Published 23 July 2024
▪️ အိပ်ချိန်ပုံစံမမှန်ဘဲ အပြောင်းအလဲများတဲ့သူတွေမှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများတယ်လို့ ဘရစ်ဂမ်နဲ့ အမျိုးသမီးဆေးရုံမှ လေ့လာတွေ့ရှိထားပါတယ်။
▪️ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ခြေ လျှော့ချရာမှာ အိပ်စက်မှုပုံစံကို အတည်တကျ ထိန်းသိမ်းထားရှိဖို့က ဘယ်လောက်အရေးကြီးလဲ ဆိုတာကို လေ့လာလိုတာဖြစ်ကြောင်း သုတေသနပြုစုသူ ဆီနာကီယန်နာဆီက ပြောပါတယ်။
▪️ ဆီးချိုရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုနဲ့ မသန်မစွမ်းဖြစ်မှုဖြစ်စေတဲ့ ထိပ်ဆုံးအကြောင်းအရင်း ၁၀ ခုမှာ ပါဝင်ပြီး ၂၀၅၀ အရောက်မှာ ကမ္ဘာပေါ်ရှိ ဆီးချိုဖြစ်ပွားသူအရေအတွက် နှစ်ဆကျော်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
▪️ ဒီအတွက် ဗြိတိန်ပြည်ထောင်စုမှ လူပေါင်း ၈၄၀၀၀ ကျော်ကို စက်ပစ္စည်းများတပ်ဆင်ပြီး ၇ ညတာ စောင့်ကြည့်ခဲ့ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတွေက ပျမ်းမျှ ၆၂ နှစ်ရှိကြပြီး ဆီးချိုရောဂါ မရှိသူတွေဖြစ်ပါတယ်။
▪️ ဆေးမှတ်တမ်းများကိုကြည့်ပြီး ဆီးချိုရောဂါဖြစ်လာခြင်း ရှိမရှိ ၇ နှစ်ခွဲ စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ညဘက်အိပ်ချိန် တစ်ညနဲ့တစ်ည ၁ နာရီကျော်လောက် အပြောင်းအလဲရှိသူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ ကြာမြင့်စွာ အိပ်တတ်သူတွေနဲ့ မျိုးဗီဇအရ ရောဂါဖြစ်နိုင်ခြေ နည်းတဲ့သူတွေမှာ အိပ်ချိန်မမှန်ခြင်းနဲ့ ဆီးချိုရောဂါ ဆက်စပ်မှုက ပိုပြီးသိသာနေပါတယ်။
▪️ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ဖို့အတွက် အိပ်စက်မှုက အရေးကြီးပြီး သွေးတွင်းသကြားဓာတ် မြင့်မားတာဟာ ဆီးချိုလက္ခဏာတစ်ခု ဖြစ်ပါတယ်။
▪️ တစ်နေ့ကို အိပ်ချိန် ၆ နာရီအောက်သာရှိသူတွေဟာ ရောဂါဖြစ်နိုင်ခြေ သိသိသာသာ ပိုများနေပါတယ်။
▪️ စမ်းသပ်ချက်ကတော့ လူတိုင်းအတွက် ကိုယ်စားမပြုနိုင်တာကိုတော့ သိရှိထားဖို့ သုတေသီများဆိုလိုက်ကာ နောက်ထပ်အချက်အလက် ကွဲပြားသူတွေနဲ့လည်း စမ်းသပ်သွားဖို့ စီစဉ်နေကြပါတယ်။
#Source: New York Post
၂၂ ဇူလိုင် ၂၀၂၄
ဒုသမ္မတ ကာမလာ ဟာရစ်ကို သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီဆိုရင်တော့ ဒီမိုကရက်တစ်ပါတီဟာ သမိုင်းတင်မယ့် အလောင်းအစားကြီးတစ်ခုကို ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒုသမ္မတ ကာမလာဟာရစ် သမ္မတလောင်းဖြစ်လာပြီဆိုရင် လူမည်း အမျိုးသမီးတစ်ဦးဟာ လူမျိုးရေးနှင့်လိင်ခွဲခြားမှုတွေ၊ပြီးတော့ သူမကိုယ်တိုင်ရဲ့ ခြေလှမ်းအမှားတွေကို ကျော်လွှားပြီး ရီပတ် ဘလီကင် ဒေါ်နယ်ထရမ့်ကို နိုင်မလားဆိုတဲ့အပေါ် သူတို့က လောင်းကြတော့မှာပါ။
#Daily_News
Published 22 July 2024
၁။ ရထားလက်မှတ်များကို အွန်လိုင်းငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်ရန်ရင်းနှီးမြုပ်နှံသူများ စတင်ဖိတ်ခေါ်နေ
၂။ မြန်မာဘဏ်ရှစ်ခုကို နှစ်နိုင်ငံကုန်သွယ်မှု ရူပီး-ကျပ်ငွေပေးချေမှုအတွက် အိန္ဒိယအတည်ပြု
၃။ ရွေးကောက်ပွဲကျင်းပနိုင်ရန် လုံခြုံရေးပိုင်းကိုအချိန်ယူပြီး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ဟုဆို
၄။ ဂရိတွင်အပူလှိုင်းဖြတ်သန်းကာ အပူချိန်အလွန်မြင့်မားနေသဖြင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများ ခေတ္တပိတ်သိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
#
+++++++++++++++++++++
Published 22 July 2024
▪️ အမေရိကန်ဒုသမ္မတ ကာမယ်လာဟာရစ်က သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီမှ အဆိုပြုခံရသူအဖြစ် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ထောက်ခံချက် ရရှိတဲ့အတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုက်ကာ သူမရဲ့ရည်မှန်းချက်က ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ၂၀၂၅ အစွန်းရောက်စီမံကိန်းကြီးကို အနိုင်ယူပြီး ပြည်ထောင်စုကို ပေါင်းစည်းရန်ဖြစ်ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။
▪️ အသက် ၈၁ နှစ်ရှိဘိုင်ဒင်က ၂၀၂၄ သမ္မတရွေးကောက်ပွဲကနေ နောက်ဆုတ်ရန် စီစဉ်နေကြောင်း တနင်္ဂနွေနေ့မှာ အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီးနောက် အိန္ဒိယနဲ့ အာဖရိကမျိုးနွယ်စပ် အဲရစ်ကို ဒီမိုကရက်တစ်ပါတီရဲ့ ဆန်ခါတင်စာရင်းမှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
▪️ ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့လက သမ္မတရွေးကောက်ပွဲဆိုင်ရာ စကားစစ်ထိုးပွဲတစ်ခုမှာ ရီပတ်ဘလစ်ကန်ပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ရာမှာ မရှုမလှဖြစ်ခဲ့ပြီးနောက် နောက်လိုက်ဒီမိုကရက်တစ်တွေက အပြင်းအထန် ဖိအားပေးလာကြကာ အခုတော့ အသက် ၅၉ နှစ်ရှိအဲရစ်ကို အဆိုပြုဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
▪️ ကာမယ်လာဟာရစ် ဟာ အမေရိကန်ရဲ့ ပထမဆုံးအမျိုးသမီး ပထမဆုံးလူမည်းလူမျိုး ပထမဆုံးတောင်အာရှလူမျိုး ဒုသမ္မတအဖြစ် ၂၀၂၁ ခုနှစ်ကစပြီး တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
▪️ ဒီမိုကရက်တစ်ပါတီမှ သမ္မတရွေးကောက်ပွဲပါဝင်ရန် အဆိုပြုခံရသူအဖြစ် ဘိုင်ဒင်ရဲ့ ထောက်ခံချက် ရရှိထားပေမယ့် လာမယ့်လ ချီကာဂိုမှာပြုလုပ်မယ့် ဒီမိုကရက်တစ် အမျိုးသားညီလာခံမှာ ပါတီမှကိုယ်စားလှယ်များကနေ ရွေးချယ်ခံရဖို့ လိုအပ်ပါသေးတယ်။
▪️ သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ထောက်ခံချက်ကိုလည်း ရရှိထားတာကြောင့် ထိုညီလာခံမှာ ကိုယ်စားလှယ်လောင်းအဖြစ် အနိုင်ရဖို့ ပိုမိုအားသာနေပါတယ်။
▪️ အမေရိကန်ရဲ့ သမ္မတအဖြစ် တိုင်းပြည်ကို ထူးခြားပြောင်မြောက်စွာ ဦးဆောင်ခဲ့ပြီး ဆယ်စုနှစ်တွေကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျိုးဘိုင်ဒင်ကို အမေရိကန်တွေကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဒီမိုကရက်တစ်ပါတီနဲ့ ဒီပြည်ထောင်စုတိုင်းပြည်ကြီးကို စည်းလုံးညီညွတ်အောင် ပြုလုပ်ပြီး ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ၂၀၂၅ အစွန်းရောက်စီမံကိန်းကြီးကို အနိုင်ယူသွားဖို့ တတ်နိုင်သမျှ ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲရက် ရောက်ရှိရန် ရက် ၁၀၀ ကျော်သာလိုတော့ပြီး အတူတကွ ကြိုးစားကာ အနိုင်ရမှာဖြစ်ကြောင်း ဟာရစ်က ပြောသွားပါတယ်။
▪️ သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့ကလည်း ဟာရစ်ကို အဆိုပြုလိုကြောင်း ထောက်ခံလိုက်ကာ ဒေါ်နယ်ထရမ့် နောက်ထပ်တစ်ကြိမ် အုပ်ချုပ်မယ့်အန္တရာယ်ထက် ပိုဆိုးတာမရှိဘူးလို့ ပူးတွဲထုတ်ပြန်ထားပါတယ်။
▪️ တနင်္ဂနွေနေ့က ဘိုင်ဒင်ကြေညာခဲ့ရာမှာ "သမ္မတရွေးကောက်ပွဲ အဆိုပြုခံရသူအဖြစ် ကျွန်ုပ်မပါဝင်ရန် ဆုံးဖြတ်လိုက်ပြီး လက်ကျန်သမ္မတသက်တမ်းကာလကိုပဲ အာရုံစိုက်ထားမှာဖြစ်ပါတယ်၊ ၂၀၂၀ အဆိုပြုခံရစဉ်က ကာမယ်လာဟာရစ် ကို ဒုသမ္မတအဖြစ် ရွေးချယ်ဖို့က ပထမဆုံးဆုံးဖြတ်ချက် ဖြစ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်ကလည်း အကောင်းဆုံး ဖြစ်ခဲ့ပါတယ်" လို့ ပြောသွားပါတယ်။
▪️ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ယခုသီတင်းပတ်အတွင်း မိန့်ခွန်းပြောသွားဦးမယ်လို့လည်း ဆိုပါတယ်။
#Source: NDTV
#World_Science
Published 22 July 2024
▪️ ရာသီဥတုပြဿနာများကြောင့် နေ့အချိန်တွေ ပိုမိုကြာရှည်လာတယ်လို့ သုံးသပ်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ ဒါတွေဟာ ဝင်ရိုးစွန်းရေခဲတွေ အများအပြားအရည်ပျော်လာပြီး ကမ္ဘာဂြိုဟ်ပုံစံပြောင်းလဲလာတာကြောင့် ဖြစ်ပါတယ်။
▪️ လူသားတွေရဲ့ လုပ်ရပ်တွေက ကမ္ဘာကြီးကို ပြောင်းလဲစေတဲ့အပြင် လည်ပတ်မှုနှုန်းနဲ့ ဝင်ရိုးကိုပါ သက်ရောက်နေပုံကို သိပ္ပံပညာရှင်တွေက ပြောလာပါတယ်။
▪️ လကမ္ဘာရဲ့ ဆွဲငင်အားနဲ့ ကမ္ဘာ့အူတိုင်ဖြစ်စဉ်တွေက ဒါတွေကို ဖြစ်စေပေမယ့် ရေခဲပြင်တွေ အရည်ပျော်လာခြင်းက ဒီလိုမျိုး သဘာဝဖြစ်စဉ်တွေကို နှောင့်ယှက်နေပါတယ်။
▪️ ကမ္ဘာဂြိုဟ်ရဲ့ နောက်ကွယ်ဖြစ်စဉ်တွေနဲ့ ရာသီဥတု ပြောင်းလဲမှုတို့က ကမ္ဘာ့ဝင်ရိုးလည်ပတ်မှုကို ပြောင်းလဲစေတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဖန်လုံဓာတ်ငွေ့များ ထုတ်လွှတ်မှု ဆက်လက်မြင့်မားနေပါက လကမ္ဘာရဲ့ အတက်အကျအားထက် ပိုမိုအားကောင်းလာနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ နေ့အချိန်ကြာရှည်လာတာက မီလီစက္ကန့်ပိုင်းသာ ဖြစ်ပေမယ့် တည်နေရာပြချက်တွေ၊ ငွေကြေးအထုတ်အသွင်းတွေ၊ အင်တာနက်ကြန့်ကြာတာတွေ ဖြစ်လာနိုင်တယ်လို့ နာဆာမှ သုတေသနပြုစုသူ ဆူရင်ဒရာအက်ဒီကာရီက ပြောပါတယ်။
▪️ ဒြပ်ထုတွေက လည်ပတ်မှုဝင်ရိုးကနေ ဝေးသွားတာကြောင့် အစက လျင်မြန်စွာ လည်ပတ်ရာကနေ နှေးလာကြောင်း ETH ဇူးရစ်မှ အာကာသသဏ္ဍာန် လေ့လာရေးပရော်ဖက်ဆာ ဘန်နက်ဒစ်ဆိုဂျာက ဆိုပါတယ်။
▪️ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုက ကမ္ဘာ့အတွင်းပိုင်းရှိ ဖြစ်စဉ်များကိုပါ သက်ရောက်နေပြီး ယခင်ထင်ထားတာထက် ပိုများကြောင်း လေ့လာမှုပြုစုသူ ကီယာနီရှာဗန်ဒီက ဖော်ပြသွားပါတယ်။
#Source: WION
#World_Health
Published 22 July 2024
▪️ ဖိုင်ဇာဆေးဝါးကုမ္ပဏီက တစ်နေ့တစ်ကြိမ်သာ သောက်သုံးရမယ့် အဆီကျဆေး danuglipron ကို ယခုနှစ်နောက်ပိုင်းမှာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
▪️ အယ်လီလိုင်လီနဲ့ နိုဗိုနော်ဒစ်တို့ အပါအဝင် ဆေးကုမ္ပဏီတွေမှ ထုတ်လုပ်နေဆဲဖြစ်တဲ့ အဆီကျဆေး ဒုတိယမျိုးဆက်တွေထဲမှာ ပါဝင်ပြီး ထိုးဆေးတွေထက် ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
▪️ လက်ရှိမှာ အဆီကျဆေးဈေးကွက်ကို နိုဗိုနော်ဒစ်မှထုတ်တဲ့ ဝီဂိုဗီနဲ့ အယ်လီလိုင်လီမှထုတ်တဲ့ ဇက်ဘောင်းတို့က လွှမ်းမိုးထားကာ ၂၀၃၀ အစောပိုင်းလောက်ရောက်ရင် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁၅၀ ဘီလီယံကျော် ရှိလာလိမ့်မယ်လို့ သုံးသပ်သူများက မျှော်မှန်းထားပါတယ်။
▪️ ဆေးထုတ်လုပ်မယ့် အချိန်အတိအကျကို မပြောထားဘဲ လက်တွေ့စမ်းသပ်မှုများ မပြုလုပ်ခင် ဆေးတွေကို သုံးသပ်သွားဦးမှာ ဖြစ်ပါတယ်။
▪️ ဖိုင်ဇာ ယခင်ကထုတ်လုပ်တဲ့ တစ်နေ့နှစ်ကြိမ်သောက်ဆေးဟာ စမ်းသပ်ခံသူတွေမှာ ဘေးထွက်ဆိုးကျိုး မြင့်မားတာကြောင့် စမ်းသပ်ကာလတဝက်တပျက်ဖြင့် နုတ်ထွက်ကုန်ကြပါတယ်။
▪️ နောက်ထပ် အဆီကျဆေးဖြစ်တဲ့ lotiglipron ဟာလည်း အချို့လူနာတွေမှာ အသည်းအင်မ်ဇိုင်း မြင့်မားစေတာကြောင့် လက်လျှော့ထားပါတယ်။
▪️ လက်ရှိမှာတော့ ဖိုင်ဇာရဲ့ ရှယ်ယာတန်ဖိုးက ၂.၈ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
▪️ ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး ရောင်းချမှုများ အလွန်ကျဆင်းခဲ့တာကြောင့် ၂၀၂၁ ဒီဇင်ဘာလမှာ တန်ဖိုးတဝက်ကျော်လောက် ကျဆင်းခဲ့ပါတယ်။
▪️ လူပေါင်း ၁၄၀၀ ကျော်မှာ ကနဦးစမ်သပ်ခဲ့ရာ တစ်နေ့တစ်ကြိမ်သုံးစွဲရတဲ့ အဆီကျဆေးက အသည်းအင်မ်ဇိုင်းမြင့်တက်တာမျိုး မဖြစ်စေပါဘူး။
▪️ ဖိုင်ဇာရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ဆေးတွေ သိသိသာသာ ရောင်းအားကျခဲ့တာကြောင့် စီအီးအို အယ်လ်ဘတ်ဘိုလာက ဆေးသစ်တွေထုတ်လုပ်ဖို့ ဖိအားများလာရပါတယ်။
#Source: New York Post
Page 121 of 859