#Daily_News
Published 19 August 2024
၁။ စားသုံးဆီဖူလုံအောင် နေကြာကို ဧက(၁)သန်းကျော် တိုးချဲ့စိုက်ပျိုးမည်
၂။ ရေနစ်မြှုပ်သည့်ကွမ်းခြံများကို အစာကျွေးခြင်းရပ်နား၍ အရိပ်ထပ်ခြင်းအပါအဝင် အမြစ်သစ် ရရှိရန် ကနဦးဆောင်ရွက်သင့်ဟုဆို
၃။ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)အခမ်းအနားကျင်းပပြီး ငြိမ်းချမ်းရေးဂျိုးငှက်များ ဘေးမဲ့လွတ်ခဲ့
၄။ ပထမဆုံးဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားစက်ခေါင်း တရုတ်နိုင်ငံတွင် မကြာခင်စတင်ပြေးဆွဲမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၉ ဩဂုတ် ၂၀၂၄
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရေယာဉ်နှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတို့ ယနေ့ ဩဂုတ် ၁၉ ရက် မနက် ၃ နာရီ ၂၃ မိနစ်က တရုတ်ရေပိုင်နက်ထဲမှာ တိုက်မိတယ်လို့ တရုတ်အစိုးရ စီစီတီဗွီက သတင်းထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ဟာ တရုတ်နိုင်ငံပိုင် နန်ရှာကျွန်းစုတွေရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ရှန်ပင်းကျောင် ကျောက်တန်း နှင့်ကပ်လျက် ရေပြင် ထဲ ကျူးကျော်ဝင်ရောက်ရင်း တိုက်မိကြတာဖြစ်တယ်လို့သတင်းကဆိုပါတယ်။
ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရေယာဉ် ၄၄၁၀ ဟာ ရုတ်တရက်လှည့်လိုက်ပြီး တရုတ်ကမ်းခြေစော့် ယာဉ် ၂၁၅၅၁ ကို တိုက်လိုက်တာတွေ့ရပါတယ်။
အဲဒီရေယာဉ်ဟာ တရုတ်ကမ်းခြေစောင့်တပ်က အကြိမ်ကြိမ်သတိပေးချက်ကို မလိုက်နာဘဲ တရုတ်ရေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ကာ တမင်ပင် တရုတ်သင်္ဘောကို ဝင်တိုက်တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source CCTV
#World_Military
Published 19 August 2024
▪️ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တို့ဟာ တနင်္လာနေ့မှာ စစ်ရေးပူးပေါင်း လေ့ကျင့်မှုကြီး စတင်ပြုလုပ်လိုက်ပါပြီ။
▪️ ဒီလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က နျူကလီးယား လက်နက်ပိုင် မြောက်ကိုရီးယားရန်မှ ကာကွယ်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ချင်တာဖြစ်ပြီး မြောက်ကိုရီးယားကတော့ သူတို့ရဲ့ လေ့ကျင့်မှုဟာ ကျူးကျော်ဖို့ ကြိုတင်လေ့ကျင့်တာ ဖြစ်ကြောင်း စွပ်စွဲလိုက်ပြန်ပါတယ်။
▪️ လက်ရှိမှာ မြောက်ကိုရီးယား လက်နက်စမ်းသပ်မှုတွေရော အမေရိကန်- တောင်ကိုရီးယား စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်တက်နေတဲ့ အချိန်မှာပဲ ယခုလို နှစ်စဉ်လေ့ကျင့်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
▪️ ဒီလိုလေ့ကျင့်မှုတွေဟာ ရန်လိုတိုက်ခိုက်တဲ့ သဘောရောက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
▪️ မြောက်ရဲ့ နျူကလီးယား ရည်မှန်းချက်က တရားမျှတပြီး စစ်ပွဲမဖြစ်ပွားရေးအတွက် အင်အားအစဉ်အဆက် မျှတမှုရှိအောင် ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်း ဆိုပါတယ်။
▪️ အမေရိကန်နဲ့ တောင်ကိုရီးယားကတော့ ယင်းတို့ရဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ ကာကွယ်ရေး သဘောသဘာဝသာဖြစ်ပြီး မြောက်ကိုရီးယားမှ ခြိမ်းခြောက်မှု များပြားလာတာနဲ့အညီ လေ့ကျင့်မှုများကိုလည်း တိုးချဲ့မြှင့်တင်ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
▪️ အူလ်ချီဖရီးဒမ်းရှီးလ် လေ့ကျင့်ရေးကို ဩဂုတ် ၂၉ ရက်နေ့အထိ ၁၁ ရက်ကြအောင် ပြုလုပ်မှာဖြစ်ကာ ကွန်ပျူတာဖြင့် ဖန်တီးထားတဲ့ စစ်ပွဲအနေအထားတွေနဲ့ ကွင်းဆင်းလေ့ကျင့်မှုပေါင်း အမျိုးအစား ၄၀ ကျော် ပါဝင်မှာ ဖြစ်ပါတယ်။
▪️ ယခုနှစ် လေ့ကျင့်ရေးအစီအစဉ်က မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို အသင့်ကာကွယ်ဖို့ မြှင့်တင်သွားရန် ရည်ရွယ်ကြောင်း မဟာမိတ်တွေက ဆိုပါတယ်။
▪️ တောင်ကိုရီးယား စစ်မှုထမ်း ၁၉၀၀၀ ခန့် ပါဝင်မှာဖြစ်ပြီး အရပ်ဘက် ကာကွယ်ရေးနဲ့ လွတ်မြောက်ရေး လေ့ကျင့်မှုများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
▪️ အမေရိကန်တပ်အင်အားကို မဖော်ပြထားသလို အမေရိကန် ဗျူဟာမြောက်ပစ္စည်းတွေ ပါဝင်ခြင်းရှိမရှိ မပြောထားပါဘူး။
▪️ မနှစ်က လေ့ကျင့်မှုပြုလုပ်စဉ်မှာ မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ခဲ့ပြီး တောင်ကိုရီးယားပစ်မှတ်များကို နျူကလီးယားဖြင့် ချေမှုန်းတဲ့ပုံစံမျိုး လေ့ကျင့်ခဲ့ပါသေးတယ်။
#Source: AP News
#World_Health
Published 19 August 2024
▪️ ပဲစေ့နက်စားသုံးခြင်းဖြင့် သွေးပေါင်ချိန် ကျဆင်းစေခြင်း၊ အိပ်ပျော်စေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းခြင်းတို့ ပေးစွမ်းနိုင်ကြောင်း သုတေသန တွေ့ရှိထားပါတယ်။
▪️ ပဲစေ့နက်မှာ ဖိုင်တိုဓာတုပစ္စည်းများ ပါဝင်ပြီး သွေးကြောလုပ်ဆောင်ချက်တွေကို တိုးတက်စေပါတယ်။
▪️ ၂၀၂၀ ခုနှစ်က ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေကို ပဲစေ့ဖြူနဲ့ ပဲစေ့နက်တို့ စားသုံးစေခဲ့ရာ ပဲစေ့နက်စားသုံးတဲ့ ကြွက်တွေက သွေးဖိအားများခြင်းကို လျှော့ချနိုင်ပြီး သွေးကြောကျုံ့နိုင်ဆန့်နိုင်စွမ်း ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။
▪️ ၅၀ ရာခိုင်နှုန်းသော အမေရိကန်လူမျိုးတွေ သွေးပေါင်ချိန်မြင့်တက်နေကြရာ ပဲစေ့နက်ကို ထည့်သွင်းစားသုံးခြင်းဖြင့် အကျိုးရှိစေမယ်လို့ သုံးသပ်နေကြပါတယ်။
▪️ ပဲစေ့နက်မှာ ထရစ်တိုဖန် အမိုင်နိုအက်ဆစ် ပါဝင်ကာ ခန္ဓာကိုယ်သဘာဝ လည်ပတ်မှုစက်ဝန်းကို ထိန်းညှိပေးတဲ့ မယ်လာတိုနင်နဲ့ ဆယ်ရိုတိုနင်တို့ကို ထုတ်လုပ်ပေးတာကြောင့် အိပ်စက်မှုကို ထောက်ကူပေးပါတယ်။
▪️ ပရိုတိန်း ကြွယ်ဝတဲ့အပြင် အမျှင် ၁၅ ဂရမ်ခန့် ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
▪️ အမျှင်ဓာတ် ပုံမှန်စားသုံးပါက အူလမ်းကြောင်း ပိုးမွှားများကို အကျိုးပြုကာ ဝမ်းပုံမှန်သွားစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်။
▪️ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းဖို့အတွက် သဘာဝထွက် ကောက်ပဲသီးနှံများကို စားသောက်ပေးဖို့ နယူးဂျာစီ ဟက်ကင်ဆက်မယ်ရီဒီယန် ကင်ဆာဌာနမှ ဒေါက်တာ အန်ဒရီဂွိုင်းက ပြောပြပါတယ်။
▪️ ဒါ့အပြင် ပဲစေ့နက်က ဆာလောင်ချင်စိတ်ကိုလည်း ထိန်းသိမ်းပေးတယ်လို့ ဆိုထားပါတယ်။
#Source: New York Post
#World_Health
Published 19 August 2024
▪️ ၂၀၅၀ အရောက်မှာ အမျိုးသားတွေ ကင်ဆာဖြစ်ပွားမှုနဲ့ သေဆုံးမှုတို့ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ လေ့လာတွေ့ရှိထားပြီး အထူးသဖြင့် အသက် ၆၅ နှစ်နဲ့အထက် အမျိုးသားတွေမှာ ဖြစ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ တစ်ကမ္ဘာလုံးမှာ နှလုံးရောဂါပြီးရင် ကင်ဆာရောဂါက ဒုတိယအသေအများဆုံး အကြောင်းအရင်း ဖြစ်နေပါတယ်။
▪️ ဒါပေမဲ့ ယခုရာစုနှစ်အကုန်မှာတော့ ကင်ဆာက အဓိကသေဆုံးရတဲ့ အကြောင်းအရင်း ဖြစ်လာနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ ကင်ဆာရောဂါတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရရုံမက ၂၀၂၀ နဲ့ ၂၀၅၀ အတွင်း ကုန်ကျစရိတ် ဒေါ်လာ ၂၅.၂ ထရီလီယံအထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
▪️ ဩစတြေးလျသုတေသီတွေက ၂၀၂၂ မှာ အချက်အလက်များ ဆန်းစစ်ခဲ့ကြပြီး နိုင်ငံနဲ့ဒေသပေါင်း ၁၈၅ ခုမှ ကင်ဆာအမျိုးအစား ၃၀ ကို လေ့လာခဲ့ကြကာ နောင်အချိန်မှာ ဖြစ်ပေါ်လာနိုင်ခြေကို ခန့်မှန်းခဲ့ကြပါတယ်။
▪️ လေ့လာချက်အရ ၂၀၅၀ အရောက်မှာ အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်ခြေက ၁၀.၃ သန်းကနေ ၁၉ သန်းအထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
▪️ အသက် ၆၅ နှစ်နဲ့အထက် အမျိုးသားတွေမှာ ၁၁၇ ရာခိုင်နှုန်းအထိ ကင်ဆာကြောင့် သေဆုံးနိုင်ခြေ များလာနိုင်ပါတယ်။
▪️ ဝင်ငွေနည်းပါးပြီး ပျမ်းမျှနေထိုင်သက်တမ်းတိုတဲ့ နိုင်ငံတွေမှာ ပိုပြီးအဖြစ်များနိုင်တယ်လို့ ဆိုပါတယ်။
▪️ အမျိုးသားတွေက ဆေးလိပ်၊ အရက် သောက်သုံးခြင်းတို့ ပိုမိုပြုလုပ်ပြီး ကင်ဆာဖြစ်နိုင်စေတဲ့ အရာတွေနဲ့ ပိုမိုထိတွေ့ရတာကြောင့် အမျိုးသမီးတွေထက် ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
▪️ အမျိုးသားများ အဖြစ်များလာနိုင်တဲ့ ကင်ဆာတွေထဲမှာ အဆုတ်၊ အစာအိမ်၊ နှလုံးအင်္ဂါတို့ရှိ တစ်ရှူးများ အကျိတ်ဖြစ်ခြင်း၊ ဆီးကျိတ်ကင်ဆာတို့ ဖြစ်ပါတယ်။
▪️ ဒီအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပိုမိုတိုးတက်အားကောင်းဖို့ လိုအပ်တယ်လို့ ထောက်ပြနေကြပါတယ်။
#Source: India Today
၁၈ ဩဂုတ် ၂၀၂၄
ပြင်သစ်နိုင်ငံရဲ့ အကျော်ဇေယျ ရုပ်ရှင်မင်းသားကြီး အယ်လိန်ဒီလွန်ဟာ တနင်္ဂနွေနေ့ ဩဂုတ် ၁၈ ရက်က နာတာရှည် ကျန်းမာရေးချို့ယွင်းနေရာကနေ သေဆုံးသွားပြီဖြစ်တယ်လို့ သားသမီး (၃)ဦးက အေအက်ဖ်ပီကို ကြေညာချက် ထုတ်ပြောကြားပါတယ်။ မင်းသားကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်ပါတယ်။
“ အယ်လိန်ဖာဘီယမ်၊ အန်နောချ်ကာ၊အန်တိုနီနှင့် လောင်ဘို(သူ၏အချစ်တော်ခွေး) တို့ဟာ သူတို့ဖခင်ကြီးကွယ်လွန်သွားတဲ့ အတွက်စိတ်ထိခိုက်ကြေကွဲဝမ်းနည်းနေကြပါတယ်။ သူဟာ သားသမီး (၃)ဦးနှင့်မိသားစုဝင်တွေခြံရံလျက်နှင့်ပဲ သူရဲ့ ဒေါက်ချီ က နေအိမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သူ့ရဲ့ နာမည်ကျော် ဂန္တဝင်ရုပ်ရှင်ကားကြီးတွေဖြစ်တဲ့ Purple Noon (၁၉၆၀)၊ "Le Samurai" (1967)တို့နှင့်နာမည်ရခဲ့တဲ့ မင်းသားကြီးဟာ ညသန်းခေါင် ခပ်စောစောပိုင်းမှာကွယ်လွန်ခဲ့ပါပြီ” လို့ သတင်းထုတ်ပြန်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ရုပ်ရှင်ပိတ်ကားပေါ်မှာ သိပ်မတွေ့ရတော့တဲ့ ဒီလွန်ဟာ သူ့ကလေးတွေက သူ့ကို စောင့် ရှောက်တဲ့ ဟီရိုမီရိုလင်းက ဖခင်အပေါ် ထိပါးနှောက်ယှက်တာတွေလုပ်တယ်ဆိုပြီး အမှုဖွင့်လို့ သတင်းခေါင်းစီးတွေဖြစ်ခဲ့ ဖူးပါတယ်။
သူဟာ ၂၀၁၉ခုနှစ်မှာ ကိန်းရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တာဟာ ပရိဿတ်ရှေ့ နောက်ဆုံးထွက်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။
Source AFP
၁၈ ဩဂုတ် ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် မြန်မာ အမျိုးသမီးငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ထိုင်း ပြည်တွင်းသတင်းမီဒီယာတွေကဖော်ပြကြပါတယ်။
သေဆုံးသူအမျိုးသမီးမှာ အသက် ၁၅ နှစ်အရွယ် နမ် ဖူးအင် ဆိုသူဖြစ်တယ်လို့သိရပြီး ပက်တုန်မှ ဖူးကက်မြို့သို့ အဖွဲ့လိုက်ကားဖြင့် ဩဂုတ် ၁၇ ရက်ကခရီးသွားနေစဉ်မော်တော်ဆိုင်ကယ်သမားနှစ်ဦးက ကားနား ချည်းကပ်လာကာ တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
သူတို့ဟာ ဖူးကက်လိုင်စင်ပြားတပ် တိုယိုတာ ပစ်ကတ်ကားအဖြူဖြင့် ခရီးသွားနေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစ်တီပေါင်ဂျန်တဝန်က ယာဉ်ကို မောင်းနှင်လာကာ ရှေ့ခန်းမှာ အသက် ၂၁နှစ်အရွယ် နာတာဝတ်က ယာဉ်မောင်းဘေးမှာ လိုက်ပါခဲ့တာပါ။ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးငယ် နမ် ဖူအင်က နာတာဝတ်ပေါင်ပေါ်ထိုင်လိုက်ပါလာတာလို့ ထိုင်း မီဒီယာတွေက ရေးသားပါတယ်။
မော်တော်ဆိုင်ကယ်စီးလာတဲ့ သံသယတရားခံနှစ်ဦးက အသက် ၁၇နှစ်အရွယ် ဘစ်နှင့် ၁၉နှစ်အရွယ် ဆန်တို့ဖြစ်ကြတယ်လို့ သိရပြီး သူတို့အထဲက တစ်ယောက်က ယာဉ်ရဲ့ ဝဲဘက်အခြမ်းက နာတာဝတ်နှင့် နမ် ဖူအင်တို့ နေရာကို ဆီကာ လမ်းဆုံအနီး မီတာ၅၀ ခန့်ကွာဝေးတဲ့ ဖရာဖူးကက်ကီယောလမ်းပေါ်မှာ သေနတ်ဖြင့်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ကားပြတင်းက အကုန်နီးပါးဖွင့်ထားတဲ့အတွက် ကျည်ဆံဟာ နမ်ဖူအင်ရဲ့ ဦးခေါင်းကို ထိမှတ်ခဲ့ပြီး ဆေးရုံပို့ဖို့စီစဉ်ဆဲမှာ သူမ သေဆုံးခဲ့ရပါတယ်။
“ပစ်ကပ်ကားက မီးနီမိနေတုန်း မော်တော်ဆိုင်ကယ်က အနီးရောက်လာပါတယ်။ဆိုင်ကယ်ပေါ်ကတစ်ယောက်က ဆင်းလာပြီး ထရပ်ကား ကိုသေနတ်နှင့်ပစ်လိုက်တယ်။ပစ်ပြီးတာနှင့် ဆိုင်ကယ်ပေါ်ပြန်တက်ပြီး ပါတောင်းဖက်ကို အမြန် မောင်းထွက်သွားတယ်” လို့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ စားသောက်ဆိုင်ပိုင်ရှင် “လို” ကပြောပြပါတယ်။
ရဲတပ်ဖွဲ့က စီစီတီဗီကင်မရာကနေ စစ်ဆေးကြည့်ရှုပြီး တရားခံတွေဖမ်းမိရေးဆောင်ရွက်နေကြောင်းသိရပါတယ်။
@ymg/knl
Page 106 of 859