#World_Science
Published 23 August 2024
▪️ သိပ္ပံပညာရှင်တွေ ကမ္ဘာဂြိုဟ်ပြင်ပသို့ အချက်ပြလွှတ်နေပြီး ဂြိုဟ်သားသက်ရှိတွေနဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းနေတာတွေကို နက္ခတ်ပညာရှင် အဒမ်ဖရန့်ခ်က သတိပေးလိုက်ပြီး အာကာသထဲမှာ သက်ရှိတွေ ရှိနေနိုင်တာကို လူတွေမသိနိုင်တာကြောင့် သတိထားသင့်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ ထိုပညာရှင်က ကမ္ဘာဂြိုဟ်ပြင်ပမှာ ဂြိုဟ်သားတွေဟာ ပိုးမွှားပုံစံအနေဖြင့် အနည်းဆုံး ရှိနိုင်ဖွယ်ရှိတယ်လို့ ယုံကြည်ထားကာ လူသားတွေအနေနဲ့ သိုသိုသိပ်သိပ် နေထိုင်သင့်ပြီး ဂြိုဟ်သားတွေနဲ့ မဆက်သွယ်သင့်ကြောင်း၊ ဒီလိုလုပ်နေတာဟာ လူသားတွေက အရသာရှိတယ်လို့ ဖိတ်ခေါ်နေတာနဲ့တူကြောင်း ပြောပါတယ်။
▪️ အနည်းဆုံးတော့ စကြဝဠာထဲမှာ ပိုးမွှားပုံစံအနေနဲ့ ကျက်စားနေထိုင်နိုင်ဖွယ် ရှိတယ်လို့ ယူဆနေပါတယ်။
▪️ ဖရန့်ခ်က ပြင်ပဂြိုဟ်ဆက်သွယ်ရေးအကြောင်းကို အားမပေးဘဲ အပြင်မှာ ဘာတွေရှိနေနိုင်လဲ မသိတာကြောင့် သိုသိပ်စွာ နေထိုင်ဖို့က အကောင်းဆုံးဖြစ်တယ်လို့ 5 Live Science Podcast မှာ ပြောသွားပါတယ်။
▪️ ဂြိုဟ်ပြင်ပသို့ အချက်ပြစနစ်တွေ ထုတ်လွှင့်နေတာဟာ ရေဒီယိုထုတ်လွှင့်မှုတွေမှာ ဘယ်လောက်တောင် ကြားနိုင်မလဲ မသိနိုင်ဘူးလို့လည်း ဆိုပါတယ်။
▪️ ပြင်ပဂြိုဟ်တွေကနေ မကြားနိုင်ပေမယ့် ရေဒီယိုထုတ်လွှင့်မှုတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
▪️ ပိုးမွှားပုံစံတွေကနေ ဆင့်ကဲပြောင်းလဲမလာဘူးလို့ ခန့်မှန်းမရကြောင်း၊ ကမ္ဘာပေါ်မှာ သတ္တဝါတွေကနေ အခုဆိုရင် အလိုအလျောက်စနစ်တွေ ပြောင်းလဲလာကြောင်း၊ ဒါတွေဆိုရင် ဆင့်ကဲပြောင်းလဲဖို့ ခက်ပေမယ့် စကြဝဠာမှာလည်း ဒီလိုဖြစ်နိုင်ခြေရှိကြောင်း ပြောသွားပါတယ်။
#Source: WION
တရုတ်ပြည် ယူနန်ဒေသရှိ ယုရှီမြို့မှာ မြန်နှုန်းမြင့်အားသွင်းစခန်းတစ်ခုကို ဇူလိုင်လက စတင်ဖွင့်လှစ်လိုက်ပြီး ယူနန်ပို့ဆောင်ရေးထရပ်ကားတွေအတွက် စွမ်းအားမြင့် အားသွင်းတိုင်များ ထောက်ပံ့နေပြီ ဖြစ်ပါတယ်။
#Asia_Development
#Local_News
#မြန်နှုန်းမြင့်အားသွင်းစခန်း #လျှပ်စစ်ကုန်တင်ကား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 August 2024
၁။ တာချီလိတ်တွင် မိုးပြန်သည်းလာပြီး မယ်ဆိုင်ချောင်းရေလျှံကာရပ်ကွက်အချို့ရေနစ်မြုပ်
၂။ ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၇၀၀ ကျော်ရရှိထား
၃။ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်ပင်)တွင် ဖျားနာဆောင်နှင့် အတွင်းလူနာဆောင်များတိုးချဲ့ထားရှိရန်စီစဉ်နေ
၄။ ယူနန်တွင်လျှပ်စစ်ကုန်တင်ကားများအတွက် မြန်နှုန်းမြင့်အားသွင်းစခန်းများအသုံးပြုနေပြီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၂ ဩဂုတ် ၂၀၂၄
လာအိုနိုင်ငံ လုံခြုံရေးအဖွဲ့တွေက မြန်မာနှင့်ထိုင်းနယ်စပ်ဖြစ််တဲ့ ရွှေတြိဂံ အထူးစီးပွားရေးဇုန်အတွင်းမှာ အွန်လိုင်းလိမ်လည်မှု တွေပြုလုပ် နေကြတဲ့ ကွန်ယက်တစ်ခုမှာပါဝင်တဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် လူ ၈၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါ တယ်။
အဆိုပါ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ဟာ လာအိုနိုင်ငံ ဘိုကီအိုပြည်နယ်မှာတည်ရှိပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသားတွေပိုင်တဲ့ ကာစီနိုတွေနှင့် ဟိုတယ်တွေ အများအပြားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း အဲဒီနေရာဟာ တရားမဝင်လှုပ်ရှားမှုတွေ အတွက် သံသယဖြစ်စရာပင်မနေရာတစ်ခုဖြစ်လာခဲ့တယ်လို့ အေအက်ဖ်ပီကသတင်းရေးသားပါတယ္။
ဩဂုတ် ၁၂ရက်က အာဏာပိုင်တွေဟာ စုစုပေါင်း ၇၇၁ ဦးနှင့်အတူ အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်းကိုဖမ်းဆီးမိခဲ့တယ် လို့သိရပါ တယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသား ၄၈၉ဦးနှင့် အမျိုးသမီး ၂၈၂ ဦးဖြစ်ပြီး သူတို့ဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဖြစ်ကြပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ လာအို၊မြန်မာနှင့်တရုတ်နိုင်ငံသားတွေအများဆုံးဖြစ်ပြီး ဘူရွန်ဒီ၊ကိုလံဘီယာ၊အီသီယိုပီးယား၊ ဂျော်ဂျီယာ၊အိန္ဒိယ၊ အင်ဒိုနီးရှား၊ မိုဇမ်ဘစ်၊တူနီးရှား၊ ဖိလစ်ပိုင်၊ ယူဂန်ဒါနှင့် ဗီယက်နမ်နိုင်ငံသားတွေလည်းပါဝင်တယ်လို့ သတင်းက ဆိုပါတယ်။
တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်အာဏာပိုင်တွေထံလွှဲပေးခဲ့ပြီး ကျန်နိုင်ငံသားတွေကိုတော့ သူတို့ရဲ့ သက်ဆိုင်ရာ သံရုံးတွေထံ လွှဲပေးမယ်လို့ သိရပါတယ်။
Ref AFP
#World_News
Published 22 August 2024
▪️ အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒစ်ရှ်ပြည်နယ်ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတစ်ခုမှာ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံးလူ ၁၅ ဦးသေဆုံးခဲ့ကြောင်း ခရိုင်အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။
▪️ "သေဆုံးသူအရေအတွက်က အခုထိ ၁၅ ဦးဖြစ်နေပြီး ဒီထက်များလာနိုင်ဖွယ် ရှိပါတယ်။ အယောက် ၄၀ နီးပါးကတော့ ဒဏ်ရာရရှိထားပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပါတယ်" လို့ ခရိုင်ရဲမှူး အမ်ဒီပီကာက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
▪️ အန်နာကာပယ်လီခရိုင်မှာ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိကပိုင် Escientia Advanced Sciences ကုမ္ပဏီရဲ့ ဧက ၄၀ ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းခဲ့တယ်လို့ ခရိုင်အခွန်ကောက် ဗီဂျေယာခရစ်ရှ်နန်က ဆိုပါတယ်။
▪️ ဒဏ်ရာရသူတွေကို အနီးနားဆေးရုံးတွေသို့ ပြောင်းရွှေ့ထားကြောင်း၊ ဓာတုဓာတ်ပေါင်းဖိုမှာ ပေါက်ကွဲမှုဖြစ်တဲ့ပုံပေါ်ကြောင်း ရိုက်တာကို ပြောပြခဲ့ကာ နေ့လယ်စာစားချိန်မှာ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
▪️ Escientia က ဒီကိစ္စနဲ့ပတ်သက်ပြီး မပြောကြားသေးသလို ပြည်နယ်အစိုးရက စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။
▪️ ယမန်နှစ်ကလည်း အန်နာကာပယ်လီခရိုင်ရှိ ဆာဟီထီဖာမာစက်ရုံရှိ ပျော်ရည်ဓာတ်ပေါင်းဖိုတစ်ခုမှာလည်း အလားတူ မီးလောင်ကျွမ်းခဲ့ပြီး ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 22 August 2024
▪️ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပြတ်ခြင်း ပြဿနာတွေဟာ မျိုးဗီဇ၊ ဟော်မုန်း အပြောင်းအလဲ၊ ကျန်းမာရေး၊ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
▪️ အာယုဗေဒဆေးပင်တွေဟာ ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး ဆံကေသာ ဖွံ့ဖြိုးမှုကို ကောင်းမွန်စေပါတယ်။
▪️ (၁) Amla - ဗိုက်တာမင်-စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ဆံပင်မွေးညင်းပေါက်တွေကို အားသန်စေကာ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါတယ်။
▪️ (၂) Bhringraj - ဦးရေပြား သွေးလည်ပတ်မှုကို အားကောင်းစေကာ ဆံကေသာ ဖွံ့ဖြိုးမှု အားကောင်းစေတဲ့အပြင် အေးမြတဲ့အစွမ်းသတ္တိကြောင့် ဖိစီးမှုကို သက်သာစေပါတယ်။
▪️ (၃) Brahmi - ဗောက်သက်သာစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးကာ အေးမြတဲ့သတ္တိကြောင့် ဖိစီးမှု လျော့ကျစေပါတယ်။
▪️ (၄) တမာ - ပိုးမွှားသေစေနိုင်တဲ့ အစွမ်းသတ္တိရှိကာ ဦးရေပြား ရောဂါကူးစက်မှုတွေကို ကာကွယ်ပေးတဲ့အပြင် ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
▪️ (၅) Shikakai - သဘာဝအတိုင်း ဦးရေပြား သန့်စင်ပေးပြီး ဗောက်ထခြင်းမှ ကာကွယ်ပေးကာ ဦးရေပြားအဆီကို ထိန်းသိမ်းပေးပါတယ်။
▪️ (၆) Ashwagandha - ဖိစီးမှုနဲ့ ဟော်မုန်းပြဿနာတို့ကြောင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပြီး ဦးရေပြား သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်။
▪️ (၇) ရှားစောင်းလက်ပက် - ဆံကေသာ ဖွံ့ဖြိုးမှု ကောင်းမွန်စေပြီး ဦးရေပြား pH ကိုညီမျှစေတဲ့ အင်ဇိုင်းများ ပါဝင်ကာ ဦးရေပြားချောမွေ့စေပါတယ်။
#Source: DoctorNDTV
#World_Science
Published 22 August 2024
▪️ တရုတ်ပြည်မှာတွေ့ရတဲ့ ရှားပါးကွဲပြား ဒိုင်နိုဆောမျိုးစိတ်တွေရဲ့ ခြေရာတွေကြောင့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေ အံ့အားသင့်နေရပါတယ်။
▪️ ထိုအချိန်က ရေတွေအနီးနားမှာ နေထိုင်ခဲ့တဲ့ ကြက်အရွယ်အစား ဒိုင်နိုဆောတွေရဲ့ ခြေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ဒီခြေရာတွေကြောင့် ဒိုင်နိုဆောကနေ ငှက်တွေအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံ ပဟေဌိကို ဖြေရှင်းပေးနိုင်မယ့် အထောက်အထား ဖြစ်လာပါတယ်။
▪️ ကြက်အရွယ်အစား ဒိုင်နိုဆောတွေမှာ ခြေချောင်း ၃ ချောင်းရှိပြီး လူလက်မထက် မကြီးကြပါဘူး။ ထိုအမျိုးအစားက မီနီဆော်ရီပက်စ်လို့ခေါ်တဲ့ အသေးဆုံး ဒိုင်နိုဆောအဖွဲ့ထဲမှာ ပါဝင်ပါတယ်။
▪️ ဒီအမျိုးအစားတွေကို သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာတွေကြောင့်သာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ ဒီခြေရာတွေကို တရုတ်အနောက်မြောက်ပိုင်း ကန်ဆုမှ သိပ္ပံပညာရှင်များ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
▪️ မီနီဆောရီပက်စ်တွေက ငှက်တွေရဲ့ ဦးဆုံးတိုက်ရိုက်မျိုးနွယ် မဟုတ်ပေမယ့် ဆင့်ကဲပြောင်းလဲရာမှာ အဓိကပါဝင်နေပါတယ်။
▪️ ခရီတေရှပ်စ်ခေတ် အပူချိန်ပူနွေးတဲ့အချိန်တုန်းက ထိုဒိုင်နိုဆောတွေ ကမ္ဘာပေါ်မှာ လှည့်ပတ်သွားလာနေခဲ့ပါတယ်။
▪️ ထိုအချိန်မှာ တိုင်ရန်နိုဆောရပ်ရက်စ်နဲ့ ထရိုင်ဆရာတော့ပ်စ်လိုမျိုး ဒိုင်နိုဆောအသစ်တွေလည်း ထွက်ပေါ်လာပါပြီ။
▪️ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ သုတေသီများက အရွယ်အစား ၁ - ၃ စင်တီမီတာကြားရှိ ခြေချောင်း ၃ ချောင်းပါ ရုပ်ကြွင်းခြေရာ ၅ ခုကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ယင်းတို့ရဲ့ အရွယ်အစားက ၂၅ စင်တာခန့်ရှိပြီး အမြီးက တဝက်ခန့်လောက်ရှိကြောင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တွဲဖက်ပရော်ဖက်ဆာ ရှင်လီဒါက ပြောပြပါတယ်။
▪️ ဒီတွေ့ရှိမှုကြောင့် ဒိုင်နိုဆော မျိုးကွဲတွေအကြောင်း ပိုမိုသိရှိလာနိုင်ပြီး ငှက်အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားပုံကို နားလည်နိုင်ရန် အကူအညီဖြစ်စေမယ့် ယုံကြည်နေကြပါတယ်။
▪️ ဒီလိုမျိုး အကောင်သေးလေးတွေက ပြောင်းလဲမှုဖြစ်စဉ်မှာ အဓိကကျနေတယ်လို့ ပြောသွားပါတယ်။
#Source: WION
Page 103 of 858