၂၅ ဩဂုတ် ၂၀၂၄
ပြင်သစ်ရဲတွေက တယ်လီဂရမ် စီအီးအို ပါဗဲလ်ဒူရော့ဗ်ကို စနေနေ့ ဩဂုတ် ၂၄ရက်က ပါရီအနီးက လေဆိပ်တစ်ခု မှာ ဖမ်းဆီးလိုက်ပါတယ်။ နာမည်ကျော် တယ်လီဂရမ် အက်ပလီကေးရှင်းနှင့်ပတ်သက်တဲ့အမှုတစ်ခုခုနှင့် ဖမ်း ဆီးခံရတာဖြစ်တယ်လို့ အေအက်ဖ်ပီက သတင်းရေးပါတယ်။
အသက် ၃၉နှစ်အရွယ်ရှိ ပြင်သစ်-ရုရှား ဘီလျံနာဟာ ပြင်သစ်မြို့တော်ပါရီမြို့ မြောက်ဘက်က လေဘူဂက်လေဆိပ် Le Bourget မှာ စနေနေ့ညနေပိုင်းက အဖမ်းခံရတာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
သူဟာ အာဘာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှ ခရီးသွားပြီးပြန်လာတာမကြာသေးပါဘူးလို့လည်း အခြားသတင်းအရင်းအမြစ်က ပြောပါတယ်။
ဒူရော့ဗ်ကို တနင်္လာနေ့မှာ တရားရုံးထုတ်ဖို့ရှိနေပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အရွယ်မရောက်သေးသူတွေအပေါ်အကြမ်းဖက်မှုတားဆီးရေး အဖွဲ့ဖြစ်တဲ့ OFMINက ဒူရော့ဗ်အပေါ် လိမ်လည်မှု၊မူးယစ်ဆေးဝါးတရားမဝင်ဖောက်ကားမှု၊ ဆိုက်ဘာအနိုင်ကျင့်မှု၊ ရာဇဝတ်ဂိုဏ်းနှင့် အကြမ်းဖက်မှုမြှင့်တင်ဆောင် ရွက်မှုစတာတွေအပေါ် ကနဦးစုံစမ်းစစ်ဆေးဖို့ ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။
ဒူရော့ဗ်ဟာ သူ့ပလက်ဖောင်းကို ရာဇဝတ်မှုတွေအတွက်အသုံးပြုနေတာကို နှိမ်နှင်းဖို့ပျက်ကွက်ခဲ့တယ်လို့သံသယရှိထားတာ ဖြစ်ပါတယ်။
Ref AFP
အာရှ-ပစိဖိတ်ဒေသမှာ အကြီးမားဆုံး အိမ်မွေးတိရိစ္ဆာန်ပစ္စည်းပြပွဲကြီးကို တရုတ်ပြည် စီးပွားရေးအချက်အခြာ ရှန်ဟိုင်းမှာ ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်ခဲ့ပါတယ်။
#World_Pet
Published 24 August 2024
#အိမ်မွေးတိရိစ္ဆာန်ပစ္စည်းပြပွဲ #ရှန်ဟိုင်းတွင်ကျင်းပ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 August 2024
၁။ ဆီတင်သင်္ဘောလေးစီးမှ သိုလှောင်ကန်များသို့ စက်သုံးဆီများ ဖြည့်တင်းပေးနေပြီး သင်္ဘောခြောက်စီးလည်း ရန်ကုန်မြစ်ဝတွင် ရောက်ရှိနေပြီဟုဆို
၂။ ပုဂ္ဂလိကတက္ကသိုလ်များကို တက္ကသိုလ်အဆင့်ခွင့်မပြုသေးသော်လည်း ဒီဂရီဘွဲ့ပေးနိုင်ဟုဆို
၃။ ရန်ကုန်တိုင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် မိုးစပါးဧကကိုးသောင်းကျော် စိုက်ပျိုးပြီး ရန်ပုံငွေကျပ်သန်း ၁၈၀၀၀ ကျော်သုံးစွဲသွားမည်
၄။ အာရှပစိဖိတ်အကြီးဆုံး အိမ်မွေးတိရိစ္ဆာန်ပစ္စည်းပြပွဲကြီး ရှန်ဟိုင်းတွင်ကျင်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 August 2024
▪️ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီတို့ သောကြာနေ့က စကားပြောဆိုခဲ့ကြကာ အမေရိကန်က ဒေါ်လာ ၁၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီသစ်များ ထောက်ပံ့ပေးသွားရန် ကြေညာခဲ့ပါတယ်။
▪️ ယူကရိန်းတို့ရဲ့ လွတ်လပ်ရေးနေ့မတိုင်ခင်မှာ ခေါင်းဆောင်နှစ်ဦး ပြောဆိုခဲ့ကြတာဖြစ်ပြီး ထိုနေ့မှာပဲ ရုရှားကျူးကျော်မှုမှာ ပတ်သက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေရာနဲ့ချီပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
▪️ အဆိုပါ ထောက်ပံ့ရေးထဲမှာ ယူကရိန်းရဲ့ အရေးကြီး အခြေခံအဆောက်အအုံတွေကို ကာကွယ်ပေးမယ့် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ၊ ဒရုန်းကာကွယ်ရေးကိရိယာတွေ၊ စစ်မြေပြင်ပေါ်မှာ ပြောင်းလဲလာတဲ့ ရုရှားဗျူဟာများမှ ကာကွယ်မယ့် ကျည်ကာခွင်းဒုံးကျည်များ၊ ရှေ့တန်းတပ်သားများအတွက် ခဲယမ်းများနဲ့ ကာကွယ်ပေးမယ့် ဒုံးပျံစနစ်များ ပါဝင်တယ်လို့ ဘိုင်ဒင်ကပြောပါတယ်။
▪️ ဒီပဋိပက္ခမှာ ရုရှားအနိုင်ရမှာမဟုတ်ဘဲ ယူကရိန်းမှ လွတ်လပ်ရေး ကာကွယ်လိုသူတွေသာ အနိုင်ရမှာဖြစ်ကြောင်း၊ အမေရိကန်နဲ့ မဟာမိတ် မိတ်ဖက်များက ယူကရိန်းနဲ့ အတူရပ်တည်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
▪️ ယခုအထောက်အပံ့ထဲမှာ အမေရိကန် လက်နက်တိုက်မှ ပစ္စည်းတွေပါဝင်ပြီး ယူကရိန်းတို့ အရေးတကြီး လိုအပ်နေတဲ့ အရာတွေနဲ့ ကိုက်ညီတာတွေကို ထောက်ပံ့ထားတယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ပြောပါတယ်။
▪️ ဇယ်လန်စကီကလည်း စစ်ရေးကူညီထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး လေကြောင်းကာကွယ်ရေးအတွက် အရေးတကြီး လိုအပ်တာတွေ ရှိတယ်လို့ ပြောပါတယ်။
▪️ ၂၀၂၂ ဖေဖော်ဝါရီ ရုရှားတို့စတင်ကျူးကျော်ကတည်းက အမေရိကန်ဟာ ယူကရိန်းကို စစ်ရေးအဓိက ထောက်ပံ့နေသူဖြစ်ပြီး လက်နက်ခဲယမ်းတန်ဖိုးပေါင်း ဒေါ်လာ ၅၅ ဘီလီယံကျော် ရှိနေပြီဖြစ်ပါတယ်။
▪️ ရုရှားစစ်ပွဲဆက်လက် ဆင်နွှဲနိုင်ရန်နဲ့ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ရန် ကူညီပေးနေတဲ့ လုပ်ငန်းတွေ ပုဂ္ဂိုလ်တွေ ၄၀၀ နီးပါးကို အမေရိကန်ဘဏ္ဍာရေးဌာနနဲ့ စီးပွားကူးသန်းဌာနက သောကြာနေ့အစောပိုင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။
#Source: NDTV
#World_Health
Published 24 August 2024
▪️ လေယာဉ်စီးရင်း အရက်သောက်ခြင်းက အထက်တန်းကျတယ်လို့ ထင်ရပေမယ့် မကြာသေးမီက လေ့လာချက်အရ ကျန်းမာရေးအန္တရာယ် ရှိနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ အရက်သေစာနဲ့ အမြင့်ပေအထက်ပိုင်းရောက်နေတဲ့ လေယာဉ်ခန်းထဲက ဖိအားတို့ ရောစပ်တဲ့အခါ ခရီးစဉ်ကြာရှည်မယ်ဆိုရင် ခရီးသည်ရဲ့ နှလုံးကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တယ်လို့ Thorax ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ လေယာဉ်ပေါ်မှာ အရက်သောက်ပြီး အိပ်ပျော်သွားတဲ့အခါ သွေးပေါင်ချိန် ကျသွားပြီး နှလုံးခုန်နှုန်း မြင့်တက်လာကြောင်း တွေ့ရှိထားပါတယ်။
▪️ နှလုံးရောဂါအခံ ရှိသူတွေမှာ ပိုအန္တရာယ်များပြီး အရက်နဲ့ အမြင့်ပေအထက်ပိုင်း ဖိအားသက်ရောက်မှု နည်းတဲ့အနေအထားမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ သိသိသာသာ လျော့ကျသွားပါတယ်။
▪️ ထိုအခါမှာ ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှုနည်းပါးသွားပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။
▪️ ထိုအချိန်မှာ အောက်ဆီဂျင်ပြည့်ဝနှုန်းက ၈၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၈၈ ချက်နှုန်းအထိ မြင့်တက်လာပါတယ်။
▪️ ဒါ့အပြင် ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်သွားတဲ့ REM အိပ်စက်မှုပုံစံကိုလည်း တိုတောင်းစေပါတယ်။
▪️ ငယ်ရွယ်သူတွေမှာ ထိုအခြေအနေကြောင့် နှလုံးကျန်းမာရေးကို ဖိစီးမှုဖြစ်စေပြီး နှလုံးနဲ့ အဆုတ်ရောဂါတို့ ရှိတဲ့သူတွေမှာ ရောဂါလက္ခဏာ ပိုဆိုးစေပါတယ်။
#Source: India Today
#World_Health
Published 24 August 2024
▪️ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေမှာ ရေခဲစိမ်ခြင်းက နာမည်ကြီးလာပြီး ဆယ်လီတွေ၊ လေ့ကျင့်ခန်းဆရာတွေ ကိုယ်တိုင်လည်း ပြုလုပ်လာပါတယ်။
▪️ ရေခဲရေနဲ့ ရေခဲတုံးတွေထည့်ထားတဲ့ ရေချိုးကန်ထဲမှာ စိမ်နေရတာဖြစ်ပြီး ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုး ရနိုင်တယ်လို့ ဆိုနေကြပါတယ်။
▪️ ရှေးခေတ်တွေကတည်းက ထိုအလေ့အထပေါ်ပေါ်က်ခဲ့ပြီး အခုအခါမှာ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်းတို့နဲ့ တွဲဖက်လုပ်ဆောင်လာကြပါတယ်။
▪️ ဒါပေမဲ့ ဒီအလေ့အထနဲ့ ပတ်သက်လို့ စံနှုန်းသတ်မှတ်ချက်တွေ တရားဝင်ရှိမနေပါဘူး။
▪️ ပရော်ဖက်ဆာ ဟယ်ပန်နဲ့ ဒေါက်တာရှာဟာတို့ရဲ့ ပြောကြားချက်အရ အအေးထိတွေ့ခြင်းဖြင့် အအေးခံနိုင်ရည်ရှိလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်း၊ ဖိစီးမှုခံနိုင်ခြင်း၊ ဓာတ်တိုးဆန့်ကျင်နိုင်ခြင်း၊ သွေးပေါင်ချိန်၊ ကိုယ်ခံအားစနစ်၊ နှလုံးသွေးကြော ကျန်းမာရေးတို့မှာ တိုးတက်နိုင်တယ်လို့ ဆိုပါတယ်။
▪️ ရေခဲကန်အပူချိန်က ၀ မှ ၁၅ ဒီဂရီဆဲလ်စီးယပ်စ်လောက်ရှိပြီး မိနစ်ပိုင်းကြာတဲ့အထိ စိမ်ခြင်းဖြင့် အကျိုးကျေးဇူးရရှိစေတယ်လို့ ဆိုကြပေမယ့် တိတိကျကျ ဖော်ပြထားတာတော့ မရှိပါဘူး။
▪️ သုတေသနအရ ရောင်ရမ်ခြင်းကို လျော့ကျစေကာ သွေးလည်ပတ်မှု၊ ကိုယ်ခံအား ကောင်းမွန်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီးနောက် သက်သာစေခြင်း၊ ဇီဝကမ္မဖြစ်စဉ် မြှင့်တင်ပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
▪️ ရေခဲစိမ်ခြင်းက ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပြီး အအေးနဲ့ ဓာတ်မတည့်ခြင်း၊ နီမြန်းခြင်း၊ ဖောရောင်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရေခဲကိုက်ခြင်း၊ အာရုံကြောပြဿနာတွေ ဖြစ်နိုင်ပါတယ်။
▪️ အအေးထဲနေခြင်းကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန် မြင့်တက်စေနိုင်သလို နှလုံးခုန်မမှန်ခြင်း ပြဿနာ ရှိလာနိုင်ပါတယ်။
▪️ အချုပ်ပြောရရင် ရေခဲစိမ်ခြင်းဟာ အကျိုးကျေးဇူးရှိနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။
▪️ ဆေးပညာအရ အတည်ပြုဖို့ လုံလောက်တဲ့ အချက်အလက်လည်း မရှိသေးတာကြောင့် သတိပြုသင့်ပါတယ်။
#Source: The Jerusalem Post
တရုတ်ပြည်ထုတ် ARJ21 အရပ်ဖက်သုံးလေယာဉ်အား ကုန်းပြင်အမြင့်ပိုင်းဒေသများ၌ စမ်းသပ်ပျံသန်း
တရုတ်ပြည်မှ အရပ်ဖက်သုံးလေယာဉ် ARJ21 ဟာ စီချွမ်ပြည်နယ်မှ ဗုဒ္ဓဟူးနေ့က ကနဦးသရုပ်ပြပျံသန်းမှုများ စတင်ပြုလုပ်ခဲ့ကြောင်း တရုတ်အရပ်ဖက်လေယာဉ်ကော်ပိုရေးရှင်း (COMAC)က ဖော်ပြလိုက်ပါတယ်။
#Asia_Aviation
Published 23 August 2024
#အရပ်ဖက်သုံးလေယာဉ် #စမ်းသပ်ပျံသန်း
#YMG #Yangon_Times #Yangon_Media_Group
Page 101 of 858