#World_Science
Published 06 September 2024
▪️ ဟိမဝန္တာတောင်တွေမှာ ရှေးဟောင်းဗိုင်းရပ်စ်ပေါင်း ၁၇၀၀ နီးပါး ဖုံးကွယ်တည်ရှိနေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ထိုထဲက ၄ ပုံ ၃ ပုံလောက်ဟာ သိပ္ပံနည်းအရ မသိရှိထားဘူးလို့ ဖော်ပြထားပါတယ်။
▪️ ပင်လယ်ရေမျက်နှာပြင်ထက် ၄ မိုင်နီးပါးလောက်ရှိတဲ့ တိဘက်ကုန်းပြင်မြင့်ပေါ်က ဂူလီယာရေခဲပြင်အူတိုင်တွေထဲမှာ အေးခဲနေတဲ့ ဗိုင်းရပ်စ်ဒီအင်န်အေ အစအနတွေကို သိပ္ပံပညာရှင်များ လေ့လာခဲ့ကြပါတယ်။
▪️ အခုဆိုရင် ရာသီဥတု ပြောင်းလဲမှုတွေကြား ဗိုင်းရပ်စ်တွေ လိုက်လျောညီထွေရှိအောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာနဲ့ လာမယ့်နှစ်တွေမှာ ဗိုင်းရပ်စ်တွေ ဘယ်လိုပြောင်းလဲသွားနိုင်လဲ ဆိုတာတွေကို နားလည်ဖို့ လေ့လာနေပါတယ်။
▪️ ရေခဲပြင်မှ ရေခဲတွေက အလွန်တန်ဖိုးရှိတာကြောင့် ဗိုင်းရပ်စ်ပိုးမွှားတွေ သုတေသနအတွက် လိုအပ်တဲ့ အရာတွေကို မရတတ်ဘူးလို့ သုတေသနပြုစုသူ ကျိဖင်ကျောင်က ဖော်ပြထားပါတယ်။
▪️ ရာသီဥတု ပြောင်းလဲတဲ့အခါ အပူချိန်တက်လာပြီး ရေခဲအရည်ပျော်လာသဖြင့် ရေခဲထဲက အချက်အလက်တွေ ပျက်စီးလာနိုင်ကာ ဟိမဝန္တာ၊ အဲ့ပ်စ်၊ အန်ဒေးစ်တို့ရှိ ရေခဲပြင်အချို့တို့ဟာ ရေခဲဆုံးရှုံးမှုနှုန်း မြင့်မားနေပါတယ်။
▪️ တောင်တန်းထိပ် ရေခဲတောင်တွေနဲ့ သူတို့ရဲ့ သမိုင်းကြောင်းတွေဟာ အလွန်လျင်မြန်စွာ ပျောက်ကွယ်နေတယ်လို့ အိုဟိုင်ယိုပြည်နယ်တက္ကသိုလ်မှ ရှေးဟောင်းရာသီဥတု ပညာရှင် လွန်နီသွမ်ဆင်က ပြောပါတယ်။
▪️ ဒါကြောင့် လုံးဝမပျောက်ကွယ်ခင်မှာ သိပ္ပံပညာရှင်တွေက ရှာဖွေဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
လေ့လာချက်အရ ဗိုင်းရပ်စ်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၄၁၀၀၀ ကျော်အတွင်း အပူအအေးစက်ဝန်း ၃ ခုအချိန်မှ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ရေခဲပြင်တွေ အရည်ပျော်လာပြီး ရှေးဟောင်းဗိုင်းရပ်စ်တွေ လူသားတွေထံ ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။
▪️ အချို့သော ဗိုင်းရပ်စ်တွေဟာလည်း အခြားနေရာတွေကနေ ရောက်ရှိလာကြတယ်လို့ ယူဆနေကြပါတယ်။
#Source: WION
#World_Health
Published 06 September 2024
▪️ ရေငွေ့ ထိန်းစက်က အိမ်ထဲမှာ လေထုကို စိုစွတ်စေပြီး စိုထိုင်းမှုကို ထိန်းသိမ်းပေးပါတယ်။
ခြောက်သွေ့တဲ့ ဥတုအချိန်နဲ့ ဆောင်းရာသီချိန်တို့မှာ အိမ်ထဲကလေတွေ ခြောက်သွေ့လာတတ်ပါတယ်။
▪️ ဒီအခါမှာ စိုထိုင်းမှုထိန်းစက်က ခြောက်သွေ့ခြင်းကြောင့်ဖြစ်တဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။
▪️ ဒါကြောင့် စိုထိုင်းမှုထိန်းစက် ထားရှိခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) လေထဲက စိုထိုင်းမှုကို အကောင်းဆုံး ထိန်းသိမ်းပေးတာကြောင့် အရေပြား ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၂) စိုထိုင်းမှုထိန်းစက်က အသက်ရှူလမ်းကြောင်းကို စိုစွတ်စေကာ လည်ချောင်းယားယံခြင်း၊ အသက်ရှူကြပ်ခြင်းတို့ကို ကူညီပေးပါတယ်။
▪️ (၃) ခြောက်သွေ့လေကြောင့် ဖြစ်တတ်တဲ့ မျက်လုံးယားယံခြင်း၊ နှာစေးခြင်း၊ နှာခေခြင်းစတဲ့ လက္ခဏာများကို လျော့ကျစေပါတယ်။
▪️ (၄) အသက်ရှူလမ်းကြောင်းကို စိုစွတ်စေတာကြောင့် ချွဲမထစေဘဲ အအေးမိလက္ခဏာများကို သက်သာစေပါတယ်။
▪️ (၅) ခြောက်သွေ့လေကြောင့် နှာခေါင်းသွေးလျှံခြင်း ဖြစ်တတ်တဲ့သူတွေမှာ နှာခေါင်းတွင်းတစ်ရှူးများ စိုစွတ်စေကာ သွေးလျှံခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၆) လေခြောက်သွေ့ပါက လည်ချောင်းခြောက်ခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်နိုင်ပြီး စိုထိုင်းမှုထိန်းစက်ကတော့ အသက်ရှူရ လွယ်ကူစေတဲ့အတွက် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
▪️ (၇) လေခြောက်သွေ့ပါက အသံကြိုးတွေ ထိခိုက်စေကာ ထွက်လာတဲ့အသံကို ပျက်စီးစေကာ စိုထိုင်းမှုထိန်းဆဖြင့် အသံကြိုးတွေ ရေဓာတ်ရစေပြီး ထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၈) အိမ်မှာစိုက်တဲ့ အပင်တွေလည်း သန့်စင်တဲ့လေ လိုအပ်တာကြောင့် စိုထိုင်းမှုထိန်းစက်က ထိုအပင်တွေကို စိုစွတ်စေပြီး ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: DoctorNDTV
နိုင်ဂျီးရီးယားမှ စက်ဆရာတစ်ဦးဟာ စွန့်ပစ်ထားတဲ့ သံတိုသံစတွေကိုအသုံးပြုပြီး စိတ်ကြိုက်ဖန်တီးထားတဲ့ မော်တော်ဆိုင်ကယ်တွေထုတ်လုပ်လိုက်ပြီး သူ့ရဲ့ဖန်တီးမှုပိုင်းတွေက တင်သွင်းတဲ့ဆိုင်ကယ်တွေ လွှမ်းမိုးနေတာကို စိန်ခေါ်လာနိုင်ပါတယ်။
#World_Development
Published 05 September 2024
#စွန့်ပစ်သံတိုသံစ #မော်တော်ဆိုင်ကယ်ဖန်တီး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 05 September 2024
၁။ ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာမှငွေတစ်ဆု၊ ကြေးတစ်ဆုရရှိနေ
၂။ (၈) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော်အတွက် စာရင်းပေးသွင်းနိုင်
၃။ ကျိုက်ထီးရိုးသို့ တစ်လအတွင်းပြည်တွင်းပြည်ပခရီးသွား(၂၀၀၀)နီးပါးဝင်ရောက်
၄။ နိုင်ဂျီးရီးယားစက်ဆရာ စွန့်ပစ်သံတိုသံစဖြင့် မော်တော်ဆိုင်ကယ်များကိုကိုယ်ပိုင်ဖန်တီးထုတ်လုပ်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 05 September 2024
▪️ အမေရိကန် ဂျော်ဂျီယာ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဗုဒ္ဓဟူးနေ့က အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးမှ သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦးနဲ့ ကျောင်းဆရာမ ၂ ဦးသေဆုံးခဲ့ကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
▪️ ဒါဟာ အမေရိကန်မှာ ယခုပညာသင်နှစ်အတွင်း ပထမဆုံးအကြိမ် ကျောင်းဝင်းအတွင်း အစုလိုက်ပစ်သတ်ခြင်း ဖြစ်လာပါတယ်။
▪️ ဂျော်ဂျီယာ ဝင်ဒါရှိ အက်ပလာချီအထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ခဏအတွင်းမှာပဲ တရားခံကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စုံစမ်းရေးတွေက ပြောပါတယ်။
▪️ ထိုတရားခံဟာ ယမန်နှစ်က စာသင်ကျောင်းပစ်ခတ်မှုတစ်ခုနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေ ခြိမ်းခြောက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က မေးမြန်းခဲ့ပါသေးတယ်။
▪️ တရားခံဟာ အသက် ၁၄ နှစ်အရွယ် ကော့ဂရေးဖြစ်ပြီး အရွယ်ရောက်ပြီးသူ တစ်ဦးအနေဖြင့် စွဲချက်တင်ခံရမှာဖြစ်တယ်လို့ ဂျော်ဂျီယာ အစိုးရစုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူး ခရစ္စဟိုဆေးက ပြောသွားပါတယ်။
▪️ သေနတ်သမားဟာ AR ပုံစံလက်နက် မောင်းပြန်အော်တိုရိုင်ဖယ် ကိုင်ဆောင်ခဲ့ကာ ကျောင်းမှ တာဝန်ကျသူများက အလျင်အမြန် သွားရောက်ရင်ဆိုင်ခဲ့ရာမှာ တရားခံကို ချက်ချင်းဖမ်းမိပြီး အညံ့ခံခဲ့ပါတယ်။
▪️ ဖမ်းဆီးပြီးနောက် စုံစမ်းရေးတွေနဲ့ ပြောဆိုရာမှာ တရားခံက တစ်ဦးတည်း ပြုလုပ်တယ်လို့ ယူဆရပေမယ့် ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာကိုတော့ မဖော်ပြပါဘူး။
▪️ သေဆုံးသွားတဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတွေဟာ မေဆန်ရှာမာဟွန်းနဲ့ ခရစ်ရှန်အန်ဂူလိုတို့ဖြစ်ပြီး ဆရာတွေကတော့ အသက် ၃၉ နှစ်ရှိ ရစ်ချတ်အက်စ်ပင်ဝေါလ်နဲ့ အသက် ၅၃ နှစ်ရှိ ခရစ္စတီနာအိုင်ရီမီတို့ဖြစ်ကာ ဆေးရုံတက်လိုက်ရတဲ့ ၉ ဦးစလုံးက ပြန်လည်သက်သာလာမယ်လို့ မျှော်လင့်ရကြောင်း စုံစမ်းရေးမှူးစမစ်က သတင်းထောက်တွေကို ပြောပြပါတယ်။
▪️ ၂၀၂၃ ခုနှစ်တုန်းက ကျောင်းတွင်းပစ်ခတ်မှု ကျူးလွန်ရန် အွန်လိုင်းမှ ခြိမ်းခြောက်မှုတွေကို စစ်ဆေးခဲ့ရာမှာ အသက် ၁၃ နှစ်အရွယ် သံသရာရှိသူနဲ့ သူ့အဖေတို့ကို ဒေသခံရဲတပ်ဖွဲ့က မေးမြန်းခဲ့တယ်လို့ အစိုးရစုံစမ်းစစ်ဆေးရေးက ထုတ်ပြန်ခဲ့ပါတယ်။
▪️ အဖေဖြစ်သူက အိမ်မှာ အမဲလိုက်သေနတ်တွေရှိပြီး သံသယရှိသူက ဒီသေနတ်တွေကို ကြီးကြပ်မှုမရှိဘဲ အသုံးမပြုစေကြောင်း၊ အွန်လိုင်းကနေ ခြိမ်းခြောက်မှုမျိုး မလုပ်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း၊ ဂျက်ဆန်ကောင်တီက တရားခံကို ဆက်လက်စောင့်ကြည့်ရန် ကျောင်းများကို သတိပေးခဲ့ကြောင်း FBI က ပြောပါတယ်။
▪️ ဝင်ဒါမြို့မှ လူတွေက ဗုဒ္ဓဟူးနေ့ညမှာ ပန်းခြံတစ်ခုအတွင်း ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင်က အစိုးရအဖွဲ့နဲ့ အရာရှိတွေ ပူးပေါင်းကာ အချက်အလက်များ ထပ်မံစုဆောင်းသွားမှာ ဖြစ်ကြောင်း၊ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းပူဆွေးရကြောင်း၊ သေနတ်ဘေးကင်းစွာ အသုံးပြုရေးဥပဒေကို ထုတ်ပြန်သွားဖို့ ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေကို တောင်းဆိုလိုက်ပါတယ်။
▪️ အမေရိကန်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ကျောင်းတွေနဲ့ ကောလိပ်တွေမှာ သေနတ်ပစ်ခတ်မှုပေါင်း ရာနဲ့ချီဖြစ်ပွားခဲ့ပြီး ၂၀၀၇ ခုနှစ်က ဗာဂျီးနီးယားတက်ခ်မှာ အယောက် ၃၀ သေဆုံးခဲ့ခြင်းက အများဆုံးဖြစ်ခဲ့ပါတယ်။
▪️ လက်နက်ထိန်းသိမ်း ကိုင်ဆောင်ခွင့် အခြေခံဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်း အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။
#Source: Reuters
#World_Science
Published 05 September 2024
▪️ အသံစနစ်စက်တွေ အသုံးပြုပြီး ခွေးတွေစကားပြောနိုင်အောင် လေ့ကျင့်ပေးနေတဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။
▪️ လူအများက ဒီဗီဒီယိုတွေကို ကြည့်ပြီး အံ့ဩကုန်ကြသလို ခွေးတွေနဲ့ တကယ်ပဲ ပြောဆိုနိုင်လားဆိုတာ သိချင်နေကြပါတယ်။
▪️ ကယ်လီဖိုးနီးယား ဆန်ဒီယေဂိုမှ သုတေသီများ ဖော်ပြရာမှာ လူတွေဟာ အသံစက်ခလုတ်တွေ အသုံးပြုပြီး ခွေးတွေကို လေ့ကျင့်တဲ့အခါ အချို့စကားလုံးတွေကို နားလည်နိုင်ပြီး ကိုက်ညီတဲ့ တုန့်ပြန်မှုတွေ ပြုလုပ်တတ်ကြပါတယ်။
▪️ ဒီသုတေသနဟာ မတူညီတဲ့ သတ္တဝါတွေကြား ဆက်သွယ်ပြောဆိုမှုကို လေ့လာတဲ့ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ တွဲဖက်ပရော်ဖက်ဆာ ဖက်ဒရစ်ကိုရိုဆာနိုက ပြောပါတယ်။
▪️ လေ့လာချက်အရ ခွေးတွေဟာ သူတို့ပိုင်ရှင်တွေရဲ့ ကိုယ်ဟန်လှုပ်ရှားပုံကို အကဲခတ်ရုံသာမက ပြောလိုက်တဲ့ စကားတွေကိုလည်း နားလည်ဖို့ ကြိုးစားနေပါတယ်။
▪️ ဒါဟာ အရေးကြီးပြီး စကားလုံးတွေက ခွေးတွေအတွက် အရေးပါတဲ့အပြင် တုန့်ပြန်တဲ့သဘောလည်း ပတ်သက်နေပါတယ်လို့ ဆိုပါတယ်။
▪️ ပထမဆုံး စမ်းသပ်မှုမှာ အိမ်မွေးခွေး ၃၀ ကို နိုင်ငံအနှံ့ လည်ပတ်စေပြီး အသံစက်ခလုတ်တွေကို တုန့်ပြန်ပုံတွေကို စမ်းသပ်ခဲ့ပါတယ်။
▪️ ဒုတိယစမ်းသပ်ချက်မှာတော့ ခွေးပိုင်ရှင် ၂၉ ဦးက အိမ်မှာပဲ လမ်းညွှန်ချက်များအတိုင်း စမ်းသပ်ခဲ့ကြပါတယ်။
▪️ ဒီလေ့လာချက်ဟာ အပေါ်ယံသာ ရှိသေးကြောင်း၊ ခွေးတွေက ခလုတ်တွေကို ဘယ်လိုအသုံးပြုကြလဲ၊ ခလုတ်နှိပ်တာတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကိုလည်း နောင်အခါ လေ့လာသွားမှာ ဖြစ်ကြောင်း၊ သူတို့ရဲ့အိမ်မှာပဲ စမ်းသပ်စေတာက ဂေဟစနစ်အရ ပိုမိုနားလည်နိုင်စွမ်းရှိစေရန် ဖြစ်ကြောင်း ပြောသွားပါတယ်။
#Source: WION
#World_Health
Published 05 September 2024
▪️ အိန္ဒိယ ဘာရက်ဘိုင်အိုတက်ခ် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကာလဝမ်းရောဂါ ကာကွယ်ဆေးသောက်ဆေးဟာ နောက်ဆုံးအဆင့် စမ်းသပ်မှု ပြီးမြောက်ခဲ့ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဖြန့်ချိရန် စီစဉ်ထားကြောင်း၊ ရောဂါပျံ့ပွားနေချိန် ကုသမှုနည်းပါးနေချိန်မှာ တစ်နှစ်ကို ဆေးပေါင်းသန်း ၂၀၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း အင်္ဂါနေ့က ပြောပါတယ်။
▪️ ဟေးလ်ချောလ်လို့ အမည်ထားတဲ့ ကာကွယ်ဆေးကို အိန္ဒိယဆေးဝါးကွပ်ကဲရေးက အသိအမှတ်ပြုလိုက်ကာ ယူနီဆက်ဖ်လို အဖွဲ့အစည်းတွေကို ရောင်းချရန်အတွက် WHO အသိအမှတ်ပြုရရှိရန် လျှောက်ထားသွားမယ်လို့ ဘာရက်ဘိုင်အိုတက်ခ်က ပြောပါတယ်။
▪️ ယင်းတို့အနေနဲ့ WHO အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော ကာလဝမ်းကာကွယ်ဆေး ထုတ်လုပ်သူ တောင်ကိုရီးယားမှ ယူဘိုင်အိုလော့ဂျစ်ကုမ္ပဏီနဲ့ ယှဉ်ပြိုင်သွားရဖွယ် ရှိပါတယ်။
▪️ "အရင်ဆုံး အခြေအနေ ဆိုးရွားနေတဲ့ အာဖရိကတိုက်ကို ကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။ အာဖရိကနိုင်ငံ တစ်ခုခုက ဒီကကုန်ကြမ်းယူပြီး အဲဒီမှာ နောက်ဆုံးပိတ် ထုတ်လုပ်ချင်တယ်ဆိုရင် ခွင့်ပြုသွားမှာပါ" လို့ ပြောပါတယ်။
▪️ ဘာရက်ဘိုင်အိုတက်ခ်က ဟိုက်ဒရာဘက်ဒ်စက်ရုံကနေ နှစ်စဉ် ကာကွယ်ဆေး ၄၅ သန်းကို စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်စက်ရုံတစ်ခုကနေ သန်း ၂၀၀ အထိ ထုတ်လုပ်သွားဖို့ကို ခွင့်ပြုချက် စောင့်ဆိုင်းနေပါတယ်။
▪️ ဟေးလ်ချောလ်ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် စက်ရုံတွေမှာ ဒေါ်လာသန်း ၁၀၀ အကုန်အကျခံခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
▪️ နောက်ဆုံးစမ်းသပ်အဆင့်မှာ အိန္ဒိယမှ စမ်းသပ်ပါဝင်သူ ၃၆၀၀ ခန့်ရှိခဲ့ပြီး ကာကွယ်ဆေးက ဘေးကင်းစိတ်ချရကာ လက်ရှိ ပါးစပ်မှပေးရတဲ့ ကာကွယ်ဆေးတွေထက် မနိမ့်ကျကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
▪️ WHO ရဲ့ အရည်အသွေးမီဖို့ဆိုရင် ထိရောက်မှု၊ စိတ်ချရမှု၊ ထုတ်လုပ်မှုပုံစံများ အထောက်အထားတွေအပေါ် မူတည်ပါတယ်။
▪️ ယခုနှစ် ပထမဆုံး ၆ လအတွင်း ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၂၄၉၇၉၃ ရှိခဲ့ပြီး ၂၁၃၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
▪️ ဒီအတွက် WHO က သောက်ဆေးကာကွယ်ဆေးပေါင်း ၁၀၂ သန်းထုတ်လုပ်ဖို့ကို တောင်းဆိုလာပါတယ်။
▪️ တစ်နှစ်ကို ကာကွယ်ဆေး သန်း ၄၀ ခန့် ပြတ်လပ်နေကာ ဒီအတွက် ဟေးလ်ချောလ်ကို ထုတ်လုပ်တာဖြစ်တယ်လို့ ဘာရက်ဘိုင်အိုတက်ခ်က ပြောပါတယ်။
▪️ စင်္ကာပူ ဟေးလ်မန်ဓာတ်ခွဲခန်းကုမ္ပဏီ လိုင်စင်ခွင့်ပြုချက်ဖြင့် ဒီကာကွယ်ဆေးကို ထုတ်လုပ်တာဖြစ်ပြီး ၁၄ ရက်ခြားဖြင့် နှစ်ကြိမ်သောက်ရမှာဖြစ်ပါတယ်။
#Source: Reuters
Page 92 of 858