#WorldEnergy
Published 7 Feb 2022
အင်္ဂလန်နိုင်ငံ မြောက်ပိုင်း ဟမ်ဘာမြစ်ကမ်းဘေးမှာ ပြောင်းလဲမှုလေအဟုန်ဟာ ဟူးလ်မြို့တလျောက်ကိုတိုက်ခတ်နေပြီ ဖြစ်ပါတယ်။ အဲဒီနေရာမှာ စက်ရုံလုပ်သားတွေဟာ မြစိမ်းရောင်တော်လှန်ရေးတစ်ခုအတွက် တာဘိုင်ဒလက်တွေကို တပ်ဆင်ရင်း အလုပ်များနေကြပါတယ်။
#Yangon_Media_Group
Published 7 February 2022
နှစ်သစ်ကူး နွေဦးရာသီအထိမ်းအမှတ် ဖျော်ဖြေပွဲကြီးတစ်ခုကို တရုတ်နိုင်ငံ CMG က ကြီးမှူးပြီး တင်ဆက်ခဲ့ပါတယ်။ရင်သပ်ရှုမောဘွယ် ဖျော်ဖြေတင်ဆက်မှုအချို့ကိုကောက်နှုတ်တင်ဆက်ပေးလိုက်ပါတယ်။
Source CMG
Published 7 Feb 2022
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ ကွယ်လွန်သူ ဘောလီဝုဒ်စူပါစတား လာတာမန်ဂက်စ်ရှခါရဲ့ ဈာပနအခမ်းအနားကို တနင်္ဂနွေနေ့ ညနေက တက်ရောက်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်လိုပဲ အိန္ဒိယရဲ့ လူသိထင်ရှားပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘောလီဝုဒ်မင်းသား ရှရွတ်ခန်နှင့် ခရစ်ကက်အားကစားအကျော်အမော် ဆာချင်တက်ဒူခါတို့လည်း တက်ရောက်လာကြပါတယ်။
Source AFP
Published 7 Feb 2022
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းအူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ရေတိမ်အရပ်တွေမှာ နေရပ်ပြောင်းရွှေ့ လာကြတဲ့ ဝိုပါငန်းအုပ်ကြီးတစ်အုပ် ရောက်ရှိလာကြပါတယ်။ အဲဒီငန်းတွေဟာ အိန္ဒိယတိုက်ငယ်ကိုအသွားမှာ ခရီးတစ်ထောက်အဖြစ်ရောက်ရှိနေတာပါ။
ငန်းအကောင် သုံးရာကျော်ဟာ နွေဦးရာသီပွဲတော်အားလပ်ရက်ဖြစ်တဲ့ ဇန်နဝါရီ၃၁ရက်ကနေ ဖေဖော်ဝါရီ(၆)ရက်အတွင်း မန်နက်စ်အမျိုးသားရေတိမ်ဥယျဉ်ကိုရောက်ရှိခဲ့ကြပါတယ်။
လွန်ခဲ့တဲ့နှစ်များအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေ ကြိုးစားအားထုတ်မှုတွေကြောင့် ငှက်တွေဆောင်းခိုရာဒေသအဖြစ် ရေတိမ်ဥယျဉ်ဟာ ခေတ်စားလာခဲ့ပါတယ်။
Source CCTV Plus
#DailyNews
Published -7 Feb 2022
၁။ လက်ရှိလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် MAPCO ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ယာယီရပ်ဆိုင်းခြင်းဖြစ်
၂။ မန္တလေးနန်းတွင်းက ရတနာပုံခေတ်ဒင်္ဂါးသွန်းစက်ရုံကို ပြုပြင်ထိန်းသိမ်းရေးလုပ်ဆောင်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း
၄။ လေစွမ်းအင်က အင်္ဂလန်စက်မှုဗဟိုအချက်အခြာဒေသကို အပြောင်းအလဲလုပ်ပေးနေ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published - 7 February 2022
ယူကရိန်းကို ရက်ပိုင်း ဒါမှမဟုတ် ရက်သတ္တပတ်အတွင်း တိုက်ခိုက်ဖို့ ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က အမိန့်ပေးသွားနိုင်ကြောင်း အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် 'ဂျိတ်ဆာလီဗန်'က ဖေဖော်ဝါရီ ၆ ရက်နေ့က သတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံတွေက ဒီအကျပ်အတည်းကို သံတမန်ရေးအရဖြေရှင်းနိုင်ဖို့ ပူတင်ကို ဆက်လက်ဖိအားပေးနေကြပါတယ်။"အခုကစပြီး ရုရှားတို့က အချိန်မရွေး ယူကရိန်းကို တိုက်ခိုက်လာနိုင်ပါတယ်။ နောက်လာမယ့်သီတင်းပတ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ရုရှားတို့အနေနဲ့ သံတမန်ရေးလမ်းကြောင်းကိုလည်း ရွေးချယ်နိုင်ပါတယ်" လို့ 'ဆာလီဗန်'က Fox News Sunday ကို ပြောကြားသွားပါတယ်။
ရုရှားတိုက်ခိုက်ရေးစစ်အင်အားရဲ့ ၇၀ ရာခိုင်နှုန်းလောက် နေရာချထားခြင်းက ယူကရိန်းကို အင်ပြည့်အားပြည့်ကျူးကျော်ဖို့ လုံလောက်တဲ့အင်အားဖြစ်ပါတယ်။
ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်သည် ၁ သိန်းကျော် တပ်စွဲထားပေမယ့် ကျူးကျော်ဖို့အစီအစဉ်မရှိဘူးလို့ ရုရှားတို့က ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ သူတို့တောင်းဆိုထားတဲ့ လုံခြုံရေးကိစ္စရပ်တွေကို လိုက်လျောခြင်းမရှိပါက စစ်ရေးဆောင်ရွက်မှုတွေ ပြုလုပ်လာဖိုရှိပါတယ်။ရုရှားရဲ့တောင်းဆိုချက်ထဲမှာ နေတိုး(NATO)အဖွဲ့အနေနဲ့ ယူကရိန်းနိုင်ငံကို အဖွဲ့ဝင်အဖြစ်ဘယ်တော့မှ အသိအမှတ်မပြုဖို့အချက်လည်း ပါဝင်နေကာ အမေရိကန်နဲ့ နိုင်ငံ ၃၀ ပါဝင်တဲ့ အနောက်နိုင်ငံများလုံခြုံရေးမဟာမိတ်အဖွဲ့က ဒီတောင်းဆိုချက်ကို လက်မခံနိုင်ဘဲဖြစ်နေပါတယ်။
ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'က အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ တနင်္ဂနွေနေ့က မိနစ် ၄၀ ကြာ ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က အသိပေးထားပါတယ်။
အဲဒီနောက် ပြင်သစ်သမ္မတက တနင်္လာနေ့မှာ မော်စကိုသို့ သွားရောက်ကာ ရုရှားတို့ နဲ့တွေ့ဆုံပြီး နိုင်ငံရေးတင်းမာမှုတွေကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ပူတင်ကို သံတမန်ရေးအရ မတားဆီးနိုင်ဘူးဆိုရင် ယူကရိန်းတို့ရဲ့ ဒွန်ဘက်စ်ဒေသအပါအဝင် ယူကရိန်းနိုင်ငံကို ဆိုက်ဘာတိုက်ခိုက်မှု ဒါမှမဟုတ် အင်အားပြည့်တိုက်ခိုက်ကျူးကျော်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။
ထိုဒေသဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားထောက်ခံသူခွဲထွက်ရေးသမားတွေက ယူကရိန်းအစိုးရလက်အောက်ကနေ လွတ်မြောက်လာခဲ့တဲ့နေရာဖြစ်ပါတယ်။
"ဗလက်ဒီမီယာပူတင်က ယူကရိန်းကိုတိုက်ခိုက်ဖို့ အမိန့်ပေးနိုင်ချေများတယ်လို့ ယူဆထားပါတယ်။ မနက်ဖြန် ဒါမှမဟုတ် လာမယ့်သီတင်းပတ်တွေအတွင်း ဖြစ်လာနိုင်ပါတယ်။ ယူကရိန်းကို အချိန်မရွေးတိုက်ခိုက်လာနိုင်တဲ့ စစ်ရေးပြင်ဆင်မှုတွေကို ပြုလုပ်ထားပါတယ်" လို့ 'ဆာလီဗန်'က ABC This Week အစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သေးတဲ့အတွက် ယူကရိန်းကိုကာကွယ်ဖို့ အမေရိကန်စစ်သည်တွေကို ပို့ပေးမှာမဟုတ်ကြောင်း ဝါရှင်တန်က ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။
ဒါပေမဲ့ စစ်လက်နက်ထောက်ပံ့မှုတွေတော့ ပြုလုပ်ပေးထားပြီး အရှေ့ဥရောပဒေသကို ကာကွယ်ဖိုအတွက် ပိုလန်နဲ့ရိုမေးနီးယားတိုထံ အမေရိကန်စစ်အင်အား ၃ ထောင်နီးပါး စေလွှတ်မယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားလိုက်ပါတယ်။
Source: CNA
Published 07 February 2022
တောင်ကိုရီးယားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လိုက်တဲ့ ကော့စ်(kosk)ဆိုတဲ့ နှာခေါင်းစည်းဟာ အစာစားတဲ့အခါ နှာခေါင်းအထိရောက်အောင် ဖုံးအုပ်ထားနိုင်ကြောင်း The Washington Post က ဖော်ပြထားပါတယ်။
ဒီနှာခေါင်းစည်းတွေကို အတ်မန်ကုမ္ပဏီကထုတ်လုပ်လိုက်တာဖြစ်ပြီး ကော့စ် ၁၀ ခုပါတဲ့ဗူးတစ်ဗူးကို ၈ ဒေါ်လာကျော်ဖြင့် တောင်ကိုရီးယားဝက်ဘ်ဆိုက်တစ်ခုကနေ မှာယူလို့ရပါတယ်။
kosk ဆိုတဲ့နာမည်ကို mask နဲ့ ko ဆိုတဲ့ စကားလုံးတွေကိုပေါင်းစပ်ထားတာဖြစ်ပြီး ko ဆိုတာက ကိုရီးယားဘာသာမှာ နှာခေါင်းလို့အဓိပ္ပာယ်ရပါတယ်။
နှာခေါင်းစည်းတပ်ဆင်ရာမှာ နှာခေါင်းအထိ သေချာမတပ်ဆင်တဲ့သူတွေအတွက် ရည်ရွယ်ကာ ကော့စ်နှာခေါင်းစည်းတွေကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ကော့စ်နှာခေါင်းစည်းဒီဇိုင်းဟာ ပါးစပ်ကနေ ကိုရိုနာဗိုင်းရပ်စ်ဝင်ရောက်နိုင်တယ်လို့ အွန်လိုင်းကနေဝေဖန်မှုတွေရှိသလို စားသောက်ဖို့သွားတဲ့အခါကျရင်တော့ သက်တောင့်သက်သာရှိစေမှာဖြစ်တယ်လို့လည်း အားပေးပြောကြားနေကြကြောင်း ဖော်ပြထားပါတယ်။
သုတေသနပညာရှင်တွေနဲ့ ဒီဇိုင်နာတွေ နှာခေါင်းစည်းအသစ်အဆန်းကို တီထွင်တာဟာ ဒါပထမဆုံးတော့မဟုတ်ပါဘူး။
၂၀၂၁ မတ်လက မက္ကဆီကိုသုတေသီတို့က နှာခေါင်းတစ်ခုတည်းကိုပဲဖုံးအုပ်တဲ့ နှာခေါင်းစည်းကို ဖန်တီးခဲ့ကြသေးတယ်လို့ ရိုက်တာနဲ့ ဂျေရုဆလန်ပို့စ်တို့က ဖော်ပြခဲ့ကြပါတယ်။
ကော့စ်နှာခေါင်းစည်းလေးကို ပုံမှန်နှာခေါင်းစည်းအောက်မှာထားပြီး ဝတ်ဆင်ရမှာဖြစ်ပါတယ်။
ဒါမှသာ အစားစားတဲ့အခါ ကိုဗစ်ရောဂါပိုးဝင်ရောက်နိုင်တဲ့ နှာခေါင်းပေါက်ကို ကာကွယ်ပေးထားမှာဖြစ်ပါတယ်။
source Insider
Page 841 of 846