#Daily_News
Published 19 September 2024
၁။ အစားအစာများ အစာအဆိပ်မသင့်အောင်ချက်ပြုတ်ပြီး(၄)နာရီအတွင်း စားသုံးနိုင်အောင် လှူဒါန်းသင့်
၂။ အင်းလေးဒေသရှိ ဟိုတယ်အားလုံးနှင့် နေအိမ်များရေဆက်မြုပ်၊ ဖောင်တော်ဦးအနောက်ဘက်ကျေးရွာအချို့ အကူအညီမရောက်သေး
၃။ ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ရေကြီးမည်ဖြစ်၍ မြေနိမ့်ပိုင်းနေဒေသခံများသတိပြုနေထိုင်ရန် သတိပေး
၄။ အီရတ်၌အမေရိကန်တပ်များ စစ်ရာဇဝတ်မှုများစွာကျူးလွန်ခဲ့သည့် အထောက်အထားများထွက်ပေါ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 19 September 2024
▪️ အာဖရိကတောင်ပိုင်း နိုင်ငံတွေမှာ မိုးခေါင်ရေရှားမှုဒဏ် အကြီးအကျယ်ခံနေရပြီး ငတ်မွတ်နေကြရတဲ့ ပြည်သူတွေကို ကျွေးမွေးရန်အတွက် တောရိုင်းဆင် ရာပေါင်းများစွာကို သတ်ဖြတ်သွားမယ့် အစီအစဉ်တွေကို ဇင်ဘာဘွေနဲ့ နမ်မီဘီယာတို့ ကြေညာသွားပါတယ်။
▪️ ဇင်ဘာဘွေက ဆင်ပေါင်း ၂၀၀ ကိုသတ်ပြီး စားစရာလိုအပ်တဲ့ နေရာတွေမှာ ဖြန့်ဖြူးသွားဖို့ ခွင့်ပြုသွားမယ်လို့ တနင်္လာနေ့က ဆိုလိုက်ကာ နမ်မီဘီယာကတော့ ဆင် ၈၃ ကောင်အပါအဝင် တောရိုင်းတိရိစ္ဆာန် ၇၀၀ ကျော်ကို သတ်ဖြတ်သွားမယ်လို့ လွန်ခဲ့တဲ့ ၃ ပတ်က အစီအစဉ် ကြေညာထားပါတယ်။
▪️ လိုအပ်တဲ့နေရာတွေမှာ ဆင်တွေကို အမဲလိုက်ဖို့ ခွင့်ပြုချက်များ ထုတ်ပြန်မှာဖြစ်ပြီး စုစုပေါင်း ခွဲတမ်းသတ်မှတ်ထားတဲ့ တိရိစ္ဆာန် ၂၀၀ ကိုလည်း သတ်ဖြတ်သွားမယ်လို့ ဇင်ဘာဘွေ အမျိုးသားဥယျာဉ်များနဲ့ တောရိုင်းစီမံခန့်ခွဲရေး အာဏာပိုင်မှ ပြောရေးဆိုခွင့်ရှိသူ တီနာရှာဖာရာဝိုက ပြောပါတယ်။
▪️ ခွင့်ပြုချက်များ အပြီးသတ်ထုတ်ပြန်ပြီးတာနဲ့ စတင်သုတ်သင်သွားမယ်လို့ ဖာရာဝိုက ပြောပါတယ်။
▪️ လူဦးရေနဲ့ သတ္တဝါဦးရေ ရေရှည်မမျှတဖြစ်လာတဲ့ နေရာမှ ဆင်တွေကို သုတ်သင်သွားမှာ ဖြစ်ပါတယ်။
▪️ အပူချိန်မြင့်တက်လာတာကြောင့် သယံဇာတရင်းမြစ်များ ပိုမိုရှားပါးလာပြီး လူသားတွေနဲ့ တောရိုင်းတွေကြား အစားအစာနဲ့ ရေ ပြိုင်ဆိုင်လာရတဲ့ နိုင်ငံအနောက်ဘက်ရှိ ဟွမ်အမျိုးသားဥယျာဉ်လိုမျိုး နေရာတွေမှာ အမဲလိုက်မှာ ဖြစ်ပါတယ်။
▪️ ဟွမ်ဥယျာဉ်မှာ ဆင်ကောင်ရေ ၄၅၀၀၀ ကျော်ရှိပေမယ့် အခုတော့ ၁၅၀၀၀ ကိုသာ ထိန်းသိမ်းနိုင်တော့မယ်လို့ ဆိုပါတယ်။
▪️ အယ်နီညိုရာသီဥတုဖြစ်စဉ်က အခြေအနေကို ပိုမိုဆိုးရွားစေပြီး မိုးခေါင်မှုကြောင့် ဆင် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဥယျာဉ်များအေဂျင်စီက ဒီဇင်ဘာမှာ ကြေညာခဲ့ပါတယ်။
▪️ လာမယ့်ရက်သတ္တပတ်တွေမှာ အပူဆုံးအချိန် ဖြစ်လာမှာဖြစ်သဖြင့် ဒီထက်ပိုပြီး တိရိစ္ဆာန်တွေ ငတ်မွတ်သေဆုံးနိုင်တယ်လို့ ဖာရာဝိုက ပြောပါတယ်။
▪️ ဇင်ဘာဘွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆစ်ထမ်ဘီဆိုညိုနီက ဇင်ဘာဘွေမှာ ဆင်တွေက လိုအပ်တာထက် ပိုများနေကြောင်း၊ သုတ်သင်ရေး အစီအစဉ်ကို စလုပ်ခိုင်းထားပြီ ဖြစ်ကြောင်း ပါလီမန်မှာ ပြောသွားပါတယ်။
▪️ ဆင်တွေကို သုတ်သင်ပြီးတော့ အခြောက်လှမ်း ထုပ်ပိုးကာ ပရိုတိန်းလိုအပ်တဲ့ သူတွေကို ပေးသွားဖို့ ပြင်ဆင်နေပါတယ်။
▪️ နမ်မီဘီယာအစိုးရက ပြီးခဲ့တဲ့လက ဆင် ၈၃ ကောင်၊ ရေမြင်းအကောင် ၃၀၊ ကျွဲရိုင်း ၆၀ ၊ တောဆိတ်အကောင် ၅၀၊ မြင်းကျားအကောင် ၃၀၊ အာဖရိကဆိတ်နွား ၁၀၀ အပါအဝင် တိရိစ္ဆာန်ပေါင်း ၇၂၃ ကောင်ကို သုတ်သင်ဖို့ အသိအမှတ်ပြုခဲ့ပါတယ်။
▪️ လူသားတွေနဲ့ တောရိုင်းတွေကြား ပြိုင်ဆိုင်လာရနိုင်ပြီး ဆင်ကောင်ရေ လျှော့ချဖို့ ရည်ရွယ်ထားတဲ့ နမ်မီဘီယာ အမျိုးသားဥယျာဉ်တွေထဲက ၅ ခုကနေ သုတ်သင်သွားမှာ ဖြစ်ပါတယ်။
▪️ ဇင်ဘာဘွေနဲ့ နမ်မီဘီယာ အစိုးရလုပ်ဆောင်ချက်တွေက မိုးခေါင်ရေရှားမှုနဲ့ တိရိစ္ဆာန်ကောင်ရေ တို့ကြောင့် နားလည်ပေးနိုင်ကြောင်း ကင်ညာအခြေစိုက် ပတ်ဝန်းကျင်စောင့်ကြည့်ရေး အဖွဲ့အစည်းမှ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးပညာရှင် ဂူယိုရိုဘာက ပြောပါတယ်။
▪️ ဒါဟာ အငြင်းပွားဖြစ်နိုင်ပေမယ့် အစိုးရအနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပြည်သူထောက်ပံ့ခြင်းတို့ကြား ဆုံးဖြတ်ရတာဖြစ်တယ်လို့ ရိုဘာက ဆိုပါတယ်။
#Source: AP News
#World_Health
Published 19 September 2024
▪️ မိုဘိုင်းဖုန်း အသုံးပြုခြင်းနဲ့ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေများခြင်းတို့ ဆက်စပ်မှုမရှိဘူးလို့ WHO ကော်မရှင်ပြု သုံးသပ်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ ကြိုးမဲ့နည်းပညာပစ္စည်းတွေ အသုံးပြုတာ များလာကြပေမယ့် ဦးနှောက်ကင်ဆာ ပိုပြီအဖြစ်များလာတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
▪️ အချိန်ကြာမြင့်စွာ ဖုန်းပြောဆိုသူတွေ ဖုန်းအသုံးပြုသူတွေမှာပင် မတွေ့ရပါဘူး။
▪️ နိုင်ငံ ၁၀ နိုင်ငံကနေ ၁၉၉၄ မှ ၂၀၂၂ အတွင်း လေ့လာချက် ၆၃ ခုကို သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
▪️ မိုဘိုင်းဖုန်းများ၊ တီဗီများ၊ ကလေးစောင့်ကြည့်ရေးစက်များ၊ ရေဒါများမှာ အသုံးပြုတဲ့ ရေဒီယိုကြိမ်နှုန်း သက်ရောက်မှုများကို သုံးသပ်ခဲ့ကြတယ်လို့ နယူးဇီလန် အော့ကလန်တက္ကသိုလ်မှ ကင်ဆာရောဂါ ပရော်ဖက်ဆာ မာ့ခ်အယ်ဝုဒ်က ပြောပါတယ်။
▪️ လူကြီးတွေ ကလေးတွေရဲ့ ဦးနှောက်ကင်ဆာများအပြင် ဖုန်းအသုံးပြုခြင်း၊ ရေဒီယိုလှိုင်း ထိတွေ့ခြင်းတို့နဲ့ ဆက်စပ်နေတဲ့ အခြားကင်ဆာများကိုလည်း ကြည့်ရှုခဲ့ကြပါတယ်။
▪️ အခြားလေ့လာချက်တွေမှာလည်း မိုဘိုင်းဖုန်း အသုံးပြုခြင်းကြောင့် ထွက်လာတဲ့ ဓာတ်ရောင်ခြည်ကနေ ကျန်းမာရေး ဆိုးကျိုးဖြစ်စေတဲ့ အထောက်အထားမျိုး မတွေ့ရပေမယ့် နောက်ထပ် သုတေသနပြုလုပ်ကြဖို့ တောင်းဆိုနေကြပါတယ်။
▪️ ၂၀၁၁ ခုနှစ် နောက်ဆုံးဆန်းစစ်ပြီးနောက်ပိုင်း အချက်အလက်အသစ်များ ပြန်လည်သုံးသပ်ကြဖို့ နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီက တောင်းဆိုထားပါတယ်။
▪️ WHO သုံးသပ်ချက်က လာမယ့်နှစ် ပထမ ၃ လအတွင်းထုတ်ပြန်မှာ ဖြစ်ပါတယ်။
#Source: The Jerusalem Post
#World_Health
Published 19 September 2024
▪️ ဗြိတိန်ပြည်ထောင်စုမှ သုတေသီများက နှာခေါင်းအစက်ချဆေးဟာ ကလေးတွေ အအေးမိခြင်းမှ ခံစားရမှုကို ၂ ရက်လောက် လျှော့ချနိုင်သလို မိသားစုဝင်တွေ ဖျားနာခြင်းကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
▪️ ကလေးတွေဟာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းရောဂါ ဖြစ်ပွားမှု ၁၂ မျိုးလောက်အထိ ဖြစ်နိုင်ကာ မိသားစုဝင်တွေကိုပါ သက်ရောက်နိုင်ပြီး အအေးမိဖျားနာလက္ခဏာ သက်သာစေမယ့် ဆေးတွေရှိပေမယ့် မြန်မြန်ဆန်ဆန် သက်သာဖို့နည်းလမ်းတော့ မရှိဘူးလို့ အီဒင်ဘာဂ်တက္ကသိုလ်မှ ပရော်ဖက်ဆာ စတိဗ်ကန်နင်ဂမ်က ပြောပါတယ်။
▪️ စမ်းသပ်မှုမှာ သုတေသီတွေက ကလေးနှာခေါင်းအစက်ချဆားရည်ကို ဘယ်လိုပြုလုပ်ပြီး အသုံးပြုရမလဲဆိုတာကို မိဘတွေထံ သင်ကြားပေးပါတယ်။
▪️ ကလေးငယ်ပေါင်း ၁၅၀ မှာ တစ်နေ့အနည်းဆုံး လေးကြိမ်ဖြင့် နှာခေါင်းတစ်ပေါက်ကို သုံးစက်စီ အသုံးပြုခိုင်းပါတယ်။
▪️ နောက်ထပ် ၁၅၁ ယောက်ကိုတော့ ပုံမှန်အအေးမိ ကုသနည်းအတိုင်း ပြုလုပ်ခဲ့ပါတယ်။
▪️ ထိုအခါမှာ ဆားရည်နှာခေါင်းအစက်ချဆေးပေးတဲ့ ကလေးတွေက အအေးမိလက္ခဏာတွေ ပျမ်းမျှ ၆ ရက်လောက် ခံစားရပြီး သာမန်ကုသနည်းပေးတဲ့ ကလေးတွေကတော့ ၈ ရက်လောက် ခံစားရတာကို တွေ့ခဲ့ရကာ ဆားရည်နှာခေါင်းအစက်ချဆေး အသုံးပြုတဲ့ကလေးတွေက ဆေးဝါးလိုအပ်ချက်လည်း ပိုမိုနည်းပါးခဲ့ပါတယ်။
▪️ ဒါ့အပြင် နှာခေါင်းအစက်ချဆေးသုံးတဲ့ ကလေးတွေရဲ့ အိမ်သူအိမ်သားထံ လက္ခဏာကူးစက်ခြင်းက ၄၆ ရာခိုင်နှုန်းသာရှိကာ သာမန်ကုသတဲ့ ကလေးတွေရဲ့ မိသားစုဝင်တွေမှာတော့ ၆၁ ရာခိုင်နှုန်း ရှိပါတယ်။
▪️ ဒီသုတေသနကို ဩစတြီးယား ဗီယင်နာရှိ ဥရောပ အသက်ရှူလမ်းကြောင်း အဖွဲ့အစည်းကွန်ဂရက်မှာ မကြာမီ တင်ပြသွားမှာ ဖြစ်ပါတယ်။
▪️ အသက်ရှူလမ်းကြောင်းရှိ ဆဲလ်တွေက ဆားရည်မှ ကလိုရိုက်ဒ်ကိုသုံးပြီး ဟိုက်ပိုကလိုရပ်စ်အက်ဆစ် ထုတ်လုပ်ကာ ဗိုင်းရပ်စ်ရန်မှ ကာကွယ်ပေးတယ်လို့ ကန်နင်ဂမ်က ပြောပါတယ်။
▪️ ဒီနည်းလမ်းက အလွန်သက်သာ ရိုးရှင်းသလို ကလေးတွေနဲ့ မိသားစုဝင်တွေမှာ အအေးမိလက္ခဏာကို ထိရောက်စွာ လျှော့ချပေးနိုင်မယ်လို့ စမ်းသပ်မှုမှာ မပါဝင်တဲ့ မိုလာက ပြောသွားပါတယ်။
▪️ ဒါ့အပြင် နှာခေါင်းအစက်ချဆေးသုံးတဲ့ ကလေးတွေမှာ အအေးမိစဉ်အတွင်း နှာချေခြင်းလည်း လျော့နည်းသွားတယ်လို့ မှတ်ချက်ပြုထားပါတယ်။
#Source: New York Post
၁၈ စက်တင်ဘာ ၂၀၂၄
လက်ဘနွန်နိုင်ငံမှာ ပေဂျာ pager လို့ခေါ်တဲ့ အချက်ပြဆက်သွယ်ရေးကိရိယာတွေ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ဦးသေဆုံးကာ ဟက်ဇ်ဘိုလာလုပ်သား ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့နှင့် အဓိကရန်သူတော် အစ္စရေးတို့အကြား အပြည့်အဝစစ်ပွဲတစ်ခုဖြစ်လာမယ့် အလားအလာတွေရှိလာပါတယ်။
အဲဒီပေဂျာစက်တွေကို ထိုင်ဝမ်ပေဂျာကုမ္ပဏီ Gold Apollo ကထုတ်လုပ်တယ်ဆိုတာနှင့်ပတ်သက်ပြီး ကုမ္ပဏီက ငြင်းဆို လိုက်ပါတယ်။ အဲဒီပေဂျာတွေဟာ သူတို့ရဲ့ လိုင်စင်အောက်မှာ ဟန်ဂေရီမြို့တော် ဘူဒါပက်စ်အခြေစိုက် BAC က ထုတ်လုပ်တာသာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားမြေပေါ်မှာ ခေတ်မီဆန်းပြားတဲ့ တိုက်ခိုက်မှုမျိုးစုံနှင့် တိုက်ခိုက်ရာမှာ ရာဇဝင်ရှိခဲ့တဲ့ အစ္စရေး စပိုင်အဖွဲ့ မောဆက်က ပေဂျာတွေရဲ့အတွင်းမှာ ပေါက်ကွဲပစ္စည်းတွေထည့်သွင်းခဲ့တာဖြစ်တယ်လို့ လက်ဘနွန်လုံခြုံရေးအရင်းအမြစ်တွေနှင့် အခြား အရင်းအမြစ်တွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ အဆိုပါပေဂျာတွေဟာ လများစွာကတည်းက ဟက်ဇ်ဘိုလာအဖွဲ့က တင်သွင်းထားတာဖြစ်ပါတယ်။
သေဆုံးသူ ၁၂ဦးထဲမှာ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖီရပ်စ်အာဘီယတ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာတိုက်ခိုက်ရေးသမား အများအပြားနှင့် လက်ဘနွန်ဆိုင်ရာ အီရန်သံအမတ်ကြီးအပါအဝင် လူပေါင်း ၃၀၀၀ ခန့်နီးပါး ဒဏ်ရာရရှိသွားပါတယ်။ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို လက်တုန့်ပြန်မယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါပေမယ့် အစ္စရေးစစ်တပ်ကတော့ ပေါက်ကွဲ မှုအပေါ် မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနကိုငြင်းဆန်ပါတယ်။
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးအာမန်ဆာဖာဒီက အစ္စရေးနိုင်ငံသည် မျက်နှာစာများစွာတွင် အန္တရာယ်များလှသော အရှိန်မြှင့် လုပ်ဆောင်မှုများလုပ်ဆောင်ခြင်းဖြင့် အရှေ့အလယ်ပိုင်းတွင် ဒေသဆိုင်ရာ စစ်ပွဲတစ်ခုဖြစ်လုနီးပါး အခြေအနေတစ်ခုကို တွန်းပို့နေတယ်လို့ ဝေဖန်ပြောကြားပါတယ်။
ယခုလို ကြံစည်မှုဟာ လပေါင်းများစွာကတည်းက ကြိုတင်ဆောင်ရွက်ခဲ့ပုံရတယ်လို့ သတင်းအရင်းအမြစ်များစွာက ရိုက်တာကို ပြောပါတယ်။
သူတို့ဟာ Gold Apollo ကနေ ပေဂျာ ၅၀၀၀ ခု မှာယူခဲ့တယ်လို့ လက်ဘနွန်လုံခြုံရေး အကြီးတန်းအရင်းအမြစ်တစ်ခုက ပြောပြပါတယ်။ ယခုနှစ်စောစောပိုင်းမှာ အဲဒီပေဂျာတွေ လက်ဘနွန်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
ဒီပစ္စည်းတွေက ကျွန်တော်တို့ထုတ်တာမဟုတ်ဘူး။ ကျွန်တော်တို့တံဆိပ်တပ်ထားတာ လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။
အဲဒီပေဂျာဟာ AR-924 အမျိုးအစားဖြစ်ပြီး ဟက်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးခြေရာခံလိုက်လို့မရအောင် အတွက် ပေဂျာတွေသုံးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီပေဂျာတွေကို အစ္စရေးထောက်လှမ်းရေးက ထုတ်လုပ်နေတဲ့အဆင့်မှာတင် ပြုပြင်ပြောင်းလဲခဲ့တာလို့ အကြီးတန်း လက်ဘနွန်အရင်းအမြစ်ကပြောပါတယ်။
“ မောဆက်ဟာ ကိရိယာအတွင်းကို ဘုတ်ပြားတစ်ခုစိုက်ခဲ့တယ်။ အဲဒါက ကုတ်ဒ်သင်္ကေတတစ်ခုဝင်လာရင် ပေါက်ကွဲအောင် လုပ်ပေးထားတာဖြစ်တယ်” လို့ သူကဆက်ပြောပါတယ်။
ပေဂျာထဲမှာ ပေါက်ကွဲပစ္စည်း (၃)ဂရမ်အထိသာ ထည့်ထားလို့ လပေါင်းများစွာအထိ ဟက်ဇ်ဘိုလာတွေ မသိရှိခဲ့တာပါ။
အစ္စရေးရဲ့ မောဆက်ဟာ အဲဒီလိုရှုပ်ရှုပ်ထွေးထွေးစစ်ဆင်ရေးတွေမှာ နာမည်ကျော်ပါတယ်။ ၁၉၆၀ပြည့်နှစ်တုန်းက သူဟာ နာဇီထိပ်တန်းအရာရှိ အက်ဒေါ့အိုက်မန်းကို အဓ္ဓမခေါ်ယူခဲ့တာမျိုးရှိခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်တုန်းကလည်း ဆိုက်ဘာတိုက်ခိုက်မှုနှင့် အီရန်ရဲ့ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးကို အဝေးထိန်းစက်သေနတ်ဖြင့် သတ်ဖြတ်မှုမှာ မောဆက်ကို အပြစ်တင်ခဲ့ကြပါတယ်။
Source Reuters
#Daily_News
Published 18 September 2024
၁။ အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းတန်ချိန်(၃၂) တန်နှင့် အိန္ဒိယတပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်း(၂၁)တန် မြန်မာနိုင်ငံသို့လှူဒါန်း
၂။ ဟိုပုန်းနှင့်လွိုင်လင်မြို့နယ်များရှိ ရေဘေးသင့်ကျေးရွာများမှ လူဦးရေ ၅၀ခန့်ပျောက်ဆုံး၊ အကူအညီများလိုအပ်နေ
၃။ ရေဘေးသင့်ပြည်သူများအတွက် မြန်မာ့ဘောလုံးမိသားစုမှ ဆက်လက်လှူဒါန်းမည်
၄။ အငြိမ်းစားများကို အလုပ်ပြန်လည်ခန့်ထားရေး အသက်တိုးမြှင့်ခြင်းအစီအစဉ် စင်္ကာပူနိုင်ငံသားအများစုထောက်ခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Politics
Published 18 September 2024
▪️ ဒေါ်နယ်အိုဝင်လို့ခေါ်တဲ့ အသက် ၇၁ နှစ်အရွယ် အငြိမ်းစားတစ်ဦးက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပြီး တစ်ယောက်ယောက်က ထရမ့်ကို ပစ်သတ်မယ်ဆိုရင် သူ့ရှေ့ကနေ အရင်ဆုံးပြေးကာပေးသွားမယ်လို့ ပြောသွားပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်က ထရမ့်ကို လုပ်ကြံဖို့ကြိုးပမ်းမှုတစ်ခု ဖြစ်ပျက်ပြီးနောက် ဒေါ်နယ်ထရမ့် ပထမဆုံးစည်းရုံးရေးပွဲသို့ ထောက်ခံသူအများအပြား ရောက်လာကြကာ သမ္မတဟောင်း ထပ်မံလုပ်ကြံခံရမှာကို စိုးရိမ်နေကြပါတယ်။
▪️ မီချီဂန်ပြည်နယ်မှ မော်တော်ယာဉ်လုပ်သားဟောင်း အိုဝင်က သူ့အသက်ထက် ထရမ့်ရဲ့အသက်က ပိုအရေးကြီးတယ်လို့ ပြောလိုက်ကာ စည်းရုံးရေးပွဲပြုလုပ်နေတဲ့ ဖလင့်မြို့တော်ခန်းမသို့ အင်္ဂါနေ့ညနေမှာ ရောက်ရှိနေပါတယ်။
▪️ ဇူလိုင်လက ထရမ့်လုပ်ကြံခံရစဉ် လက်သီးလက်မောင်းတန်းပြီး နားရွက်မှာ သွေးထွက်နေတဲ့ နာမည်ကြီးပုံပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားကာ ဒီလိုဖြစ်ပျက်ရခြင်းအတွက် အိုဝင်က ဒီမိုကရက်တွေကို တာဝန်ယူခိုင်းပါတယ်။
▪️ ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်မလာအောင် လုပ်ကြံချင်နေကြတယ်လို့ ထင်မြင်ကြောင်း အိုဝင်က ပြောပါတယ်။
▪️ တနင်္ဂနွေနေ့က ဖလော်ရီဒါရှိ ဂေါက်ကွင်းအနီးမှာ လုပ်ကြံကြိုးပမ်းမှုတစ်ခု အထမမြောက်ခဲ့ပြီးနောက် ထရမ့်က သမ္မတဂျိုးဘိုင်ဒင်နဲ့ ဒီမိုကရက် ရွေးကောက်ပွဲပြိုင်ဘက် ကာမယ်လာဟားရစ်တို့ကို အပြစ်တင်လိုက်ပါတယ်။
▪️ ထရမ့်အနိုင်ရမယ်ဆိုတာသိလို့ သူတို့တတ်နိုင်သလောက် လုပ်နေကြတယ်လို့ ဂျွန်ရပ်ဆဲလ်ဆိုတဲ့ မဲပေးသူတစ်ဦးကလည်း ပြောပါတယ်။
▪️ နိုဝင်ဘာလရွေးကောက်ပွဲ အဆုံးအဖြတ် ပေးနိုင်ဖွယ်ရှိတဲ့ အဓိကပြည်နယ်ကြီး ၇ ခုထဲက တစ်ခုဖြစ်တဲ့ မီချီဂန်မှ မြို့တော်ခန်းမကို ရပ်ဆဲလ်တက်ရောက်လာတာ ဖြစ်ပါတယ်။
▪️ ၂၀၁၆ ခုနှစ် ထရမ့်အနိုင်ရစဉ်ထဲက ထောက်ခံလာတဲ့ အသက် ၄၂ နှစ်အရွယ် ရေချယ်လ်ကူးပါးကတော့ ပထမဆုံးအကြိမ် တက်ရောက်လာပါတယ်။
▪️ ထရမ့်က ပြည်သူတွေအတွက် လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ ဈေးနှုန်းတွေ ကျဆင်းဖို့ လိုအပ်ကြောင်း၊ လုံခြုံရေးတွေ စောင့်ကြပ်နေတဲ့အတွက် ပွဲကိုလာရတာ မကြောက်ရွံ့ကြောင်း ပြောသွားပါတယ်။
▪️ အသက် ၅၃ နှစ်ရှိ ဖော့ခ်နာကတော့ နှစ်ဖက်စလုံးက အမုန်းတရားတွေ ဖြေလျှော့သင့်ပြီလို့ ပြောပါတယ်။
▪️ ရက် ၆၀ အတွင်း နှစ်ကြိမ်လုပ်ကြံခံရပေမယ့် ထရမ့်က မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်ပြီး ချီးကျူးထိုက်တယ်လို့ ပြောသွားပါတယ်။
#Source: Barron's
Page 83 of 858