#DailyNews
Published - 8 June 2022
၁။ နယ်မှ ရန်ကုန်သို့ ပစ္စည်းတင်ပို့သည့်ကားခများ ဈေးတက်ဟုဆို
၂။ ရခိုင်ပြည်နယ်၏ ပထမဆုံး ဗုဒ္ဓတက္ကသိုလ်တည်ဆောက်မှု စတင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ TikTok မှာကပြပြီးနာမည်ကြီးလာသည့် ဂျပန်ဦးလေးကြီး(၄)ယောက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldReligion
Published 7 June 2022
အိန္ဒိယအာဏာရပါတီမှ ထိပ်သီးအရာရှိတစ်ဦးက ပရောဟိတ်'မိုဟာမက်'အကြောင်းနဲ့ပတ်သက်ပြီး အစ္စလာမ်မုန်းတီးရေးမှတ်ချက်များပြောကြားခဲ့တဲ့အပေါ် ဆော်ဒီအာရေဗျအပါအဝင် ပင်လယ်ကွေ့နိုင်ငံများက တနင်္ဂနွေနေ့မှာရှုတ်ချလိုက်ပါတယ်။
#Yangon_Media_Group
Published 7 June 2022
တောင်ကိုးရီးယားနှင့် အမေရိကန်တို့ဟာ ကိုယ်ပျောက်တိုက်လေယာဉ်တွေအပါအဝင် စစ်လေယာဉ်တွေကို ကိုရီးယားကျွန်းဆွယ်ဝန်းကျင် ရေပြင်ပေါ်က ဖြတ်သန်းပျံသန်းပြခဲ့ကြပါတယ်။ မကြာသေးမီက မြောက်ကိုးရီးယားက ဒုံးကျည်တွေပစ်လွှတ်ခဲ့ပြီးနောက် ထိုနှစ်နိုင်ငံက အင်အားပြသခဲ့ကြတာဖြစ်ပါတယ်။
F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေအပါအဝင် တောင်ကိုးရီးယား စစ်လေယာဉ်(၁၆)စီးနှင့် အမေရိကန်က F-16 ဂျက်တိုက်လေယာဉ်(၄)စီးတို့ဟာ ပင်လယ်ဝါလို့သိကြတဲ့ အနောက်ပင်လယ်အပေါ်ကနေ့ တိုက်ခိုက်မှုပုံစံတပ်ဖွဲ့ ပျံသန်းပြခဲ့ကြပါတယ်လို့ ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်တွေက သတင်းထုတ်ပြန်ပါတယ်။
Source AFP
Published 7 June 2022
ဗီယက်နမ်က ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်ကို ကွန်မြူနစ်ပါတီရဲ့ စည်းမျည်းတွေကို ချိုးဖောက်ပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို ဆုံးရှုံးမှုဖြစ်စေတယ်လို့ စွပ်စွဲပြီးအင်္ဂါနေ့က ထုတ်ပယ်ပစ်လိုက်တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။
၂၀၁၆ခုနှစ်မှာ ဗီယက်နမ်မှာ စတင်ခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်နေတဲ့အချိန်မှာ ဝန်ကြီးတစ်ဦး အထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်များက ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိဒါဇင်ကျော်လည်း ဖမ်းဆီးခံရပါတယ်။ သူတို့ကို ကိုဗစ်-၁၉ စစ်ဆေးရေးကိရိယာတွေအပါအဝင် ဆေးဝါးပစ္စည်းတွေ ဝယ်ယူရာမှာ မလျော်မကန်ဆောင်ရွက်ခဲ့ကြတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ အကြီးတန်း ဘဏ္ဍာရေးနှင့် သံတမန်ရေးရာ အရာရှိကြီးတွေဟာ ပစ်မှတ်ထားအရေး ယူခံကြရပြီး တော်တော်များများဟာ တရားစွဲဆိုခံကြရပြီး ထောင်ချခံကြရပါတယ်။
အင်္ဂါနေ့ကကျင်းပတဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်က ၂၀၂၀ပြည့်နှစ်မှာ ကျန်းမာရေးဝန်ကြီးဖြစ်လာခဲ့တဲ့ အသက်၅၅နှစ်အရွယ်ရှိ ကျန်းမာရေးဝန်ကြီးကို မဲပေးထုတ်ပယ်လိုက်ကြတာဖြစ်ပါတယ်။
မစ္စတောလောင်းကို ကွန်မြူနစ်ပါတီကပါ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
“လောင်းဟာ နိုင်ငံရေးအတွေးအခေါ်နိမ့်ကျတယ်၊ ပါတီစည်းမျည်းတွေချိုးဖောက်တယ်။ပြီးတော့ ဘတ်ဂျက်ကို ဆုံးရှုံးမှုဖြစ်စေတယ်” လို့ အစိုးရက ကြေညာပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရွှမ်းတူယင်ကို ခေတ္တဝန်ကြီးအဖြစ်ခန့်အပ်လိုက်တယ်လို့ ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
Source Reuters
#DailyNews
Published - 7 June 2022
၁။ ယခုမိုးရာသီတွင်ကြုံတွေ့နိုင်သည့် သဘာဝဘေးအတွက် ရန်ကုန်တိုင်းရှိလူမှုကူညီရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားဟုဆို
၂။ YBS စီး ခရီးသွားများအပေါ် အုပ်စုဖွဲ့ခါးပိုက်နှိုက် လုယက်သူများအား ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးမှုများစတင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အိန္ဒိယအရာရှိတစ်ဦး၏ အစ္စလာမ်မုန်းတီးရေးမှတ်ချက်များအပေါ် ပင်လယ်ကွေ့တိုင်းပြည်များကန့်ကွက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldHealth
Published 7 June 2022
အသည်းထဲကဆဲလ်တွေက အလိုအလျောက်ပြန်လည်နုပျိုနေတာကြောင့် လူ့အသက် ၈၀ ရောက်သည့်တိုင်အောင် အသည်းရဲ့သက်တမ်းက ၃ နှစ်ထက်မပိုကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
သူတို့ရဲ့လေ့လာတွေ့ရှိမှုက အသည်းအဆီဖုံးခြင်းနဲ့ အသည်းခြောက်ခြင်းတို့လို အင်္ဂါအတွင်းအသက်အရွယ်အရဖြစ်လာတတ်တဲ့ ရောဂါတွေကို ပိုမိုနားလည်သိရှိစေနိုင်မှာဖြစ်ကြောင်း ဂျာမနီသိပ္ပံပညာရှင်များက ပြောကြားလိုက်ပါတယ်။
အသည်းအင်္ဂါတစ်ခုတည်းကပဲ ပျက်စီးသွားတဲ့ဆဲလ်တွေနေရာမှာ အသစ်ပြန်ဖြစ်ပေါ်ကြောင်း ပထမဆုံးအကြိမ်တွေ့ရှိခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင်များက အဆိုပါသက်တမ်းကို တွက်ချက်ခန့်မှန်းခဲ့ကြပါတယ်။
လူ့ခန္ဓာကိုယ်ဟာ နေ့စဉ်ဆဲလ်ပေါင်းဘီလီယံနဲ့ချီပြီး အစားထိုးလျက်ရှိကာ အူလမ်းကြောင်းနံရံကဆဲလ်တွေက သက်တမ်း ၄ ရက်မျှရှိကာ သက်တမ်းအတိုဆုံးဆဲလ်တွေဖြစ်ပါတယ်။
ကြွက်သားတွေကဆဲလ်တွေကတော့ နှစ်ပေါင်း ၇၀ လောက်သက်တမ်းရှိပြီး ဦးနှောက်ထဲကဆဲလ်တွေဆိုရင် အသက်ရှင်နေသရွေ့ ဆဲလ်တွေရှင်သန်နေနိုင်ပါတယ်။
ဒရက်စ်ဒန်နည်းပညာတက္ကသိုလ်မှ သုတေသီတွေက အသက် ၂၀ မှ ၈၄ နှစ်ကြားလူနာ ၃၂ ဦးရဲ့ အသည်းနမူနာများနဲ့ သေဆုံးပြီးသားလူတွေဆီက နမူနာ ၃၂ မျိုးရယူကာလေ့လာခဲ့ပါတယ်။
အသည်းနမူနာများရဲ့သက်တမ်းကိုတွက်ချက်ရာမှာ ဆဲလ်တွေပေါ်က ကာဗွန်ပမာဏကိုတိုင်းတာတဲ့နည်းလမ်း အသုံးပြုခဲ့ကြပါတယ်။
လေ့လာချက်ထဲမှာ အသည်းရဲ့ဆဲလ်တွေက ပျမ်းမျှခြင်းအားဖြင့် သက်တမ်းတစ်နှစ်ရှိပြီး အလွန်ဆုံး ၃ နှစ်ထက်မကျော်လွန်ခဲ့ပါဘူး။
ဦးဆောင်သုတေသနပြုလုပ်တဲ့ ဒေါက်တာ'အိုလက်ဖ်ဘာ့ဂျ်မန်း'က "အသက်ကြီးကြီးငယ်ငယ် အသည်းရဲ့သက်တမ်းက ၃ နှစ်အောက်သာရှိပါတယ်၊ အသက်အရွယ်အလိုက်ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အသည်းကင်ဆာကို ပိုမိုနားလည်လာနိုင်ဖို့အတွက် အသည်းထဲကဆဲလ်ပြန်လည်ဖြစ်ပေါ်ခြင်းဖြစ်စဉ်က အလွန်အရေးကြီးပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။
အသည်းဆဲလ်တွေက ပြန်လည်နုပျိုနိုင်စွမ်းရှိပေမယ့် ဆဲလ်မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှုများကြောင့် အသည်းရဲ့သက်တမ်းရင့်လာတဲ့အထောက်အထားတွေလည်း ရှိနေပါတယ်။
ဒီဖြစ်စဉ်က ဆဲလ်ပုံမှန်လုပ်ဆောင်ချက်များကို ထိခိုက်စေပြီး အမျိုးမျိုးသောရောဂါများဖြစ်ပွားလာစေနိုင်ကြောင်း Computational and Structural Biotechnology မှာ ၂၀၁၉ ခုနှစ်က လေ့လာဖော်ပြခဲ့ပါတယ်။
လူ့ခန္ဓာကိုယ်ကနေ နေ့စဉ်ဆဲလ်ပေါင်း ၃၃၀ ဘီလီယံလောက် အစားထိုးထွက်ရှိစေပြီး တနည်းအားဖြင့် အားလုံးပေါင်းရဲ့ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း PLOS Biology မှာ ၂၀၁၆ က လေ့လာဖော်ပြခဲ့ပါတယ်။
သက်တမ်းအတိုဆုံးဆဲလ်က သုတ်ပိုးဆဲလ်ဖြစ်ပြီး အစားထိုးမခံရခင် ၃ ရက်မျှသာနေထိုင်နိုင်တာဖြစ်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#CovidVaccine
Published 7 June 2022
Biological E ကုမ္ပဏီမှထုတ်လုပ်တဲ့ ကော်ဘီဗက်ဇ်(Corbevax)ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၈ နှစ်နဲ့အထက်လူတွေမှာ အားမြှင့်ကာကွယ်ဆေး(booster)အဖြစ် ထိုးနှံခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
ကိုဗက်ဆင်း(Covaxin) သို့မဟုတ် ကိုဗီရှီးလ်(Covishield) ၂ ကြိမ်ထိုးပြီး ၆ လကြာတဲ့သူတွေမှာ အဆိုပါအားမြှင့်ကာကွယ်ဆေးကိုထိုးနှံနိုင်ကြောင်း ကုမ္ပဏီကထုတ်ပြန်လိုက်ပါတယ်။
"ယခုလိုအသိအမှတ်ပြုမှုအတွက် အလွန်ဝမ်းသာရပြီး အိန္ဒိယနိုင်ငံက ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)လိုအပ်ချက်ကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုခရီးဟာ နောက်ထပ်မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်၊ ယခုအသိအမှတ်ပြုမှုကနေ ကော်ဘီဗက်ဇ်ရဲ့ကိုယ်ခံအားမြှင့်တင်နိုင်မှုစွမ်းရည်နဲ့ ကမ္ဘာ့အဆင့်စံချိန်စံညွှန်းများအကြောင်း သိရှိစေမှာဖြစ်ပါတယ်" လို့ Biological E ရဲ့ဦးဆောင်ညွှန်ကြားရေးမှူး'မာဟီမာဒတ်လာ'က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကော်ဘီဗက်ဇ်အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကိုဗီရှီးလ်နဲ့ ကိုဗက်ဆင်းထိုးနှံထားတဲ့သူတွေမှာ ရောဂါကာကွယ်ရေးပဋိပစ္စည်းပမာဏသိသိသာသာများလာကြောင်း ကုမ္ပဏီကပြောပြပါတယ်။
အိန္ဒိယဆေးဝါးထိန်းချုပ်ကွပ်ကဲရေး(DCGI)က ကော်ဘီဗက်ဇ်ကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၂ နှစ်ကြားကလေးတွေမှာထိုးနှံဖို့ ဧပြီနှောင်းပိုင်းမှာ အရေးပေါ်ခွင့်ပြုပေးခဲ့ပြီး ဒီမတိုင်ခင်ကလည်း အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားလူငယ်တွေမှာ ထိုးနှံပေးခဲ့ပါတယ်။
Biological E က ကော်ဘီဗက်ဇ်ဆေးတစ်လုံးကို ၈၄၀ ရူပီးသတ်မှတ်ထားရာကနေ မေလက ပစ္စည်းနဲ့ဝန်ဆောင်မှုအခွန်အခများအပါအဝင် ပုဂ္ဂလိကကာကွယ်ဆေးထိုးနှံရေးစင်တာများအတွက် ၂၅၀ ရူပီးအထိ ဈေးနှုန်းလျှော့ချပေးခဲ့ပါတယ်။
မတ်လက အိန္ဒိယမှာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားကလေးတွေကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ရာ ကော်ဘီဗက်ဇ်ကာကွယ်ဆေးကို အသုံးပြုခဲ့ပြီး အစိုးရကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွက် ဈေးနှုန်းကို ၁၄၅ ရူပီးဖြင့် သတ်မှတ်ပေးခဲ့ပါတယ်။
Biological E က ကော်ဘီဗက်ဇ်ကာကွယ်ဆေးထုတ်လုပ်ရာမှာ တက္ကဆက်ကလေးဆေးရုံ၊ ဘိုင်လာဆေးပညာကောလိပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
အရေးပေါ်ထိုးနှံခွင့်မရခင်မှာ ကုမ္ပဏီက အသက် ၅ နှစ်မှ ၁၂ နှစ်ကြားကလေးတွေနဲ့ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားကလေးတွေမှာ ဒုတိယအဆင့်နဲ့တတိယအဆင့်စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ကော်ဘီဗက်ဇ်ကို အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားကလေးများအတွက် မတ်လကစတင်ထိုးနှံစဉ်က သူတို့ရဲ့ကာကွယ်ဆေးကို လူအများတတ်နိုင်တဲ့အနေအထားဖြစ်အောင် အဓိကရည်မှန်းထားခဲ့တာဖြစ်ကြောင်း မစ္စ'ဒတ်လာ'က NDTV ကိုပြောကြားခဲ့ပါတယ်။
Source: NDTV
#Yangon_Media_Group
Page 805 of 929