#World_News
Published 21 September 2024
▪️ အစ္စရေးလ်တို့ဟာ သောကြာနေ့က လက်ဘနွန်မြို့တော် ဘေရုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ လက်ဘနွန်ဘက်မှ ဟက်ဇ်ဘိုလာ ထိပ်တန်းတပ်မှူးတစ်ဦးနဲ့ အခြားအကြီးတန်းပုဂ္ဂိုလ်တွေကို သတ်နိုင်ခဲ့ပြီး လက်ဘနွန်နယ်စပ်နားတဝိုက်ဒေသ လုံခြုံမှုမရမချင်း စစ်ဆင်ရေးအသစ် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
▪️ လေကြောင်းတိုက်ခိုက်မှုအတွင်း အီဘရာဟင်အာကီးလ်နဲ့ ဟက်ဇ်ဘိုလာ လက်ရွေးစင်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်များ သေဆုံးခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်နဲ့ လက်ဘနွန်ရှိ လုံခြုံရေးရင်းမြစ်တို့က ပြောကြားလိုက်ကာ အစ္စရေးလ်နဲ့ အီရန်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့တို့ကြား ပဋိပက္ခတင်းမာမှု ဆက်လက်မြင့်တက်စေခဲ့ပါတယ်။
▪️ ဟက်ဇ်ဘိုလာဘက်ကလည်း ထိပ်သီးခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့တာကို အတည်ပြုခဲ့ပြီး ဖြစ်ပျက်ခဲ့ပုံ အတိအကျတော့ မပြောထားပါဘူး။
▪️ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၄ ဦးသေဆုံးထားပြီး ကယ်ဆယ်ရေးအဖွဲ့များ ညလုံးပေါက် ကယ်ဆယ်နေတာကြောင့် သေဆုံးစာရင်း ထပ်မံတိုးလာဖွယ်ရှိကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
▪️ အစောပိုင်းကတော့ အနည်းဆုံး ၆၆ ဦးဒဏ်ရာရရှိကာ ၉ ဦးက အရေးပေါ်အခြေအနေ ဖြစ်နေပါတယ်။
▪️ အဆောက်အအုံတစ်ခုရဲ့ ဂိုထောင်အပေါက်ဝသို့ ဒုံးကျည်များ ပစ်ထည့်လိုက်ချိန်မှာ အခြားဟက်ဇ်ဘိုလာ တပ်မှူး ၆ ယောက်လည်း အနည်းဆုံးသေဆုံးခဲ့တယ်လို့ နောက်ထပ်လုံခြုံရေး သတင်းရင်းမြစ်က ဆိုပါတယ်။
▪️ အာကီးလ်က အခြားတပ်မှူးများနဲ့ အထဲမှာတွေ့ဆုံစဉ် အဆောက်အအုံ အထပ်အနိမ့်ပိုင်းတွေမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
▪️ မျက်မြင်တွေ့ရှိသူတွေ ပြောကြားချက်အရ ပစ်ခတ်ချိန်အတွင်း ကျယ်လောင်တဲ့ ဝီစီသံနဲ့ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်လို့ သိရပါတယ်။
▪️ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက အစ္စရေးလ် ဦးတည်ချက်တွေက ရှင်းလင်းပြတ်သားပြီး လုပ်ရပ်နဲ့သာ ဖော်ပြနေတယ်လို့ ပြောကြားလိုက်ပါတယ်။
▪️ ပြီးခဲ့တဲ့ အောက်တိုဘာလ ဟက်ဇ်ဘိုလာတို့ အစ္စရေးလ်ဘက်ကို ဒုံးကျည်များ စတင်ပစ်ခတ်နေတည်းက အစ္စရေးလ်-လက်ဘနွန် နယ်စပ်ရှိ နှစ်ဖက်စလုံးမှ လူပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
▪️ လက်ဘနွန်ဆိုင်ရာ ကုလအထူးသံတမန် ဂျနင်ဟန်နစ်ပလက်စ်ချာ့တ်က ဘေရုဆင်ခြေဖုံးနေရာမျိုးကို တိုက်ခိုက်တာဟာ အကြမ်းဖက်လုပ်ရပ်တွေ သံသရာလည်နေတဲ့သဘောဖြစ်ပြီး အခုချက်ချင်း ရပ်တန့်ရမယ်လို့ ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 21 September 2024
▪️ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့နေရခြင်းက ပျမ်းမျှနေထိုင်သက်တမ်းကို ၂ နှစ်လောက် တိုစေတယ်လို့ စွမ်းအင်ပေါ်လစီအဖွဲ့အစည်းမှ ယမန်လက ထုတ်ပြန်ခဲ့ပါတယ်။
▪️ အိန္ဒိယရှိ လေထုအရည်အသွေးညွှန်းကိန်း (AQLI)လေ့လာချက်အရ လေထုအမှုန်အတိုင်းအတာ PM 2.5 က နှစ်စဉ်ပျမ်းမျှ တစ်ကုဗမီတာလျှင် ၄၀ မိုက်ခရိုဂရမ်နှုန်း ဖြစ်နေပြီး ဒေသခံ ၄၀ ရာခိုင်နှုန်းလောက်ဟာ ညစ်ညမ်းလေထုသတ်မှတ်ချက်ထက် ကျော်လွန်တဲ့လေတွေကို ရှူရှိုက်နေရပါတယ်။
▪️ WHO က နှစ်စဉ် တစ်ကုဗမီတာလျှင် ၅ မိုက်ခရိုဂရမ်နှုန်းသာ ရှိရမယ်လို့ အကြံပြုထားပါတယ်။
အိန္ဒိယမှာ လေထုအညစ်ညမ်းဆုံးမြို့က ဒေလီဖြစ်ပြီး ပျမ်းမျှ PM 2.5 ပမာဏက ၈၄.၃ မိုက်ခရိုဂရမ် ရှိနေပါတယ်။
▪️ ဒေလီမှာသာ WHO လမ်းညွှန်ချက်များအတိုင်း ပြည့်မီအောင် လုပ်ဆောင်ပါက လူပေါင်း ၁၈.၇ သန်းရဲ့ ပျမ်းမျှနေထိုင်သက်တမ်း ၈ နှစ်နီးပါး အသက်ရှည်လာနိုင်ပါတယ်။
▪️ လေထုညစ်ညမ်းမှု ပြဿနာအပြင် အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် သက်တမ်း ၁.၆ နှစ်၊ ဆေးလိပ်ကြောင့် ၁.၅ နှစ်၊ မသန့်ရှင်းတဲ့ရေကြောင့် ၈.၄ လ အသီးသီး သက်တမ်းတိုနေရပါတယ်။
▪️ ကမ္ဘာ့လေထုအဖွဲ့အစည်းမှ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အသေအပျောက်အများဆုံး အကြောင်းအရင်း ဖြစ်နေပါတယ်။
▪️ အသက် ၇ နှစ်အောက် ကလေးတွေဟာ လေထုညစ်ညမ်းမှုဒဏ်ကို ပိုပြီးခံစားရနိုင်ကာ ရင်ကြပ်နဲ့ အခြားအဆုတ်ရောဂါများ အဖြစ်များလာပါတယ်။
▪️ မသန့်ရှင်းတဲ့လေကို ကြာရှည်ရှူရှိုက်မိသဖြင့် ကလေးအယောက် ၇ သိန်းခန့် သေဆုံးထားပြီး ထိုထဲက ၇၀ ရာခိုင်နှုန်းက အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် ဖြစ်ပါတယ်။
▪️ နိုင်ငံပေါင်း ၉၄ နိုင်ငံကသာ PM 2.5 နဲ့အညီ ထိန်းသိမ်းထားနိုင်ပါတယ်။
▪️ ချီကာဂိုတက္ကသိုလ်မှ အချက်အလက်အရ လေထုညစ်ညမ်းခြင်းကြောင့် နေ့စဉ်လူပေါင်း ၂၂၀၀၀ ခန့် သေဆုံးနေကြရတယ်လို့ သိရပါတယ်။
#Source: The Jerusalem Post
#World_News
Published 21 September 2024
▪️ လေ့လာချက်တစ်ခုအရ အသုံးများတဲ့ အိမ်သုံးပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းအချို့နဲ့ ထိတွေ့တဲ့ မိန်းကလေးငယ်တွေဟာ အပျိုဖော်ဓမ္မတာ စောစီးစွာစတင်ဖြစ်နိုင်ဖွယ် ရှိတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဒီလိုပစ္စည်းတွေထဲမှာ ဆပ်ပြာမှုန့်၊ ရေမွှေး၊ ဆပ်ပြာတို့မှာ အသုံးပြုတဲ့ အမွှေးနံ့ပစ္စည်းလည်း ပါဝင်ပါတယ်။
▪️ ဒီလိုဒြပ်ပေါင်းတွေဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။
▪️ အမေရိကန် NIH မှ သုတေသီများက ပတ်ဝန်းကျင်မှာတွေ့ရတဲ့ ဒြပ်ပေါင်း ၁ သောင်းခန့်ကို စစ်ဆေးပြီး မျိုးပွားလုပ်ဆောင်ပေးတဲ့ ကြွက်တွေနဲ့ လူသားတွေရဲ့ ဦးနှောက်ဆဲလ်များဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
▪️ ထိုအခါမှာ ဒြပ်ပေါင်းအများအပြားက မိန်းကလေးတွေမှာ စောစီးစွာ အပျိုဖော်ဝင်နိုင်စေဖွယ် ရှိတယ်လို့ ဦးဆောင်သုတေသီ နာတယ်လီရှောက ပြောပါတယ်။
▪️ ထိုဒြပ်ပေါင်းတွေက အပျိုဖော်ဝင်ခြင်း ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ ဆဲလ်လက်ခံပရိုတိန်းတွေကို လှုံ့ဆော်စေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ အမွှေးနံ့တွေမှာပါတဲ့ ဒြပ်ပေါင်းတွေ ထိတွေ့ခြင်းက ငယ်ရွယ်သူတွေမှာ မျိုးပွားဖြစ်စဉ်ကို စောစီးစွာလှုံ့ဆော်ပေးနိုင်ခြေ မြင့်မားစေတယ်လို့ ရှောကရှင်းပြပါတယ်။
▪️ ယခုခေတ်မှာ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အသုံးများလာပြီး ဒြပ်ပေါင်းတွေက ဦးနှောက်နဲ့သွေးလမ်းကြောင်း ပိုင်းခြားအရာကိုပါ ဖြတ်သန်းသွားနိုင်တယ်လို့ ကြွက်တွေမှာ တွေ့ရှိထားပါတယ်။
▪️ ဒါကြောင့် မိဘများအနေနဲ့ အစိုးရမှ ကွပ်ကဲညွှန်ကြားထားတဲ့ ပစ္စည်းတွေကိုသာ ကလေးတွေအတွက် အသုံးပြုစေသင့်တယ်လို့ ဆိုပါတယ်။
#Source: India Today
သမိုင်းကြောင်း ဖတ်စာအုပ်များကိုသင်ရိုးပြောင်းလဲသည့် ဂျပန်အစိုးရအား အရပ်ဘက်အဖွဲ့အစည်းမှဝေဖန်
ဂျပန်အစိုးရမှ သမိုင်းဖတ်စာအုပ်များကို သင်ရိုးပြုပြင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျိုတိုစီရင်စုမှ ဂျပန်အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ဝေဖန်လိုက်ကာ ဒါဟာ စစ်ပွဲကာလက ရန်လိုတိုက်ခိုက်မှုများကို ထင်ယောင်ထင်မှားဖြစ်စေပြီး မြှောက်ပင့်ဖော်ပြချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။
#Asia_News
Published 20 September 2024
#သမိုင်းကြောင်းဖတ်စာအုပ် #သင်ရိုးပြောင်းလဲ
#YMG #Yangon_Times #Yangon_Media_Group
၂၀ စက်တင်ဘာ ၂၀၂၄
ယောကျ်ားအင်္ဂါကြီးအောင်ခွဲစိတ်ကုသပေးတဲ့ ဆမွတ်ဆက်ခွန်က အမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ကဖမ်းဆီးလိုက်ပါတယ်။ သူဟာ အနှစ် ၂၀ခန့်မှာ မည်သည့် ဆေးပညာဆိုင်ရာသင်တန်းတစ်ခုခု တက် ရောက်ခဲ့ခြင်းမရှိဘဲနှင့် ဒီအလုပ်ကိုလုပ်လာတာဖြစ်ပြီး အခုနောက်ဆုံးမှာ သူ့ရဲ့ဖောက်သည်တစ်ဦးဟာ အကြီးအကျယ် ရောင်ရမ်းလာပြီးနောက် အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
အသက် ၃၆နှစ်အရွယ် ကစ်တိကွန်ဆွန်ဆရီကို ကြာသပတေးနေ့က ကရက်သမ်ဘင်းခရိုင် တမ်ဘွန် အုန်နွိုင်က ဆီလီကွန်ထိုးပြီး ပုလဲထည့်ပေးတာတွေလုပ်ပေးနေတဲ့ အိမ်ကနေ သူ့ကို ရဲတွေက ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
သူဟာ အတန်းပညာ (၉)တန်းပဲရှိတယ်လို့ ဖမ်းဆီးခဲ့တဲ့ရဲတွေကို သူကပြောပါတယ်။ သူဟာ အသက် ၁၄နှစ်အရွယ်ကတည်းက သူ့ဘာသာသင်ယူခဲ့တာလို့လည်းပြောပါတယ်လို့ ရဲဗိုလ်ချုပ် ဝီသာရာဆရီပရာ ဆတ်ပတ်က ပြောပါတယ်။
သူဟာ “Mai Luai Modify” ဖေ့စ်ဘုတ်ပေ့ချ်ကနေတစ်ဆင့် ယောကျ်ားလိင်တန်ကြီးအောင် ခွဲစိတ်ကုသမှု တွေဖြစ်တဲ့ ဆီလီကွန်ထိုးပေးတာနှင့်ပုလဲထည့်ပေးတာတွေလုပ်နေတာဖြစ်ပြီး တိုင်တန်းမှုတစ်ခုရှိ လာ ကာ နောက်ဆုံးအဖမ်းခံရတာပါ။
သူနှင့်အတူ ခွဲစိတ်ကုသရာမှာအသုံးပြုတဲ့ ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။သူဟာဆရာဝန် တစ်ဦးလည်းမဟုတ်သလို ဆေးကုခွင့်လိုင်စင်တစ်ခုမှလည်းမရှိပါဘူး။
သူဟာ ဖောက်သည်တစ်ဦးကို ဘတ် ငါးထောင်မှ နှစ်သောင်းအထိ ခွဲစိတ်ခယူပါတယ်။ တစ်လကို ဖောက်သည် နှစ်ဦး သုံးဦးလောက်ရတယ်လို့ သူက ရဲအရာရှိတွေကိုပြောပြပါတယ်။
ဒီလိုခွဲစိတ်ကုသမှုမျိုးဟာလိင်တန်ရောင်ရမ်းစေပြီး လိင်တန်မာကျောမှုကိုလည်း ပြန်မရဖြစ်တတ်လို့ ဒီလိုခွဲစိတ်ပေးနေသူတွေ အလုပ်တွေရပ်တန်းကရပ်မလား ဒါမှမဟုတ်ဖမ်းမရမလားလို့ ရဲဗိုလ်ချုပ်ကြီးက ဆက်ပြောပါတယ်။
Source BKPost
#Daily_News
Published 20 September 2024
၁။ ငမိုးရိပ်ဆည် ရေအနည်းငယ်ပြန်တိုးလာ၊ ရေပိုလွှဲမှ (၂)ပေကျော်နေ
၂။ လေပွေလှိုင်းဖြတ်သန်းမည့်လမ်းကြောင်း ညာဘက်ခြမ်းတွင်ပါဝင်သည့်ဒေသများ မိုးပိုမိုရွာသွန်းနိုင်ဟုဆို
၃။ ဓာတ်ဆီဈေးတက်ပြီး၊ ဒီဇယ်ဈေးပြန်ကျ
၄။ သမိုင်းကြောင်း ဖတ်စာအုပ်များကိုသင်ရိုးပြောင်းလဲသည့် ဂျပန်အစိုးရအား အရပ်ဘက်အဖွဲ့အစည်းမှဝေဖန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Pubkished_ 20 September 2024
တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂၀) ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနား၌ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးဇေယျာနှင့် တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zhen Zhihong တို့က အမှာစကားများအသီးသီး ပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် "THE WANDERING EARTH 1" ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း (၁) ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး ရုပ်ရှင်သီတင်းပတ်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ China Media Group နှင့် တရုတ်ယဥ်ကျေးမှုစင်တာ(ရန်ကုန်)တို့က ပူးပေါင်း၍ စီစဥ်ကျင်းပတာဖြစ်ပါတယ်။
ရုပ်ရှင်သီတင်းပတ်ကို စက်တင်ဘာ (၂၀) ရက်နေ့မှ (၂၄) ရက်အထိ ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ အခမဲ့ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
တရုတ်သိပ္ပံနည်းပညာဇာတ်ကားများဖြစ်သည့် ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၁ ၊ ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၂ ၊ Animation Cartoon သမိုင်းထဲက ချန်အန်း၊ မှတ်တမ်းရုပ်ရှင်ဖြစ်သည့် စိတ်ဝိဉာဥ် နားခိုးရာဆီသို့ နှင့် ငှက်တို့ ဇာမဏီ စတဲ့ ဇာတ်ကား ၅ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။
ymg_mnn
#Yangon_Media_Group
Page 81 of 858