#Daily_News
Published 30 September 2024
၁။ မိုးပါးသွား၍ရေပိုလွှဲမှ ရေကျော်သည့် ရေလှောင်တမံ (၄၇) ခုသာရှိတော့၊ အရင်ထက်လျော့နည်းလာ
၂။ ရေဘေးသင့် ကျေးရွာသားရာချီကို ကယ်ဆယ်ပေးခဲ့သည့်(၁၂)နှစ်အရွယ် 'မောင်ပေါများ'ကို ဂုဏ်ပြုဆုနှင့် လက်ဆောင်များချီးမြှင့်ခဲ့
၃။ အရဟံဖောင်ဒေးရှင်း၏ လေးနှစ်ပြည့်အခမ်းအနား၌ စာတမ်းလေးစောင်ဖတ်ကြားခဲ့
၄။ ယူကရိန်းစစ်ပွဲတွင်ထဲထဲဝင်ဝင် ပတ်သက်နေသည့် အနောက်တိုင်းနိုင်ငံများအား သတိပေးသည့်အနေဖြင့် ရုရှားနျူကလီးယားမူဝါဒလမ်းစဉ်ပြောင်းလဲဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 30 September 2024
▪️ အစ္စရေးလ်တို့က အီရန်မဟာမိတ်နိုင်ငံများနဲ့ တင်းမာမှုမြင့်တက်နေချိန်မှာ လက်ဘနွန်မြို့တော် ဘိုင်ရုကို အစ္စရေးလ်တိုက်ခိုက်ခဲ့သဖြင့် ပါလက်စ်တိုင်းစစ်သွေးကြွအဖွဲ့မှ ခေါင်းဆောင် ၃ ဦး သေဆုံးခဲ့တယ်လို့ ထိုအဖွဲ့က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ အစ္စရေးလ်တို့ ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဘိုင်ရုမြို့ရှိ ကိုလာခရိုင်မှာ ခေါင်းဆောင် ၃ ဦးသေဆုံးသွားတယ်လို့ ပါလက်စ်တိုင်းလွတ်မြောက်ရေးတပ် (PFLP)က ပြောပါတယ်။
▪️ ထိုဒေသရှိ တိုက်ခန်းအဆောက်အအုံတစ်ခုရဲ့ အပေါ်ထပ်ကို ထိမှန်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနမှ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။
▪️ ဒါနဲ့ပတ်သက်ပြီး အစ္စရေးလ်စစ်တပ်ဘက်မှ တစ်စုံတရာပြောကြားခြင်း မရှိသေးပါဘူး။
▪️ လက်ဘနွန်ရှိ ဟက်ဇ်ဘိုလာစစ်သွေးကြွတွေနဲ့ ယီမင်ရှိ ဟူသီစစ်သွေးကြွများကို အစ္စရေးလ်တို့ အရှိန်မြှင့်တိုက်ခိုက်လျက်ရှိရာ အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း အီရန်နဲ့ အမေရိကန်တို့ ပါဝင်လာမှာ စိုးရိမ်နေရပါတယ်။
▪️ PFLP က အစ္စရေးလ်ကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွအဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။
အစ္စရေးလ်က တနင်္ဂနွေနေ့မှာ ယီမင်ရှိ ဟူသီစစ်သွေးကြွများနဲ့ ဟက်ဇ်ဘိုလာ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။
▪️ ယီမင်မှ ဟိုဒဲဒါဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်မှု ခံရစဉ် အနည်းဆုံးလူ ၄ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဟူသီတို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပြီး လက်ဘနွန်မှာတော့ အနည်းဆုံး ၁၀၅ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။
▪️ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အစ္စရေးလ်တို့ အရှိန်မြှင့်တိုက်ခိုက်လာရာမှာ ဟက်ဇ်ဘိုလာ အကြီးအကဲ ဆိုင်ယက်ဟာဆန်နက်စ်ရယ်လာ အပါအဝင် ထိပ်သီးအရာရှိအချို့ သေဆုံးခဲ့ပါတယ်။
▪️ အစ္စရေးလ်တို့က ဆက်လက်တိုက်ခိုက်သွားရန် ကြွေးကြော်ထားပြီး ဟက်ဇ်ဘိုလာတိုက်ခိုက်မှုများကြောင့် စွန့်ခွာထွက်ပြေးနေရတဲ့ မြောက်ပိုင်းမှ အရပ်သားတွေ ပြန်လာအောင် လုပ်ပေးမယ်လို့ ဆိုပါတယ်။
▪️ အီရန်ထောက်ပံ့ ဟက်ဇ်ဘိုလာအဖွဲ့ စစ်ဆင်ရေးအများစု လုပ်ဆောင်နေတဲ့ လက်ဘနွန်မြို့တော် တောင်ပိုင်းဆင်ခြေဖုံးဒေသတွေမှာ အစ္စရေးလ်တို့က တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
▪️ အမေရိကန်က လက်ဘနွန်မှာ ပဋိပက္ခဖြစ်ပွားနေတာကို သံတမန်ရေးအရ ဖြေရှင်းဖို့ တိုက်တွန်းနေပေမယ့် ထိုဒေသတွင်းမှာ တပ်အင်အားထောက်ပံ့ဖို့လည်း စစ်တပ်ကို ခွင့်ပြုထားပါတယ်။
#Source: Reuters
#World_Health
Published 30 September 2024
▪️ ကျောက်ကပ်ထဲမှာ စွန့်ပစ်ပစ္စည်းများ စုပြုံလာတဲ့အခါ ကျောက်တည်လာပြီး ဆီးသွားရခက်ခဲခြင်းနဲ့ နာကျင်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ ဗိုက်တာမင်-စီ ပါဝင်မှုမြင့်မားတဲ့ ကယ်လ်စီယမ်အောက်ဆလိတ် ကျောက်တွေဟာ ကျောက်တည်ခြင်းကို အဓိကဖြစ်စေပါတယ်။
▪️ ဒါတွေကို များများစားမိတဲ့အခါ ဗိုက်တာမင်-စီက အောက်ဆလိတ်အဖြစ် ပြိုကွဲသွားပြီး ကယ်လ်စီယမ်နဲ့ ပေါင်းကာ ကျောက်ဖြစ်လာကြပါတယ်။
▪️ အသီးအနှံနဲ့ ဟင်းရွက်တွေကရတဲ့ ဗိုက်တာမင်-စီက စိတ်ချရပေမယ့် ဗိုက်တာမင်-စီ ဖြည့်စွက်ဆေးတွေက စိုးရိမ်ဖြစ်ပါတယ်။
▪️ အာရှဆီးနှင့်ကျောက်ကပ်အဖွဲ့အစည်းမှ ဒေါက်တာ ဗီဂျေးကီရန်က ဗိုက်တာမင်-စီ နေ့စဉ် ၁၀၀၀ မီလီဂရမ် ရရှိနေခြင်းက ကျောက်ကပ်ကျောက်တည်နိုင်ခြေ မြင့်မားတယ်လို့ သုံးသပ်ထားပါတယ်။
▪️ အစားအစာတွေက အဓိကရရှိတဲ့ ဗိုက်တာမင်-စီက ယေဘုယျအားဖြင့် စိတ်ချရပေမယ့် အက်စ်ကောဘစ်အက်ဆစ်လိုမျိုး ဗိုက်တာမင်-စီ ဖြည့်စွက်ဆေးတွေကတော့ ကျောက်ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ဒါ့အပြင် ဗိုက်တာမင်-စီကို သွေးကြောကနေ အများအပြားထိုးသွင်းတာမျိုးကလည်း ကောင်းကျိုးထက် အန္တရာယ်က ပိုများပါတယ်။
▪️ ကျောက်ကပ်ကျောက်မတည်စေရန် အရွယ်ရောက်ပြီးသူများအနေနဲ့ ဗိုက်တာမင်-စီ ဖြည့်စွက်ဆေးတွေကို တစ်နေ့ ၂၀၀၀ မီလီဂရမ်ထက် ပိုပြီးမသုံးစွဲဖို့ NIH က အကြံပြုထားပါတယ်။
#Source: India Today
#World_Health
Published 29 September 2024
▪️ လူကြိုက်များတဲ့ ငှက်ပျောသီးဟာ အရသာရှိသလို ဗိုက်တာမင်၊ သံဓာတ်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်များနဲ့ ပြည့်နေပါတယ်။
▪️ တစ်နှစ်ပတ်လုံးနီးပါး ဝယ်ယူရရှိနိုင်ပေမယ့် ရက်အနည်းငယ်အတွင်းမှာပင် ရှုံ့ပြီး အမည်းစက်တွေ ဖြစ်လာတတ်ပါတယ်။
▪️ ဒါကြောင့် ငှက်ပျောသီးတွေ လတ်ဆတ်နေအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေ ဖော်ပြလိုက်ပါတယ်။
▪️ (၁) အညောင့်နေရာတွေနားမှာ ခဲပတ်ဖြင့် ပတ်ထားပါ။ တစ်လုံးချင်းစီဖယ်ပြီးမှ အညောင့်နားတွေကို ခဲပတ်ရမှာဖြစ်ပြီး တစ်လုံးလုံးကို ပတ်စရာ မလိုပါဘူး။
▪️ (၂) စားပွဲမျက်နှာပြင်ပေါ်မှာ တင်မထားပါနှင့်။ ကြိုးတစ်ခုခုဖြင့် ချိတ်ဆွဲထားရင် ပိုပြီးကြာရှည်ခံပါတယ်။
▪️ (၃) ငှက်ပျောသီးကို အခြားအသီးအရွက်တွေနား မထားပါနှင့်။ ပန်သီး၊ ခရမ်းချဉ်သီးတို့လို အသီးတွေက အီသိုင်လင်းဓာတ်ငွေ့ ထုတ်လွှတ်ကာ ရင့်မှည့်စေပါတယ်။
▪️ (၄) ရေခဲသေတ္တာထဲ မသိမ်းပါနှင့်။ အေးတဲ့နေရာမှာ ငှက်ပျောသီးက ပျက်စီးမြန်တာကြောင့် ခြောက်သွေ့တဲ့ အခန်းအပူချိန်မှာ ထားသင့်ပါတယ်။
▪️ (၅) အမှည့်လွန်တဲ့ ငှက်ပျောသီးတွေ မဝယ်ပါနှင့်။ ရွေးတဲ့အခါ အစက်အပြောက်မပါဘဲ တင်းရင်းတာကို ဝယ်ယူပါ။ မှည့်နေတဲ့ငှက်ပျောသီးတွေ ဝယ်မိတယ်ဆိုရင် မုန့်တစ်ခုခု လုပ်စားလိုက်ပါ။
#Source: FoodNDTV
#World_Health
Published 29 September 2024
▪️ ၂၀၅၀ အရောက်မှာ ပဋိဇီဝဆေးယဉ်ပါး ရောဂါကူးစက်မှုတွေကြောင့် လူပေါင်းသန်း ၄၀ နီးပါး သေဆုံးနိုင်တယ်လို့ The Lancet မှာ လေ့လာချက်အသစ် ဖော်ပြထားပါတယ်။
▪️ သုတေသီများ ဖော်ပြချက်အရ ၁၉၀၀ ခုနှစ်ကနေ ၂၀၂၁ အတွင်း ဆေးယဉ်ပါး ရောဂါကူးစက်မှုများကြောင့် နှစ်စဉ် လူတစ်သန်းကျော် သေဆုံးထားပါတယ်။
▪️ ဒီပမာဏက ၂၀၅၀ အရောက်မှာ ၂ သန်းနီးပါးရှိလာနိုင်ပြီး ၂၅ နှစ်ကျော်အတွင်း သန်း ၄၀ လောက် သေဆုံးနိုင်ဖွယ်ရှိပါတယ်။
▪️ ကမ္ဘာပေါ်မှလူပေါင်း ၃ ပုံ ၁ ပုံလောက်ဟာ သင့်လျော်တဲ့ ပဋိဇီဝဆေးဖြင့် ကုသရပါက အသက်ကယ်တင်နိုင်ဖွယ်ရှိတယ်လို့ သုတေသီများ ယူဆနေကြပါတယ်။
▪️ ဘက်တီးရီးယားတွေ ဆင့်ကဲပြောင်းလဲလာပြီး ဆေးယဉ်ပါးလာတဲ့အခါ ပဋိဇီဝဆေးယဉ်ပါးခြင်း ဖြစ်လာပါတယ်။
▪️ ဒီအခြေအနေဟာ အသံတိတ်ကပ်ဘေးတစ်မျိုး ဖြစ်လာပြီး အရေးတကြီး ဖြေရှင်းဖို့ လိုအပ်ကြောင်း သုတေသီများ ဆိုပါတယ်။
▪️ ဒါနဲ့ပတ်သက်ပြီး အဖွဲ့အစည်းများမှ ဘာမှမလုပ်ဆောင်ဘူးဆိုရင် မှိုရောဂါကူးစက်မှုများကြောင့် လူပေါင်း ၆ သန်းခွဲ ကူးစက်နိုင်ပြီး နှစ်စဉ် ၃.၈ သန်းခန့် သေဆုံးနိုင်တယ်လို့ နိုင်ငံတကာ သိပ္ပံပညာရှင်များအဖွဲ့က သတိပေးလိုက်ပါတယ်။
▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း မှိုရောဂါသတ်ဆေးတွေ ပေါ်ပေါက်ခဲ့ပေမယ့် ရောဂါပိုးမွှားတွေ တိုးများလာသလောက် မယှဉ်နိုင်ပါဘူး။
▪️ စားနပ်ရိက္ခာ လောက်ငှဖို့အတွက် မှိုရောဂါကာကွယ်မှုလိုအပ်ပြီး လက်ရှိနဲ့ နောက်အချိန်မှာ ထွက်ပေါ်လာနိုင်တဲ့ ဆေးယဉ်ပါးမှိုရောဂါပိုးများ ကုသနိုင်စွမ်းနဲ့ စားနပ်ရိက္ခာ လောက်ငှခြင်းကို ဘယ်လိုမျှခြေဖြစ်အောင် လုပ်မလဲဆိုတာ မေးစရာဖြစ်လာပါတယ်။
#Source: WION
တရုတ်ငွေကြေးယွမ်ဟာ ၁၆ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ တစ်ဒေါ်လာကို ၇ ယွမ်ကျော်သွားခဲ့ပြီး ဖွံ့ဖြိုးမှု တည်ငြိမ်စေတဲ့ တရုတ်လှုပ်ရှားမှုများနဲ့ လတ်တလော အမေရိကန် ဗဟိုဘဏ်အတိုးနှုန်း လျှော့ချခြင်းတို့က ဒေါ်လာတန်ဖိုးကို ဆက်လက်လျော့ကျစေတယ်လို့ မြှုပ်နှံသူများက သုံးသပ်ထားပါတယ်။
#World_Business
Published 28 September 2024
#တရုတ်ယွမ် #တစ်ဒေါ်လာကို(၇)ယွမ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 September 2024
၁။ ရန်ကုန်မြစ်ရေ ထူးကဲဒီရေတက်နိုင်၍ မြစ်ကမ်းဘေးနေသူများ သတိထားရန်ထုတ်ပြန်
၂။ သီတင်းကျွတ်ပိတ်ရက် ချောင်းသာကိုသွားရန် ဘိုကင်တင်ထားသူ(၆၀)ရာခိုင်နှုန်းပြည့်နေ
၃။ နိုဝင်ဘာလကုန် မတိုင်မီ ပို့ကုန်ရငွေများ အမြန်ဆုံးပေးသွင်းရန်နှင့် ပျက်ကွက်သူများအား အရေးယူမည်ဟု ဗဟိုဘဏ်ထပ်မံအသိပေး
၄။ တရုတ်ယွမ်ငွေ (၁၆)လအတွင်း ပထမဆုံးအနေဖြင့် တစ်ဒေါ်လာကို(၇)ယွမ်ကျော်ထိမြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 74 of 857