#Daily_News
Published 22 March 2025
၁။ ပျမ်းမျှပိုလျှံသီးသန့်ငွေကျပ် ၇ ဘီလီယံအထက်ရှိ ဘဏ်များကို အတိုးနှုန်း ၆ ရာခိုင်နှုန်းထိတိုးမြင့်ပေးအပ်မည်
၂။ ချုံချင့်-ရန်ကုန်တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲရန် ဆွေနွေးနေ
၃။ မြန်မာ့အထည်ချုပ်လုပ်ငန်းဒေါ်လာ ၅ ဘီလီယံတန် လုပ်ငန်းအဖြစ်ရပ်တည်နေ
၄။ အမေရိကန်တင်သွင်းကုန်များအပေါ် တစ်ကမ္ဘာလုံးမှအခွန်တုံ့ပြန်ချမှတ်လာကြရာ ကယ်လီဖိုးနီးယားဗာဒံစေ့ဈေးကွက်မတည်မငြိမ်ဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 22 March 2025
▪️ ကမ္ဘာပေါ်က ခံနိုင်ရည်အရှိဆုံးသတ္တဝါဖြစ်ပြီး မိုက်ခရိုစကုပ်ဖြင့်ကြည့်မှ မြင်ရတဲ့ တာဒီဂရိတ်တွေဟာ ဓာတ်ရောင်ခြည်ခံနိုင်တဲ့ ပရိုတိန်းကို ထုတ်ပေးပြီး ကင်ဆာကုသမှုတွေကို ပြောင်းလဲစေနိုင်မယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ထားပါတယ်။
▪️ ရေဝက်ဝံလို့လည်းခေါ်တဲ့ တာဒီဂရိတ်တွေက Dsupလို့ခေါ်တဲ့ ထိခိုက်မှုလျှော့ချပေးတဲ့ ပရိုတိန်းကို ထုတ်လုပ်ပေးတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပြီး ဓာတ်ရောင်ခြည်ကုထုံး ခံယူနေရတဲ့ ကင်ဆာလူနာများမှာ အသုံးပြုနိုင်ဖွယ် ရှိပါတယ်။
▪️ ဒီပရိုတိန်းက ကြွက်တွေရဲ့ ကျန်းမာတဲ့ဆဲလ်တွေကို ဓာတ်ရောင်ခြည်ထိခိုက်မှု သိသိသာသာ လျှော့ချနိုင်ပြီး ကင်ဆာဆဲလ်တွေကို ဓာတ်ရောင်ခြည်ကုထုံး သက်ရောက်စေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ဓာတ်ရောင်ခြည်က ကင်ဆာအကျိတ်တွေကို ကုသရာမှာ အထောက်အကူဖြစ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် အကန့်အသတ်နဲ့သာ လုပ်ရတယ်လို့ MITမှ တွဲဖက်ပရော်ဖက်ဆာ ဂျီယိုဗန်နီထရာဗာဆိုက ပြောပြပါတယ်။
▪️ ကြွက်တွေရဲ့ဆဲလ်တွေက ဓာတ်ရောင်ခြည် ထိခိုက်မှုကို ခံနိုင်ရည်ရှိစေပြီး တာဒီဂရိတ်မှ ထုတ်လုပ်တဲ့ ပရိုတိန်းက DNAအမျှင်တန်းများကို ပေါင်းစည်းပေးကာ ထိခိုက်မှုကို လျှော့ချတာဖြစ်တယ်လို့ သုတေသီများ ယူဆထားပါတယ်။
▪️ Dsupကို အဆင့်မြှင့်တင်တဲ့ပုံစံဖြင့် ဖန်တီးပြီး လူသားတွေမှာ ဆိုးကျိုးမရှိစေဘဲ ဓာတ်ရောင်ခြည်ခံနိုင်တဲ့ ဆဲလ်တွေအဖြစ် အသုံးပြုနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
▪️ ဒါ့အပြင် အာကာသယာဉ်မှူးတွေမှာလည်း အာကာသမှ ဓာတ်ရောင်ခြည်တွေကို ကာကွယ်ဖို့ အသုံးပြုနိုင်မယ်လို့ ယူဆနေပါတယ်။
▪️ ခြေ ၈ ချောင်းရှိတဲ့ အဆိုပါသတ္တဝါတွေကို တောင်ထိပ်တွေ၊ ရေညှိတွေ၊ သဲသောင်တွေ၊ ရေအောက်တို့မှာ နေထိုင်ကြပြီး အာကာသလေဟာနယ်မှာပင် အသက်ရှင်နိုင်ပါတယ်။
#Source: New York Post
#World_Health
Published 22 March 2025
▪️ Autogene cevumeranလို့ အမည်ပေးထားတဲ့ လူတစ်ယောက်ရဲ့ မျိုးဗီဇကိုယ်ခံအားအလိုက် ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ ပန်ကရိယကင်ဆာ ကုသရာမှာ စိတ်ချသေချာတဲ့ရလဒ် တွေ့ထားတယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
▪️ mRNAနည်းပညာကို အသုံးပြုတဲ့ ကင်ဆာကာကွယ်ဆေးဖြစ်ပြီး ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်ကာ ခွဲစိတ်ပြီးနောက်ပိုင်း ရောဂါပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အလားအလာ ရှိနေပါတယ်။
▪️ ကုသရေး ကင်ဆာကာကွယ်ရေးတွေက ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီး ရှိနေတဲ့ကင်ဆာကို တိုက်ဖျက်ပေးကာ သာမန်ကာကွယ်ဆေးတွေနဲ့ မတူတာက ကင်ဆာဖြစ်ပြီးသားလူနာတွေကို ပေးရတာ ဖြစ်ပါတယ်။
▪️ ဒီကာကွယ်ဆေးတွေက အကျိတ်ပရိုတိန်းတွေကို ပစ်မှတ်ထားဖို့ Tဆဲလ်တွေကို လေ့ကျင့်ပေးကာ ကင်ဆာဆဲလ်တွေကို ကိုယ်ခံအားစနစ်ကနေ တုံ့ပြန်တိုက်ဖျက်ဖို့ လှုံ့ဆော်ပေးပါတယ်။
▪️ ပထမအဆင့် စမ်းသပ်ချက်မှာ လူနာ ၁၆ ဦးပါဝင်ခဲ့ပြီး အကျိတ်ကိုပစ်မှတ်ထားတဲ့ ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။
▪️ ဒါ့အပြင် အဆိုပါ ကိုယ်ခံအားစနစ်ဆဲလ်တွေက အချို့လူနာတွေထဲမှာ ၄ နှစ်နီးပါးလောက် ကျန်ရှိနေတာကြောင့် ကင်ဆာပြန်ဖြစ်နိုင်ခြေ လျော့နည်းသွားကြောင်း တွေ့ရပါတယ်။
▪️ ပထမအဆင့် စမ်းသပ်မှုရလဒ်တွေက ကျေနပ်စရာကောင်းတယ်လို့ ပန်ကရိယကင်ဆာခွဲစိတ်ဆရာဝန် ဒေါက်တာ ဘာလာချန်ဒရန်က ပြောပါတယ်။
▪️ ပန်ကရိယကင်ဆာက အသက်ရှင်မှုနှုန်း အနည်းဆုံးကင်ဆာတွေထဲက တစ်ခုဖြစ်ပြီး လက်ရှိကုသနည်းတွေဖြစ်တဲ့ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်တို့က ထိရောက်မှုအပိုင်းမှာ အကန့်အသတ်ရှိတာကြောင့် ကုထုံးအသစ်တွေ အားချင်းလိုအပ်လာပါတယ်။
▪️ ယခု autogene cevumeranကာကွယ်ဆေးက လူနာတစ်ဦးချင်းရဲ့ အကျိတ်တွေထဲမှာ ဗီဇပြောင်းလဲမှုများကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
▪️ စမ်းသပ်မှု ဒုတိယအဆင့်မှာတော့ လူနာအများအပြားမှာ autogene cevumeranရဲ့ ထိရောက်ဘေးကင်းမှုကို စမ်းသပ်လေ့လာသွားမှာဖြစ်ပါတယ်။
#Source: India Today
ဂျာမနီစက်မှုလုပ်ငန်းကြီးဖြစ်တဲ့ Siemensက ကမ္ဘာတဝှမ်းမှ လုပ်သားအင်အား ၂ ရာခိုင်နှုန်းခန့်ရှိတဲ့ အလုပ်အကိုင်ပေါင်း ၆ ထောင်ကျော် လျှော့ချသွားမယ့် အစီအစဉ်ကို အင်္ဂါနေ့က ကြေညာသွားပါတယ်။
#World_Business
Published 21 March 2025
#ဂျာမနီစက်မှုလုပ်ငန်းကြီး #ကမ္ဘာတဝှမ်းမှ လုပ်သားအင်အားလျှော့ချ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 March 2025
၁။ ရက်ပိုင်းအတွင်း ရွှေဈေးကျပ်တစ်သိန်းအထိ မြင့်တက်
၂။ မသန်စွမ်းသူများအတွက်စီးပွားရေးချေးငွေများကို ထုတ်ချေးပေးသွားမည်
၃။ ခေါ်စာအသစ်တင်ခြင်းကို စာချုပ်လုပ်သား အားလုံးစေလွှတ်ပြီးမှသာ ဆောင်ရွက်နိုင်မည်
၄။ ဂျာမနီစက်မှုလုပ်ငန်းကြီး Siemens ကမ္ဘာတဝှမ်းမှလုပ်သားအင်အား(၆)ထောင်ခန့် လျှော့ချသွားရန်ကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 21 March 2025
▪️ မကြာခဏ လိင်မှုပြုတဲ့ ယောက်ျားတွေဟာ နှလုံးရောဂါပြဿနာများမှ ခံစားရနိုင်ခြေ ပိုနည်းတယ်လို့ သိပ္ပံပညာရှင်များ ပြောလာပါတယ်။
▪️ တစ်နှစ်ကို ၁၀၃ ကြိမ်ခန့် လိင်မှုပြုလုပ်ခြင်းဖြင့် နှလုံးကျန်းမာရေးအတွက် အထိရောက်ဆုံး ကာကွယ်မှုပေးနိုင်တယ်လို့ ဆိုကြပါတယ်။
▪️ ဒါဟာ တစ်ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်တဲ့သဘောဖြစ်ပါတယ်။
ဒါကိုမှ များတယ်ထင်နေရင်လည်း သိပ်စိတ်ပူစရာမရှိဘဲ တစ်နှစ်ကို ၅၂ ကြိမ်မျှ ပြုလုပ်ရင်တောင် အကျိုးကျေးဇူးသိသာတယ်လို့ ယမန်နှစ်ဒီဇင်ဘာလက ဖော်ပြထားပါတယ်။
▪️ နှလုံးရောဂါ ကာကွယ်နိုင်ဖို့အတွက် အနည်းဆုံးသတ်မှတ်ချက်က တစ်ပတ်ကို တစ်ကြိမ်ဖြစ်ပါတယ်။
▪️ လိင်မှုကိစ္စပြုလုပ်တာဟာ နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှုတို့ကို မြှင့်တင်ပေးတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။
▪️ နှလုံးရောဂါဖြစ်စေနိုင်မယ့် ဖိစီးမှုပမာဏကို လျှော့ချပေးပါတယ်။
▪️ မကြာခဏ လိင်မှုပြုခြင်းက စိတ်ခံစားချက် ဆက်သွယ်လာစေပြီး စိုးရိမ်ပူပန်မှုကို လျော့ကျစေသဖြင့် နှလုံးကျန်းမာရေးကို သွယ်ဝိုက်စွာ ထောက်ကူပေးပါတယ်။
▪️ အမျိုးသားတွေဟာ သွေးပေါင်ချိန်၊ ကိုလက်စ်ထရောလ်၊ နေထိုင်စားသောက်မှုပုံစံများကြောင့် အမျိုးသမီးတွေထက် နှလုံးရောဂါ ပိုမိုစောစီးစွာ ဖြစ်နိုင်တယ်လို့ ဒေါက်တာ လောရန့်စ်ကန်နင်ဂမ်က ပြောပါတယ်။
▪️ ဒါပေမဲ့လည်း လိင်ကိစ္စကို အများကြီးလုပ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။
တစ်နှစ်ကို ၁၂ ကြိမ်အောက် ဒါမှမဟုတ် တစ်နေ့ကို တစ်ကြိမ်ထက်ပိုလုပ်တာမျိုးကတော့ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
▪️ ဒါဟာ လှုပ်ရှားလေ့ကျင့်ခန်းကို အလွန်အကျွံပြုလုပ်တဲ့အခါ အကျိုးကျေးဇူးလျော့သွားသလိုမျိုး လိင်မှုကိစ္စ လွန်ကျူးရင်လည်း နှလုံးကျန်းမာရေးကို ဘေးဖြစ်စေနိုင်ပါတယ်။
#Source: Metro
#World_Health
Published 21 March 2025
▪️ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းကာလအတွင်း ဖောလစ်အက်ဆစ်ဖြည့်စွက်အားဆေး အသုံးပြုပါက မွေးလာတဲ့ကလေး အသက် ၆ နှစ်အရွယ်ရောက်တဲ့အခါ အပြောအဆိုနဲ့ အပြုအမူပိုင်းစွမ်းရည် သိသိသာသာ တိုးတက်စေနိုင်တယ်လို့ သုတေသနတစ်ခုမှာ ယူဆထားပါတယ်။
▪️ လေ့လာချက်အရ ကိုယ်ဝန်အစောပိုင်းကာလမှာ ဖောလစ်အက်ဆစ် အသုံးပြုခြင်းနဲ့ ကလေးတွေမှာ ဦးနှောက်ကျန်းမာရေးရလဒ်တို့ကြား အပြုသဘောဆောင်တဲ့ ဆက်စပ်မှုကို တွေ့လာပြီး ပမာဏမြင့်မားရင်တောင် ဆိုးကျိုးတွေ့ရတဲ့ အထောက်အထား မရှိဘူးလို့ စတန်းဖို့ဒ်တက္ကသိုလ်မှ အာရုံကြောပရော်ဖက်ဆာ ဒေါက်တာ ကင်မ်ဖို့ဒ်မီဒေါက ပြောပါတယ်။
▪️ ဖောလစ်အက်ဆစ်ဆိုတာက ဗိုက်တာမင်-ဘီတစ်မျိုး ဖြစ်ပြီး အစိမ်းရောင်အရွက်များ၊ ကြက်ဥများ၊ ပန်းဂေါ်ဖီစိမ်း၊ အချဉ်သီးတို့မှာ ပါဝင်ပြီး လူတိုင်းအတွက် အရေးပါသလို အထူးသဖြင့် ကိုယ်ဝန်ဆောင်များနဲ့ ကိုယ်ဝန်ရလိုသူများအတွက် အရေးကြီးပါတယ်။
▪️ လက်ရှိမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုအတွက် နေ့စဉ်လိုအပ်တဲ့ ဖောလစ်အက်ဆစ်ပမာဏက ၀.၄ မီလီဂရမ်ဖြစ်ပါတယ်။
▪️ ဝက်ရူးပြန်ရောဂါရှိတဲ့ မိခင်တွေကနေမွေးတဲ့ ကလေး ၂၆၂ ဦးနဲ့ သာမန်မိခင်တွေကနေမွေးတဲ့ ကလေး ၈၃ ဦးတို့ကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
▪️ ကိုယ်ဝန်ဆောင်ကာလ ပထမ ၁၂ ပတ်အတွင်း မိခင်တွေကို အဖွဲ့ခွဲပြီး ဖောလစ်အက်ဆစ် ပမာဏအမျိုးမျိုး အသုံးပြုစေပြီး လေ့လာခဲ့ပါတယ်။
▪️ ကလေးတွေကို အပြောအဆိုစွမ်းရည်များ စမ်းသပ်မှုပြုလုပ်သလို မိဘတွေကိုလည်း ကလေးတွေရဲ့ လူမှုပေါင်းသင်းရေး၊ ဆက်ဆံရေး၊ နေ့စဉ်နေထိုင်မှုစွမ်းရည်တို့ကို မေးမြန်းခဲ့ပါတယ်။
▪️ ဖောလစ်အက်ဆစ် အသုံးပြုတဲ့မိခင်တွေရဲ့ ကလေးတွေက ပျမ်းမျှအားဖြင့် IQ ၁၀၈ မှတ်ရရှိပြီး ဖြည့်စွက်အားဆေး အသုံးမပြုတဲ့ မိခင်တွေရဲ့ ကလေးတွေကတော့ ၉၆ မှတ်သာ ရှိပါတယ်။
▪️ ဖောလစ်အက်ဆစ်ကို ပမာဏအနည်းငယ် အသုံးပြုတဲ့မိခင်တွေရဲ့ ကလေးတွေကတော့ ၁၁၀ မှတ်ဝန်းကျင်ရရှိပြီး ပမာဏမြင့်မားသူတွေကတော့ ၁၀၈ မှတ်ခန့်ရှိကာ နှစ်ဖွဲ့စလုံးက သာမန်အမှတ် ၁၀၃ ထက် ပိုများနေပါတယ်။
▪️ ဒါကြောင့် ကိုယ်ဝန်ဆောင်အစောပိုင်းမှာ ဖောလစ်အက်ဆစ် ပမာဏများများ အသုံးပြုပါက ကလေးဦးနှောက်ကျန်းမာရေးကို အကျိုးပြုဆဲဖြစ်တယ်လို့ မီဒေါက ပြောသွားပါတယ်။
#Source: New York Post
Page 8 of 912