ဈေးနှုန်းများမြင့်တက်နေတဲ့ကြားက ဂျပန်နိုင်ငံ တိုကျိုမှ အကြီးမားဆုံး ကျောက်မျက်ရတနာပြပွဲမှာ ဝယ်ယူသူများရဲ့ စိတ်ဝင်စားမှုကို အခိုင်အမာဆွဲဆောင်နိုင်ခဲ့ကြပြီး တန်ဖိုးကြီးပစ္စည်းများကို ပြန်လည်တန်ဖိုးထားလာတာ မြင်ရပါတယ်။
#World_Event
Published 21 January 2025
#ကျောက်မျက်ရတနာပြ #ဂျပန်နိုင်ငံတိုကျို
#YMG #Yangon_Times #Yangon_Media_Group
၂၁ ဇန်နဝါရီ၊ ၂၀၂၅
အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ဟောလီဝုဒ်မင်းသမီးချော ဂျနီဖာ အင်နစ်စတန်နှင့် ချိန်းဆိုတွေ့ဆုံကြတယ်ဆိုတဲ့ ကောလာဟလများထွက်ပေါ်နေပြီး ဇနီးဖြစ်သူ မီချယ်လ်အိုဘားမားနှင့် အိမ်ထောင်ရေးအဆင်မပြေတော့ဘဲ မိတ်တွေတွေလိုအဆင့် ကူးပြောင်းနေကြပြီလို့ သတင်း မီဒီယာ များက သတင်းရေးသားကြပါတယ်။
ပွဲတော်တော်များများမှာ အိုဘားမားနှင့်အတူ မီချယ်အိုဘားမားတစ်ယောက် အတူတွဲမတက်ခဲ့တာတွေ ရှိ နေလို့ အဆိုပါသတင်းများကို ဟုတ်နိုးနိုးပိုဖြစ်စေပါတယ်။
သမ္မတဟောင်းဂျင်မီကာတာရဲ့ နာရေးမှာ အိုဘားမား တစ်ဦးတည်းတက်လာပြီးနောက် သူတို့နှစ်ဦးဟာ တစ်သီးတစ်ခြားစီခွဲနေကြတယ်လို့တောင် သတင်းတွေထပ်ထွက်လာပါတယ်။
ဘားရက်အိုဘားမားနှင့် အန်နစ်စတန်တို့ဟာ ၂၀၀၇ခုနှစ် ဟောလီဝုဒ်ပွဲတစ်ခုမှာ စတင်တွေ့ခဲ့ကြပါတယ် လို့ဆိုပါတယ်။ အန်နစ်စတန်ကတော့ အဲဒီကောလာဟလတွေကို တောက်လျောက်ငြင်းဆိုခဲ့ပါတယ်။
“ ကျွန်မတို့ တစ်ကြိမ်ပဲတွေ့ကြတာ။ တကယ်တမ်းတော့ ကျွန်မက အိုဘားမားထက် မီချယ်လ်နှင့်ပိုခင် တာဖြစ်တယ်” လို့လည်း သူမက ပြောခဲ့ပါတယ်။
ရေဒါအွန်လိုင်း သတင်းဌာနရဲ့ရေးသားချက်အရ အိုဘားမားတို့အိမ်ထောင်ရေးဟာ ယခုနှစ်ပိုင်းအတွင်း ဆိုးရွားလာခဲ့တယ်လို့ဆိုပါတယ်။
တစ်ခါတုန်းက အလွန်အတွဲညီကြတဲ့ လင်မယားဟာ ဂျနီဖာအင်နစ်စတန်ရဲ့ ကောလာဟလတွေကြောင့် တင်းမာမှုပိုမြင့်တက်ခဲ့ရတယ်လို့သတင်းကရေးပါတယ်။
မီချယ်လ်ဟာ ဂျင်မီကာတာရဲ့ နာရေးနှင့် ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းကျိန်ပွဲနှစ်ပွဲလုံး အိုဘားမားနှင့်အတူ မတက်ရောက်ဘဲ ပျက်ကွက်ခဲ့ပါတယ်။ ဒါဟာ သူတို့နှစ်ဦးအကြား မသင့်မြတ်တာတွေကြီးထွားလာနေ တာတွေကိုပြသနေပါတယ်။
ဒါပေမယ့် မီချယ်ရဲ့ရုံးကတော့ သူမမတက်ရောက်တာဟာ အခြားကြိုတင်စီစဉ်ထားတာတွေနှင့်တိုက်ဆိုင် နေတာရယ် ၊သူမအနေနှင့် ထရမ့်ကိုမနှစ်သက်တာကြောင့်ဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။
Source Times of India
#Daily_News
Published 21 January 2025
၁။ ရန်ကုန်မြို့၌ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ချိုင်းနားတောင်းပွဲဈေးကျင်းပမည်
၂။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ ထပ်မံဖွင့်လှစ်မည်
၃။ ဆီထွက်သီးနှံများထွက်ရှိချိန်၌ စားအုန်းဆီလျော့ချ တင်သွင်းရန်လိုအပ်ဟုဆို
၄။ ဂျပန်နိုင်ငံ၏အကြီးမားဆုံး ကျောက်မျက်ရတနာပြပွဲ တိုကျို၌ကျင်းပပြီးစီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 21 January 2025
▪️ ဇန်နဝါရီ ၂၀ ရက်နေ့ ဝါရှင်တန်ဒီစီ ကပ်ပီတိုလ်ရိုတန်ဒါမှာ ပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
▪️ ထရမ့်သစ္စာမဆိုခင်မှာ ဂျေဒီဗန့်စ်ဟာလည်း ဒုသမ္မတအဖြစ် သစ္စာကျိန်ဆိုခဲ့ပါတယ်။
▪️ "အမေရိကန်သမ္မတရုံးမှာ သစ္စာရှိရှိဖြင့် အမှုထမ်းဆောင်ပါမယ်လို့ အလေးအနက် ကတိသစ္စာပြုပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစွမ်းကုန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားပါမယ်" လို့ ထရမ့်က သစ္စာဆိုခဲ့ပါတယ်။
▪️ သစ္စာကျိန်ဆိုပြီးနောက် ထရမ့်ဟာ သူ့အသက် မသေဘဲရှိနေတာ အကြောင်းတစ်ခုကြောင့်ဖြစ်ပြီး အမေရိက နောက်တဖန် ခမ်းနားလာအောင် ဆောင်ရွက်ဖို့ ဘုရားသခင် ကယ်တင်ခဲ့တာဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ ထရမ့်ဟာ အသက် ၇၈ နှစ်အရွယ်ဖြင့် အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံးသမ္မတ ဖြစ်လာသလို တရားစွဲဆိုခံနေရသူတစ်ဦး သမ္မတဖြစ်လာတာလည်း ပထမဆုံးဖြစ်လာပါတယ်။
▪️ ကျမ်းသစ္စာဆိုသမ္မတကတော့ သမ္မတအမိန့် အများအပြားကို အလျင်အမြန်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
▪️ ထိုထဲမှာ အမေရိကန်အတွင်း မွေးဖွားသူများ နိုင်ငံသားဖြစ်ခွင့် အဆုံးသတ်ရေး ကြိုးပမ်းမှုများနဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသမှာ နိုင်ငံအရေးပေါ် ကြေညာရေးတို့ ပါဝင်ပါတယ်။
▪️ ပထမဆုံးနေ့မှာပဲ ဇန်နဝါရီ ၆ ရက် ကပ်ပီတိုလ်အဓိကရုဏ်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို လွတ်ငြိမ်းခွင့်ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။
▪️ ကျမ်းသစ္စာဆိုပွဲကို ထရမ့်ရဲ့မိတ်ဆွေ တက်စ်လာစီအီးအို အီလွန်မက်စ်၊ အမေဇုံတည်ထောင်သူ ဂျက်ဖ်ဘီဇော့ဖ်၊ မက်တာစီအီးအို မာ့ခ်ဇူကာဘက်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာတို့ တက်ရောက်ခဲ့ကြပါတယ်။
▪️ သမ္မတအဖြစ်မှ အနားယူသွားတဲ့ ဂျိုးဘိုင်ဒင်ကတော့ နောက်ဆုံးအချိန်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်အချို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
#Source: WION
#World_Science
Published 21 January 2025
▪️ ဩစတြေးလျအမျိုးသားတက္ကသိုလ်မှ ဂျိုအန်စတီဖင်ဆန်ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့က ကမ္ဘာ့ဗဟိုချက်အတွင်းပိုင်းနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပါတယ်။
▪️ ဗဟိုချက်မှာ နောက်ထပ်အလွှာတစ်ခု ဖုံးကွယ်တည်ရှိနေတယ်လို့ ယူဆခဲ့ကြပြီး Geophysical Research ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
▪️ ကမ္ဘာမြေကြီးမှာ အဓိကအနေဖြင့် အပေါ်ယံလွှာ၊ ကြားလွှာ၊ ဗဟိုအပြင်ပိုင်းနဲ့ ဗဟိုအတွင်းပိုင်းဆိုပြီး ၄ လွှာရှိတယ်လို့ သိထားကြပြီး ဗဟိုအတွင်းပိုင်းက သံ၊ နစ်ကယ်တို့ဖြင့် အများစုဖွဲ့စည်းထားကာ ညီညာမာကျောတယ်လို့ ထင်ထားကြပေမယ့် ယခုလေ့လာချက်အသစ်က နောက်ထပ်အချက်တွေ ပေါ်ပေါက်လာဖွယ်ရှိပါတယ်။
▪️ မြေငလျင်လှုပ်ပြီးနောက် ကမ္ဘာမြေကြား သွားလာနေတဲ့ ငလျင်စွမ်းအင်လှိုင်းများမှ အချက်အလက်များကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ဒီလှိုင်းတွေဟာ ဦးတည်ချက်အမျိုးမျိုးသို့ ကွဲပြားသောနှုန်းဖြင့် သွားနေကြတာကို တွေ့ခဲ့ကြတာကြောင့် ဗဟိုအတွင်းပိုင်းဟာ နှစ်လွှာရှိမယ်လို့ ယူဆကြတာဖြစ်ပါတယ်။
▪️ နောက်ထပ်တွေ့ရှိချက်က ဗဟိုချက်အတွင်းပိုင်းမှ သံဖွဲ့စည်းပုံက အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲနိုင်ဖွယ်ရှိတာပါပဲ။
▪️ ကမ္ဘာမြေကြီးရဲ့ သမိုင်းကြောင်းထဲက အေးမြခြင်းဖြစ်စဉ် နှစ်မျိုးကြောင့် ဗဟိုချက်အတွင်းပိုင်း အစောပိုင်းပုံစံတွေမှာ မဆီလျော်တာတွေ ဖြစ်ရတယ်လို့ သိနိုင်ပါတယ်။
▪️ ဒါပေမဲ့ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေမှ အချက်အလက်တွေထဲမှာ ကွာဟချက်တွေ ရှိနေသေးတယ်လို့ သုတေသီများ သတိပြုထားပါတယ်။
#Source: WION
#World_Health
Published 21 January 2025
▪️ အမျှင်ဓာတ်က အာဟာရပြည့်ဝတဲ့ အစားအစာတွေထဲမှာ မရှိမဖြစ်ပါဝင်ပြီး ကင်ဆာဖြစ်နိုင်ခြေ လျှော့ချနိုင်တာကြောင့် အမျှင်ဓာတ်ရဲ့ အရေးကြီးပုံကို စတန်းဖို့ဒ်မက်ဒီဆင်မှ လေ့လာဖော်ပြခဲ့ပါတယ်။
▪️ အမျှင်စားသုံးလိုက်တဲ့အခါ အူထဲက ဘက်တီးရီးယားတွေက short-chain ဖက်တီးအက်ဆစ်လို့ခေါ်တဲ့ မော်လီကျူးငယ်များအဖြစ် ဖြိုခွဲပေးကာ ပရိုပီယွန်နိတ်နဲ့ ဗျူတိုင်ရိတ်တို့ကို စတန်းဖို့ဒ်သုတေသီများ လေ့လာခဲ့ကြပါတယ်။
▪️ ဒီဒြပ်ပေါင်းတွေက ဒီအင်န်အေတွေ မျိုးဗီဇလှုပ်ရှားမှုဖြစ်စေတဲ့ ပရိုတိန်းတွေကို ပြုပြင်ပြောင်းလဲပေးတာ တွေ့ခဲ့ကြပါတယ်။
▪️ ပရိုပီယွန်နိတ်နဲ့ ဗျူတိုင်ရိတ်တို့ဟာ ကင်ဆာဖြစ်စေတဲ့ မျိုးဗီဇတွေကို ဖိနှိပ်ပြီး အကျိတ်ဆန့်ကျင်တဲ့ မျိုးဗီဇများကို လှုံ့ဆော်ပေးပါတယ်။
▪️ အမျှင်ဓာတ်စားသုံးခြင်းနဲ့ ကင်ဆာဆန့်ကျင်အာနိသင်ရှိတဲ့ မျိုးဗီဇလုပ်ဆောင်ချက် ပြုပြင်ခြင်းတို့ကြား တိုက်ရိုက်ဆက်စပ်မှုရှိတာကို တွေ့ခဲ့ကြတယ်လို့ စတန်းဖို့ဒ် မျိုးဗီဇဆိုင်ရာ ပရော်ဖက်ဆာ မိုက်ကယ်စနိုက်ဒါက ရှင်းပြပါတယ်။
▪️ အမျှင်ဓာတ်အစားအစာများ စားသုံးထားတဲ့ ကြွက်တွေရဲ့ အူတွေထဲက ကျန်းမာတဲ့ဆဲလ်တွေနဲ့ ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်တွေမှာ ဒြပ်ပေါင်းနှစ်မျိုးရဲ့ သက်ရောက်မှုတွေကို စောင့်ကြည့်ခဲ့ပါတယ်။
▪️ ထိုနှစ်မျိုးစလုံးက ဆဲလ်ကြီးထွားမှုကို ဖိနှိပ်ထားပြီး ကင်ဆာဆဲလ်တွေကို အဆုံးသတ်နိုင်အောင် အားပေးတာ တွေ့ရပါတယ်။
▪️ ဒါကြောင့် အမျှင်ဓာတ်တွေကို ထည့်သွင်းစားသုံးကြပြီး ကင်ဆာဖြစ်နိုင်ခြေ လျှော့ချဖို့ စနိုက်ဒါက အကြံပြုလိုက်ပါတယ်။
▪️ အမျှင်ဓာတ်က ဝမ်းသွားခြင်းကို ပုံမှန်ဖြစ်အောင် ပံ့ပိုးပေးပြီး သွေးတွင်းသကြားဓာတ် ထိန်းသိမ်းခြင်း၊ ကိုလက်စ်ထရောလ် လျှော့ချပေးခြင်းနဲ့ နှလုံးကျန်းမာရေး ထောက်ပံ့ခြင်းတို့ ပြုလုပ်ပေးပါတယ်။
▪️ အမျှင်ဓာတ်ရအောင် စားသုံးနိုင်တဲ့ အစားအစာတွေက အုတ်ဂျုံ၊ ပြောင်းဂျုံ၊ ဆန်၊ မုယော၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ သစ်တော်သီး၊ ပန်းသီး၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ချီယာစေ့၊ လျှော်စေ့၊ ဖရုံစေ့တို့ ပါဝင်တယ်လို့ နော့သ်ဝဲလ်ဟန်တင်တန်ဆေးရုံမှ အာဟာရပညာရှင် စတက်ဖာနီရှစ်ဖ်က ပြောသွားပါတယ်။
#Source: New York Post
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ် အဖမ်းခံရပြီးနောက် နိုင်ငံသားတွေဟာ တိုင်းပြည်အနာဂတ်အကြောင်း စိုးရိမ်ရတာရော၊ ဥပဒေရှေ့မှောက် အားလုံးတန်းတူညီမျှဖြစ်နေတဲ့ နိုင်ငံရေးအကြောင်းကို သိရှိလာတာရော ခံစားမှုရောထွေးလာကြပါတယ်။
#Asia_Politics
Published 20 January 2025
#ယွန်ဆော့ယောလ် #သမ္မတအဖမ်းခံရခြင်း
#YMG #Yangon_Times #Yangon_Media_Group
Page 64 of 929