အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပညာရေးဝန်ကြီးဌာန ဖျက်သိမ်းခြင်းလုပ်ငန်းစဉ် တရားဝင်စတင်ရန် သမ္မတအမိန့်ကို ကြာသပတေးနေ့က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
#World_News
Published 24 March 2025
#ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး #ပညာရေးဝန်ကြီးဌာနပိတ်သိမ်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 March 2025
၁။ လူငယ်များ အသိပညာရှာမှီးရန် ရန်ကုန်တိုင်း၌ ပထမဆုံး လူငယ်စင်တာ စတင်ဖွင့်လှစ်
၂။ တောင်သူများထံမှ စပါးတင်းသိန်း၁၅၀နှင့် ဧည့်မထဆန်အိတ် လေးသိန်း ဝယ်ယူမည်
၃။ လျှပ်စစ်လိုအပ်ချက်အတွက် ဆိုလာများထုတ်လုပ်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်မည်
၄။ ပညာရေးဝန်ကြီးဌာနပိတ်သိမ်းမည့် အစီအစဉ်အား ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 March 2025
▪️ ယူကရိန်းနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေဟာ စွမ်းအင်နဲ့ အရေးကြီး အခြေခံအဆောက်အအုံများ ကာကွယ်ရေး အဆိုပြုချက်များအကြောင်း တနင်္ဂနွေနေ့က ဆွေးနွေးခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
▪️ ဒါဟာ ၃ နှစ်ကြာလာတဲ့ စစ်ပွဲကြီးကို ဒေါ်နယ်ထရမ့် အဆုံးသတ်ဖို့ သံတမန်ရေးရာ အားထုတ်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
▪️ ဒီဆွေးနွေးမှုက ဆော်ဒီအာရေဗျမှာ ပြုလုပ်တာဖြစ်ပြီး အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ကော့ဗ်က စစ်ပွဲကြီးအဆုံးသတ်ရေးနဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
▪️ "ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ငြိမ်းချမ်းရေး လိုချင်မယ်လို့ ခံစားမိပါတယ်။ တနင်္လာနေ့ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးရာမှာ တကယ့်တိုးတက်မှုတွေ မြင်လာရနိုင်တယ်လို့ ထင်မိပါတယ်။ ပင်လယ်နက်မှာ အပစ်အခတ်ရပ်စဲလာနိုင်ပြီး ထိုကနေ လုံးဝရပ်စဲခြင်း ဖြစ်လာလိမ့်မယ်" လို့ ဝစ်ကော့ဗ်က Fox Newsကို ပြောသွားပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက သူ့ကိုယ်စားလှယ်အဖွဲ့ဟာ လုံးဝအပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
▪️ ဘယ်လိုတွေပဲဆွေးနွေးသည်ဖြစ်စေ ပူတင်ကို တိုက်ခိုက်မှုတွေ ရပ်တန့်အောင် လုပ်ဖို့လိုတယ်လို့ ပြောသွားပါတယ်။
▪️ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ကာကွယ်ရေးဝန်ကြီး ရပ်စ်တမ်အူမရော့ဗ်က ဒီလိုမျိုး ဆွေးနွေးရခြင်းဟာ ငြိမ်းချမ်းရေး နီးစပ်လာဖို့နဲ့ လုံခြုံရေးအားကောင်းလာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရုရှားနဲ့ ယူကရိန်းတို့ ရက် ၃၀ ကြာအောင် စွမ်းအင်အခြေခံ အဆောက်အအုံများကို အပြန်အလှန် မပစ်ခတ်ရေးဆိုတဲ့ ထရမ့်ရဲ့အဆိုပြုချက်ကို ပူတင်သဘောတူခဲ့ပေမယ့် မကြာခင်မှာပဲ နှစ်ဖက်စလုံးက ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။
▪️ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေ ဆက်လက်ချီတက်လာတာ ခံနေရတဲ့ ဇယ်လန်စကီက ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံထားပါတယ်။
#Source: Reuters
#World_Health
Published 24 March 2025
▪️ ဂျပန်နိုင်ငံကလူတွေက သက်ရှည်ကျန်းမာကြပြီး နာတာရှည်ရောဂါ အဖြစ်နည်းတယ်လို့ သိရှိထားကြပါတယ်။
▪️ ဒါဟာလည်း ကျန်းမာရေးအတွက် ဂျပန်တို့ရဲ့ စားသောက်နေထိုင်မှုပုံစံ နည်းလမ်းတွေက ထူးဆန်းနေတာကြောင့် ဖြစ်ပါတယ်။
▪️ ဂျပန်တို့ရဲ့ ကျန်းမာရေးလမ်းစဉ်များကို WHOနဲ့ CDCတို့ကပါ ထောက်ခံထားတာကြောင့် ဒီလမ်းစဉ်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) ဟာရာဟာချီဘူ
▪️ ကမ္ဘာ့အသက်အရှည်ဆုံး လူများနေထိုင်ရာ အိုကီနာဝါမှလူတွေ ကျင့်သုံးတဲ့လမ်းစဉ်ဖြစ်ပြီး အစားစားတဲ့အခါ ဗိုက်ပြည့်ဝမှု ၈၀ ရာခိုင်နှုန်း မရောက်ခင်အထိပါ စားသုံးတဲ့နည်းလမ်း ဖြစ်ပါတယ်။
▪️ ဒါကြောင့် အလွန်အကျွံစားမိခြင်းမှ ကာကွယ်နိုင်ပြီး ကယ်လိုရီ လျော့နည်းစေကာ နာတာရှည်ရောဂါများမှ ကင်းဝေးစေပါတယ်။
(၂) စားသောက်ပုံစံ
▪️ ဂျပန်တွေ စားသောက်တဲ့ပုံစံက သဘာဝအတိုင်း အာဟာရဓာတ် ကြွယ်ဝကာ မျှမျှတတနဲ့ အသင့်အတင့် စားသုံးကြပါတယ်။
▪️ အစားအစာအမျိုးမျိုး အနည်းငယ်စီပါဝင်တာကြောင့် နှလုံးကျန်းမာရေး၊ အစာခြေမှု၊ သက်ရှည်ခြင်းတို့ကို အကျိုးရှိစေပါတယ်။
(၃) ရှင်ရင်-ယိုကူ
▪️ သစ်တောပတ်ဝန်းကျင်မှာ နေထိုင်တဲ့လမ်းစဉ်ဖြစ်ပြီး သဘာဝတရားထဲမှာ စိတ်နှစ်နေထိုင်တဲ့အခါ စိတ်ဖိစီးမှုပြေလျော့ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို တိုးတက်စေတဲ့အပြင် ကိုယ်ခံအားစနစ်နဲ့ စိတ်အခြေအနေတို့ကို မြှင့်တင်ပေးပါတယ်။
(၄) လိုအပ်ချက်အနည်းဆုံး နေထိုင်ခြင်း
▪️ ပစ္စည်းပိုင်ဆိုင်မှု အနည်းဆုံးနဲ့ အလိုအပ်ဆုံးအရာဖြင့် နေထိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။
▪️ လိုအပ်ချက်အနည်းဆုံးဖြင့် နေထိုင်ပါက အာရုံစူးစိုက်မှု၊ အိပ်စက်မှု၊ ပျော်ရွှင်မှုတို့ တိုးတက်လာစေနိုင်ပါတယ်။
#Source: DoctorNDTV
#World_Science
Published 24 March 2025
▪️ ည ၂ နာရီ ၃ နာရီလောက် နိုးလာတတ်ပြီး ပြန်အိပ်ဖို့ ခက်ခဲရတာဟာ ကျန်းမာရေးအခြေအနေ တစ်ခုကြောင့်လို့ ကျန်းမာရေးဂုရုတစ်ဦးက ဖော်ပြထားပါတယ်။
▪️ ဒေါက်တာ အဲရစ်ဘာ့ဂ်ဒီစီက ညသန်းခေါင်အချိန်တွေမှာ နိုးလာတတ်တာဟာ ဖိစီးမှုကြောင့်ဖြစ်တဲ့ ကော်တီဆောလ်ဟော်မုန်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ကော်တီဆောလ်ဟော်မုန်း မြင့်တက်နေတဲ့သူတွေမှာ အိပ်စက်မှုကို နှောင့်ယှက်စေပြီး ပြန်အိပ်ပျော်ဖို့ပါ ခက်ခဲကြတယ်လို့ ဆိုပါတယ်။
▪️ ဒီလိုလူတွေအနေနဲ့ မဂ္ဂနီဆီယံပမာဏကို စစ်ဆေးကြည့်သင့်ပြီး မဂ္ဂနီဆီယံနည်းပါးရင် အိပ်စက်မှုပြဿနာတွေ ဖြစ်တတ်ပါတယ်။
▪️ ဒေါက်တာဘာ့ဂ်ကိုယ်တိုင်လည်း ဒီလိုပြဿနာကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ခံစားခဲ့ရသူဖြစ်ပါတယ်။
▪️ ပုံမှန်အားဖြင့် ည ၂ နာရီဟာ ကော်တီဆောလ်ပမာဏ အနည်းဆုံးရှိသင့်တဲ့ အချိန်ဖြစ်ပြီး မနက် ၈ နာရီကတော့ ကော်တီဆောလ် အများဆုံးဖြစ်သင့်ပါတယ်။
▪️ မဂ္ဂနီဆီယံက ကော်တီဆောလ်ကို လျှော့ချနိုင်စွမ်းရှိပြီး မဂ္ဂနီဆီယံချို့တဲ့ရင် ကော်တီဆောလ် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ သုတေသနအရလည်း မဂ္ဂနီဆီယံက ကော်တီဆောလ်ပမာဏလျှော့ချရာမှာ ပါဝင်ပတ်သက်နေပါတဘ်။
▪️ ကော်တီဆောလ် မြင့်မားနေရင် ကြွက်သားပြေလျော့ခြင်း၊ အာရုံကြောစနစ် ထိန်းညှိခြင်းတို့မှာ ထိခိုက်စေပြီး တော်သင့်ရုံဆိုရင်တော့ ဖိစီးတဲ့အခြေအနေကို တည်ငြိမ်စွာ တုံ့ပြန်နိုင်စေပါတယ်။
▪️ ဒါကြောင့် မဂ္ဂနီဆီယံကို ပမာဏသင့်တင့်အောင် ဖြည့်တင်းခြင်းဖြင့် ဖိစီးမှုကို ဖြေလျှော့နိုင်ပြီး ကော်တီဆောလ်ကို လျော့ကျစေကာ ကောင်းစွာအိပ်စက်စေနိုင်မှာ ဖြစ်ပါတယ်။
#Source: WION
#World_Science
Published 23 March 2025
▪️ 3Dပုံစံဖန်တီးထားတဲ့ ကျားအင်္ဂါများဖြင့် လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ ပြဿနာနဲ့ Peyronieရောဂါတို့ကို ကုသနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
▪️ သုတေသီတွေက ဟိုက်ဒရိုဂျယ်တစ်မျိုးကို အသုံးပြုပြီး 3Dပုံစံဖြင့် ကျားအင်္ဂါတံပုံစံတစ်ခု ဖန်တီးခဲ့ကြကာ အောင်မြင်စွာ ထောင်မတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
▪️ ထောင်မတ်ပုံက သဘာဝအတိုင်းဖြစ်ပြီး တရုတ်၊ ဂျပန်၊ အမေရိကန်တို့မှ သိပ္ပံပညာရှင်များအဖွဲ့က ထောင်မတ်မှုမှာ ပြဿနာရှိနေတဲ့ ယုန်တွေနဲ့ ဝက်တွေကို 3Dပုံစံ ကျားအင်္ဂါများ ထည့်သွင်းပေးခဲ့ရာ ရက်သတ္တပတ် အနည်းငယ်အကြာမှာ မိတ်လိုက်မျိုးပွားနိုင်ခဲ့ကြပါတယ်။
▪️ ကျားအင်္ဂါထိခိုက်ခြင်းနဲ့ မထောင်မတ်နိုင်ခြင်း ပြဿနာများရှိနေတဲ့ အမျိုးသားတွေမှာ ဒီလိုနည်းပညာ အသုံးပြုနိုင်ဖို့ မျှော်လင့်စရာ ဖြစ်လာပါတယ်။
▪️ အင်္ဂါမထောင်မတ်ခြင်းပြဿနာဟာ လိင်မှုကိစ္စမှာ ကျေနပ်လောက်စရာ မဖြစ်စေတဲ့အထိ ကျားအင်္ဂါ မထောင်မတ်နိုင်တဲ့ အခြေအနေဖြစ်ပြီး ကမ္ဘာတဝှမ်းက ယောက်ျားပေါင်း သန်း ၃၀၀ ကျော် ခံစားရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးပေါင်ချိန်များခြင်း၊ ဆီးချိုရောဂါတို့ကြောင့် သွေးကြောများထိခိုက်ကာ ကျားအင်္ဂါသို့ သွေးစီးဆင်းမှုကို ကျုံ့စေနိုင်ပါတယ်။
▪️ ဒါ့အပြင် ကျားဟော်မုန်း နည်းပါးခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ဟော်မုန်းပြဿနာတို့ကလည်း ဒီအခြေအနေမျိုး ဖြစ်စေနိုင်ပါတယ်။
▪️ corpora cavernosaဆိုတဲ့ ထောင်မတ်တစ်ရှူး နှစ်ချောင်းဟာ လိင်တံအလျားလိုက် အပြိုင်ရှိနေပြီး corpus spongiosumကတော့ ဆီးပြွန်တဝိုက်မှာရှိတဲ့ ထောင်မတ်ရှူးတစ်ချောင်း ဖြစ်ပါတယ်။
▪️ လှုံ့ဆော်ထိတွေ့မှု ရှိတဲ့အခါ လိင်တံထဲက သွေးကြောတွေ ကျယ်လာပြီး corpora cavernosaထဲသို့ သွေးများဝင်ရောက်လာကာ တစ်ရှူးကြီးထွားလာပြီး အင်္ဂါထောင်မတ်စေတာ ဖြစ်ပါတယ်။
▪️ 3Dပုံစံကျားအင်္ဂါထဲမှာ ဆီးပြွန်ဖွဲ့စည်းပုံများနဲ့အတူ corpus spongiosum၊ ထောင်မတ်ခြင်းအတွက် အရေးကြီးတဲ့ corpus cavernosumပုံစံတို့ ပါဝင်ပါတယ်။
▪️ ဒါပေမဲ့ ဒီပုံစံတွေဟာ လူတစ်ဦးအတွက် သဘာဝကျားအင်္ဂါစစ်စစ်နေရာမှာတော့ အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
#Source: WION
ကယ်လီဖိုးနီးယား ဗာဒံစေ့များအပါအဝင် အမေရိကန် စိုက်ပျိုးရေးထွက်ကုန်များအပေါ် လက်ရှိမှာ တစ်ကမ္ဘာလုံးမှ အခွန်ချမှတ်လာသဖြင့် တစ်ချိန်ကတည်ငြိမ်ပြီး အကျိုးဖြစ်ထွန်းခဲ့တဲ့ လုပ်ငန်းဟာ မတည်မငြိမ် ဖြစ်လာပါတယ်။
#World_News
Published 22 March 2025
#ကယ်လီဖိုးနီးယား #ဗာဒံစေ့ဈေးကွက်မတည်ငြိမ်
#YMG #Yangon_Times #Yangon_Media_Group
Page 7 of 912