#World_Health
Published 18 December 2024
▪️ အင်ဒရာပရတ်စ်သာ အိုင်တီဒေလီတက္ကသိုလ်မှ သုတေသီများက အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေကာ အသက်ရှည်ကျန်းမာစေမယ့် မော်လီကျူးတွေကို ရှာဖွေဖို့အတွက် AIနည်းပညာသုံး AgeXtend ကို ဖန်တီးလိုက်ပါတယ်။
▪️ ဒီဖန်တီးမှုဖြင့် အိုမင်းရင့်ရော်ခြင်းနဲ့ အသက်အရွယ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာများကို ဖြေရှင်းဖို့ မျှော်လင့်လာကြပါတယ်။
▪️ AgeXtend က ရှိပြီးသား အိုမင်းဆန့်ကျင်မော်လီကျူးတွေကနေ အချက်အလက်များ အသုံးပြုပြီး အသစ်ဖြစ်လာနိုင်တာတွေ ခန့်မှန်းရတာ ဖြစ်ပါတယ်။
▪️ ဖြစ်နိုင်ခြေရှိတာတွေသာမက ယင်းတို့ရဲ့ အဆိပ်သင့်ပုံများနဲ့ ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကိုပါ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
▪️ ဆက်ရှီအေရိုရာဦးဆောင်တဲ့ သုတေသီတွေက AIနဲ့ ဇီဝဗေဒကို ပေါင်းစပ်ကာ လူတွေကို အသက်ရှည်ကျန်းမာစေမယ့် နည်းလမ်းများ ရှာပေးနိုင်မယ့် AgeXtend ကို ဖန်တီးကြတာ ဖြစ်ပါတယ်။
▪️ မော်လီကျူးပေါင်း ၁.၁ ဘီလီယံကို စစ်ဆေးခဲ့ရာမှာ ဖြစ်နိုင်တဲ့ မော်လီကျူးအများအပြားတွေ့ခဲ့ပါတယ်။
▪️ ခန္ဓာကိုယ်ထဲက သဘာဝဒြပ်ပေါင်းတွေကို စမ်းသပ်ကာ အိုမင်းဆန့်ကျင်နိုင်တယ်လို့ ယူဆတဲ့ မော်လီကျူးတွေကို လူသားဆဲလ်တွေမှာ စမ်းသပ်ခဲ့ကြပါတယ်။
▪️ အကြီးတန်းသုတေသီ ဒေါက်တာ ဂေါ်ရက်ဗ်အဟူဂျာက AgeXtend ဟာ အိုမင်းဆန့်ကျင် မော်လီကျူးများကို ခန့်မှန်းနိုင်ပြီး အိုမင်းရင့်ရော်ခြင်းနဲ့ ဆက်စပ်ရောဂါများအတွက် ကုသမှုအသစ်များ ရရှိလာနိုင်တဲ့အရာဖြစ်တယ်လို့ ပြောသွားပါတယ်။
▪️ ဒါ့အပြင် ယခုသုတေသနဟာ ကျန်းမာအသက်ရှည်ရေးအတွက် ခြေလှမ်းကြီးတစ်ခု ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
▪️ AgeXtendဟာဆိုရင် လူသား အဏုဇီဝဆဲလ်များ၊ ပိုးမွှားသက်ရှိများထဲမှ သဘာဝဒြပ်ပေါင်းများနဲ့ ဆဲလ်ရင့်ရော်ခြင်းကို ထိန်းချုပ်ပေးတဲ့ အခန်းကဏ္ဍများကို ဆန်းစစ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
#Source: India Today
ဘယ်လ်ဂျီယံမှာ အိမ်တိုင်းအိမ်တိုင်းက ချောကလက် နှစ်သက်ကျပေမယ့် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် စားသုံးသူတွေအတွက်ရော ထုတ်လုပ်သူတွေအတွက်ပါ ဒုက္ခဖြစ်လာပါတယ်။
#World_Business
Published 17 December 2024
#ငွေကြေးဖောင်းပွမှု #ချောကလက်လုပ်ငန်းထိခိုက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 December 2024
၁။ အခွန်ကင်းလွတ်ခွင့်ပြုထားသော လက်ခစားအပ်ကုန်စနစ်တွင် သတ်မှတ်ချက် မကိုက်ညီပါကအခွန်နှင့်ဒဏ်ကြေးပေးရမည်
၂။ ရန်ကုန်မြို့၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် မကြာခင်ဖွင့်လှစ်မည်
၃။ ကြံကြိတ်ခွဲရာသီ စတင်ချိန် သကြားဈေးအမြင့်တန်း၌ငြိမ်နေ
၄။ ငွေကြေးဖောင်းပွမှုကြောင့် ဘယ်လ်ဂျီယံတွင် ချောကလက်လုပ်ငန်းထိခိုက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၇ ဒီဇင်ဘာ ၂၀၂၄
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ လျှပ်စစ်စကူတာဆိုင်ကယ်ထဲ ဖွက်ထားတဲ့ ဗုံးတစ်လုံး အင်္ဂါနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ပေါက်ကွဲတဲ့ အတွက် နျူကလီးယားကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ရုရှားဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ် သေဆုံးသွားခဲ့ရပါတယ်။
ရုရှားနိုင်ငံ နျူကလီးယား၊ ဇီဝနှင့်ဓာတုလက်နက်များကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ်ဟာ ကရင်မလင်ရဲ့ အရှေ့တောင်ဘက် လေးမိုင်လောက်သာဝေးတဲ့ ရာဇန်စကီပရော့ပက် လူနေအဆောက်အဦရဲ့ အပြင်ဘက်မှာ အဆိုပါဗုံးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
သူနှင့်အတူ သူ့လက်ထောက်ပါသေဆုံးသွားတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ဖော် ပြော ကြားပါတယ်။
ရုရှားရဲ့ အဆိုပါတပ်ဖွဲ့ဟာ RKhBZ လို့သိကြပြီး ရေဒီယိုဓာတ်သတ္တိကြွံနေချိန်၊ ဓာတုနှင့် ဇီဝဆိုင်ရာ ညစ်ညမ်းမှုတွေဖြစ်နေချိန်မှာ အလုပ်လုပ်ကြရတဲ့ အထူးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ တရားစွဲရှေ့နေတွေက ကီရီလော့ဗ်ကို ယူကရိန်းကိုတိုက်ခိုက်ရာမှာ တားမြစ်ထားတဲ့ ဓာတုလက်နက်တွေအသုံးပြုတယ်လို့ စွပ်စွဲကာ တနင်္လာနေ့ (ဒီဇင်ဘာ ၁၆ )ရက်က မျက်ကွယ်တွင် တရားစွဲခဲ့ပါတယ်။ရုရှားက အဆိုပါစွပ်စွဲချက်ကိုပယ်ချပစ်ခဲ့ပါတယ်။
Source Reuters
#World_News
Published 17 December 2024
▪️ တနင်္လာနေ့က အမေရိကန် ဝစ္စကွန်ဆင်ကျောင်း အတန်းတစ်ခုမှာ အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးက သေနတ်ပစ်ခတ်ခဲ့တာကြောင့် အတန်းသားတစ်ဦးနဲ့ ဆရာတစ်ဦး သေဆုံးခဲ့ကာ (၆)ဦးဒဏ်ရာရရှိခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
▪️ ယခုနောက်ဆုံး စာသင်ကျောင်း သေနတ်ပစ်ခတ်မှုဖြစ်ရပ်ဟာ မက်ဒီဆန်မြို့က Abundant Life Christian School ပုဂ္ဂလိကကျောင်းမှာ ဖြစ်ခဲ့ပြီး မူကြိုကနေ (၁၂)တန်းအထိ ကျောင်းသား (၄၀၀)ခန့်ကို ပညာသင်ပေးနေတဲ့ကျောင်း ဖြစ်ပါတယ်။
▪️ ဒဏ်ရာရသူတွေထဲက ကျောင်းသား(၂)ယောက်ဟာ အသက်အန္တရာယ် ခြိမ်းခြောက်ဖွယ်ရှိတဲ့ ဒဏ်ရာမျိုး ရရှိထားပြီး ဆရာတစ်ဦးနဲ့ ကျောင်းသား(၃)ဦးကတော့ အသက်ရှင်နိုင်ဖွယ် ရှိတယ်လို့ မက်ဒီဆန်ရဲမှူးချုပ် ရွှန်ဘားနက်စ်က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
▪️ သေနတ်ပစ်ခတ်သူက နာတယ်လီရပ်နိုးလို့ သိရပြီး ဆာမန်သာလို့လည်း ခေါ်တယ်လို့ သိရပါတယ်။
▪️ မိန်းကလေးတစ်ယောက်က ကျောင်းမှာပစ်ခတ်တဲ့ ဖြစ်ရပ်ဟာ အလွန်ရှားပါးပြီး အမေရိကန်မှာ (၃)ရာခိုင်နှုန်းသာ ရှိပါတယ်။
▪️ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကို မသိရှိရသေးသလို ထိုမိန်းကလေးရဲ့ မိသားစုကလည်း စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်နေပါတယ်။
▪️ ဒုတိယတန်းမှ အသက် (၇)နှစ်-(၈)နှစ်အရွယ် ကလေးတစ်ယောက်က ၉၁၁ ကို ခေါ်ဆိုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်မှာ ယခုနှစ်အတွင်း စာသင်ကျောင်းအတွင်း သေနတ်ပစ်ခတ်မှု (၃၂၂)ကြိမ်ဖြစ်ပွားခဲ့ကာ ယမန်နှစ်က (၃၄၉)ကြိမ်ပြီးရင် ဒုတိယအများဆုံးနှစ် ဖြစ်နေပါတယ်။
▪️ သေနတ်အကြမ်းဖက်မှုတွေ ကာကွယ်ဖို့အတွက် ဒီထက်ပိုကောင်းအောင် လုပ်ဖို့လိုနေတယ်လို့ မက်ဒီဆန်မြို့တော်ဝန် ဆာတီယာရုတ်ဒ်ကွန်ဝေးက ပြောပါတယ်။
▪️ သေနတ်ပစ်သူက စတင်ပစ်ခတ်ချိန်မှာ ကျောင်းသားတွေဟာ စာသင်ခန်းတွေထဲမှာ တံခါးပိတ်နေခဲ့ကြပြီး ကောင်းစွာထိန်းချုပ် နေနိုင်ခဲ့ကြကာ နောက်ပိုင်းမှာတော့ အသက်ရှင်ကျန်ရစ်သူတွေအားလုံး မိဘတွေနဲ့ ပြန်လည်စုံစည်းခဲ့ကြပါတယ်။
#Source: Reuters
#World_Health
Published 17 December 2024
▪️ ရောဂါဆန်းတစ်ခုကြောင့် လူ ၃၁ ဦးကျော် သေဆုံးထားတဲ့ ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသို့ ကုလသမဂ္ဂက ကျန်းမာရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ပါတယ်။
▪️ တုပ်ကွေးကဲ့သို့သော ရောဂါဟာ ရောဂါကူးစက်နှုန်းနဲ့ သေဆုံးမှုနှုန်း မြင့်မားတာကြောင့် ပညာရှင်များ စိုးရိမ်နေကြပါတယ်။
▪️ ဘာရောဂါမှန်း မသိသေးတာကြောင့် WHOက ထိုရောဂါကို Xရောဂါအဖြစ် သတ်မှတ်ထားပါတယ်။
▪️ နိုဝင်ဘာ ၂၉ ရက်နေ့က ကွန်ဂို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အမျိုးအမည်မသိ ရောဂါကြောင့် သေဆုံးသူများလာတဲ့အကြောင်း WHOကို အသိပေးခဲ့ပါတယ်။
▪️ ဝေးလံတဲ့ ကွမ်ဂိုဒေသမှာ ဖျားနာ ခေါင်းကိုက် ချောင်းဆိုး နှာရည်ယို ခန္ဓာကိုယ်ကိုက်ခဲဝေဒနာ ခံစားရသူ ၄၀၆ ဦးရှိပြီး သေဆုံးသူ ၃၁ ဦးရှိတယ်လို့ မှတ်တမ်းရထားပါတယ်။
▪️ ဓာတ်ခွဲခန်းစမ်းသပ်ချက်များနဲ့ စစ်ဆေးခြင်းများ ပြုလုပ်ပြီး ဖြစ်နိုင်တဲ့ရောဂါ အများအပြားကို ထုတ်ဖော်နေကြပါတယ်။
▪️ ဒီထဲမှာ ဝက်သက်၊ တုပ်ကွေး၊ အဆုတ်ရောင်၊ အီးကိုလိုင် ကိုဗစ်-၁၉ ငှက်ဖျားတို့မှ လက္ခဏာများ ဖြစ်နိုင်ပါတယ်။
▪️ ရောဂါဖြစ်ပွားတဲ့သူတွေမှာ အာဟာရဓာတ် ချို့တဲ့ကြတယ်လို့ ဆိုပါတယ်။
▪️ ထိုဒေသမှာ ဆေးဝါးပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးလုပ်သားများ ရှားပါးနေသလို ငှက်ဖျားထိန်းချုပ်ဖို့ကလည်း ခက်ခဲပါတယ်။
▪️ အသက်အန္တရာယ် ဆက်စပ်နေတဲ့ လက္ခဏာတွေကတော့ အသက်ရှူခက်ခြင်း၊ သွေးအားနည်းခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့ ဖြစ်နေပါတယ်။
▪️ Xရောဂါကို WHOက အထူးသတိပေးထားကာ ကိုဗစ်-၁၉ထက် အန္တရာယ်ပိုပေးနိုင်မယ်လို့ ဆိုထားပါတယ်။
▪️ ဘယ်ဗိုင်းရပ်စ်ကြောင့်လဲဆိုတာ မသိရသေးပေမယ့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ခြေအများဆုံး ရှိနေပါတယ်။
#Source: India Today
#World_Health
Published 17 December 2024
▪️ အသိအမှတ်ပြု မေ့ဆေးဆရာဝန် ဒေါက်တာ ဒေးဗစ်မာဂျူဘီက Sleepinox ရဲ့ သဘာဝ အိပ်စက်မှု ဖြည့်စွက်ဆေးကို ဖော်စပ်ခဲ့ကာ အိပ်စက်မှုကို တိုးတက်စေရုံမက ကိုယ်ခံအားစနစ်နဲ့ ဦးနှောက်စွမ်းရည်တို့ကို မြှင့်တင်ပေးနိုင်တယ်လို့လည်း ထုတ်ဖော်ပြောလိုက်ပါတယ်။
▪️ ဒါ့အပြင် လော့စ်အိန်ဂျလိစ်နဲ့ အောရင့်ဂျ်ကောင်တီမှ ကီတမင်းဟီးလင်းဆေးခန်း ပိုင်ရှင်လည်းဖြစ်ကာ သောကစိတ်တွေများပြီး စိတ်ဓာတ်ကျတဲ့ လူနာတွေအများကြီး တွေ့ရတယ်လို့ ပြောပါတယ်။
▪️ အချို့သောဆေးညွှန်းတွေက ရေရှည်အသုံးပြုတဲ့အခါ ဦးနှောက်အတွက် ကျန်းမာရေးမကောင်းစေတာကြောင့် သဘာဝအတိုင်း ထိရောက်မှုရှိတဲ့ ဆေးကို ဖန်တီးဖို့ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။
▪️ မာဂျူဘီက Sleepinox ကို လွန်ခဲ့တဲ့ ၃ နှစ်က ထုတ်လုပ်ခဲ့ကာ ယခုနှစ်အစောပိုင်းမှာတော့ ဖော်စပ်မှုအသစ် ချပြခဲ့ပါတယ်။
▪️ ဖော်စပ်မှုအသစ်မှာ မဂ္ဂနီဆီယမ်အောက်ဆိုဒ်အစား မဂ္ဂနီဆီယမ်ဂလစ်ဆနိတ် ပါဝင်ပြီး ဗလေရီယန်မြစ်နဲ့ အက်ရှ်ဝါဂန်ဒါတို့ ပမာဏများပြားစွာ ပါဝင်ပါတယ်
မဂ္ဂနီဆီယမ်ဂလစ်ဆနိတ်က စိတ်ပြေလျော့စေတဲ့ အစွမ်းသတ္တိရှိပြီး စိတ်အခြေအနေကို ထိန်းညှိပေးကာ အာရုံကြောစနစ်ကို ငြိမ်သက်စေပါတယ်။
▪️ စိတ်ဓာတ်ကျခြင်းနဲ့ ဦးနှောက်ထိုင်းမှိုင်းခြင်း ဖြစ်စေနိုင်တဲ့ မယ်လာတိုနင်ကိုတော့ အသုံးမပြုထားဘဲ သူ့ဆေးကို သုံးစွဲတဲ့ လူနာတွေဟာ နံနက်ပိုင်းမှာ ရွှင်လန်းစွာ နိုးထလာတယ်လို့ ပြောပါတယ်။
▪️ ဖလော်ရီဒါမှာ ထုတ်လုပ်တဲ့ Sleepinox တစ်ဗူးမှာ ဆေးတောင့် ၉၀ ပါပြီး ၄၅ ဒေါ်လာဖြင့် ရောင်းချပါတယ်။
▪️ အိပ်မပျော်တတ်တဲ့ ဝေဒနာရှင်တွေအနေနဲ့ အိပ်ရာမဝင်ခင် ၂-၃ တောင့် အသုံးပြုသင့်တယ်လို့ ပြောထားပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ အိပ်ဆေးဈေးကွက်နဲ့ ပတ်သက်လို့ ဒေါ်လာ ၅.၂ ဘီလီယံကျော် ထွက်ရှိထားကာ နှစ်စဉ် ၅ ရာခိုင်နှုန်းနီးပါး တိုးတက်ဖို့မျှော်မှန်းထားပါတယ်။
#Source: New York Post
Page 6 of 846