#World_News
Published 2 November 2024
▪️ ဆားဘီးယားနိုင်ငံ နိုဗီဆက်ဒ်မြို့ရှိ မီးရထားဘူတာရုံတစ်ခုမှ ဝင်ပေါက်မှာ ခေါင်မိုးပြိုကျသဖြင့် လူ ၁၄ ဦးသေဆုံးပြီးနောက် ကယ်ဆယ်ရေးလုပ်သားများက သောကြာနေ့မှာ ကွန်ကရစ်ပုံများ သတ္တုပုံများကြားထဲမှ အသက်ရှင်ကျန်သူများကို ရှာဖွေနေကြပါတယ်။
▪️ ထိုနေရာမှာ ကရိန်းများ မြေတူးစက်များဖြင့် အပျက်အစီးတွေကို ဖော်ထုတ်နေကြပြီး ကယ်ဆယ်ရေး၊ ဆောက်လုပ်ရေး လုပ်သားများအပြင် ဆေးဝန်ထမ်းများနဲ့ လူနာတင်ကားများလည်း စောင့်နေကြပါတယ်။
▪️ မြို့တော် ဘဲလ်ဂရိတ် အနောက်မြောက်ဘက် ၇၀ ကီလိုမီတာခန့်ရှိ နိုဗီဆက်ဒ်မြို့မှာ မွန်းလွဲအချိန်ခန့်က ၃၅ မီတာရှည်တဲ့ ခေါင်မိုးတန်း ပြိုကျခဲ့တာ ဖြစ်ပါတယ်။
▪️ နေ့လယ်တလျှောက်လုံးကနေ ညနေအထိ အပျက်အစီးတွေကြားကနေ အလောင်းတွေကို ဆွဲထုတ်နေကြပါတယ်။
▪️ မွန်းလွဲအစောပိုင်းမှာ အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီး ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ အရေးပေါ် ကုသခံနေရတယ်လို့ ဗိုဂျိုဒီနာဆေးရုံ အကြီးအကဲ ဗက်စ်နာတာကူလော့ဗ်က ပြောပါတယ်။
▪️ ကွန်ကရစ်အလေးချိန်ကြီးကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းက ခက်ခဲနေပြီး ညအထိ ဆက်လုပ်သွားရဖွယ် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရေးပေါ်ထိန်းချုပ်ရေးမှ လူကာကော်ဆစ်က ဆိုပါတယ်။ သေဆုံးသူအရေအတွက် ထပ်မတိုးလာဖို့ ပြည်ထဲရေးဝန်ကြီး အိုင်ဗီကာဒါဆစ်က မျှော်လင့်နေပါတယ်။
▪️ သေဆုံးသွားသူထဲက ၅ ဦးကို မည်သူမှန်း အတည်မပြုရသေးဘူးလို့ ဆားဘီးယားသမ္မတ အလက်ဇန်ဒါဗူဆစ်က ပြောလိုက်ပါတယ်။
▪️ ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူအားလုံး အပြစ်ပေးခံရဖို့ သမ္မတတစ်ဦးအနေနဲ့ အလိုရှိကြောင်း မိန့်ခွန်းပြောသွားပါတယ်။
▪️ ညအချိန်မှာတော့ နိုဗီဆက်ဒ်မြို့တော်ခန်းမ အပြင်ဘက်မှာ လူပေါင်းရာချီက ဖယောင်းတိုင်များ ထွန်းကာ ဆုတောင်းဂုဏ်ပြုခဲ့ကြပါတယ်။
▪️ ယခုနွေရာသီတုန်းက ဘူတာရုံမှာ ပြန်လည်တည်ဆောက်ခြင်း ပြီးမြောက်ခဲ့ပေမယ့် ပြိုကျသွားတဲ့ ခေါင်မိုးအပိုင်းတော့ မပါဝင်ပါဘူး။
▪️ ဒီအဆောက်အဦကို ၁၉၆၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူများကို ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ် မီလိုစ်ဗူချီဗစ်ကလည်း သတင်းထောက်တွေကို ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 02 November 2024
▪️ ယနေ့ခေတ် မိဘတွေအနေနဲ့ မိမိကလေးတွေကို ပညာရေးအောင်မြင်မှုရဖို့ ဖိအားပေးနေကြပါတယ်။
▪️ ပညာလေ့လာဖို့အပြင် ဆော့ကစားခြင်းကလည်း ကြီးထွားဖွံ့ဖြိုးမှုအပိုင်းမှာ တန်းတူ အရေးပါနေပါတယ်။
▪️ ဆော့ကစားခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးခြင်း - ပြေးလွှားခြင်း၊ ခုန်ပေါက်ခြင်း၊ ကခုန်ခြင်းစတဲ့ လှုပ်ရှားမှုတွေက ကိုယ်လက်လှုပ်ရှားမှုပိုင်း၊ ကြွက်သားခွန်အား၊ စိတ်နဲ့ခန္ဓာကိုယ် ပေါင်းစပ်လှုပ်ရှားခြင်းတို့ကို တိုးတက်စေပြီး ရောဂါခုခံအား ကောင်းမွန်စေကာ ရောဂါလက္ခဏာဖြစ်နိုင်ခြေ နည်းစေပါတယ်။
▪️ ဦးနှောက်စွမ်းရည် အကျိုးရှိစေခြင်း - ဖန်တီးတီထွင်မှုနဲ့ ပတ်သက်တဲ့ ကစားနည်းများ ဆော့ကစားပါက ပြဿနာဖြေရှင်းခြင်း၊ အရေးပေါ်တွေးတောခြင်း၊ တီထွင်ကြံဆခြင်းတို့ ရရှိစေကာ စိတ်ပိုင်းဆိုင်ရာ အလိုက်သင့်ဖြေရှင်းခြင်း၊ စီစဉ်တွက်ချက်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့ တိုးတက်စေပါတယ်။
▪️ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားချက်ကြံ့ခိုင်စေခြင်း - ဆော့ကစားခြင်းရဲ့ အဓိကအားသာချက်ထဲမှာ လူမှုဆက်ဆံရေး အရည်အသွေး လေ့လာသင်ယူပြီး စိတ်ပိုင်းကြံ့ခိုင်အောင် ကူညီပေးပါတယ်။
▪️ သူငယ်ချင်း အပေါင်းအသင်းများနဲ့ ဆော့ကစားရတာကြောင့် အပြန်အလှန် နားလည်ခြင်း၊ ကူညီပေးခြင်း၊ ပြဿနာဖြေရှင်းခြင်းတို့ ပြုလုပ်ရကာ ပူးပေါင်းဆောင်ရွက်တတ်စေပါတယ်။
▪️ ဖန်တီးနိုင်စွမ်းနှင့် ပုံဖော်ခြင်း - ပန်းချီဆွဲခြင်း၊ တစ်ဦးတစ်ယောက်ပုံစံမျိုး ကစားခြင်း၊ အတုံးဆက်ခြင်းတို့က စဉ်းစားတွေးခေါ်မှုကို ထွက်စေပြီး သင်္ချာ၊ သိပ္ပံ၊ နည်းပညာဘာသာရပ်တွေမှာ အသုံးချနိုင်ပါတယ်။
▪️ ဖိစီးမှုလျော့စေခြင်း - ကျောင်းတွင်းလှုပ်ရှားမှု၊ မိသားစုနဲ့ သွားလာခြင်းတို့ဖြင့် ကလေးတွေ ဖိစီးမှုခံစားရခြင်းကို သက်သာစေပါတယ်။
အထူးသဖြင့် ပြေးခြင်း၊ စက်ဘီးစီးခြင်းတို့ဖြင့် ဖိစီးမှုဟော်မုန်း လျော့နည်းစေကာ လုံခြုံမှုခံစားချက် ပေးစွမ်းနိုင်ပါတယ်။
▪️ ပညာသင်ယူခြင်းက ကလေးတွေအတွက် အရေးကြီးသလို လှုပ်ရှားဆော့ကစားခြင်းကလည်း အတူယှဉ်တွဲနေပါတယ်။
▪️ ကလေးတွေဟာ ဆော့ကစားပေးပါက စိတ်လန်းဆန်းပြီး သင်ခန်းစာတွေကို လေ့လာမှတ်သားနိုင်မှာ ဖြစ်ပါတယ်။
#Source: DoctorNDTV
#World_Health
Published 02 November 2024
▪️ ဗိုက်တာမင်-အီး လိုအပ်ချက် ပြည့်မီအောင် စားသုံးသူများဟာ အူလမ်းကြောင်း ရောဂါအချို့နဲ့ အသည်းအဆီဖုံးရောဂါတို့ ဖြစ်နိုင်ခြေ နည်းစေတယ်လို့ ဖလော်ရီဒါ အစာအိမ်အူလမ်းကြောင်း ဆရာဝန် ဟိုဆက်ဆယ်ဟက်ဘ်က တစ်တော့မှာ ပြောသွားပါတယ်။
▪️ ဗိုက်တာမင်-အီးဟာ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး အသည်းကို ကာကွယ်ပေးကာ ရောဂါခုခံအားကို မြှင့်တင်ပေးပါတယ်။
▪️ အဆီဖုံးရောဂါဟာ အသည်းကို ပျက်စီးစေပြီး နှလုံးရောဂါနဲ့ အသည်းကင်ဆာတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ အရွယ်ရောက်ပြီးသူတွေအတွက် ဗိုက်တာမင်-အီး နေ့စဉ်လိုအပ်ချက်က ၁၅ မီလီဂရမ်ဖြစ်ပါတယ်။
▪️ အခွံမာသီးများ၊ ဟင်းနုနွယ်၊ သရက်သီးတို့မှာ လိုအပ်တဲ့ပမာဏ ပါဝင်ပြီး ထောပတ်သီး၊ ဘလက်ခ်ဘယ်ရီ၊ ကီဝီ၊ ခရန်ဘယ်ရီ၊ သံလွင်ဆီတို့လည်း ဆယ်လ်ဟက်ဘ်က အကြံပြုထားပါတယ်။
▪️ ဗိုက်တာမင်-အီး ဖြည့်စွက်ဆေးများကတော့ အသုံးပြုပုံ မမှန်ပါက ဘေးထွက်ဆိုးကျိုးများ ရှိနိုင်တယ်လို့ ရှင်းပြထားပါတယ်။
▪️ နေ့စဉ်လိုအပ်ချက်က ၁၅ မီလီဂရမ်မျှသာ ဖြစ်ပေမယ့် ဖြည့်စွက်ဆေးတွေမှာတော့ မီလီဂရမ်ရာနဲ့ချီ ပါဝင်နေနိုင်တယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။
▪️ ဗိုက်တာမင်-အီး အဆိပ်သင့်ပါက သွေးယိုခြင်း၊ မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ အူလမ်းကြောင်း လက္ခဏာများ၊ ကြွက်သားအားနည်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ အဆီစုပ်ယူခြင်း၊ ဇီဝကမ္မဖြစ်စဉ်တို့ ပြဿနာဖြစ်ပါကလည်း ဖြစ်တတ်ပါတယ်။
ဒါကြောင့် အသည်းကျန်းမာရေး ကောင်းမွန်ဖို့အတွက် သင့်တင့်တဲ့ ပုံစံမျိုး စားသောက်သင့်ပါတယ်။
#Source: New York Post
အာကာသယာဉ်မှူး(၃)ဦးပါဝင်သော ရှန်ကျိုး-၁၉အာကာသယာဉ် ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်ရောက်ရှိ
ယာဉ်မှူးများပါဝင်တဲ့ ရှန်ကျိုး-၁၉ အာကာသယာဉ် လွှတ်တင်မှု ပြီးပြည့်စုံစွာ အောင်မြင်ခဲ့တယ်လို့ တရုတ်လူထိန်းကွပ် အာကာသအေဂျင်စီ(CMSA)က ကြေညာလိုက်ပါတယ်။
#Asia_Space
Published 1 November 2024
#ရှန်ကျိုး-၁၉အာကာသယာဉ် #အောင်မြင်စွာလွှတ်တင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 1 November 2024
၁။ ရွှေတိဂုံစေတီတော်တွင် စုပေါင်းမဟာဘုံကထိန်အခမ်းအနားကျင်းပ
၂။ ပို့ကုန်ရငွေများကို AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် MRF တိုက်တွန်း
၃။ စက်သုံးဆီအမျိုးအစားအားလုံးဈေးငြိမ်
၄။ အာကာသယာဉ်မှူး(၃)ဦးပါဝင်သော ရှန်ကျိုး-၁၉အာကာသယာဉ်ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁ နိုဝင်ဘာ ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံက Google Pixel မိုဘိုင်းလ်ဖုန်းတွေပြည်တွင်း ရောင်းချခြင်းကို တားဆီးပိတ်ပင်လိုက် ပါတယ်။ ဥပဒေလိုအပ်ချက်အရ အင်ဒိုနီးရှားမှာ ရောင်းချမယ့် ဖုန်းတွေမှာ ပြည်တွင်းထုတ် အစိတ်အပိုင်း တွေ ပါဝင်ရမှာဖြစ်တဲ့အတွက် ဂူးဂဲလ်ရဲ့ဖုန်းတွေက အင်ဒိုနီးရှားပြည်တွင်းထုတ်အစိတ်အပိုင်းတွေမပါဝင် လို့ ယခုလိုရောင်းချခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။
မကြာသေးခင်ကလဲ အလားတူအကြောင်းပြချက်နှင့် နာမည်ကြီး အက်ပဲလ်ရဲ့နောက်ဆုံးထုတ် iPhone 16 တွေကို အင်ဒိုနီးရှားမှာ ရောင်းချခွင့်ပိတ်ခဲ့ပြီးနောက် ယခု ဂူးဂဲလ်ဖုန်းတွေ ထပ်အပိတ်ခံရတာပါ။
Google Pixel တွေဟာ ဥပဒေအရလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းထုတ် အစိတ်အပိုင်း အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ရမယ်ဆိုတဲ့ အချက်နှင့်မကိုက်ညီခဲ့တာလို့ဆိုပါတယ်။
“ ဒီဥပဒေတွေဘာကြောင့်လုပ်ရသလဲဆိုရင် အင်ဒိုနီးရှားမှာ ရင်းနှီးမြှပ်နှံသူတွေအားလုံးအတွက် မျှတမှု ရှိစေချင်လို့ပါ” လို့ စက်မှုဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖက်ဘရီဟင်ဒရီအန်တိုနီအာရိဗ်က ပြောပါတယ်။ အဲဒီဖုန်းတွေကို လိုအပ်တဲ့အခွန်တွေပေးဆောင်မယ်ဆိုရင်တော့ ပြည်ပကနေ ဝယ်လာလို့ ရပါတယ်လို့ သူကဆက်ပြောပါတယ်။
အင်ဒိုနီးရှားမှာ အိုင်ဖုန်းနှင့် ဂူးဂဲလ်ဖုန်းတွေဟာ ရောင်းအကောင်းရဆုံးဖုန်းတွေတော့မဟုတ်ပါဘူး။ ထိပ်ဆုံးမိုဘိုင်းလ်ဖုန်းတွေကတော့ တရုတ်ဖုန်း OPPO နှင့် တောင်ကိုရီးယားဖုန်းဆမ်ဆောင်းတို့ ဖြစ်ကြ ပါတယ်။
ဒီလိုလုပ်တာဟာ အကျိုးစီးပွားကာကွယ်ရေးဝါဒသာဖြစ်ပြီး ဝယ်ယူသူတွေကို ထိခိုက်စေပြီး ရင်းနှီးမြှပ်နှံသူတွေရဲ့ ယုံကြည်မှုအပေါ်လည်း အကျိုးသက်ရောက်စေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး နှင့် ဥပဒေလေ့လာရေးဉာဏ်ကြီးရှင်အဖွဲ့ညွှန်ကြားရေးမှူး ဘီမာ ယူဒီစတီယာက ပြောကြား လိုက်ပါတယ်။
Source Reuters
#World_News
Published 01 November 2024
▪️ စပိန်အရှေ့ပိုင်းမှာ အကြီးအကျယ် ရေကြီးရေလျှံခြင်းကြောင့် ကြာသပတေးနေ့အထိ သေဆုံးသူစာရင်း ၁၅၈ ဦးအထိ မြင့်တက်လာပါတယ်။
▪️ ဆယ်စုနှစ် ၅ ခုအတွင်း ဥရောပမှာ မုန်တိုင်းကြောင့်ဖြစ်တဲ့ အဆိုးရွားဆုံး ရေလျှံမှုကြီး ဖြစ်လာကာ ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးသူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။
▪️ ဗလင်စီယာဒေသတွေမှာ ၈ နာရီအတွင်း တစ်နှစ်စာလောက် မိုးရွာသွန်းခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါဟာ စပိန်သမိုင်းကြောင်းမှာ အဆိုးရွားဆုံး ကပ်ဘေးတစ်ခုဖြစ်လာပြီး ဒါတွေဟာ လူသားတွေကြောင့် ရာသီဥတု အစွန်းရောက် ဖောက်ပြန်မှု မကြာခဏ ဖြစ်နေရတယ်လို့ မိုးလေဝသပညာရှင်များက ပြောပါတယ်။
▪️ ကြာသပတေးနေ့က ဗလင်စီယာ မြို့အစွန်ဘက် ဂိုထောင်တစ်ခုထဲ ပိတ်မိနေတဲ့ လူ ၈ ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့များ ဆယ်ယူခဲ့ကြောင်း မြို့တော်ဝန် မယ်ရီယာဟိုဆေးကာတယ်လာက သတင်းထောက်တွေကို ပြောပြပါတယ်။
▪️ လူထောင်ပေါင်းများစွာက ဈေးဝယ်ခြင်းလှည်းများဖြင့် လာတော်ရေးပေါ် လူသွားတံတားကနေ ဗလင်စီယာမြို့ထဲသို့ ပစ္စည်းများ ဝယ်ယူသယ်ဆောင်သွားကြပါတယ်။
▪️ မက်ဒရစ်ဗဟိုအစိုးရက ပြည်သူများကို သတိပေးခြင်းနဲ့ ကယ်ဆယ်ရေး လွှတ်ခြင်းတို့မှာ နှောင့်နှေးလွန်းတယ်လို့ အတိုက်အခံ နိုင်ငံရေးသမားများ ပြောနေကြပြီး အရပ်ဘက် ကာကွယ်ရေး အတိုင်းအတာများအတွက် ဒေသတွင်း အာဏာပိုင်များမှာ တာဝန်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောလာပါတယ်။
▪️ အာဏာပိုင်များသာ အချိန်မီ သတိပေးခဲ့ရင် လူတွေသေကြမှာ မဟုတ်ဘူးလို့ ဒေသတွင်း စူပါမားကတ်တစ်ခုမှ မန်နေဂျာ လော်ရာဗီလေစကူဆာက ပြောသွားပါတယ်။
▪️ ရေကြီးမှုကြောင့် ဗလင်စီယာရှိ အခြေခံ အဆောက်အအုံများ၊ တံတားများ၊ လမ်းများ၊ ရထားလမ်းများ ပျက်စီးကာ စပိန်နိုင်ငံထွက် အချဉ်သီးများ အများဆုံးထွက်ရှိရာ ဒေသမှ လယ်မြေများ ရေမြုပ်ကုန်ပါတယ်။
▪️ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ် ဗလင်စီယာမြို့အနီး ကယ်ဆယ်ရေးဌာနတစ်ခုသို့ ရောက်ရှိလာကာ နောက်ထပ်အန္တရာယ်များကြောင့် ပြည်သူများအိမ်မှာပဲနေဖို့ တိုက်တွန်းလိုက်ပါတယ်။
▪️ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ကပ်ဘေးဆိုက်ပြည်သူများအတွက် မေတ္တာပို့သပေးနေကြောင်း X ဆိုရှယ်မီဒီယာမှာ ပြောသွားပါတယ်။
#Source: Reuters
Page 45 of 851