#Daily_News
Published 27 March 2025
၁။ သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ပေးထားမည်
၂။ အမေရိကန်သို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရန်ပြင်ဆင်
၃။ ယခုနှစ်ထောပတ်သီးတန်ချိန် တစ်သောင်းကျော်တင်ပို့
၄။ တရုတ်စီးပွားကူးသန်းဝန်ကြီးနှင့် Apple စီအီးအိုတို့ တရုတ်-အမေရိကန် စီးပွားဆက်ဆံရေး တွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 March 2025
▪️ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်သစ်က သံအမတ်ခန့်အပ်ခြင်းဆိုင်ရာ အထောက်အထားများကို ဒေါ်နယ်ထရမ့်အစိုးရထံ ကြာသပတေးနေ့မှာ တင်ပြသွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
▪️ ဖော်ပြချက်အရ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်အဖြစ် မကြာသေးမီကမှ ခန့်အပ်ခံရတဲ့ အလက်ဇန်ဒါးဒါချိဗ်က စံတော်ချိန် နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ ခန့်အပ်လွှာအထောက်အထားများကို တင်ပြမှာဖြစ်ပါတယ်။
▪️ ဥရောပနဲ့ ယူရေးရှားရေးရာဗျူရိုမှ အကြီးတန်းဗျူရိုအရာရှိ လူးဝစ်အယ်လ်ဘိုနို တက်ရောက်မယ်လို့ ဆိုပါတယ်။
▪️ ဒါချိဗ်ဟာ ဝါရှင်တန်နေအိမ်သို့ ရောက်ရှိနေပြီလို့ ရုရှားနိုင်ငံပိုင် RIAသတင်းဌာနက ဗုဒ္ဓဟူးနေ့ညနေမှာ ဖော်ပြထားပါတယ်။
▪️ သူ့ရဲ့နေအိမ်အပြင်ဘက်မှာ သတင်းထောက်အချို့ ရောက်ရှိလာပေမယ့် ဖြေကြားခြင်းမရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။
▪️ ရောက်ရှိချိန်မှာ ရုရှားသတင်းထောက်တွေကို ပြောခဲ့ရာမှာတော့ ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးနဲ့ သံတမန်ရေးရာတာဝန်များ လုပ်ဆောင်ရေးတို့မှာ အခွင့်အလမ်းတွေ ပွင့်လာပြီလို့ ပြောခဲ့ပါတယ်။
▪️ ရုရှားဟာ အောက်တိုဘာလက နောက်ဆုံးသံအမတ် ထွက်ခွာပြီးနောက် အမေရိကန်မှာ နောက်ထပ်သံအမတ် မထားခဲ့ပါဘူး။
▪️ ဒါချိဗ်ဟာ ဝါရှင်တန်သံရုံးမှာ တာဝန်ထမ်းဆောင်ဖူးသလို ၂၀၁၄ကနေ ၂၀၂၁ အထိ ကနေဒါဆိုင်ရာ ရုရှားသံအမတ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
▪️ ဒါချိဗ်ဟာ လတ်တလောနှစ်တွေမှာ အမေရိကန်နဲ့ အနောက်တိုင်းကို လူသိရှင်ကြား ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
▪️ ရုရှားနဲ့ အမေရိကန်တို့ဟာ ယူကရိန်းပဋိပက္ခကြောင့် ပျက်စီးခဲ့ရတဲ့ ဆက်ဆံရေးကို ပြုပြင်ဖို့ကြိုးပမ်းနေချိန်မှာ ဒါချိဗ်ကို သံအမတ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
#Source: Reuters
#World_Health
Published 27 March 2025
▪️ ဆားအလွန်အကျွံ စားသုံးနေကြတာက ကမ္ဘာတဝှမ်းမှာ ကျန်းမာရေးပြဿနာ ဖြစ်လာပြီး သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်၊ ကျောက်ကပ်ပြဿနာများ ဖြစ်လာစေပါတယ်။
▪️ တစ်နေ့ကို ဆားပမာဏ လက်ဖက်စားဇွန်းတစ်ဇွန်းခန့်သာ စားဖို့အကြံပြုထားကြပေမယ့် လူအများစုက နှစ်ဆလောက် ပိုစားမိနေကြပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံတွေ ပြုပြင်ပြီးတော့ ဆားလျှော့ချစားသုံးမိအောင် ကျင့်ကြံနိုင်ပါတယ်။
▪️ ဒါကြောင့် ဆားစားသုံးမှု လျှော့ချနိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) လတ်ဆတ်သောပါဝင်ပစ္စည်းများသုံးပါ
▪️ အိမ်မှာချက်စားခြင်းက ဆားပါဝင်မှုကို ထိန်းချုပ်နိုင်ပါတယ်။
▪️ လတ်ဆတ်တဲ့ ဟင်းရွက်၊ အသားများ အသုံးပြုသင့်သလို ရယ်ဒီမိတ် အရသာမှုန့်တွေ၊ ဆော့စ်တွေ၊ အစားအစာတွေကို လျှော့ချရပါမယ်။
(၂) ပါဝင်ပစ္စည်းများကိုသေချာဖတ်ရှုပါ
▪️ ထုပ်ပိုးထားတဲ့ စားစရာတွေမှာ ဆိုဒီယံပါဝင်တာကို မဖော်ပြတတ်ကြပါဘူး။
▪️ 'ဆိုဒီယံမပါဝင်' ၊ 'ဆားမပါဝင်'ဆိုတဲ့ စာများဖော်ပြထားတဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။
(၃) စားသောက်ဆိုင်နဲ့ ထုပ်ပိုးစားစရာများလျှော့ချပါ
▪️ ထုပ်ပိုးထားတဲ့ စားစရာတွေနဲ့ စားသောက်ဆိုင်တွေမှ စားစရာတွေက ဆားအများအပြားပါဝင်ပြီး ဆိုဒီယံ မြင့်မားစေပါတယ်။
▪️ မုန့်ထုပ်များကို လျှော့စားပြီး စားသောက်ဆိုင်မှာစားတဲ့အခါ ဆားလျှော့ထည့်ပေးဖို့ တောင်းဆိုပါ။
(၄) ဖြည်းဖြည်းချင်း ဆားလျှော့သုံးကြည့်ပါ
▪️ ဆားကို ဖြည်းဖြည်းချင်း လျှော့စားကြည့်တဲ့အခါ အရသာဖုတွေ ကျင့်သားရလာစေပါတယ်။
▪️ ထိုနေရာမှာ ဆေးဖက်ဝင် အမွှေးအကြိုင်များ၊ ဆားမပါတဲ့ထောပတ်တို့ဖြင့် အစားထိုးသုံးနိုင်ပါတယ်။
(၅) ပိုတက်ဆီယံကြွယ်ဝစွာ စားသုံးပါ
▪️ ပိုတက်ဆီယံက ဆိုဒီယံပမာဏကို ထိန်းညှိကာ သွေးပေါင်ချိန်ကျစေဖို့ ကူညီပါတယ်။
▪️ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ ပဲကြီးတို့က ပိုတက်ဆီယံ ကြွယ်ဝပါတယ်။
#Source: DoctorNDTV
#World_Science
Published 27 March 2025
▪️ အေးခဲခြင်းဆိုတာဟာ အရည်ကနေ အခဲအဖြစ် အသွင်ပြောင်းသွားတဲ့ ဖြစ်စဉ်လို့ သိထားကြပေမယ့် အီတလီသိပ္ပံပညာရှင်အဖွဲ့ကတော့ အလင်းရောင်ကို အေးခဲနိုင်ခဲ့ပါတယ်။
▪️ ဒီအဖွဲ့မှာ နာနိုနည်းပညာရှင်များနဲ့ ရူပဗေဒပညာရှင်များ ပါဝင်ကာ အလင်းရောင်ကို အလွန်ခဲတဲ့ပုံစံမျိုး ပြုလုပ်နိုင်ခဲ့ကြပါတယ်။
▪️ အလွန်ခဲ့တဲ့အရာတွေဆိုတာ အစီအစဉ်တကျ ဖွဲ့စည်းမှုနဲ့ ပွတ်တိုက်အားမဲ့ အရည်များစီးဆင်းမှုတို့ ပေါင်းစပ်ထားတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
▪️ အလွန်အေးခဲတဲ့အက်တမ်များ စုခဲသွားတာဖြစ်ပြီး ဖိုတွန်များအသုံးပြုထားတာ ဖြစ်ပါတယ်။
▪️ သာမန်အေးခဲခြင်းက အရည်အပူချိန် အေးခဲမှတ်အထိ ကျဆင်းသွားပြီးတော့ မော်လီကျူးများ နှေးသွားကာ အစိုင်အခဲပုံစံ ဖြစ်သွားကြပါတယ်။
▪️ အပူချိန်က လုံးဝသုညနားကပ်သွားတဲ့အခါ အက်တမ်တွေရဲ့ ကွမ်တမ်သဘာဝလှုပ်ရှားမှုများ ပေါင်းစည်းသွားပြီး ထူးခြားဆန်းပြားတဲ့အဆင့်တွေဆီ ရောက်သွားတယ်လို့ သုတေသီများ ရှင်းပြပါတယ်။
▪️ ဖိုတွန်တွေကိုလည်း အလွန်ခဲသွားတဲ့ပုံစံ လုပ်နိုင်မလားဆိုတာကို လေ့လာခဲ့ကြပါတယ်။
▪️ အရည်အေးခဲတဲ့ အခြေအနေဟာ အမှုန်အပိုင်းအစ အများအပြားဟာ တပြိုင်တည်း ကွမ်တမ်စွမ်းအင် အနည်းဆုံးအခြေအနေ ဖြစ်ပျက်ပြီး BECဖြစ်စဉ်လို့ ရှင်းပြပါတယ်။
▪️ BECမှာ အပူချိန်အတော်လေးနိမ့်ပြီး အမှုန်အစုအဖွဲ့က တစ်သားတည်းအဖြစ် ဆောင်ရွက်ကြပါတယ်။
▪️ ဖိုတွန်အရေအတွက် မြင့်တက်လာတဲ့အခါ ဖိုတွန်တွေအတွဲလိုက် စုကပ်သွားပြီး စွမ်းအင်လျော့နည်းသွားစေပါတယ်။
▪️ အလွန်ခဲတဲ့အခြေအနေ ထွက်ပေါ်လာပြီး စနစ်ထဲက ဖိုတွန်သိပ်သည်းခြင်း ချိန်ညှိသွားပြီးတော့ အလွန်ခဲတဲ့အခြေအနေပုံစံမျိုး ဖြစ်လာပါတယ်။
#Source: WION
BMW AGရဲ့ စီအီးအို စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဥက္ကဌ အိုလီဗာဇစ်ပ်က တရုတ်ထောက်ပံ့ရေးကွင်းဆက်များနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းမှုအကြောင်း အလေးပေးပြောခဲ့ကာ တရုတ်ဈေးကွက်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံဖို့ကို တနင်္ဂနွေနေ့က ထပ်မံအတည်ပြုပြောသွားပါတယ်။
#World_Industry
Published 26 March 2025
#BMWစီအီးအို #အိုလီဗာဇစ်ပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 March 2025
၁။ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် သနပ်ခါးသင်္ကြန် ထည့်သွင်းကျင်းပမည်
၂။ ရန်ကုန်တိုင်း၌ ပဲမျိုးစုံ ဧကငါးသိန်းခန့်အထိ စိုက်ပျိုးထား
၃။ တစ်နှစ်အတွင်း ကျွမ်းကျင်လုပ်သားပေါင်း သုံးသောင်းခန့်အား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့
၄။ တရုတ်ကားဈေးကွက်၌ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် BMW စီအီးအိုပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 March 2025
▪️ အမေရိကန်ဟာ ပင်လယ်ပြင်တိုက်ခိုက်မှုတွေနဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ယူကရိန်း၊ ရုရှားတို့နဲ့ သီးခြားသဘောတူညီချက်တွေ အင်္ဂါနေ့က ရရှိခဲ့ပြီဖြစ်ပြီး ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းဖို့ သဘောတူလိုက်ပါတယ်။
▪️ ပင်လယ်နက် ရေကြောင်းလုံခြုံရေး သဘောတူညီမှုတွေ ဘယ်အချိန် ဘယ်လိုစတင်မလဲ သေချာမသိရပေမယ့် သမ္မတဒေါ်နယ်ထရမ့် တာဝန်ယူချိန်ကစပြီးနောက် နှစ်ဖက်စလုံးမှ ပထမဆုံးတရားဝင် သဘောတူညီလာကြတာ ဖြစ်ပါတယ်။
▪️ အမေရိကန်နဲ့ ရုရှားသဘောတူညီချက်က ယူကရိန်းထက် ခရီးပိုရောက်နေပြီး အမေရိကန်က ရုရှားလယ်ယာစိုက်ပျိုးရေးနဲ့ မြေဩဇာတင်ပို့မှုများအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
▪️ အမေရိကန်ဘက်မှ ထုတ်ပြန်ပြီးမကြာခင်မှာပဲ ရုရှားတို့က ယင်းတို့ဘဏ်အချို့နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွေကြား ချိတ်ဆက်မှုတွေ ပြန်လည်မရမချင်း ပင်လယ်နက်သဘောတူညီမှု အကျုံးဝင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကတော့ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ စတင်အသက်ဝင်ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချတာတွေ မလိုအပ်ဘူးလို့ ဆိုလိုက်ကာ ရုရှားတို့က သဘောတူညီချက်တွေကို ခြယ်လှယ်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
▪️ "ရုရှားတို့ဟာ သဘောတူညီချက်တွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေပြီး ကြားဝင်စေ့စပ်သူတွေရော တစ်ကမ္ဘာလုံးကိုပါ လှည့်ဖျားနေတယ်" လို့ ဇယ်လန်စကီက ပြောသွားပါတယ်။
▪️ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က "ရှင်းလင်းတဲ့ အာမခံချက်တွေ လိုပါလိမ့်မယ်။ အရင်က ယူကရိန်းနဲ့ သဘောတူညီချက်ယူရာမှာ စိတ်ပျက်စရာ ဖြစ်ခဲ့တာကြောင့် အမေရိကန်ကနေ ဇယ်လန်စကီကို ညွှန်ကြားလို့ဖြစ်လာတဲ့ အရာကသာ အာမခံချက်ဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။
▪️ ရုရှားအနေနဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ပါက ရုရှားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နဲ့ ယူကရိန်းကို လက်နက်တွေ ထပ်ပြီးထောက်ပံ့ရန် ထရမ့်ကို တောင်းဆိုသွားမယ်လို့ ဇယ်လန်စကီ ပြောပါတယ်။
#Source: Reuters
Page 5 of 912