#Daily_News
Published 14 November 2024
၁။ ရန်ကုန်-မော်လမြိုင် အစုန်/အဆန်အထူးနှင့် ပုံမှန်ရထားများပြေးဆွဲပေးနေ
၂။ ပန်းတစ်ပွင့်တောင်တွင် ကထိန်ပွဲနှင့်ဆရာတော်မွေးနေ့ပွဲကျင်းပမည်၊ အိုဝေး နာဝေးဆေးဒါနပြုရန်ရှိ
၃။ ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်မည့်သူများ အခုလအတွင်းလိုင်စင်အပြီးလျှောက်ထားရမည်
၄။ ဂါဇာနှင့်လက်ဘနွန်တို့တွင် စစ်ရာဇဝတ်မှုကျူးလွန်နေသည့်အစ္စရေးလ်အားအမေရိကန်အစိုးရသစ်ရပ်တန့်ပေးရန် အီရန်မျှော်လင့်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 14 November 2024
▪️ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နယ်ထရမ့်နဲ့ အဖွဲ့ဟာ ရာထူးကနေ ထုတ်ပယ်သွားမယ့် စစ်အရာရှိများစာရင်းကို ရေးဆွဲနေပြီး အဲဒီအထဲမှာ ပူးတွဲစစ်ဦးစီးအရာရှိချုပ်လည်း ပါဝင်နိုင်တယ်လို့ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရကာ ပင်တဂွန်စစ်ဌာနချုပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။
▪️ နိုဝင်ဘာ ၅ရက်နေ့ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးနောက် ရာထူးမှထုတ်ပယ်ရေး အစီအစဉ်တွေပြုလုပ်နေတာ အစောပိုင်းအဆင့် ရောက်နေပြီး ထရမ့်အကူးအပြောင်း အစိုးရအဖွဲ့က စတင်ပုံဖော်နေပြီလို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ပြောပါတယ်။
▪️ ဒီအစီအစဉ်တွေကို ထရမ့်ကိုယ်တိုင် ထောက်ခံအားပေးတာလားဆိုတာ မသေချာပေမယ့် ယင်းကိုဝေဖန်ဖူးတဲ့ ကာကွယ်ရေးခေါင်းဆောင်တွေကို အရင်ကလည်း ဖယ်ရှားဖူးပါတယ်။
▪️ နောက်ထပ်သတင်းရင်းမြစ် ပြောကြားချက်အရ အသစ်ပြောင်းလာမယ့် အစိုးရအဖွဲ့ဟာ ထရမ့်ရဲ့ ပူးတွဲစစ်ဦးစီးအရာရှိချုပ်ဟောင်း မာ့ခ်မီလီနဲ့ ဆက်စပ်နေတယ်လို့ ယူဆထားတဲ့ အမေရိကန် စစ်ရေးအရာရှိများကို ဦးစားပေးဖယ်ရှားသွားဖွယ် ရှိပါတယ်။
▪️ မီလီနဲ့ ပတ်သက်နေတဲ့ လူတိုင်းရဲ့ နာမည်စာရင်းတွေ အတိအကျရှိထားပြီး ယင်းတို့အားလုံး ဖယ်ရှားခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ပူးတွဲစစ်ဦးစီးအရာရှိချုပ်အဖွဲ့ထဲမှာ အမေရိကန်စစ်တပ်မှ ရာထူးအမြင့်ဆုံးအရာရှိများ ပါဝင်ပြီး ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ နိုင်ငံတော် ကာကွယ်ရေးတပ်နဲ့ အာကာသတပ်ဖွဲ့များ ပါဝင်ပါတယ်။
▪️ ဒီမတိုင်ခင်မှာ ထရမ့်ဟာ Fox News သတင်းကြေညာသူနဲ့ ပင်တဂွန်မှာ ရှင်းလင်းရေးလုပ်ချင်နေတဲ့ စစ်မှုထမ်းဟောင်း ပီ့တ်ဟက်ဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။
▪️ ဖယ်ရှားခံရမယ့် အရာရှိတွေထဲမှာ လေတပ်ဗိုလ်ချုပ် C.Q.ဘရောင်းလည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။
▪️ အရာရှိဟောင်းတွေနဲ့ လက်ရှိအမှုထမ်းအရာရှိ အချို့က လက်ရှိကမ္ဘာပေါ်မှာ စစ်ပွဲတွေဖြစ်နေတဲ့အချိန် ဒီလိုအပြောင်းအလဲ လုပ်တာဟာ မလိုလားအပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ဒီရာထူးနေရာတွေဟာ အစားထိုးလို့လွယ်တဲ့ နေရာတွေဖြစ်ပြီး တာဝန်ဆက်ခံမယ့်သူတွေ ရှားပါးမနေဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
#Source: Reuters
#World_Science
Published 14 November 2024
▪️ စကြဝဠာကြီးမှာ အံ့ဩဖွယ်ရာတွေ ပြည့်နှက်နေပြီး သိပ္ပံပညာရှင်တွေ မဖော်နိုင်သေးတဲ့ အရာတွေ ရှိနေပါသေးတယ်။
▪️ ထိုကိစ္စတွေထဲမှာ ဂျူပီတာဂြိုဟ်လို့ခေါ်တဲ့ ကြာသပတေးဂြိုဟ်မှာ မြေပြင်မရှိတဲ့ ဖြစ်ရပ်လည်း ပါဝင်နေပါတယ်။
▪️ ဂျူပီတာဂြိုဟ်မှာ မြေပြင်တွေ မြက်ပင်တွေ ဖုန်မှုန့်တွေ မရှိသလို လမ်းလျှောက်လို့မရ အာကာသယာဉ် ရပ်နားလို့မရပါဘူး။
▪️ မြေပြင်မရှိဘူးရင် ဂျူပီတာဂြိုဟ်ကြီးက ဘယ်လိုတည်ရှိနေသလဲလို့ မေးစရာရှိလာပါတယ်။
▪️ ဂျူပီတာက နေလုံးကနေဆိုရင် ၅ခုမြောက် ဂြိုဟ်ဖြစ်ပြီး မားစ်ဂြိုဟ်နဲ့ စေတန်ဂြိုဟ်ကြား တည်ရှိကာ စကြဝဠာထဲမှာ အကြီးဆုံးဂြိုဟ်ဖြစ်ပြီး ကမ္ဘာဂြိုဟ်ပေါင်း ၁၀၀၀ လောက်အထိ ကြီးမားပါတယ်။
▪️ အခြားဂြိုဟ်တွေဖြစ်တဲ့ မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာဂြိုဟ်နဲ့ မားစ်တို့ကတော့ မြေမျက်နှာပြင်တွေ ရှိကြပါတယ်။
▪️ ဂျူပီတာမှာ လေငွေ့ဓာတ်ငွေ့များ လုံးထွေးနေပြီး အချို့နေရာတွေမှာ တစ်နာရီကို ၄၀၀ မိုင်နှုန်း တိုက်ခတ်ကာ ကမ္ဘာပေါ်က အဆင့် ၅ဟာရီကိန်းထက် ၃ ဆပိုမြန်ပါတယ်။
▪️ အပေါ်ဆုံးလွှာမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံလေထုအများစု ဖုံးအုပ်ထားပြီး ဖိအားက အတွင်းသို့ ပိုပိုနက်လာပါတယ်။
▪️ ဖိအားက အတွင်းပိုင်းမှာ အလွန်သိပ်သည်းတာကြောင့် ဖိအားများလွန်းပြီး လူ့ခန္ဓာကိုယ်ဆိုရင် ပေါက်ကွဲနိုင်ပါတယ်။
▪️ အငွေ့တွေက ဟိုက်ဒရိုဂျင်အရည်များ ပြောင်းလဲလာကာ စကြဝဠာထဲက အကြီးဆုံးသမုဒ္ဒရာ ဖြစ်လာတယ်လို့ ယူဆရပြီး ရေမရှိတဲ့ သမုဒ္ဒရာသာ ဖြစ်ပါတယ်။
ဟိုက်ဒရိုဂျင်အရည်ထဲမှာ အက်တမ်တွေ ကြပ်ညပ်နေပြီး အီလက်ထရွန်တွေ လွတ်လပ်စွာ သွားနေကြပါတယ်။
▪️ ဂျူပီတာဂြိုဟ် ဗဟိုအူတိုင်မှာ ရှိတဲ့ သဘာဝပစ္စည်းတွေကိုတော့ မသိရှိရသေးပါဘူး။
▪️ အဲဒါတွေက အစိုင်အခဲတော့မဟုတ်ဘဲ အရည်တွေနဲ့ အစိုင်အခဲရောစပ်နေတဲ့ အရာတွေသာ ဖြစ်နိုင်ပြီး ဗဟိုအူတိုင်မှာ ဖိအားအလွန်မြင့်မားနေနိုင်ပါတယ်။
Source: WION.
#World_Health
Published 14 November 2024
▪️ ဆောင်းရာသီ ကူးပြောင်းလာချိန်မှာ လေထဲမှာ စိုစွတ်မှုနည်းပါးလာပြီး အသားအရေ ခြောက်သွေ့လာစေနိုင်ပါတယ်။
▪️ စိုစွတ်မှု မရှိတဲ့အခါ ရေဓာတ်ခန်းခြောက်လာပြီး ခြောက်သွေ့ခြင်း၊ အရေးကြောင်းဖြစ်ခြင်းများ ဖြစ်ပေါ်လာပါတယ်။
▪️ ဒီအတွက် ရေဓာတ်ဖြည့်ပေးတဲ့ မျက်နှာအုပ်ကပ်ခွာတွေက အစိုဓာတ် ထိန်းသိမ်းပေးပြီး အာဟာရဓာတ် ဖြည့်တင်းပေးပါတယ်။
▪️ မျက်နှာအုပ်ကပ်ခွာတွေကို သဘာဝပစ္စည်းများဖြင့် ပြုလုပ်အသုံးပြုခြင်းဖြင့် အဆိုပါ အရေပြားပြဿနာများမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
▪️ (၁) ပျားရည်နှင့်ဒိန်ချဉ် - ပျားရည်က အရေပြားထဲ စိုစွတ်မှု ရောက်ရှိစေပြီး ဒိန်ချဉ်မှာပါတဲ့ လက်တစ်အက်ဆစ်က ရေဓာတ်ဖြည့်ပေးကာ ဆဲလ်သေများ ကွာကျစေပါတယ်။
▪️ (၂) ထောပတ်သီးနှင့် သံလွင်ဆီ - ထောပတ်သီးက အကျိုးပြုအဆီနဲ့ ဗိုက်တာမင်-အီး၊ စီတို့ ကြွယ်ဝကာ သံလွင်ဆီက အသားအရေ စိုစွတ်စေပါတယ်။
▪️ (၃) ရှားစောင်းလက်ပတ်နှင့် သခွားသီး - ရှားစောင်းက အေးမြပြီး ရေဓာတ်ဖြည့်တဲ့ အစွမ်းအာနိသင်ရှိပြီးတော့ သခွားသီးကတော့ ရေဓာတ်နဲ့ ချောမွေ့တဲ့ အာနိသင် ပေးစွမ်းနိုင်ပါတယ်။
▪️ (၄) ငှက်ပျောသီးနှင့် ပျားရည် - ငှက်ပျောသီးက စိုစွတ်မှုထိန်းသိမ်းပေးပြီး အသားအရေ နူးညံ့စေကာ ပျားရည်က စိုစွတ်မှု ထိန်းသိမ်းပေးပါတယ်။
▪️ (၅) အုတ်ဂျုံနှင့် နို့ - အုတ်ဂျုံမှာ ရောင်ရမ်းဆန့်ကျင်ခြင်းနဲ့ ဆဲလ်သေကွာကျခြင်း အစွမ်းသတ္တိရှိကာ နို့မှာပါတဲ့ လက်တစ်အက်ဆစ်ကတော့ ဆဲလ်သေများ ကွာကျစေပါတယ်။
▪️ (၆) အုန်းနို့နှင့်ပျားရည် - အုန်းနို့မှာ အကျိုးပြုအဆီနဲ့ ဗိုက်တာမင်များ ပါဝင်ပြီး ပျားရည်က ရေဓာတ်ဖြည့်ပေးကာ အသားအရေ စိုစွတ်စေပါတယ်။
▪️ (၇) သင်္ဘောသီးနှင့်ပျားရည် - သင်္ဘောသီးမှာ ဗိုက်တာမင်-အေ၊စီနဲ့ အင်ဇိုင်းများ ကြွယ်ဝကာ အသားအရေကို အာဟာရဖြည့်ပေးပြီး ပျားရည်က ရေဓာတ်ထိန်းသိမ်းပေးပါတယ်။
(▪️ ၈) နှင်းဆီရည်နှင့် ဂလစ်ဆရင်း - နှင်းဆီရည်က စိတ်ငြိမ်သက်စေပြီး ရေဓာတ်ဖြည့်ပေးကာ ဂလစ်ဆရင်းက အသားအရေကို စိုစွတ်အောင် ထိန်းသိမ်းပေးပါတယ်။
Source: DoctorNDTV
တရုတ်လူမျိုး စက်ဘီးစီးသမားတစ်ဦးဟာ တိုက်ကြီး ၅ တိုက်က ၆၂ နိုင်ငံကို စက်ဘီးဖြင့် ၁၂ နှစ်ကြာအောင် ဖြတ်သန်းပြီးစီးခဲ့ကာ သူ့ငယ်ဘဝအိပ်မက် အကောင်အထည် ဖော်နေပါတယ်။
#World_News
Published 13 November 2024
#စက်ဘီးဖြင့်ကမ္ဘာပတ် #တိုက်ကြီး(၅)တိုက်ဖြတ်သန်း
၁၃ နိုဝင်ဘာ ၂၀၂၄
မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အမေရိကန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများပါဝင် နေကြောင်း တယ်လီဂရပ်သတင်းစာက နိုဝင်ဘာ ၁၃ရက်တွင် ဖော်ထုတ်ရေးသားခဲ့ပါတယ်။
တယ်လီဂရပ်က အသက် ၂၄နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား အာဇတ်ဆိုသူနှင့် တွေ့ဆုံမေးမြန်းရေးသားခဲ့ခြင်း ဖြစ်ပြီး သူသည် အမေရိကန်လေနှင့်စကားပြောသူဖြစ်ပြီး တော်လှန်ရေးကိုသဘောကျကြောင်းနှင့် မြန်မာပြည် မြောက်ပိုင်းသို့သွားရောက်ကာ အစိုးရဆန့်ကျင်ရေးအုပ်စုများနှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်သူဟာ အမေရိကန်မှာရှိတဲ့မိသားစုနှင့်အတူ နှစ်လခန့်နေထိုင်ပြီးနောက် အနောက်မြောက်ပိုင်းရှိ ချင်းပြည်နယ်သို့သွားရောက်ကာ ရှေ့တန်းမှပါဝင်တိုက်ခိုက်ခဲ့ကြောင်းနှင့်အထူးသဖြင့်သူသည် လက်ဖြောင့်ပစ်ခတ် မှုကျွမ်းကျင်ကြောင်းလည်း အဆိုပါသတင်းတွင်ရေးသားထားပါတယ်။
အာဇတ်ဆိုသည်မှာ သူ၏ အမည်ဝှက်ဖြစ်ပြီး သူသည် စစ်တိုက်ရသည်ကို စိတ်လှပ်ရှားတက်ကြွကြောင်း၊ အဲဒါကြောင့် ပဋိပက္ခနေရာများနှင့် စွန့်စားရသောခရီးသွားခြင်းများကို ရှာဖွေနေသူဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
အာဇတ်မှာ မြန်မာနိုင်ငံအတွင်း ခိုးဝင်လာပြီး ဆန့်ကျင်ရေးအုပ်စုတွေနှင့်အတူ တိုက်ခိုက်နေတဲ့ နိုင်ငံခြားသား အနည်းအကျဉ်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူတို့ဟာ ယခုဆိုရင် ဖက်ဆစ်ဆန့်ကျင်ရေးနိုင်ငံတကာ တပ်ဦး the Anti-Fascist Internationalist Front (AIF) ဆိုတဲ့အမည်နှင့် အဖွဲ့ငယ်ကလေးတစ်ခု ပထမဆုံးဖွဲ့စည်း ထားပြီးပြီလို့လည်း တယ်လီဂရပ်သတင်းစာမှာဖော်ပြထားပါတယ်။
သူဟာ တရားဝင်စစ်သင်တန်းမတက်ဖူးပေမယ့် ဆီရီးယားနိုင်ငံမှာ ကဒ်လူမျိုးစုသူပုန်တွေနှင့်အတူ လေးနှစ်အထိ တိုက်ခဲ့ဖူးသည့် အတွေ့အကြုံရှိတယ်လို့သူကပြောပါတယ်။ ယူကရိန်း ဒါမှမဟုတ်ဆီးရီးယားနှင့်မတူတဲ့အချက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေစ စနစ်တကျစုဆောင်းမှုမရှိသေးတော့ အရေအတွက်က နည်းသေးတယ်လို့ သူက ဆက်ပြောပါတယ်။သူက နိုင်ငံတကာစိတ်ဓာတ်တွေရှိတဲ့ နိုင်ငံခြာ့းသားတွေ ထပ်လိုချင်တယ်လို့ဆိုပါတယ်။
ကြာသပတေးနေ့က သူက ရန်ပုံငွေစရှာလိုက်တာ ၂၄နာရီအတွင်း ဒေါ်လာတစ်ထောင်ရလိုက်တယ်လို့လည်း တယ်လီဂရပ်ကသူကပြောပါတယ်။
Ref :Telegraph
အပြည့်အစုံဖတ်လိုသူများ-
https://www.telegraph.co.uk/world-news/2024/11/13/why-i-left-us-deep-south-to-fight-in-myanmar-civil-war/ တွင်ဖတ်ရှုနိုင်ပါတယ်။
ထရမ့်က အီလွန်မတ်စ်နှင့် ရာမာဆွာမိတို့ကို အမေရိကန်အစိုးရအုပ်ချုပ်မှုယန္တယားအား အကြီး အကျယ် ပြုပြင်ပြောင်းလဲမည့် အစိုးရစွမ်းရည်ဌာနအသစ်ကို ဦးဆောင်ရန်ခန့်အပ်
၁၃ နိုဝင်ဘာ ၂၀၂၄
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ်နှင့် ရီပတ်ဘလီကန်သမ္မတလောင်းဖြစ်ခဲ့သူ ဗီဗက် ရာမာဆွာမိတို့ကို အစိုးရစွမ်းရည်ဌာနကို ဦးဆောင်ခိုင်းမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။ အစိုးရစွမ်းရည် ဌာနဟာ အမည်ကတော့ အစိုးရဝန်ကြီးဌာနတစ်ခုနှင့်တူပေမယ့် အစိုးရဌာနတစ်ခုတော့မဟုတ်ပါဘူး။
အတိုကောက်အားဖြင့် “DOGE” လို့အမည်ပေးထားတဲ့ အဲဒီဌာနကို အီလွန်မတ်စ်နှင့် ရာမာဆွာမိတို့က အစိုးရရဲ့ အပြင်ဘက်ကနေ အလုပ်လုပ်ပေးလိမ့်မှာဖြစ်ပြီး အိမ်ဖြူတော်ကို လိုအပ်တဲ့ အကြံဉာဏ်တွေနှင့်ါ လမ်းညွှန်မှုတွေပြုသွားမယ်လို့ ထရမ့်ကပြောပါတယ်။
အိမ်ဖြူတော်က စီမံခန့်ခွဲရေးနှင့်ဘတ်ဂျက်ရုံးနှင့်အတူ သူတို့နှစ်ယောက်အတူတကွ အလုပ်လုပ်ကြမှာ ဖြစ်ပြီး ကြီးမားတဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်ကြမှာဖြစ်တယ်လို့ ထရမ့်က ဆက်ပြော ပါတယ်။တစ်ခါမှ မမြင်ဖူးတဲ့ အစိုးရတစ်ခုအဖြစ် စီးပွားရေးစွမ်းဆောင်ရည်ချည်းကပ်မှုဖြင့် ဖန်တီးမှာလို့ လည်းဆိုပါတယ်။ အဲသလိုပြောင်းလဲမှုက အစိုးရစနစ်တွေကို တုန်လှုပ်စေလိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။
“ အစိုးရစွမ်းဆောင်ရည်ဌာန။ ဒီမိုကရေစီကိုခြိမ်းခြောက်တာလား ။မဟုတ်ဘူး။ ဗျူရိုကရေစီကို ခြိမ်းခြောက်တာ” လို့ မတ်စ်က သူ့ရဲ့ X ပလက်ဖောင်းကနေ ပို့စ်ရေးတင်ပါတယ်။
“ အဲဒီပုဂ္ဂိုလ်နှစ်ဦးဟာ ကျွန်တော့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို အစိုးရဗျူရိုကရေစီဖျက်သိမ်းဖို့ လမ်းပြခေါ်ဆောင်သွားလိမ့်မယ်။ ဥပဒေစည်းမျည်းအပိုတွေ ဖျက်ပစ်မယ်။ အလဟဿအသုံးတွေ ဖြတ်တောက်ပစ်မယ်။ ဖက်ဒရယ်ဝန်ကြီးဌာနတွေကို အသွင်ပြောင်းပစ်မယ်” လို့ သတင်းထုတ်ပြန် ချက်မှာ ပြောဆိုထားပါတယ်။
Source AP
Page 35 of 849