တစ်နာရီကို ၄၀၀ ကီလိုမီတာ အမြန်နှုန်းသွားနိုင်အောင် ထုတ်လုပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ CR450 EMU ရထား ရှေ့ပြေးပုံစံကို ယခုနှစ်အတွင်း ဆောက်လုပ်သွားနိုင်ရန် စီစဥ်ထားကြောင်း တရုတ်ပြည်မီးရထားအဖွဲ့အစည်းမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။
#Asia_News
Published 17 April 2024
ယမန်နှစ်က နိုင်ငံခြားသားများ ကွန်ဒိုဝယ်လိုအား မြင့်တက်လာရာကနေ ယခုနှစ်မှာလည်း ဆက်လက် မြင့်တက်လာမယ်လို့ ခန့်မှန်းရတာကြောင့် ထိုင်းနိုင်ငံအတွင်း အချို့နေရာတွေမှာ နိုင်ငံခြားသားများ ကွန်ဒိုပိုင်ဆိုင်ခွင့် ခွဲတမ်းတွေ မြင့်တက်လာသင့်ပါတယ်။
SETစာရင်းဝင် ဆောက်လုပ်ရေးကုမ္ပဏီ Raimon Land ရဲ့ အမှုဆောင်ချုပ် ဘရန်တန်မော်ရီယယ်လိုက နိုင်ငံခြားသားများ ကွန်ဒိုပိုင်ဆိုင်ခွင့်ခွဲတမ်းဟာ ၄၉ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ တက် လာသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဒီလိုလုပ်လိုက်ရင် ထိရောက်မှုကြီးမားမှာဖြစ်ပြီး နိုင်ငံအပေါ်မှာ ဆိုးကျိုးသက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။
ဖူးခက်နဲ့ ပတ္တရားတို့လို နိုင်ငံခြားသားများကြား နာမည်ကြီးတဲ့ နေရာတွေက နိုင်ငံခြားသားများ ကွန်ဒိုပိုင်ဆိုင်ခွင့်ခွဲတမ်းတွေဆိုရင် စီမံကိန်းအများအပြားမှာ ပြည့်နေပြီဖြစ်တယ်လို့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာနမှ ယာယီညွှန်ကြားရေးမှူးချုပ် ဝီချိုင်ဝီရတ်ကပန်က ဆိုပါတယ်။
အချို့နေရာတွေဆိုရင် ပြည်တွင်းမှ ဝယ်ယူသူတွေ စိတ်မဝင်စားကြောင်း၊ ထိုနေရာတွေဆိုရင် နိုင်ငံခြားမှ ဝယ်လိုအားကို မှီခိုရတဲ့အတွက် စီးပွားရေး လှုပ်ရှားလာအောင် အစိုးရအနေနဲ့ နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်ခွဲတမ်းကို မြှင့်တင်ပေးသင့်ကြောင်း မစ္စတာဝီချိုင်က ပြောပြပါတယ်။
ဖူးခက်ရှိ Laguna Lakelands လိုမျိုး စီမံကိန်းဆိုရင် ကွန်ဒိုစီမံကိန်းတစ်ခုစီမှာ အငှားပိုင်ဆိုင်မှု စာချုပ်များအတွက် ကြိုပွိုင့်ထားရှိခြင်းက ဘိုးဘေးပိုင်အိမ်များထက် ဈေးနှုန်း ၁၀-၁၅ ရာခိုင်နှုန်းလောက်အထိ သက်သာပါတယ်။
၂၀၂၃ အတွင်း နိုင်ငံခြားသားများ ကွန်ဒိုလွှဲပြောင်းပိုင်ဆိုင်မှုက အခန်းပေါင်း ၁၄၄၄၇ ရှိလာပြီး တန်ဖိုးအားဖြင့် ဘတ် ၇၃.၁ သန်းရှိခဲ့ကာ ကပ်ရောဂါ မတိုင်ခင်ကထက် ပိုများလာပါတယ်။
ထိုထဲမှာ တရုတ်တွေက အများဆုံးဖြစ်ပြီး အခန်းအားလုံးရဲ့ ၄၅.၈ ရာခိုင်နှုန်းရှိကာ သူ့နောက်မှာတော့ ရုရှား၊ အမေရိကန်၊ မြန်မာနိုင်ငံသားများ ရှိနေပါတယ်။
လူကြိုက်အများဆုံး ဈေးနှုန်းက ဘတ် ၃ သန်းနဲ့အောက်ဖြစ်ပြီး အကျယ်အဝန်းကတော့ ၃၁-၆၀ စတုရန်းမီတာ တဝိုက်ရှိပါတယ်။
နိုင်ငံခြားသားအများဆုံး ပိုင်ဆိုင်ထားတဲ့ နေရာကတော့ ချောင်ဘူရီဖြစ်ပြီး သူ့နောက်မှာ ဘန်ကောက်ရှိနေပါတယ်။
Source: Bangkok Post
Published 17 April 2024
အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးရောဂါ (NAFLD)က အနောက်နိုင်ငံတွေမှာ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အသည်းခြောက်ခြင်း၊ အသည်းအစားထိုး ကုသခြင်းတို့ရဲ့ အဓိက အကြောင်းအရင်း ဖြစ်နေပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ၊ အဝလွန်ခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှု ပိုမြင့်တက်လာပါတယ်။
NAFLD ရောဂါက အသည်းမှာ အဆီတွေစုပြုံလာကာ ရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းရောဂါတို့ ဖြစ်လာနိုင်ပါတယ်။
များသောအားဖြင့် အစောပိုင်းမှာ ရောဂါလက္ခဏာ မတွေ့ရတတ်ဘဲ နောက်ပိုင်းအဆင့်ရောက်မှ အသည်းထိခိုက်ပျက်စီးနေတာကို တွေ့ရတတ်ပါတယ်။
အသည်းအဆီဖုံးခြင်း ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေက အဝလွန်ခြင်း၊ ဆီးချို၊ သွေးပေါင်ချိန်တက်ခြင်း၊ သွေးထဲ အဆီများလွန်းခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အချိုဓာတ်များသော အစားအစာများကြောင့်လည်း NAFLD ဖြစ်လာစေပါတယ်။
အခြေခံကုသနည်းအနေဖြင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲကာ အချိုစာများလျှော့စားခြင်း၊ ကာဗိုဟိုက်ဒရိတ်များ လျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ အရက်သေစာ ရှောင်ရှားခြင်းတို့ဖြင့် ပြောင်းလဲနိုင်ပါတယ်။
အမေရိကန် FDA မှ အသိအမှတ်ပြုထားတဲ့ ဆေးဝါးများရှိပေမယ့် စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့ပါ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
NAFLD ကုသခြင်းဖြင့် အဆီစစ်ထုတ်ပေးခြင်း၊ အသည်းထိခိုက်မှု လျှော့ချပေးခြင်းတို့ ထောက်ပံ့ပေးပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် အသည်းထိခိုက်ပျက်စီးနိုင်တာမို့ ထိန်းသိမ်းနေထိုင်ရန် အရေးကြီးပါတယ်။
Source: The Jerusalem Post
#World_Health
Published 17 April 2024
သခွားမွှေးသီးက ရေဓာတ်ဖြည့်ပေးတဲ့အပြင် သွေးပေါင်ချိန် လျှော့ချပေးခြင်း၊ အစာကြေစေခြင်း၊ အာဟာရဓာတ် ဖြည့်ပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
ဒါ့အပြင် သခွားမွှေးသီးရဲ့ အစေ့ဟာလည်း အလွန်အာဟာရရှိပြီး နေပူထဲမှာ အခြောက်လှန်းကာ စားသုံးနိုင်ပါတယ်။
သခွားမွှေးစေ့ စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ..
(၁) နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း
အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
(၂) ကိုယ်ခံအားမြှင့်တင်ပေးခြင်း
ဗိုက်တာမင်-စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ရောဂါခုခံအားကို မြှင့်တင်ပေးပါတယ်။
(၃) အစာခြေစနစ်ကောင်းမွန်စေခြင်း
အမျှင်ဓာတ်များ ပါဝင်ခြင်းက ဝမ်းသွားခြင်းကို အကူအညီဖြစ်စေပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။
(၄) အသားအရေနှင့်ဆံကေသာ ကျန်းမာစေခြင်း
ဗိုက်တာမင်-အေ၊ စီ ၊အီးတို့က အရေပြားကို ကျန်းမာစေကာ ကော်လာဂျင် ထုတ်လုပ်ပေးပါတယ်။
(၅) အရိုးသန်မာစေခြင်း
မဂ္ဂနီဆီယံ၊ ကယ်လ်စီယံ၊ ဖော့စ်ဖရပ်စ်တို့ မြင့်မားစွာ ပါဝင်တာကြောင့် အရိုးအဆစ်များ သန်မာစေကာ အရိုးပွရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
Source: DoctorNDTV
၁၆ ဧပြီ ၂၀၂၄
တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းရှိ ဒိုင်လူမျိုးစုတို့၏ ဒိုင်နှစ်သစ်ကူး ရေပက်ပွဲတော်ကို စနေနေ့က ကျင်းပခဲ့ရာပါ ဒေသခံဒိုင်လူမျိုးတွေနှင့် ခရီးသွားများက ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။
ယူနန်မှာ ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိ ရေပက်ပွဲတော်ကို ဒိုင်လူမျိုးစုတွေရဲ့နှစ်သစ်ကူးပွဲတော်အဖြစ် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
Source CCTV+
Published 15 April 2024
အာရှနိုင်ငံတွေမှာ ဆန်ဆေးရေကို အလှအပရေးရာအတွက် ရာစုနှစ်တွေတိုင်အောင် အသုံးပြုလာကြပါတယ်။
ဆန်စိမ်ခြင်း ဒါမှမဟုတ် ထမင်းချက်ခြင်းမှရတဲ့ရေကို အသုံးပြုရတာ ဖြစ်ပါတယ်။
ဆန်ဆေးရေ အသုံးပြုခြင်းကြောင့် အသားအရေအတွက် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
(၁) ဆန်ဆေးရေမှာပါတဲ့ ဒြပ်ပေါင်းတွေက ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတာကြောင့် အသားအရေစပ်ဖျဥ်းခြင်းကို သက်သာစေပါတယ်။
(၂) ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝတာကြောင့် အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။
(၃) ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေကပဲ အသားအရေကို ညီညာစေပြီး တောက်ပစေပါတယ်။
(၄) ချွေးပေါက်တွေကျဥ်းစေပြီး အဆီပြန်ခြင်းကို သက်သာစေတာကြောင့် ဝက်ခြံလျှော့ချပေးပါတယ်။
(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် အရေပြားပျက်စီးစေတဲ့ ဓာတ်များကိုလျော့နည်းစေပြီး အရွယ်မတိုင်ခင် အိုမင်းခြင်းကို ကာကွယ်ပေးပါတယ်။
(၆) ဆန်ဆေးရေ ပုံမှန်သုံးပေးပါက အစက်အပြောက်များနဲ့ အရောင်များလွန်းခြင်းမှ ကာကွယ်ပေးပြီး အသားအရေအရောင်ကို ညီညာစေပါတယ်။
(၇) သဘာဝအတိုင်း သန့်စင်ပေးတဲ့ အင်ဇိုင်းများပါဝင်ကာ ဆဲလ်သေများကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းပချောမွေ့စေပါတယ်။
(၈) ကစီဓာတ်က အရေပြားကို အကာအကွယ်ပေးပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးကာ ဒဏ်ရာများမှ သက်သာစေပါတယ်။
(၉) ဆန်ရေရဲ့ pH ဓာတ်က ကျန်းမာတဲ့အသားအရေနဲ့ တူညီပြီး အရေပြားရဲ့ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။
(၁၀) ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးတဲ့ အစွမ်းသတ္တိက အသားအရေ နေလောင်ခြင်းကို သက်သာစေပါတယ်။
Source: DoctorNDTV
Published 16 April 2024
အစ္စရေးလ်က အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို ပစ်မှတ်ထားလာနိုင်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက စိုးရိမ်နေကြောင်း တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ(IAEA)မှ အီရန်စက်ရုံတွေကို ဝင်ရောက်စစ်ဆေးတာတွေကတော့ အင်္ဂါနေ့မှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
ဧပြီ ၁ ရက်နေ့ ဆီးရီးယားရှိ အီရန်သံရုံးဝင်းကို အစ္စရေးလ်ကလို့ သံသယဖြစ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပေါ် အီရန်က လက်စားချေတဲ့အနေနဲ့ သီတင်းပတ်အကုန်မှာ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ အစ္စရေးလ်က ပြန်လည်တုန့်ပြန်သွားမှာ ဖြစ်တယ်လို့ အစ္စရေးလ်စစ်တပ် အကြီးအကဲက တနင်္လာနေ့မှာ ဆိုပါတယ်။
အစ္စရေးလ်မဟာမိတ်တွေက အရှေ့အလယ်ပိုင်းမှာ တင်းမာမှု မြင့်တက်လာမှာကို စိုးရိမ်နေကာ ဝိုင်းဝန်းတားဆီးနေတဲ့ကြားက အခုလို ပြောကြားလာတာ ဖြစ်ပါတယ်။
အီရန်က လုံခြုံရေးဆိုင်ရာ ချင့်ချိန်စရာတွေ ရှိတယ်ဆိုပြီး နျူကလီးယားစက်ရုံများကို တနင်္ဂနွေနေ့က ပိတ်သိမ်းခဲ့ကြောင်း IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရော့စီက ဆိုပါတယ်။
တနင်္လာနေ့မှာ ပြန်ဖွင့်ခဲ့ပေမယ့် အခြေအနေတွေ မတည်ငြိမ်သေးသရွေ့ စစ်ဆေးရေးမှူးများကို လွှတ်ဦးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
‘’မနက်ဖြန်တော့ ပြန်လည်စတင်မှာဖြစ်ပြီး ထိုကိစ္စကြောင့် စစ်ဆေးရေးလုပ်ငန်းများကို ထိခိုက်မှာမဟုတ်ပါဘူး’’ လို့ ဂရော့စီက သတင်းထောက်တွေကို နယူးယော့ခ်မှာ ပြောကြားခဲ့ပါတယ်။
IAEA က အီရန်ရဲ့ အဓိကနျူကလီးယား စက်ရုံကြီးများကို ပုံမှန်စစ်ဆေးနေတာ ဖြစ်ပါတယ်။
အီရန်ကတော့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းက လုံးဝငြိမ်းချမ်းတည်ငြိမ်တယ်လို့ ဆိုထားပေမယ့် အမေရိကန်က အီရန်ဟာ နျူကလီးယားဗုံးများ ပြုလုပ်ရန်ကြံရွယ်နေတယ်လို့ စွပ်စွဲထားပါတယ်။
Source: NDTV
Page 194 of 861