နော်ဝေး၊ အိုင်ယာလန်၊ စပိန်တိုက ပါလက်စ်တိုင်းကို တိုင်းပြည်နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
#World_News
Published 24 May 2024
#ပါလက်စ်တိုင်း #တိုင်းပြည်နိုင်ငံတစ်ခု #အသိအမှတ်ပြုကြောင်းကြေညာ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 24 May 2024
၁။ ‘ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲ’တွင် မြန်မာအသင်းကမ္ဘာ့အဆင့်(၃)နေရာတွင် ရပ်တည်နေ၊ နိုင်ပွဲများဆက်ရနေ
၂။ ရာသီဥတုကြောင့် ကွမ်းခြံများ ပျက်စီးမှုရှိသဖြင့် ကွမ်းဈေးများမြင့်တက်လာ
၃။ ယခုနှစ်အတွင်းYBS ယာဥ်စည်းကမ်းဖောက်ဖျက်မှုပေါင်း၂၃၀၀၀ ကျော်အထိအရေးယူနိုင်ခဲ့ဟုဆို
၄။ ပါလက်စ်တိုင်းအားနိုင်ငံတော်တစ်ခုအဖြစ် နော်ဝေး၊အိုင်ယာလန်၊ စပိန်တို့အသိအမှတ်ပြုကြောင်းကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_News
Published 24 May 2024
▪️ အမေရိကန်မှာ ထိန်းချုပ်ခံထားရတဲ့ ရုရှားပိုင်ဆိုင်မှုများ သိမ်းဆည်းခံရတဲ့အတွက် ဆုံးရှုံးသွားတာတွေကို အလျော်အစားအဖြစ် အသုံးပြုနိုင်မယ့် အမေရိကန်ရဲ့ ပိုင်ဆိုင်မှုများကို ရုရှားက ထုတ်ဖော်သွားမယ်လို့ သမ္မတဗလာဒီမာပူတင် ကြာသပတေးနေ့က လက်မှတ်ရေးထိုးတဲ့ အမိန့်ဒီကရီမှာ ဖော်ပြထားပါတယ်။
▪️ ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက ထိန်းချုပ်ခံထားရတဲ့ ဒေါ်လာ ၃၀၀ ဘီလီယံတန်ကြေးရှိ ရုရှားဘဏ္ဍာရေး ပိုင်ဆိုင်မှုများကို ဘယ်လိုမျိုး အကောင်းဆုံး အသုံးချနိုင်မလဲဆိုတာကို ဂျီ၇ ညှိနှိုင်းစေ့စပ်သူများက သီတင်းပတ်များကြာအောင် ဆွေးနွေးနေကြပါတယ်။
▪️ အနောက်တိုင်းမှ ခေါင်းဆောင်များက ရုရှားပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ပါက ရုရှားရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ကျဆင်းကာ လက်တုန့်ပြန်နိုင်စွမ်း လျော့ပါးသွားနိုင်ပါတယ်။
▪️ ဒါပေမဲ့ အဲဒီအစား ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေသားအခြေအနေ ပြီးမှာသာ ဖြစ်လာနိုင်တယ်လို့ တာဝန်ရှိသူများနဲ့ စီးပွားရေးပညာရှင်များက ဆိုပါတယ်။
▪️ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အမိန့်ဒီကရီအရ ရုရှားအစိုးရ ဒါမှမဟုတ် ဗဟိုဘဏ်အနေနဲ့ ယင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေ မမျှမတ သိမ်းဆည်းခံရသလား၊ လျော်ကြေးရနိုင်သလား ဆိုတာကို ဆုံးဖြတ်ဖို့အတွက် ရုရှားတရားရုံးတစ်ခုကို မေးမြန်းနိုင်ပါတယ်။
▪️ ဒီနောက် ရုရှားမှာရှိတဲ့ အမေရိကန် ပိုင်ဆိုင်မှုပုံစံအဖြစ် လျော်ကြေးလွှဲပြောင်းရန် တရားရုံးက အမိန့်ချနိုင်ပါတယ်။
အမိန့်ဒီကရီစာရင်းထဲမှာ အမေရိကန်ပိုင်ဆိုင်မှုတွေထဲမှ လုံခြုံရေးပိုင်းဆိုင်ရာများ၊ ရုရှားကုမ္ပဏီများရှိ အစုငွေများ၊ အိမ်ခြံမြေ၊ ရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုများနဲ့ ပိုင်ဆိုင်ခွင့်များ ပါဝင်ပါတယ်။
▪️ အမေရိကန် ထိန်းချုပ်မှုလက်အောက်ရှိ ပုဂ္ဂိုလ်တွေ ပိုင်ဆိုင်ထားတဲ့ အရာတွေကိုလည်း ပစ်မှတ်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများရဲ့ ပိုင်ဆိုင်မှုများကို ရုရှားက သတ်မှတ်ထားတဲ့ ပုံစံ-စီ အထူးအကောင့်တွေထဲ ထည့်သွင်းထားကာ ထိုအကောင့်တွေထဲက ငွေတွေကို ရုရှားအာဏာပိုင်များရဲ့ ခွင့်ပြုချက်မရဘဲ ရုရှားအပြင်ဘက်သို့ မလွှဲပြောင်းနိုင်ပါဘူး။
▪️ အမေရိကန်ဘဏ်တွေမှာ ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် သိမ်းယူကာ ယူကရိန်းသို့ လွှဲပြောင်းခွင့်ရှိတဲ့ ဥပဒေကို အမေရိကန်က ထုတ်ပြန်ထားပြီး ရုရှားကတော့ ဒီလုပ်ရပ်ကို တရားမဝင်ဘူးလို့ အကြိမ်ကြိမ် ဆိုထားပါတယ်။
#Source: Reuters
၂၄ မေ ၂၀၂၄
အိန္ဒိယနိုင်ငံရဲ့ နက္ခတ်ဗေဒင်ပညာရှင် ကူရှဲလ်ကူမားက ရက်သတ္တပတ်အနည်းငယ်မှာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
သူကသူ့ရဲ့ဟောကိန်းကို Medium မှာ ပို့စ်တင်ခဲ့တဲ့အပြင် LinkedIn မှာလည်းထပ်မံမျှဝေခဲ့ပါတယ်။ သူဟာ ဗီဒစ် နက္ခတ်ဗေဒပညာရှင်တစ်ဦးဖြစ်ကြောင်းနှင့် အနာဂတ်ဖြစ်ရပ်တွေကို ဂြိုဟ်သွားဂြိုလ်လာတွေကို တွက်ချက်ပြီး ခန့်မှန်းဟောကိန်းထုတ်သူဖြစ်တယ်လို့ LinkedIn မှာ သူ့ရဲ့ ကိုယ်ရေးအကျဉ်းကိုတင်ထားပါတယ်။
“ ၂၀၂၄ခုနှစ်ဟာ တစ်ကမ္ဘာလုံးက အရေးကြီးနေရာတွေမှာ စစ်ပွဲအခြေအနေတွေနှင့်ဆက်နွယ်ပြီး အကြီးအကျယ်သောက ဖြစ်ရမယ့်နှစ်ဖြစ်တယ်။အထူးသဖြင့် မေလ ၈ရက်နေ့ ဝန်းကျင်မှာဖြစ်တယ်။ ကိုရီးယားနိုင်ငံတွေ၊ တရုတ်-တိုင်ဝမ်၊ အစ္စရေး နှင့် ပတ်သက်တဲ့ အရှေ့အလယ်ပိုင်းနှင့်အခြားအရှေ့အလယ်ပိုင်နေရာတွေ ပြီးတော့ ယူကရိန်း-ရုရှား။ နေတိုးရဲ့ဒေါသတွေဟာ အပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းတယ်” လို့သူကပြောပါတယ်။
“အချို့နိုင်ငံတွေမှာ အစိုးရတွေဟာ ပေါ်ပေါက်လာတဲ့ အကြီးအကျယ်သောကရောက်စရာတွေကို ဖြေရှင်းဖို့ ခက်ခဲလာ နိုင်တယ်။ အချို့ခေါင်းဆောင်များ အကြီးအကျယ်နေမကောင်းဖြစ်ပြီး ရာထူးမှပင်နှုတ်ထွက်နိုင်တယ်။ နိုင်ငံရေး မြင်ကွင်းတွေ မှာ ထကြွမှုတွေဟာ မရှောင်လွှဲနိုင်ဖြစ်နိုင်တယ်၊ အတိုချုပ်ပြောရရင် စစ်တပ်ဟာ အလုံးချုပ်ထိန်းချုပ်ဖို့ ဝင်ရောက်လာလိမ့် မယ်ဆိုပြီး ဂြိုဟ်တွေရဲ့သွားလာမှုကညွှန့်ပြနေတယ်” လို့ သူကဆက်လက်ဟောကိန်းထုတ်ပါတယ်။
အဲဒီနောက်သူဟာ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်လာနိုင်မယ်လို့သူထင်ထားတဲ့ ရက်ကို ပြောပါတယ်။
“၂၀၂၄ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ဂြိုဟ်တွေရဲလှုံ့ဆော်မှုဟာ အပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် တတိယကမ္ဘာစစ် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဇန် ၁၀ ရက်နှင့် ၁၉ ရက်တွေကိုလည်း သတိထားရမယ်” လို့ သူကသူ့ဆောင်းပါးမှာရေးပါတယ်။
ယခုလိုဟောကိန်းထုတ်တာဟာ အရေးပေါ်ဖြစ်လာရင်အဆင်သင့်ဖြစ်အောင် ရိက္ခာ ဆေးဝါးတွေ စုဆောင်းသိုလှောင်ထားကြဖို့ ဗြိတိန်အစိုးရအရာရှိကြီးတွေက သူ့နိုင်ငံသားတွေကို တိုက်တွန်းထားပြီး သိပ်မကြာခင် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Source: NDTV
#World_Health
Published 24 May 2024
▪️ သက်သက်လွတ်စားသုံးခြင်းက နှလုံးသွေးကြောရောဂါများနဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းစေကြောင်း သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ အီတလီ ဘိုလော့ဂ်နာတက္ကသိုလ်မှ ဒေါက်တာအိန်ဂျလိုကာပိုဒီချီနဲ့ အဖွဲ့က ထိုဆက်စပ်မှုများကို လေ့လာခဲ့ရာ အပင်အခြေပြု အစားအစာတွေထဲမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ တွေ့ရှိခဲ့ကြပါတယ်။
▪️ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးများ စားသုံးခြင်းက အစာအိမ်အူလမ်းကြောင်း ကင်ဆာများ ဖြစ်နိုင်ခြေ မြင့်မားစေကြောင်း အထောက်အထားများ တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။
▪️ ကင်ဆာသုတေသနဆိုင်ရာ WHO က အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားက လူတွေမှာ ကင်ဆာဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားကာ အူမကြီးကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထား တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
▪️ သက်သက်လွတ်စားသုံးမယ်ဆိုရင်တော့ ဗိုက်တာမင်နဲ့ အာဟာရဓာတ်များ ချို့တဲ့လာနိုင်တာကိုတော့ သတိထားသင့်ပါတယ်။
▪️ အပင်အခြေပြုအစာများ စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကျစေခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းပေးခြင်း၊ ကိုယ်အလေးချိန် ယိုင်ညွှန်းကိန်းတိုးတက်ခြင်းတို့ ရရှိစေပါတယ်။
▪️ ဒီလိုအစားအစာတွေက နေထိုင်စားသောက်မှုပုံစံကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။
▪️ သက်သက်လွတ်စားသုံးခြင်းရဲ့ သက်ရောက်မှုတွေကို ပိုမိုသုတေသနပြုလုပ်ဖို့ လိုအပ်ကြောင်း အကြံပြုသွားပါတယ်။
Source: New York Post
#World_Health
Published 24 May 2024
▪️ သွေးတိုးရောဂါဆိုတာ သွေးဖိအားများတဲ့ အခြေအနေဖြစ်ပြီး ပုံမှန်အားဖြင့် ၉၀/၆၀ မီလီမီတာမာကျူရီမှ ၁၂၀/၈၀ မီလီမီတာမာကျူရီအတွင်းရှိပြီး ၁၄၀/၉၀ နဲ့အထက်ဆိုရင်တော့ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။
▪️ အပေါ်သွေးတစ်ခုတည်း မြင့်တက်ပြီး အောက်သွေးပုံမှန်ဖြစ်နေခြင်းက အဖြစ်များတဲ့ အခြေအနေဖြစ်ပါတယ်။
▪️လူကြီးတွေမှာ အဖြစ်များပြီး နှလုံးသွေးကြော ပြဿနာများ ဖြစ်နိုင်ခြေများစေပါတယ်။
▪️ သွေးဖိအားမြင့်ခြင်းကို ထိန်းချုပ်ဖို့အတွက် ဆေးဝါးကုသမှု လိုအပ်သလို ရေရှည်အတွက် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမြှင့်တင်ဖို့ကလည်း လိုအပ်ပါတယ်။
▪️ ဒါ့အပြင် လှုပ်ရှားမှု၊ ဆားလျှော့ချစားသုံးခြင်း၊ အရက်သေစာ ရှောင်ရှားခြင်း၊ အသီးနဲ့ အရွက်များများစားခြင်း၊ သကြားနဲ့ ပြည့်ဝဆီများ လျှော့ချခြင်းတို့လည်း လိုအပ်တယ်လို့ မဏိပူရဆေးရုံမှ နှလုံးအထူးကု ဒေါက်တာ ဆာမန်ဂျွိုင်းမွတ်ခါဂျီက ပြောပြပါတယ်။
▪️ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတို့က သွေးတိုးရောဂါ ဖြစ်နိုင်ခြေများစေပြီး နှလုံးနဲ့ သွေးကြောများအပေါ် ဖိအားပိုများစေပါတယ်။
▪️ အရက်သေစာနဲ့ ဆေးလိပ်တို့က သွေးဖိအားများစေပြီး နှလုံးရောဂါများ ဖြစ်စေပါတယ်။
▪️ လေ့ကျင့်ခန်းအနေနဲ့ တစ်ပတ်ကို အနည်းဆုံး ၅ ရက်ထက်မနည်း ပြုလုပ်သင့်ကြောင်း အကြံပြုပါတယ်။
▪️ နောက်တစ်နည်းကတော့ စိတ်ဖိစီးမှု လျှော့ချခြင်းဖြစ်ပါတယ်။
▪️ နှလုံးရောဂါမဖြစ်သေးတဲ့ သွေးတိုးအစပျိုးသူတွေကတော့ ၃ လမှ ၆ လလောက်အထိ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲဖို့ ဒေါက်တာက အကြံပြုလိုက်ပါတယ်။
▪️ သွေးပေါင်ချိန် မထိန်းနိုင်တော့ဘူးဆိုရင်တော့ ဆေးဝါးများဖြင့် ကုသရတော့မှာဖြစ်ပြီး ၁၆၀/၁၀၀ မီလီမီတာမာကျူရီထက် များပြီဆိုရင် ဆေးရုံတက်ကုသရတော့မှာ ဖြစ်ပါတယ်။
#Source: India Today
ကမ္ဘာပေါ်တွင်လီသီယမ်အိုင်းယွန်းဘက်ထရီထုတ်လုပ်မှု၌ ဦးဆောင်နေသည့် တရုတ်ကုမ္ပဏီက နည်းပညာဆန်းသစ်မှုများကို မျှဝေပေးသွားမည်
တရုတ်ပြည်ရဲ့ လီသီယမ်အိုင်းယွန်း ဘက်ထရီစက်မှုကဏ္ဍက စိမ်းလန်းဖွံ့ဖြိုးရေးကို တွန်းတင်ပေးနေပြီး ကွန်တမ်ပိုရာရီ အမ်ပရက်စ် တက်ခ်နော်လော်ဂျီ ကုမ္ပဏီလိမိတက်(CATL)က ရှေ့ဆုံးမှ ဦးဆောင်နေပါတယ်။
#World_Technology
Published_ 23 May 2024
#လီသီယမ်အိုင်းယွန်း #ဘက်ထရီစက်မှုကဏ္ဍက
#Yangon_Times #YMG_News #Yangon_Media_Group
Page 162 of 859