တရုတ်သုတေသီများက ကမ္ဘာ့ပထမဆုံး အက်တမ်အလွှာသတ္တုပြားကြီးကို အောင်မြင်စွာထုတ်လုပ်ပြီး ဒြပ်ဝတ္ထုသိပ္ပံပညာမှာ ထင်ရှားတဲ့ အောင်မြင်မှုကြီး ရရှိခဲ့ပါတယ်။
#World_Technology
Published 15 March 2025
#လူ့ဆံပင်ထက်အဆသိန်းချီပါးလွှာ #ကမ္ဘာ့ပထမဆုံးအက်တမ်လွှာသတ္တုပြား
#YMG #Yangon_Times #Yangon_Media_Group
၁၅ မတ် ၂၀၂၄
▪️ထရမ့်အစိုးရက နိုင်ငံပေါင်း ၄၁နိုင်ငံမှ နိင်ငံသားများအပေါ် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားလာမှု ကန့်သတ်မည့် အစီအစဉ်ကိုစဉ်းစားနေကြောင်းသိရပြီး ထိုနိုင်ငံများစာရင်းတွင် မြန်မာ နိုင်ငံပါဝင်လာ သည်။
▪️ရိုက်တာသတင်းဌာနက ရရှိသည့် ရုံးတွင်မှတ်တမ်းတွင် ယင်းတို့ကိုဖော်ပြထားခြင်းဖြစ်သည်ဟု ရိုက်တာ သတင်းဌာနက ဖွင့်ချရေးသားထားသည်။
▪️ဗီဇာကန့်သတ်မည့် နိုင်ငံပေါင်း ၄၁နိုင်ငံကို အုပ်စု (၃)စုခွဲထားပြီး ပထမအုပ်စုသည် အပြည့်အဝေ ဗီဇာပိတ်ပစ်မည့်နိုင်ငံများဖြစ်ပြီး ကျူးဘား၊အီရန်နှင့်မြောက်ကိုရီးယားအပါအဝင် နိုင်ငံ ၁၀ နိုင်ငံပါဝင် သည်။
▪️ဒုတိယအုပ်စုတွင် တစ်ပိုင်းတစ်စ ဗီဇာပိတ်မည့်နိုင်ငံ (၅)နိုင်ငံရှိကာ ယင်းအထဲတွင် မြန်မာနိုင်ငံ ပါဝင်လာခြင်းဖြစ်သည်။ တစ်ပိုင်းတစ်စဗီဇာပိတ်ခြင်းဆိုသည်မှာ ခရီသွား၊ ကျောင်းသားနှင့်အခြားဗီဇာ များပါဝင်မည်ဟုသိရပြီး အတိအကျရေးမထားပေ။
▪️တတိယအုပ်စုတွင် လိုအပ်ချက်များ မဖြေရှင်းနိုင်ပါက ဗီဇာကန့်သတ်မည့် နိုင်ငံ (၂၆)နိုင်ငံပါဝင်ပြီး ယင်းတို့အထဲတွင် အာရှမှ ကမ္ဘောဒီးယား၊ပါကစ္စတန်နှင့်အရှေ့တီမောတို့ပါဝင်ကြကြောင်းသိရှိရသည်။
▪️ယခုစာရင်းများမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုအပါအဝင် အစိုးရပိုင်းမှ အတည် မပြုရသေး၍ စာရင်းအပြောင်းအလဲရှိနိုင်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိ တစ်ဦးက ရိုက်တာသို့ပြောသည်။
အမေရိကန်ပြည်ထောင်စုက အုပ်စုအလိုက် ခရီးသွားလာမှုပိတ်ပင်မည့် နိုင်ငံ (၄၁)နိုင်ငံ
▪️အပြည့်အဝဗီဇာရပ်ဆိုင်းခံရမည့်နိုင်ငံများ (၁၀နိုင်ငံ) (အနီရောင်အုပ်စု)
၁။အာဖဂန်နစ္စတန်
၂။ ကျူးဘား
၃။ အီရန်
၄။ လစ်ဗျား
၅။ မြောက်ကိုရီးယား
၆။ ဆိုမေးလီးယား
၇။ ဆူဒန်
၈။ ဆီးရီးယား
၉။ ဗင်နီဇွဲလား
၁၀။ ယီမင်
▪️တစ်ပိုင်းတစ်စ ဗီဇာရပ်ဆိုင်းခံရမည့် နိုင်ငံများ ( ၅ နိုင်ငံ) (လိမ္မော်ရောင်အုပ်စု)
၁။ အီရီထရီးယား
၂။ ဟေတီ
၃။ လာအို
၄။ မြန်မာ
၅။ တောင်ဆူဒန်
▪️လိုအပ်ချက်များမဖြည့်ဆည်းပါက တစ်ပိုင်းတစ်စ ဗီဇာရပ်ဆိုင်းခံရမည့်နိုင်ငံများ (၂၆)နိုင်ငံ (အဝါရောင်အုပ်စု)
၁။ အင်ဂိုလာ
၂။ အင်တီဂွာ နှင့်ဘာဘူဒါ
၃။ ဘီလာရုစ်
၄။ ဘီနင်
၅။ ဘူတန်
၆။ ဘာကီနာဖာဆို
၇။ ကာဘိုဗာဒီ
၈။ ကမ္ဘောဒီးယား
၉။ ကင်မရွန်
၁၀။ ချတ်ဒ်
၁၁။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
၁၂။ ဒိုမီနီကား
၁၃။ အီကွေတိုရီယယ် ဂီနီ
၁၄။ ဂမ်ဘီယာ
၁၅။ လီဘာရီယား
၁၆။ မာလာဝီ
၁၇။ မောရစ်သျှ
၁၈။ ပါကစ္စတန်
၁၉။ ကွန်ဂိုသမ္မတနိုင်ငံ
၂၀။ စိန့်ကစ်နှင့်နီဗစ်
၂၁။ စိန်လူစီယာ
၂၂။ Sao Tome and Principe
၂၃။ ဆီယာလီယွန်
၂၄။ အရှေ့တီမော
၂၅။ တာ့ခ်မင်နစ္စတန်
၂၆။ Vanuatu
Source Reuters
#Daily_News
Published 15 March 2025
၁။ အွန်လိုင်းမှတဆင့် ဂျပန်ဗီဇာလျှောက်ထားမှုကို ဧပြီလ ၁ရက်တွင် ပြန်လည်လက်ခံသွားမည်
၂။ ရန်ပုံငွေမလုံလောက်မှုကြောင့် လူဦးရေတစ်သန်းအတွက်စားနပ်ရိက္ခာအထောက်အပံ့များ ရပ်ဆိုင်းမည်
၃။ နှစ်ပတ်တာအတွင်း စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ၁၅၀ကျပ်ဝန်းကျင်အထိကျဆင်း
၄။ လူ့ဆံပင်ထက်အဆသိန်းချီပါးလွှာသော ကမ္ဘာ့ပထမဆုံးအက်တမ်လွှာသတ္တုပြားအား တရုတ်သုတေသီများအောင်မြင်စွာထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 March 2025
▪️ တောင်ကိုရီးယားသမ္မတမှ စစ်အုပ်ချုပ်ရေးဥပဒေ ခေတ္တခဏချမှတ်ခဲ့ခြင်းနဲ့ နျူကလီးယားလက်နက်များ ထုတ်လုပ်ရေးအကြောင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အမေရိကန် စွမ်းအင်ဌာန(DOE)က တောင်ကိုရီးယားကို စောင့်ကြည့်ကြပ်မတ်ရမယ့် နိုင်ငံများစာရင်းထဲ ထည့်သွင်းသတ်မှတ်လိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့မှာ ပြောသွားပါတယ်။
▪️ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရာထူးမှ မဆင်းခင် ဇန်နဝါရီလက စောင့်ကြည့်ကြပ်မတ်ရမယ့် နိုင်ငံများစာရင်းထဲမှာ တောင်ကိုရီးယားကို အောက်ဆုံးအလွှာမှာ ထားခဲ့တယ်လို့ DOEက ဖော်ပြထားပါတယ်။
▪️ ဘာကြောင့် တောင်ကိုရီးယားကို ဒီစာရင်းထဲ ထည့်သွင်းတာလဲဆိုတာ မရှင်းပြထားသလို သမ္မတဒေါ်နယ်ထရမ့်မှ ဒီသတ်မှတ်ချက်ကို ပြန်ပြောင်းချင်တဲ့ပုံစံလည်း မပြထားပါဘူး။
▪️ သိပ္ပံနဲ့ နည်းပညာပိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေမှာတော့ ကန့်သတ်ချက်တွေ မရှိပါဘူး။
▪️ ဧပြီ ၁၅ ရက်နေ့ အဆိုပါထည့်သွင်းသတ်မှတ်ချက် မစတင်ခင်မှာ ဒီကိစ္စကိုဖြေရှင်းဖို့ တောင်ကိုရီးယားက အမေရိကန်နဲ့ ဆွေးနွေးနေတယ်လို့ ယွန်ဟပ်သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ DOEရဲ့ စောင့်ကြည့်နိုင်ငံများစာရင်းထဲမှာ တရုတ်၊ ထိုင်ဝမ်၊ အစ္စရေးလ်၊ ရုရှား၊ အီရန်၊ မြောက်ကိုရီးယားတို့ ပါဝင်ပြီး အီရန်နဲ့ မြောက်ကိုရီးယားတို့ကို အကြမ်းဖက်များအဖြစ် သတ်မှတ်ထားပါတယ်။
▪️ မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်များနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်များ အရှိန်မြှင့်လုပ်ဆောင်လာတဲ့အပေါ် စိုးရိမ်ပြီး တောင်ကိုရီးယားကလည်း နျူကလီးယားလက်နက်လမ်းစဉ် ကျင့်သုံးသွားဖို့အကြောင်းကို သမ္မတ ယွန်ဆော့ယောလ်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ်ယုံဟျွန်းတို့ ရှုမြင်ခဲ့ကြပါတယ်။
▪️ ဒီဇင်ဘာလက တောင်ကိုရီးယား စစ်အုပ်ချုပ်ရေးဥပဒေ ၆ နာရီမျှကြာအောင် ထုတ်ပြန်ခဲ့ခြင်းအပေါ် ယွန်ဆော့ယောလ်နဲ့ ကင်မ်ယုံဟျွန်းတို့ကို တရားစွဲဆိုခဲ့ကြပါတယ်။
▪️ တောင်ကိုရီးယားက ယင်းတို့ကိုယ်တိုင် နျူကလီးယားဗုံး မထုတ်လုပ်ဘူးဆိုတဲ့ ကတိပြုချက်ကို ပေးထားပါတယ်။
▪️ နိုင်ငံခြားရေးဝန်ကြီး ချိုထယ်ယူက နိုင်ငံတကာ အခြေအနေတွေဟာ ခန့်မှန်းလို့မရဘဲ ဖြစ်နေတာကြောင့် ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်ထားရမယ်လို့ ပါလီမန်မှာ ပြောခဲ့ပါတယ်။
▪️ DOEရဲ့ စောင့်ကြည့်စာရင်းက နိုင်ငံတော်လုံခြုံရေး၊ နျူကလီးယားကိစ္စ၊ အကြမ်းဖက်ထောက်ပံ့မှု အကြောင်းပြချက်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံများကို ထည့်သွင်းတာဖြစ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေး ပျက်ပြားသွားတဲ့ သဘောတော့ မဟုတ်ပါဘူး။
#Source: Reuters
#World_Science
Published 15 March 2025
▪️ နေစကြဝဠာအဖွဲ့အစည်း စတင်မွေးဖွားလာချိန် ကမ္ဘာမြေကြီး မူလဖြစ်ပေါ်မှုအဆင့်များအတွင်း ရေစတင်ထွက်ပေါ်လာတယ်လို့ ယူဆခဲ့ကြပေမယ့် မကြာသေးမီက စာတမ်းတစ်ခုမှာတော့ ဘစ်ဘန်းဖြစ်စဉ်ပြီးနောက် နှစ်ပေါင်းသန်း ၁၀၀-၂၀၀ကြား ရေစတင်ဖြစ်ပေါ်ခဲ့ဟန်ရှိတယ်လို့ ဖော်ပြလာပါတယ်။
▪️ ကမ္ဘာပေါ်က သစ်ပင်ပန်းမန်များနဲ့ သတ္တဝါအားလုံးအတွက် ရေက အလွန်အရေးပါပါတယ်။
▪️ ရေက သတ္တုဓာတ်နည်းပါးတဲ့ ဓာတ်ငွေ့ထဲမှာ ဖြစ်ပေါ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ ကမ္ဘာဂြိုဟ် မူလဖြစ်ပေါ်မှုအဆင့်များအတွင်း မီးတောင်လှုပ်ရှားမှုများ၊ ဥက္ကာခဲသက်ရောက်မှုများကနေ လေထုထဲသို့ ရေငွေ့အများအပြား ထွက်သွားပြီး ဖြည်းဖြည်းချင်းဖွဲ့စည်းသွားကာ သမုဒ္ဒရာ၊ မြစ်၊ ရေကန်များ ဖြစ်ပေါ်လာတယ်လို့ ယူဆထားပါတယ်။
▪️ ရေမော်လီကျူးက ဟိုက်ဒရိုဂျင်အက်တမ် ၂ ခုနဲ့ အောက်ဆီဂျင်အက်တမ်တစ်ခု ပေါင်းစည်းထားတာဖြစ်ပြီး သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
▪️ ဟိုက်ဒရိုဂျင်၊ ဟီလီယံတို့လို ပေါ့ပါးတဲ့ဒြပ်စင်တွေက ဘစ်ဘန်းဖြစ်စဉ်မှာ ထွက်ပေါ်လာပြီး ပိုလေးတဲ့ အောက်ဆီဂျင်လို ဒြပ်စင်တွေကတော့ ကြယ်ပေါက်ကွဲမှုအတွင်း နျူကလီးယား ဓာတ်ပြုမှုတွေကနေ ဖြစ်ပေါ်လာတယ်လို့ ရှင်းပြထားပါတယ်။
▪️ ဒန်နီယယ်ဝယ်လန်နဲ့ သုတေသီအဖွဲ့က နေဂြိုဟ်ထက် အဆပေါင်းများစွာ ထုထည်ကြီးတဲ့ ကြယ်ပေါက်ကွဲမှုကြီး ၂ ခုကို ကွန်ပျူတာမော်ဒယ်ဖြင့် ပြုလုပ်ဖန်တီးခဲ့ပါတယ်။
▪️ အောက်ဆီဂျင်ဓာတ်ငွေ့ အေးမြလာပြီး ဘေးနားက ဟိုက်ဒရိုဂျင်နဲ့ ပေါင်းစည်းပြီး ရေဖြစ်လာတာ သုတေသီများ တွေ့ခဲ့ကြပါတယ်။
▪️ ရေဖြစ်ပေါ်ရာ မူလနေရာတွေက သိပ်သည်းတဲ့ မော်လီကျူးတိမ်တိုက်တွေဖြစ်ကာ ဂြိုဟ်စတင်ဖြစ်ပေါ်မှုအတွက် အရာတွေဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ယင်းတို့ သရုပ်ဖော်လေ့လာချက်များအရ ရေက ပထမဆုံးဂလက်ဆီများအတွက် အရေးပါတဲ့ ပါဝင်ဖွဲ့စည်းမှု ဖြစ်နိုင်ခဲ့ဖွယ် ရှိပါတယ်။
#Source: WION
#World_Health
Published 15 March 2025
▪️ ကလေးငယ်ပေါင်း ၂ သန်းကျော်ရဲ့အသက်တွေကို ကယ်တင်နိုင်ခဲ့တဲ့ ဩစတြေးလျမှ အမျိုးသားကြီး ဂျိမ်းစ်ဟာရစ်ဆန်ဟာ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
▪️ ရွှေလက်ပိုင်ရှင်လို့ ခေါ်ကြတဲ့ ဟာရစ်ဆန်ဟာ ဆယ်စုနှစ် ၆ ခုကျော်အတွင်း နှစ်ပတ်တစ်ခါ သွေးရည်ကြည်လှူဒါန်းခဲ့ကာ စုစုပေါင်း အကြိမ်ရေ ၁,၁၀၀ ကျော် သွေးလှူခဲ့တာ ဖြစ်ပါတယ်။
▪️ ထိုလူသွေးလှူတာနဲ့ ပတ်သက်ပြီး အရေးပါတာက သန္ဓေသားတွေ ဝမ်းဗိုက်ထဲရှိနေစဉ် ရီဆပ်စ်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ရှားပါးပဋိဇီဝပစ္စည်း သူ့မှာပါဝင်နေတာကြောင့် ဖြစ်ပါတယ်။
▪️ သူ့အသက် ၁၄ နှစ်မှာ အဆုတ်ခွဲစိတ်မှုပြုလုပ်ခဲ့ရာမှာ သွေးအများအပြား သွင်းခဲ့ရပါတယ်။
▪️ လိုအပ်တဲ့ သွေးလှူဒါန်းမှု ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ရှိခဲ့ကာ ထိုအချိန်ကစပြီး အသက် ၈၁ နှစ်အထိ သွေးလှူဒါန်းနေခဲ့ပါတယ်။
▪️ ဟာရစ်ဆန်ရဲ့သွေးမှာ ပါဝင်တဲ့ ရှားပါးပဋိဇီဝပစ္စည်း Anti-Dက ရီဆပ်စ်ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အသုံးပြုနိုင်ပါတယ်။
▪️ ရီဆပ်စ်ရောဂါက မိခင်အတွက် အန္တရာယ်မရှိနိုင်ပေမယ့် ပဋိဇီဝပစ္စည်းတွေက ကလေးရဲ့ သွေးဆဲလ်တွေကိုဖျက်ဆီးပစ်ကာ အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။
▪️ "ဂျိမ်းစ်ဟာရစ်ဆန်က ထင်ရှားပြီးတော့ ရက်ရောတဲ့လူမျိုးဖြစ်ပြီး တစ်ကမ္ဘာလုံးက လူအများအပြားရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်" လို့ Lifeblood စီအီးအို စတီဖင်ကော်နယ်လီဆန်က ပြောပါတယ်။
▪️ အံ့ဩလောက်စရာ အမွေအနှစ်ကို ထားခဲ့ပြီး တစ်နေ့နေ့မှာ သူသွေးလှူတဲ့စံချိန်ကို ချိုးဖျက်နိုင်သူပေါ်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
▪️ သူ့ဘဝသက်တမ်းတလျှောက် ဆုအများအပြားအပါအဝင် ဩစတြေးလျရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုတံဆိပ်လည်း ရရှိခဲ့ပါတယ်။
▪️ ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ သက်ကြီးရွယ်အို စောင့်ရှောက်ဂေဟာမှာ အိပ်နေရင်း ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။
▪️ ဟာရစ်ဆန်ရဲ့ ရက်ရောလှူဒါန်းမှုကြောင့် အသက်ဆက်ရှင်နေရတဲ့ မိသားစုတွေရှိနေတာ ကြားရတဲ့အတွက် ဂုဏ်ယူနေခဲ့တယ်လို့ သမီးဖြစ်သူ ထရေစီမယ်လိုရှစ်က ပြောသွားပါတယ်။
#Source: New York Post
တရုတ်၊ အီရန်၊ ရုရှားတို့ပါဝင်တဲ့ ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး Security Belt-2025ဟာ အင်္ဂါနေ့မွန်းလွဲက ပြီးဆုံးခဲ့ပြီး အီရန်ချာဘာဟာဆိပ်ကမ်းမှာ သင်္ဘောများဆိုက်ကပ်ခဲ့ပါတယ်။
#World_Military
Published 14 March 2025
#တရုတ်၊အီရန်၊ရုရှား #ရေကြောင်းစစ်ရေးလေ့ကျင့်မှု
#YMG #Yangon_Times #Yangon_Media_Group
Page 12 of 913