Published 26 April 2022
၁၁၉နှစ်ရှိ ကမ္ဘာ့အသက်အရှည်ဆုံး ဂျပန်အဘွားအို ကွယ်လွန်သွားပြီးနောက် အသက် ၁၁၈နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံမှ ခရစ်ယာန်သီလရှင် စစ္စတာ အင်ဒရေးဟာ ကမ္ဘာ့အသက်အရှည်ဆုံးလူသားဖြစ်လာပါတယ်။
အသက်အရှည်ဆုံးဖြစ်ရတာ ဂုဏ်ယူစရာကောင်းပေမယ့် ဒီဂုဏ်ထူးပေးခဲ့တဲ့ အခြးသူတစ်ဦးဦးကို သူပြန်ပေးချင်တယ်လို့ စစ္စတာ အင်ဒရေးကပြောပါတယ်။
Source AFP
Published 26 April 2022
တွစ်တာကို ဘယ်သူကပဲ ပိုင်ပိုင် ဘယ်သူပဲလည်ပတ် လည်ပတ် အရေးမကြီးပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေရဲ့ အရှိန်အဝါနှင့်ပတ်သက်လို့တော့ စိတ်ပူကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အီလွန် မတ်ခ်က တွစ်တာကို ဒေါ်လာ၄၄ ဘီလျံပေးဝယ်ဖို့သေချာသွားပြီးနောက် ဘိုင်ဒင်က အခုလိုမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
Source AFP
Published 26 April 2022
ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဟု ယုံကြည်ရတဲ့ ဂျပန်အဘွားအိုတစ်ဦးဟာ တနင်္လာနေ့က အသက်၁၁၉နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ ဂျပန်ရုပ်သံ NHKက သတင်းထုတ်လွှင့်သွားပါတယ်။
ကိန်းတာနာကာလို့ ခေါ်တဲ့ အဲဒီအဘွားအိုဟာ ၁၉၀၃ခုနှစ် ဇန်နဝါရီ (၂)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနှစ်ဟာ ရိုက်ညီအစ်ကိုဟာ သူတို့ရဲ့မော်တာတပ်လေယာဉ်ပျံတစ်စီးကို ပထမဆုံးမောင်းနှင့်ပျံသန်းကြည့်တဲ့ နှစ်ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်က တာနာကာကို ဂင်းနက်ကမ္ဘာ့မှတ်တမ်းက အသက်အကြီးဆုံး အသက်ရှင်နေထိုင်သည့် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အဘွားဟာ ဂျပန်နိုင်ငံ အနောက်ပိုင်း ဖူကူအိုကာရှိ ဆေးရုံတစ်ရုံမှာ အသက်အရွယ်ကြီးရင့်လို့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ အဘွားရဲ့ဘဝတလျောက် ချောကလက်နှင့် အမြှပ်ထတဲ့အရည်တွေကို နှစ်သက်တယ်လို့လည်း NHK က ပြောပါတယ်။
ဂျပန်နိုင်ငံဟာ ခပ်မြန်မြန်အသက်အရွယ်ကြီးရင့်သူတွေရဲ့ လူဦးရေဟာ လျော့ပါးလာနေပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာအထိ အသက်တစ်ရာတန်းလူဦးရေ ၈၆၁၅၀ ဦးရှိပြီး (၁၀) ဦးမှာ (၉)ဦးဟာ အမျိုးသမီးတွေဖြစ်ပါတယ်။
Source Reuters
#DailyNews
Published -26 April 2022
၁။ ရှေးဟောင်းဘုရားစေတီများရှိရာမွန်ပြည်နယ်၏အကြီးဆုံးထုံးကျောက်ဂူကို သွားရောက်လေ့လာခွင့် ပိတ်မထား။
၂။ Tourist Visa ဖွင့်ပေးဖို့ကျန်ရှိနေသေး၍ ပုဂံကို နိုင်ငံခြားသားဧည့်သည်မဝင်သေး။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဖိလစ်ပိုင်အာဏာရမင်းဆက်များက နိုင်ငံ့အုပ်ချုပ်ရေးပိုင်းကိုချုပ်ကိုင်ခြယ်လှယ်ထား...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldBusiness
Published 26 April 2022
'အီလွန်မက်စ်'က တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံငွေသားဖြင့်ဝယ်ယူဖို့ တနင်္လာနေ့က အပြီးသတ် သဘောတူညီမှုရရှိခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာတဝန်းသုံးစွဲသူသန်းပေါင်းများစွာနဲ့ နာမည်ကျော်ပုဂ္ဂိုလ်အများအပြားအသုံးပြုလျက်ရှိတဲ့ တွစ်တာဆိုရှယ်မီဒီယာကြီးဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆီသို့ လွှဲပြောင်းရောက်ရှိလာတော့မှာဖြစ်ပါတယ်။
တွစ်တာကုမ္ပဏီက သက်တမ်း ၁၆ နှစ်ရှိပြီဖြစ်ကာ နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှုရလာခဲ့ပြီး ကမ္ဘာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး လူမှုကွန်ရက်တွေထဲက တစ်ခုဖြစ်လာခဲ့ကာ အခုတော့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
'မက်စ်'က တွစ်တာရဲ့အလယ်အလတ်လမ်းစဉ်ကို ဝေဖန်လိုက်ကာ သူ့ကိုယ်သူလွတ်လပ်စွာပြောဆိုတဲ့ အကြွင်းမဲ့ဝါဒီတစ်ဦးလို့ ခေါ်ဝေါ်ခဲ့ပါတယ်။
ဒါ့အပြင် တွစ်တာမှာ အကြောင်းအရာတင်ခြင်းကိုလည်း လူအများမြင်သာတဲ့အခြေအနေဖြစ်အောင် ဦးစားပေးဖော်ပြသင့်တယ်လို့ ပြောဆိုခဲ့ပြီး ကြော်ငြာတင်ဆက်တဲ့လုပ်ငန်းအဖွဲ့အစည်းတွေကို မျက်နှာသာပေးလွန်းတယ်လို့ ဝေဖန်လိုက်ပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ သုံးသပ်ထားရာမှာတော့ တွစ်တာကို'အီလွန်မက်စ်'ပိုင်ဆိုင်လာတဲ့အခါမှာ အလယ်အလတ်လမ်းစဉ်ကနေသွေဖီလာနိုင်ပြီး အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်လ်ထရမ့်'တို့လို တွစ်တာသုံးစွဲခွင့်ပိတ်ပင်ခံထားရတဲ့ ပုဂ္ဂိုလ်တွေကို ပြန်လည်အသုံးပြုခွင့်ပေးလာနိုင်ကြောင်း ခန့်မှန်းလိုက်ကြပါတယ်။
ကွန်ဆာဗေးတစ်ပုဂ္ဂိုလ်တွေက လူမှုကွန်ရက်ပေါ်က ကန့်သတ်ထိန်းချုပ်ချက်လျော့နည်းလာမယ့်အခြေအနေကို အားပေးထောက်ခံနေကြပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကတော့ အငြင်းအခုံတွေနဲ့ အမုန်းတရားစကားတွေပေါ်ထွက်လာမှာကို စိုးရိမ်နေကြပါတယ်။
'မက်စ်'က တွစ်တာအသုံးပြုသူတွေ ပိုမိုလွယ်ကူရင်းနှီးစွာအသုံးပြုနိုင်အောင် ဆောင်ရွက်လာဖွယ်ရှိပြီး ပြင်ဆင်စီမံခြင်းခလုတ်ထည့်သွင်းခြင်းနဲ့ မကြည့်ရှုလိုတဲ့အကြောင်းအရာများစွာပေါ်လာစေတဲ့ spam bots တွေကိုလည်း ဖြုတ်ချနိုင်ဖို့ကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ဝယ်ယူနိုင်ဖိုအရေး သဘောတူညီချက်မရေမရာဖြစ်ခဲ့ပေမယ့် ယခုရက်သတ္တပတ်အကုန်မှာတော့ 'မက်စ်'က တွစ်တာရှယ်ယာရှင်တွေကို သူ့ရဲ့ငွေကြေးထောက်ပံ့ကမ်းလှမ်းချက်အသေးစိတ်ကို ဖော်ပြခဲ့ပြီး သူ့ဘက်ပါအောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။
'မက်စ်'က ရှယ်ယာတစ်စုတန်ဖိုးကို ဒေါ်လာ ၅၄.၂၀ ဖြင့်ဝယ်ယူကမ်းလှမ်းဖို တွစ်တာကုမ္ပဏီဘက်က ဖိအားတွေအောက်ကနေပဲ စတင်ညှိနှိင်းခဲ့ရတာပါ။
လွတ်လပ်စွာပြောဆိုခွင့်ရခြင်းက ဒီမိုကရေစီစနစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီး တွစ်တာက အနာဂတ်အတွက်အရေးပါတဲ့ အကြောင်းအရာတွေကို လူသားတွေအပြန်အလှန် ပြောဆိုဖလှယ်နိုင်မယ့် ဒီဂျစ်တယ်ဆွေးနွေးပွဲရပ်ဝန်းဖြစ်လာမှာဖြစ်ကြောင်း 'မက်စ်'ကဖော်ပြထားပါတယ်။
တနင်္လာနေ့က တွစ်တာရှယ်ယာတန်ဖိုး ၅.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ၅၁.၇၀ ဒေါ်လာအထိရောက်ရှိခဲ့ပါတယ်။
"ကုမ္ပဏီကို အခြေအနေပြောင်းလဲနိုင်ဖို့ အချိန်အလုံအလောက်သာရခဲ့ရင် အခု'အီလွန်မက်စ်'ကမ်းလှမ်းထာထက်ပိုပြီးသာလွန်အောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်" လို့ ဘွိင်ယာဗဲလျူးကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး'ဂျိုနသန်ဘွိင်ယာ'က ပြောကြားခဲ့ပါတယ်။
အရင်ကလည်း ဘီလျံနာတွေက နာမည်ကြီးလူမှုကွန်ရက်တွေကို ဝယ်ယူထိန်းချုပ်နိုင်ခဲ့တဲ့လမ်းစဉ်အတိုင်း 'မက်စ်'ကအသုံးချလာတာဖြစ်ပါတယ်။
ဒေါ်လာ ၂၆၈ ဘီလီယံပိုင်ဆိုင်တဲ့ 'အီလွန်မက်စ်'က "အပြည့်အဝယုံကြည်စိတ်ချနိုင်တဲ့ လူမှုကွန်ရက်ရှိနေခြင်းက လူ့အဖွဲ့အစည်းအတွက်အလွန်အရေးကြီးပါတယ်။ စီးပွားရေးအခြေအနေကို ဂရုမစိုက်ပါဘူး" လို့ ပြောကြားသွားပါတယ်။
Tesla နဲ့ SpaceX ကုမ္ပဏီတို့မှာလည်း အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့'မက်စ်'အတွက် တွစ်တာကိုဘယ်လောက်အထိ ဦးစားပေးမလဲဆိုတာ မသိရသေးပါဘူး။
တွစ်တာနဲ့အပြိုင် 'ဒေါ်နယ်ထရမ့်'က Truth Social လူမှုကွန်ရက်ကိုတည်ထောင်ထားပြီး တွစ်တာကိုပြန်လည်သုံးစွဲမှာမဟုတ်ဘူးလို့ တနင်္လာနေ့က Fox News နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အိမ်ဖြူတော်မှပြောရေးဆိုခွင့်ရှိသူ'ယန်ဆာကီ'က "သမ္မတက တွစ်တာနဲ့ အခြားလူမှုကွန်ရက်တွေမှာ သတင်းမှားတွေပျံ့နှံ့နေမှာကို စိုးရိမ်နေရပါတယ်" လို့ ပြောဆိုသွားပါတယ်။
Source: Reuters.
#Yangon_Media_Group
#WorldScience
Published 26 April 2022
ရှေးဟောင်းသုတေသနပညာရှင်များက လူသားသမိုင်းတလျှောက်မှာ အင်အားအကြီးမားဆုံးငလျှင်လှုပ်ခတ်မှုကြီးကို တွေ့ရှိခဲ့ကြရာ ထောင်စုနှစ်တစ်ခုတိုင်အောင် ကမ်းရိုးတန်းတွေကိုဖျက်ဆီးခဲ့တဲ့ မိုင် ၅,၀၀၀ ဧရာမဆူနာမီလှိုင်းကြီးဖြစ်ပွားခဲ့တာကို တွေ့ရှိခဲ့ကြကြောင်း LiveScience က သတင်းတင်ပို့ထားပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၈၀၀ ခန့်က ချီလီနိုင်ငံမြောက်ပိုင်းမှာ ပြင်းအား ၉.၅ အဆင့်ရှိမြေငလျှင်လှုပ်ခတ်ခဲ့ကြောင်း Science Advances ဂျာနယ်ကဖော်ပြထားပါတယ်။
လေ့လာချက်ထဲကဖော်ပြချက်အရ ကမ္ဘာ့အပေါ်ယံအလွှာက နောက်ထပ်တစ်လွှာအောက် အင်အားပြင်းပြင်းနဲ့ လှုပ်ရှားခဲ့တာကြောင့် ပြင်းအားမြင့်ငလျှင်ဖြစ်ပေါ်လာကြောင်း၊ အဆိုပါငလျှင်တွေကြောင့် ဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်လာကာ ပိုမိုပျက်စီးစေခဲ့ကြောင်း ဖော်ပြထားပါတယ်။
ငလျှင်လှုပ်ခတ်မှုကြောင့် ၆၆ ပေအမြင့်ရှိဆူနာမီလှိုင်းလုံးကြီးတွေပေါ်ပေါက်လာကာ ချီလီနိုင်ငံမြောက်ပိုင်းကနေ နယူးဇီလန်အထိရောက်ရှိသွားပါတယ်။
ဆူနာမီလှိုင်းတွေကနေ မော်တော်ကားအရွယ်အစားလောက်ရှိတဲ့ ကျောက်တုံးကြီးတွေဟာ ကုန်းတွင်းပိုင်းမိုင် ၂၆၀ လောက်အထိ ဖျက်ဆီးသွားခဲ့ပြီး နှစ်ပေါင်း ၁,၀၀၀ လောက်အထိ ကမ်းရိုးတန်းတွေအနီးအနား ကျက်စားနေထိုင်စရာနေရာမရှိခဲ့ကြောင်း ဆောက်သမ်တန်တက္ကသိုလ်မှဖော်ပြထားပါတယ်။
ပင်လယ်နုန်းတွေအလွန်မြင့်တက်လာကာ ကုန်းတွင်းပိုင်းအတော်ဝေးဝေးအထိ ရောက်ရှိသွားခဲ့ပါတယ်။
ချီလီမြောက်ပိုင်းကမ်းရိုးတန်းမှာ ဆူနာမီဒဏ်ကြောင့်မြေအောက်ရောက်နေခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံများကိုလည်း တွေ့ရှိခဲ့ကြပါတယ်။
ဆူနာမီလှိုင်းရဲ့ နောက်ပြန်ဆွဲအားကြောင့် အဆောက်အအုံတွေပြောင်းပြန်ဖြစ်နေခဲ့ပြီး ဒေသနေလူတွေ ဘာမှမကျန်ရှိခဲ့ပါဘူးလို့ ဆောက်သမ်တန်တက္ကသိုလ်မှပရော်ဖက်ဆာ'ဂျိမ်းစ်ဂေါ့ဖ်'က ပြောကြားခဲ့ပါတယ်။
ရှေးဟောင်းသုတေသနကောက်နုတ်ချက်များအရ ထိုခေတ်မှလူတွေဟာ ဆူနာမီနဲ့အလှမ်းဝေးရာ ကုန်းတွင်းပိုင်းများသို့ ပြောင်းရွှေ့ခဲ့ကြတယ်လို့ ယူဆရပါတယ်။
'ဂေါ့ဖ်'နဲ့သုတေသနအဖွဲ့က မော်တော်ကားအရွယ်လောက်ရှိတဲ့ ကျောက်စိုင်ခဲတွေကို နယူးဇီလန်ချာသမ်ကျွန်းကုန်းတွင်းပိုင်းအထိတွေ့ရှိခဲ့ကြပြီးနောက် ဆူနာမီလှိုင်းက ဩစတြေးလျရှားဒေသအထိ ရောက်ရှိခဲ့ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
အဆိုပါကျောက်စိုင်ခဲကြီးတွေက ငလျှင်လှုပ်ခတ်ခဲ့တဲ့အချိန်ခေတ်ကာလလောက်က ဖြစ်မယ်လို့ယူဆရပါတယ်။
ချီလီမြောက်ပိုင်းကနေ ဆူနာမီလှိုင်းများက ကျောက်စိုင်ခဲကြီးတွေကို သယ်ဆောင်သွားခဲ့တာဟာ ပြင်းအား ၉.၅ အဆင့်ရှိတဲ့ငလျှင်ကြောင့်သာဖြစ်မယ်လို့ ဖော်ပြထားပါတယ်။
ဒီလေ့လာမှုမတိုင်ခင်က အကြီးမားဆုံးငလျှင်ကို ၁၉၆၀ ခုနှစ်က မှတ်တမ်းတင်ခဲ့ပါတယ်။
ချီလီတောင်ပိုင်းမှ ပြင်းအား ၉.၄ မှ ၉.၆ အဆင့်ရှိ ဗယ်လ်ဒီဗီယာငလျှင်လှုပ်ခတ်မှုက ဟာဝိုင်အီအထိ ဆူနာမီလှိုင်းတိုက်ခတ်ခဲ့ပြီး လူပေါင်း ၆,၀၀၀ ခန့်သေဆုံးခဲ့ပါတယ်။
Source: LiveScience
#Yangon_Media_Group
#WorldHealth
Published 26 April 2022
ကိုဗစ်ရောဂါဖြင့် ဆေးရုံတက်ကုသခံယူရဖူးသူ ၃ ပုံ ၂ ပုံကျော်ဟာ နောက်တစ်နှစ်ကျော်ကြာတဲ့အထိ ရောဂါလက္ခဏာများခံစားနေရသေးကြောင်း ယူကေသုတေသီများပြောကြားလိုက်ပါတယ်။
အမျိုးသမီးများနဲ့ အဝလွန်သူများက နောက်ဆက်တွဲလက္ခဏာခံစားရနိုင်ချေအများဆုံးဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ်။
ကိုဗစ်ရောဂါကူးစက်ပြီး တစ်နှစ်ကျော်ကြာတာတောင် ကျန်းမာရေးဆိုးကျိုးတွေခံစားနေရဆဲဖြစ်တာကြောင့် ထိုလက္ခဏာဆိုးကျိုးတွေကိုကုသဖို့ အရေးတကြီးလိုအပ်လာကြောင်း တနင်္ဂနွေနေ့က ဖော်ပြလိုက်ပါတယ်။
"ထိရောက်တဲ့ကုသမှုတွေ မပြုလုပ်နိုင်ရင် နောက်ဆက်တွဲလက္ခဏာတွေက ရေရှည်ဝေဒနာများဖြစ်ပေါ်လာနိုင်ပါတယ်" လို့ လက်စ်တာတက္ကသိုလ်မှ'ခရစ္စတိုဖာဘရိုက်တ်လင်'က လန်းဆက်ဆေးပညာဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။
လူပေါင်း ၂,၃၀၀ ကျော်ကိုစမ်းသပ်မှုပြုလုပ်ရာမှာ ကိုဗစ်ရောဂါဖြင့်ဆေးရုံတက်ကုသခံယူခဲ့ရသူ ၂၆ ရာခိုင်နှုန်းဟာ ၅ လအကြာမှာ ဝေဒနာလက္ခဏာများသက်သာသွားခဲ့ပြီး ၂၈.၉ ရာခိုင်နှုန်းကတော့ တစ်နှစ်ကျော်ပြီးမှသက်သာသွားပါတယ်။
အမျိုးသမီးများက အမျိုးသားများထက် ရောဂါလက္ခဏာမှပြန်လည်သက်သာလာနိုင်ချေ ၃၃ ရာခိုင်နှုန်းပိုနည်းတာကို တွေ့ရှိခဲ့ကြပါတယ်။
ဆေးရုံတက်ကုသခံယူရပြီး အသက်ရှူကိရိယာလိုအပ်ခဲ့သူများနဲ့ အဝလွန်သူများက နောက်ဆက်တွဲလက္ခဏာဖြစ်ပွားနိုင်ချေပိုများပါတယ်။
အဖြစ်အများဆုံးနောက်ဆက်တွဲလက္ခဏာတွေက အသက်ရှူရခက်ခဲခြင်း၊ နွမ်းနယ်ခြင်း၊ ကြွက်သားနာခြင်း၊ အိပ်ရေးမဝခြင်း၊ ခြေတံလက်တံများအားနည်းခြင်း၊ စိတ်ကျန်းမာရေးအခြေအနေပြဿနာများ ဖြစ်ပါတယ်။
"ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူတွေ အလွန်များလာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီးလိုအပ်လာပါတယ်" လို့ 'ဘရိုက်တ်လင်'ကဆိုပါတယ်။
လူအများစုဟာ ဆေးရုံမှဆင်းပြီးတစ်နှစ်ကျော်ကြာတာတောင် နောက်ဆက်တွဲလက္ခဏာဆိုးများခံစားနေရပြီး ကိုယ်လက်လှုပ်ရှားနိုင်စွမ်းကျဆင်းခြင်း၊ လူမှုဘဝကျန်းမာရေးဆုတ်ယုတ်ခြင်းတို့ ခံစားနေရကြောင်း ဖော်ပြထားကြပါတယ်။
Source: Deutsche Welle
#Yangon_Media_Group
Page 847 of 929