#Daily_News
Published 17 January 2025
၁။ တရုတ်ဘာသာစကားကျွမ်းကျင်ရန် ရည်ရွယ်ချက်စာချွန်လွှာ(MOI) လက်မှတ်ရေးထိုး
၂။ ဓာတ်ဆီဈေးကျပြီး ဒီဇယ်ဈေးနှစ်ပတ်ဆက်တိုက်တက်
၃။ လာနီညာအရှိန်ကြောင့် ဆောင်းရာသီရက်ပိုရှည်နိုင်
၄။ လော့စ်အိန်ဂျလိစ်မီးဘေးသင့်သူများ ပြန်လည်ထူထောင်ရေးနှင့် နစ်နာကြေးရရှိမှုမရေမရာဖြစ်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 17 January 2025
▪️ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဒေါ်နယ်ထရမ့်က ဂျွန်ဗွိုက်၊ မဲလ်ဂစ်ဘ်ဆန်၊ ဆီလ်ဗက်စတာစတားလုန်းတို့ကို ကယ်လီဖိုးနီးယား ဟောလိဝုဒ်အတွက် အထူးသံအမတ်များအဖြစ် ခန့်အပ်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
▪️ လတ်တလောနှစ်များအတွင်း အခြားနိုင်ငံများနဲ့ယှဉ်ရင် စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ထားတယ်လို့ ဆိုထားတဲ့ ဟောလိဝုဒ်ကို ပြန်လည်မြှင့်တင်ရမယ့် အထူးသံတမန်တာဝန်များ ပေးအပ်ထားကြောင်း ထရမ့်က အလေးပေးဖော်ပြထားပါတယ်။
▪️ Truth Social ဆိုရှယ်မီဒီယာမှာ ဖော်ပြထားရာမှာ "ဂျွန်ဗွိုက်၊ မဲလ်ဂစ်ဘ်ဆန်၊ ဆီလ်ဗက်စတာစတားလုန်းတို့ကို အလွန်တာဝန်ကြီးမားတဲ့ ဟောလိဝုဒ်လို နေရာမျိုးမှာ အထူးသံအမတ်များအဖြစ် ခန့်အပ်ကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း စီးပွားရေးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ထားတဲ့ ဟောလိဝုဒ်ကို အရင်ကထက် ပိုမိုသာလွန်တောင့်တင်းအောင် ပြုလုပ်ဖို့ရည်ရွယ်ချက်အတွက် ဖော်ဆောင်သွားကြမှာ ဖြစ်ပါတယ်" လို့ သိရပါတယ်။
▪️ ထရမ့်က သူတို့ရဲ့ အရည်အချင်းတွေကို ယုံကြည်ထာပြီး ဟောလိဝုဒ်ရွှေရောင်ခေတ် ပြန်ရောက်လာစေမယ်လို့ ဆိုလိုက်ပါတယ်။
▪️ ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင်မှာ အိမ်ဖြူတော်အဖွဲ့အတွက် အရေးပါတဲ့ ခန့်အပ်မှုတွေကို ကြေညာထားပါတယ်။
▪️ သမ္မတလက်ထောက်နဲ့ အကြီးတန်းအကြံပေးအဖြစ် စတန်လေအီးဝုဒ်ဝပ်၊ ပေါ်လစီဆိုင်ရာ သမ္မတလက်ထောက်အဖြစ် ရောဘတ်ဂေဘရီယယ်ဂျူနီယာ၊ ဗျူဟာမြောက် အကောင်အထည်ဖော်ရေး ဒုဦးစီးချုပ်အဖြစ် နီကိုလတ်စ်အက်ဖ်လူနာ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဒုဦးစီးချုပ်အဖြစ် ဝီလီယံဗျူရိုဟာရစ်ဆန်တို့က တာဝန်ယူသွားမှာဖြစ်ပါတယ်။
#Source: ANI News
#World_Health
Published 17 January 2025
▪️ လေယာဉ်ပျံဆူညံသံတွေ ဆက်တိုက်ကြားတဲ့သူတွေမှာ ကျန်းမာရေးအန္တရာယ်များစေနိုင်ကြောင်း ယူကေလေ့လာချက်တစ်ခုမှာ တွေ့ထားပါတယ်။
▪️ လေယာဉ်ပျံသံတွေ ဆူညံနေတဲ့ အခြေအနေနဲ့ ဆူညံသံမရှိတဲ့ အခြေအနေတို့ရဲ့ သက်ရောက်မှုတွေကို စစ်ဆေးကြည့်ရှုရန် လေဆိပ်အနီးနားနေသူ ၃၆၀၀ ခန့်နဲ့ လေယာဉ်လမ်းကြောင်း နီးစပ်ခြင်းမရှိသူ ၂၁၃၀၀ ဦးတို့ရဲ့ ကျန်းမာရေးမှတ်တမ်းများကို လန်ဒန်တက္ကသိုလ်ကောလိပ်မှ သုတေသီများ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ အထူးသဖြင့် ညဘက်တွေမှာ ဆူညံသံတွေ ကြားရတဲ့သူတွေက နှလုံးကြွက်သားများ ထူထဲလာပြီး နှလုံးဖောက်နိုင်ခြေ ၂ဆကနေ ၄ဆလောက်အထိ များနိုင်ကာ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များစေကြောင်း သုတေသီတွေဆိုပါတယ်။
▪️ နေ့ဘက်မှာ ၅၀ ဒက်ဆီဘယ်ထက် ပိုများပြီး ညဘက်မှာ ၄၅ ဒက်ဆီဘယ်ထက် ပိုများရင် ဆူညံသံကျယ်လောင်တယ်လို့ ယူဆပါတယ်။
▪️ WHOကတော့ လေယာဉ်တွေအနေနဲ့ နေ့ဘက်မှာ ၄၅ ဒက်ဆီဘယ်၊ ညဘက်မှာ ၄၀ ဒက်ဆီဘယ်အထိ လျှော့ချဖို့ အကြံပြုထားပါတယ်။
▪️ လေယာဉ်ဆူညံသံတွေက ကားလမ်း ရထားလမ်းဆူညံသံတို့နဲ့ နှိုင်းယှဉ်ရင် ပိုမိုကျယ်လောင်ပြီး ခန့်မှန်းဖို့ခက်ခဲပါတယ်။
▪️ ယခင်သုတေသနမှာ လေယာဉ်ဆူညံသံ အဆက်မပြတ် ကြားနေရခြင်းဖြင့် အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်း၊ ဖိစီးမှုများခြင်း၊ ကလေးများတွင် ဦးနှောက်လုပ်ဆောင်ချက် ချို့ယွင်းခြင်း၊ သွေးပေါင်ချိန်တိုးခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ များခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ လေဆိပ်အနီးနားမှာ နေထိုင်သူများ ပြောင်းရွှေ့နေထိုင်ပါက ကျန်းမာရေး တိုးတက်လာစေနိုင်ပါတယ်။
▪️ လေဆိပ်နားမှာ နေထိုင်သူတွေက နှလုံးတည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေ ၁၀ - ၂၀ ရာခိုင်နှုန်း ဆိုးရွားလာတယ်လို့ အမေရိကန် နှလုံးကောလိပ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
#Source: New York Post
အီရန်စစ်တပ်က ပြည်တွင်းထုတ် ဗျူဟာမြောက်ဒရုန်း ၁ ထောင်ကိုလက်နက်တိုက်မှာ အင်အားဖြည့်တင်းလိုက်ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
#World_Military
Published 16 January 2025
#ဗျူဟာမြောက်ဒရုန်းတစ်ထောင် #အီရန်စစ်လက်နက်အင်အား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 16 January 2025
၁။ သံမဏိစက်ရုံ(ပင်းပက်)မှ စက်ရုံသုံးရုံကို ရုရှားနည်းပညာဖြင့် လည်ပတ်မည်
၂။ ကုမ္ပဏီပေါင်း ၁၇ဝ ကျော်ကို အသေးစားငွေရေး၊ ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထား
၃။ ရေထွက်ကုန်တန်ချိန်လေးသိန်းကျော်အား နိုင်ငံပေါင်း ၃၀ ကျော်သို့တင်ပို့ထား
၄။ ပြည်တွင်းထုတ် ဗျူဟာမြောက်ဒရုန်းတစ်ထောင်ဖြင့် အီရန်စစ်လက်နက်အင်အားဖြည့်တင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၆ ဇန်နဝါရီ ၂၀၂၅
အိန္ဒိယနိုင်ငံ မီဇိုရမ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် အခြေပြုသည့် သူပုန်အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ၏အဓိကခေါင်းဆောင် အပါအဝင် အနည်းဆုံးလူငါးဦးကို လက်နက်မှောင်ခိုမှုဖြင့် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
သူတို့ကို မီဇိုရမ်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မာမစ်ခရိုင်အတွငး်မှာ လက်နက်ခဲယမ်း မီးကျောက်တွေနှင့်အတူ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာများကရေးသားဖော်ပြကြပါတယ်။
ချင်း CNF ၏ အဓိကခေါင်းဆောင်လို့သာ သတင်းမှာဖော်ပြထားပြီး ထိုသူမည်သူမည်ဝါနှင့် မည်သည့် အဆင့်ဖြစ်ကြောင်းကိုမူ သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။
သူတို့ထံမှ AK-47 တိုက်ခိုက်ရေးရိုင်ဖယ် (၆)လက်၊ ကျည်ဆန် ၁၀,၀၅၀ တောင့်၊ ကျည်ကပ် ၁၃ခုတို့ကို သိမ်းဆည်းရမိတယ်လို့ သတင်းများကရေးသားပါတယ်။
မီဇိုရမ်ပြည်နယ်ရဲနှင့် ယင်းရဲ့မိတ်ဖက်ထောက်လှမ်းရေးအဖွဲ့အစည်းတို့ပူးတွဲပြီး အနောက်ပိုင်း ဖိုင်လင်းရဲစခန်း နယ်မြေအတွင်းက ဆိုင်းသာရွာအပြင်ဘက်ဘက်မှာ စစ်ဆင်ရေးပြုလုပ်ပြီး သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ယခုဖမ်းဆီးနိုင်မှုဟာ ပြည်နယ်အတွင်း အကြီးမားဆုံးလက်နက်သိမ်းဆည်းရရှိမှုတွေထဲက တစ်ခုဖြစ်ပြီး ဒါတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုတစ်ခုကို နှိမ်နှင်းနိုင်ခဲ့တာ လို့ ပြည်နယ်ရဲက သတင်းထုတ်ပြန်ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို CNF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်စွယ် (CHT) မှာရှိတဲ့ United People’s Democratic Front (UPDFP) သူပုန်အုပ်စုများအကြား အရောင်းအဝယ်ပြုလုပ်ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းဖော်ထုတ်မှုများအရသိရပါတယ်။
CNF ရဲ့ အဓိကခေါင်းဆောင်ကို ဖမ်းဆီးမိလိုက်တာဟာ မီဇိုရမ်ရဲ့ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမှုကို အနောက်ပိုင်း ဖိုင်လင်းရဲစခန်းမှာဖွင့်ထားပြီး လက်နက်မှောင်ခိုမှုကွန်ယက်ကြိးကို ဖြိုခွင့်ဖို့ အတွက် ဆက်လက်စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
#World_Health
Published 17 January 2025
▪️ မိမိရဲ့နေထိုင်စားသောက်မှုပုံစံ၊ စားသောက်ချိန်၊ ပမာဏ၊ ဇီဝကမ္မဖြစ်စဉ်နဲ့ အခြားသော အကြောင်းအရာတို့ကြောင့် ကိုယ်အလေးချိန် လျှော့ချချင်တဲ့အခြေအနေကို သက်ရောက်လာနိုင်ပါတယ်။
▪️ ကိုယ်အလေးချိန် လျှော့ချရာမှာ ထိခိုက်စေတဲ့ သောက်သုံးစရာများအကြောင်း ဖော်ပြလိုက်ပါတယ်။
▪️ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ သောက်စရာတွေကတော့..
▪️ (၁) သစ်သီးဖျော်ရည်များ
အများယုံကြည်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး ဖျော်ရည်တွေက ကိုယ်အလေးချိန်လျှော့ဖို့ အကောင်းဆုံးမဟုတ်ဘဲ အမျှင်ဓာတ်များ မပါသလို ကယ်လိုရီနဲ့ သကြားဓာတ်တွေ ပြည့်နေပါတယ်။
▪️ (၂) ကာဗွန်ပါဝင်သောအချိုရည်များ
အာဟာရတန်ဖိုးမရှိဘဲ သကြားဓာတ်များပြားသလို ဆိုဒါအများအပြား သောက်သုံးရင်လည်း ကျန်းမာရေးပြဿနာ အမျိုးမျိုးဖြစ်နိုင်ခြေ များပါတယ်။
▪️ (၃) အယ်လ်ကိုဟော
တကယ်တမ်းတော့ အယ်လ်ကိုဟောရည်တွေမှာ ကယ်လိုရီတွေပါဝင်ပြီး အာဟာရတန်ဖိုး မပါသလောက်ဖြစ်ပါတယ်။
▪️ (၄) အားဖြည့်အချိုရည်များ
ကဖင်းဓာတ်နဲ့ အခြားလှုံ့ဆော်ပစ္စည်းများ မြင့်မားစွာပါဝင်သဖြင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တို့ တိုးစေပါတယ်။
▪️ (၅) သကြားပါသောကော်ဖီ
အချိုတွေ ခရင်မ်တွေ အရသာတွေပါတဲ့ ကော်ဖီမှာ ကယ်လိုရီတွေများစွာ ပါဝင်တာကြောင့် ဘလက်ကော်ဖီ ပလိန်းကော်ဖီတို့က ကိုယ်အလေးချိန်ချဖို့ သင့်လျော်ပါတယ်။
#Source: DoctorNDTV
Page 67 of 929