အမေရိကန်မှ TikTokဒုက္ခသည်နှစ်ဦးက အက်ပလီကေးရှင်း ပိတ်ပင်ခံရနိုင်တဲ့ အခြေအနေအပေါ် အမြင်များပြောပြသွားပြီး ဘာလို့တရုတ်ဆိုရှယ်မီဒီယာ RedNoteကို ပြောင်းသုံးလာလဲဆိုတာ ရှင်းပြသွားပါတယ်။
#World_News
Published 18 January 2025
#TikTok #RedNoteအက်ပလီကေးရှင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 18 January 2025
၁။ ဒိန်းမတ်အကူအညီဖြင့် ကလေးပျော်စင်တာများ ဆက်လက်ဖွင့်လှစ်မည်
၂။ ရွှေလုပ်ငန်းလိုင်စင်သစ်ကြောင့် ရွှေဆိုင်တစ်ချို့လုပ်ငန်းပိတ်သိမ်းသည်မှာ မဟုတ်မှန်
၃။ သီလဝါဘက်စုံသုံး ကုန်သေတ္တာဆိပ်ကမ်းတံတားအတွက်နှစ်ရှည်လုပ်ပိုင်ခွင့် တင်ဒါခေါ်ယူ
၄။ အမေရိကန်မှ TikTok သုံးစွဲသူများ တရုတ်ပြည်ထုတ် RedNote အက်ပလီကေးရှင်း ပြောင်းလဲအသုံးပြုလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 18 January 2025
▪️ TikTokက သမ္မတဂျိုးဘိုင်ဒင် အစိုးရအဖွဲ့အနေနဲ့ ပိတ်ပင်မှုစတင်သက်ရောက်တဲ့အခါ ဥပဒေပြဌာန်းမှုများနဲ့ ရင်မဆိုင်ရဘူးလို့ Apple နဲ့ Google တို့လိုကုမ္ပဏီတွေကို အာမခံချက်မပေးနိုင်ပါက အမေရိကန်မှာ တနင်္ဂနွေနေ့ကစပြီး လည်ပတ်မှုရပ်ဆိုင်းသွားမယ်လို့ သတိပေးလိုက်ပါတယ်။
▪️ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြောင်းအရင်းကို အခြေခံကာ TikTok မူရင်းကုမ္ပဏီ ByteDanceအနေနဲ့ ရောင်းချခြင်းမရှိပါက အမေရိကန်မှာ TikTokကို ပိတ်ပင်သွားမယ့်ဥပဒေကို တရားရုံးချုပ်က အတည်ပြုခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ အခုလို ပြောကြားလာကာ ၂ ရက်အတွင်း လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
▪️ တရားရုံးမှ ၉-၀ ဆုံးဖြတ်ချက်ကြောင့် TikTokနဲ့ အမေရိကန်မှ အသုံးပြုသူသန်း ၁၇၀ လောက် မရေမရာဖြစ်နေပြီး ဒေါ်နယ်ထရမ့်အပေါ် မူတည်လာနိုင်ကာ သမ္မတနေရာပြန်ရောက်တဲ့အခါ TikTokကို ကယ်တင်သွားမယ်လို့ ကတိပြုထားပါတယ်။
▪️ ဝက်ဘ်ဆိုက်ဝန်ဆောင်သူတွေကို ဥပဒေအရ မကျင့်သုံးဘူးလို့ ဘိုင်ဒင်အစိုးရအနေနဲ့ တိကျသောကြေညာချက် ချက်ချင်းမထုတ်ပြန်ပါက TikTokဟာ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ရပ်ဆိုင်းသွားရမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
▪️ ပိတ်ပင်မှုသက်ရောက်တဲ့အခါ Apple, Alphabet's, Google, Oracle နဲ့အခြားဝန်ဆောင်မှုတွေအနေနဲ့ TikTokကို ဆက်ပြီးလက်ခံပေးနေရင် ဒဏ်ကြေးအမြောက်အများ ပေးဆောင်ရနိုင်ပါတယ်။
▪️ ဒီဥပဒေဟာ ယမန်နှစ်က ကွန်ဂရက်လွှတ်တော်မှာ နှစ်ဖက်ပါတီ လူများစုထောက်ခံချက်ဖြင့် အတည်ပြုခဲ့ပြီး ဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
TikTok, ByteDance နဲ့ အသုံးပြုသူအချို့က ဒီဥပဒေကို ကန့်ကွက်လိုတဲ့သဘော ဖော်ပြခဲ့ကြပါတယ်။
▪️ TikTok ရပ်ဆိုင်းခြင်းက ခဏတာသာဖြစ်နိုင်ပြီး ထရမ့်က ကယ်တင်ဖို့အရေး စီစဉ်ထားတယ်လို့ ပြောထားပါတယ်။
▪️ TikTok စီအီးအိုက တနင်္လာနေ့ ထရမ့်ကျမ်းသစ္စာဆိုပွဲကို တက်ရောက်ရန် စီစဉ်ထားသလို ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ TikTokအကြောင်းနဲ့ ပတ်သက်ပြီး သောကြာနေ့က ဖုန်းပြောဆိုခဲ့ပါတယ်။
▪️ အမေရိကန် လွှတ်တော်အမတ်များနဲ့ ဘိုင်ဒင်အစိုးရအဖွဲ့က တရုတ်ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို TikTokကနေ အသုံးချနိုင်တယ်လို့ ဆိုထားပါတယ်။
#Source: Reuters
#World_Science
Published 18 January 2025
▪️ ကယ်လီဖိုးနီးယားတောင်ပိုင်းတလျှောက် တောမီးများပြင်းထန်စွာ လောင်ကျွမ်းနေပြီး လော့စ်အိန်ဂျလိစ် မီးလွှမ်းနေတာဟာ ရာသီဥတုအစွန်းနှစ်ဖက်ရောက်ခြင်းကြောင့်လို့ ခေါင်းစဉ်တပ်ကြပါတယ်။
▪️ ဒါဟာ အလွန်အမင်း စိုစွတ်ခြင်းနဲ့ ခြောက်သွေ့ခြင်း အခြေအနေတို့ကြား လျင်မြန်စွာပြောင်းလဲတဲ့သဘောဖြစ်ပြီး ရာသီဥတု ဖောက်ပြန်ခြင်းကြောင့် အဖြစ်များလာပါတယ်။
▪️ ကယ်လီဖိုးနီးယားမှာ မိုးခေါင်မှု အပြင်းအထန် ကြုံတွေ့ပြီးနောက် ၂၀၂၂-၂၃ ဆောင်းရာသီအတွင်း စံချိန်တင် မိုးရွာသွန်းခဲ့ကာ နှင်းဆီးများနဲ့ ရေလျှံခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။
▪️ ၂၀၂၄ နွေရာသီမှာတော့ စံချိန်တင်ပူနွေးခဲ့ပြီး မီးလောင်လွယ်တဲ့ မြေနေရာတွေ ဖြစ်လာကာ ဒီလိုပေါင်းစပ်မှုတွေကနေ တောမီးဘေးကြီး ဖြစ်လာရပါတယ်။
▪️ ထိုထဲက ပယ်လီဆိတ်စ်မီးက အပျက်အစီးအများဆုံးဖြစ်ပြီး ဧက ၁၇၀၀၀ ကျော်လောင်ကျွမ်းကာ အဆောက်အအုံပေါင်း ၁ သောင်းနီးပါး ပျက်စီးထားပါတယ်။
▪️ အီတန်မီးကလည်း အပျက်အစီးများထားပြီး ဇန်နဝါရီ ၁၀ ရက်နေ့အထိ မီးဘေးကြောင့် အနည်းဆုံး ၅ ဦးသေဆုံးထားကာ ဆက်လက်မြင့်တက်နိုင်တယ်လို့ အာဏာပိုင်များ သတိပေးထားပါတယ်။
▪️ ရာသီဥတု အစွန်းနှစ်ဖက်ရောက်ခြင်းကြောင့် မိုးကြီးတုန်းက ချုံပုတ်များ ကြီးထွားလာရာကနေ အလွန်အမင်းခြောက်သွေ့လာတဲ့အခါ မီးဘေးအန္တရာယ် များလာစေတယ်လို့ ရာသီဥတု သိပ္ပံပညာရှင် ဒန်နီယယ်ဆွင်းက ပြောသွားပါတယ်။
▪️ ရာသီဥတုဖောက်ပြန်မှုကို လျော့ကျအောင် မလုပ်နိုင်ရင် ကယ်လီဖိုးနီးယားမှာ တောမီးတွေ မကြာခဏဆက်ဖြစ်နိုင်ပြီး ရာသီဥတု အစွန်းနှစ်ဖက်ရောက်ခြင်းက မယုံကြည်ရတဲ့ အခြေအနေလို့ နောက်ထပ်ပညာရှင် ဂျွန်အဘက်ဇိုဂလူက ပြောပါတယ်။
▪️ ယခုပြဿနာတွေကြောင့် ဖြေရှင်းချက်တွေ အရေးတကြီး လိုအပ်နေပြီး ရေထိန်းသိမ်းရေးဗျူဟာတွေ တိုးတက်အောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
#Source: India Today
#World_Health
Published 18 January 2025
▪️ အနာဂတ်အတွက် သန္ဓေထိန်းသိမ်းထားလိုတဲ့ အမျိုးသမီးများအနေနဲ့ မျိုးဥအေးခဲခြင်းနည်းလမ်းက ထင်ရှားလာပါတယ်။
▪️ မျိုးဥအေးခဲခြင်းမှာ အကျိုးကျေးဇူးများစွာ ရှိသလို ဘေးအန္တရာယ်တွေလည်း ရှိတာကို သဘောပေါက်ထားဖို့ လိုပါတယ်။
▪️ အမျိုးသမီးရဲ့ မမျိုးဥကို ထုတ်ယူကာ အေးခဲထိန်းသိမ်းထားပြီးတော့ နောင်တစ်ချိန် ကိုယ်ဝန်ဆောင်လိုတဲ့ အချိန်ကျမှ အရည်ပျော်စေကာ သုတ်ပိုးနဲ့ ပေါင်းစပ်မျိုးအောင်စေပြီး ဖန်ပြွန်သန္ဓေ(IVF)နည်းလမ်းဖြင့် သားအိမ်မှာ သန္ဓေတည်စေပါတယ်။
မျိုးဥအေးခဲခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအနေနဲ့..
▪️ (၁) အဓိကအကျိုးကျေးဇူးက မျိုးသန္ဓေထိန်းသိမ်းထားနိုင်စွမ်းဖြစ်ပြီး အနာဂတ်အတွက် ထိန်းသိမ်းထားနိုင်ပါတယ်။
▪️ (၂) အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်အထိ ထိန်းသိမ်းထားနိုင်ပါတယ်။
▪️ (၃) ငယ်ရွယ်စဉ်အချိန် သန္ဓေအောင်နိုင်ခြေ မြင့်မားတဲ့အသက်အရွယ်မှာ မျိုးဥအေးခဲပြီးတော့ သန္ဓေအောင်နိုင်ခြေ ကျဆင်းသွားတဲ့အရွယ်ကျမှ ကိုယ်ဝန်ဆောင်လိုလည်း သန္ဓေရနိုင်ပါတယ်။
▪️ (၄) ပတ်ဝန်းကျင် လူမှုရေးဖိအားများကြောင့် ကိုယ်ဝန်ဆောင်ဖို့ အသင့်မဖြစ်သူတွေ အနာဂတ်အတွက် ထိန်းသိမ်းထားနိုင်ပါတယ်။
▪️ (၅) ကိုယ်ခံအားကျဆင်းရောဂါများ၊ သားအိမ်တစ်ရှူးအပြင်ထွက်ရောဂါများ ရှိနေတဲ့ အမျိုးသမီးတွေအတွက် အကျိုးရှိနိုင်ပါတယ်။
မျိုးဥအေးခဲခြင်းရဲ့ ကျန်းမာရေးအန္တရာယ်များအနေနဲ့..
▪️ (၁) OHSSရောဂါဟာ မျိုးဥအများအပြား ထုတ်ယူဖို့လိုအပ်တဲ့ ဟော်မုန်းလှုံ့ဆော်မှုနဲ့ ဆက်စပ်နေပြီး သာမန်လက္ခဏာတွေကနေ ပြင်းထန်တဲ့အထိ ဖြစ်နိုင်ပါတယ်။
▪️ (၂) မျိုးဥထုတ်ယူတာဟာ အသေးစားခွဲစိတ်မှုတစ်ခုဖြစ်သဖြင့် ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေ ရှိနိုင်ပါတယ်။
▪️ (၃) ဒီဖြစ်စဉ်ပြုလုပ်ရတာဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဖြစ်စေပြီး မအောင်မြင်ပါက စိတ်ဓာတ်ထိခိုက်နိုင်ပါတယ်။
▪️ (၄) မျိုးဥအေးခဲခြင်းက သန္ဓေတည်နိုင်ခြေ များစေပေမယ့် သေချာပေါက် ကိုယ်ဝန်ရမယ်လို့ အာမမခံနိုင်ပါဘူး။
▪️ (၅) မျိုးဥအေးခဲခြင်းနည်းလမ်းက အကုန်အကျများတာကြောင့် လူတိုင်းပြုလုပ်ဖို့ခက်ပါတယ်။
▪️ (၆) ကြာရှည်ထိန်းသိမ်းထားပြီးတော့ အသုံးမပြုဖြစ်တဲ့ မျိုးဥတွေနဲ့ ပတ်သက်ပြီး အကြောင်းအရာတွေက စိုးရိမ်စရာဖြစ်နေပါတယ်။
▪️ (၇) အေးခဲထားတဲ့မျိုးဥကနေ မွေးလာတဲ့ကလေးတွေမှာ ရေရှည်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စဉ်းစားစရာရှိပါတယ်။
မျိုးဥအေးခဲဖို့အတွက် ပြင်ဆင်သုံးသပ်ရမှာတွေက..
▪️ - အသက် ၂၀ ဝန်းကျင်မှ ၃၀ ဝန်းကျင်ဟာ မျိုးဥအရည်အသွေး အကောင်းဆုံးအပိုင်းအခြား ဖြစ်ပါတယ်။
▪️ - အချို့အမျိုးသမီးတွေမှာ မျိုးဥလုံလောက်စွာရဖို့ ဓမ္မတာစက်ဝန်းများများ လိုအပ်နိုင်ပါတယ်။
▪️ - မျိုးဥတွေက အချိန်အကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်ပေမယ့် ကြာလာတာနဲ့အမျှ အောင်မြင်နိုင်ခြေ ကျဆင်းလာနိုင်ပါတယ်။
#Source: DoctorNDTV
လော့စ်အိန်ဂျလိစ်ကောင်တီ အယ်တာဒီနာအရပ်ပျက်စီးခဲ့ရတဲ့ အီတန်မီးဘေး နောက်ဆက်တွဲအနေနဲ့ ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေးနဲ့ ရရှိမယ့် နစ်နာကြေးတို့ မသေချာမရေရာမှုတို့ ကြုံတွေ့နေရပါတယ်။
#World_Crisis
Published 17 January 2025
#လော့စ်အိန်ဂျလိစ်မီးဘေးသင့်သူများ #နစ်နာကြေးရရှိမှု
#YMG #Yangon_Times #Yangon_Media_Group
၁၇ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မကြာသေးမီက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်ကာ ကုလားတန်မြစ်ကြောင်း စီမံကိန်းလုပ်ငန်း တိုးတက်မှုများကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် အိန္ဒိယ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် စစ်တွေမြို့တွင် ရောက်ရှိနေထိုင်ပြီး အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်ခဲ့သော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) ) စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်တွေဆိပ်ကမ်းတွင် ဆိပ်ကမ်း အော်ပရေတာဖြစ်သည့် India Ports Global Limited(IPGL) မှတာဝန်ရှိသူများနှင့်အတူ လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တွေဆိပ်ကမ်းသည် ၂၀၂၃ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ပြီးချိန်မှစ၍ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ စက်သုံးဆီ၊ မော်တော်ယာဉ်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ နှင့် စက်ယန္တရားများ တင်ဆောင်လာသည့် သင်္ဘောအစီးရေ ၁၅၀ ကျော် ဆိုက်ကပ်ကာ ကုန်တင်ကုန်ချ လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။
ခရီးစဉ်အတွင်း အိန္ဒိယသံအမတ်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကိစ္စဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအပြင် သံအမတ်ကြီးသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအားအကျိုးပြုရန်အတွက် ဒေသ၏ လိုအပ်ချက်နှင့်ဦးစားပေးမှုများနှင့်အညီ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများဆိုင်ရာကိစ္စရပ်များကိုလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့ကြပါတယ်။
လာမည့်နှစ်များတွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသည် ကမ်းရိုးတန်း၊ဒေသတွင်းနှင့် နိုင်ငံ တကာတို့ကို ချိတ်ဆက်ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာမှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ ရှေး ပဝေသဏီကတည်းကရှိခဲ့သောပြည်သူအချင်းချင်းကြား ဆက်နွယ်မှုအရ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာလိမ့်မယ် လို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးတို့ သဘောတူဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစင်္ကြံ (KMMTTC) စီမံကိန်း၏အကျိုးရှိမှုများကို အပြည့် အ၀အသုံးချနိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေးသည် အရေးကြီး တယ်လို့လည်း သံအမတ်ကြီးက အလေးပေးပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သံအမတ်ကြီးသည် Sri Sri Moha Dev Bari ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး အိန္ဒိယနွယ်ဖွား အသိုက်အဝန်းမှ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အိန္ဒိယနွယ်ဖွားများအတွက် ကောင်စစ်ဆိုင်ရာ ဝန်ဆောင် မှုများအကြောင်းနှင့် အိန္ဒိယနှင့်၎င်းတို့၏ ဆက်သွယ်ဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် ပံ့ပိုးကူညီမှုဆိုင်ရာ ကိစ္စရပ်များကိုအသိပေး ပြောကြားခဲ့ ပါတယ်။ ယင်းအပြင် သံအမတ်ကြီးသည် စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသို့ လည်း သွားရောက်ခဲ့ပါတယ်။
သံအမတ်ကြီး နှင့်အတူ India Ports Global Ltd (IPGL) ၏ မန်နေဂျင်းဒါရိုက်တာ Shri Sunil Mukundan ၊ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး၊ စစ်တွေမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ တာဝန်ရှိသူများလည်း ခရီးစဉ်မှာပါဝင်ခဲ့ကြ ကြောင်း သိရှိရပါတယ်။
#ymg/knl
Page 66 of 929