#World_Health
Published 27 January 2025
▪️ မျက်လုံးတွေအောက်မှာ မျက်ကွင်းညိုခြင်းက အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ မောပန်းနွမ်းနယ်ခြင်းကြောင့် မျက်ကွင်းညိုရသလို အသက်အရွယ်၊ မျိုးဗီဇ၊ မျက်လုံးဒဏ်ဖြစ်ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်နည်းခြင်း၊ နေရောင်ထိတွေ့ခြင်း၊ နေထိုင်စားသောက်ပုံစံအချို့တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
▪️ ဒီအတွက် ဈေးကွက်မှာ လိမ်းဆေးတွေရှိပေမယ့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုနှစ်ခုက အထောက်အကူ ဖြစ်နိုင်တယ်လို့ အရေပြားဆရာဝန် ဂျူရှာဘာတီယာဆာရင်က ပြောပြသွားပါတယ်။
▪️ (၁) အခန်းမီးတွေ ပိတ်ပြီးနောက်မှာ ဖုန်းမကြည့်သင့်ပါဘူး။
မိုဘိုင်းဖုန်းမျက်နှာပြင်ကနေ ထုတ်လွှတ်တဲ့ စွမ်းအားမြင့်အလင်းပြာက မျက်လုံးအောက်ရှိ ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ကို ဖြိုခွဲပြီး မျက်လုံးကြွက်သားများ ဒဏ်ဖြစ်စေပါတယ်။
▪️ (၂) သံဓာတ်ချို့တဲ့မှုဖြေရှင်းပါ။
သွေးထဲမှာ သံဓာတ်နဲ့ ဟေမိုဂလိုဘင် နည်းပါးပါက အရေပြားဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိမှု နှောင့်နှေးစေပါတယ်။
ထိုကနေ မယ်လာနင်ဓာတ် ပိုထွက်လာစေပြီး အပါးလွှာဆုံးဖြစ်တဲ့ မျက်လုံးအောက်အရေပြားမှာ ညိုလာတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
#Source: DoctorNDTV
#World_Science
Published 27 January 2025
▪️ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီများ ထုတ်ဖော်လိုက်တဲ့ သွေးစစ်ဆေးနည်းအသစ်ဟာ ကင်ဆာရောဂါတွေ တွေ့ရှိဖို့အခက်ခဲဆုံး အစောဆုံးအဆင့်တွေမှာပင် ကင်ဆာအမျိုးအစား အများအပြားကို သေချာပေါက် တွေ့ရှိနိုင်မှာဖြစ်ပါတယ်။
▪️ TriOx လို့ နာမည်ပေးထားတဲ့ ဒီစစ်ဆေးနည်းဟာ သွေးထဲက ဒီအင်န်အေတွေကို ဆန်းစစ်ပြီး မထင်ရှားသေးတဲ့ ကင်ဆာလက္ခဏာများကို တွေ့ရှိနိုင်မှာဖြစ်ကာ လက်ရှိစစ်ဆေးနည်းတွေထက်စာရင် ပိုမိုမြန်ဆန်ပြီး ခန္ဓာကိုယ်ထဲ အနည်းဆုံးအတိုင်းအတာဖြင့်သာ ထိုးထွင်းစမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။
▪️ ဖော်ပြထားတဲ့ စမ်းသပ်ချက်ထဲမှာ TriOxက ကင်ဆာ ၆ မျိုး အစောပိုင်းအဆင့်အထိ တိကျစွာ ရှာဖွေတွေ့ရှိပြီး ကင်ဆာရှိတဲ့သူတွေကို သေချာခွဲခြားပြနိုင်ပါတယ်။
▪️ ဒီစစ်ဆေးနည်းက ထုတ်လုပ်စမ်းသပ်ဆဲအဆင့် ဖြစ်ပေမယ့် ကင်ဆာရှာဖွေရေး လုပ်ငန်းစဉ်မှာ တိုးတက်ပြောင်းလဲလာနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။
▪️ ကင်ဆာ ၆ မျိုးအစောပိုင်းအဆင့်တွေကို တွေ့ရှိနိုင်မယ့် အသားစအရည်စမ်းသပ်နည်းကို တီထွင်ထားပြီး အူမကြီး၊ အစာရေမျို၊ ပန်ကရိယ၊ ကျောက်ကပ်၊ သားအိမ်၊ ရင်သားကင်ဆာတို့ ပါဝင်ပါတယ်။
▪️ TAPSလို့ခေါ်တဲ့ ဒီအင်န်အေ အဆင့်မြင့်ဆန်းစစ်နည်းပညာကို စက်ပစ္စည်းမှတ်သားနည်းစနစ်ဖြင့် ပေါင်းစပ်လိုက်ပြီး သွေးထဲမှာ လှည့်ပတ်နေတဲ့ ဒီအင်န်အေတွေမှ အဓိကအရာတွေကို ဆန်းစစ်ပေါင်းစပ်သွားတာ ဖြစ်ပါတယ်။
▪️ ဒီစစ်ဆေးနည်းက စမ်းသပ်ထုတ်လုပ်ဆဲဖြစ်ပေမယ့် ကမ္ဘာတဝှမ်းမှ လူသန်းပေါင်းများစွာအတွက် အသက်ရှင်နှုန်း မြင့်မားစေနိုင်တဲ့ အလားအလာ ရှိတယ်လို့ယူဆကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ် ကင်ဆာဌာနမှ ပရော်ဖက်ဆာ အန်နာရှုက ပြောသွားပါတယ်။
▪️ ကင်ဆာအများစုဟာ နောက်ပိုင်းအဆင့် မရောက်ခင်အထိ ရောဂါမသိရှိရတာကြောင့် ကုသရခက်ခဲကြောင်း၊ ယခုနည်းလမ်းကတော့ ကင်ဆာအစောပိုင်းအဆင့်တည်းက သွေးယူစစ်ဆေးခြင်းဖြင့် တွေ့ရှိနိုင်မှာဖြစ်ကြောင်း အောက်စ်ဖို့ဒ်လူသားမျိုးဗီဇစင်တာမှ ဒေါက်တာ ဒီမစ်ထရစ်ဗာဗော်လစ်က ပြောပြပါတယ်။
▪️ သုတေသနအဖွဲ့က TriOxကို အနာဂတ်မှာ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ထည့်သွင်းအသုံးပြုသွားဖို့ နည်းလမ်းများရှာဖွေနေကြပါတယ်။
#Source: University Of Oxford
#World_News
Published 27 January 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် လူဝင်မှုကြီးကြပ်ရေး စိစစ်ဖြိုခွဲမှုတစ်စိတ်တစ်ပိုင်း အနေဖြင့် နှင်ထုတ်ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တင်ဆောင်လာတဲ့ စစ်လေယာဉ်ကို ကိုလံဘီယာက လက်မခံတဲ့အတွက် အခွန်အခနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သွားမယ်လို့ ထရမ့်က ခြိမ်းခြောက်လိုက်ရာ အမေရိကန်နဲ့ ကိုလံဘီယာတို့ ကုန်သွယ်ရေးစစ်ပွဲဆီ ဦးတည်လာပါတယ်။
▪️ လက်တင်အမေရိကမှာ အမေရိကန်အတွက် တတိယမြောက် အရေးပါဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်တဲ့ ကိုလံဘီယာက ချက်ချင်းတုံ့ပြန်လိုက်ပြီး လက်ဝဲရောက်သမ္မတ ဂူစတာဗိုပက်ထရိုက အမေရိကန် ကုန်ပစ္စည်းတွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်းထားမယ်လို့ အရင်ခြိမ်းခြောက်လိုက်ပြီး ဒီနောက်တော့ အမေရိကန် တင်သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ဖို့ ကုန်သွယ်ရေးဝန်ကြီးကို ညွှန်ကြားထားတယ်လို့ Xမှာ ဖော်ပြလိုက်ပါတယ်။
▪️ အမေရိကန်မှ နှင်ထုတ်လိုက်သူများတင်ဆောင်လာတဲ့ စစ်လေယာဉ်ကို ငြင်းဆန်တဲ့အထဲမှာ ကိုလံဘီယာက ဒုတိယမြောက် လက်တင်အမေရိကနိုင်ငံ ဖြစ်လာပါတယ်။
▪️ ထရမ့်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ရပ်က သူ့ရဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ပိုမိုခိုင်မာလာခြင်းနဲ့ သူ့ရဲ့ဆန္ဒအတိုင်း အခြားနိုင်ငံတွေကို တွန်းအားပေးလိုတဲ့ ပုံစံတွေ ပြန်လည်မြင်တွေ့လာရခြင်းတို့ကို ဖော်ပြနေပါတယ်။
▪️ ဒီလေယာဉ်တွေကို ပက်ထရိုဘက်မှ ငြင်းဆန်လိုက်ခြင်းဟာ အမေရိကန် နိုင်ငံ့လုံခြုံရေးကို ခြိမ်းခြောက်ရာကျတယ်လို့ ထရမ့်က Truth Socialမှာ ရေးသားထားပါတယ်။
▪️ အမေရိကန်သို့ တင်သွင်းတဲ့ ကိုလံဘီယာ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းချမှတ်ခြင်း အပါအဝင် တစ်ပတ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ့် အခြေအနေ၊ ကိုလံဘီယာ အစိုးရအရာရှိတွေကို သွားလာခွင့်ပိတ်ပင်ခြင်းနဲ့ ဗီဇာရုပ်သိမ်းခြင်း အခြေအနေ၊ အရေးပေါ် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းများနဲ့ ဘဏ္ဏာရေးပိတ်ဆို့မှုများ ပါဝင်နေပါတယ်။
▪️ အမေရိကန်နိုင်ငံထဲ အတင်းထည့်သွင်းခဲ့တဲ့ ရာဇဝတ်သားတွေကို ပြန်လည်လက်ခံရမယ့် တာဝန်ဝတ္တရားတွေ ကိုလံဘီယာအနေနဲ့ မချိုးဖောက်သင့်ဘူးလို့ ထရမ့်က ဖော်ပြထားပါတယ်။
▪️ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပက်ထရိုဟာ ဒီလေယာဉ်တွေကို အမိန့်ပေးခွင့်ပြုခဲ့ပေမယ့် လေထဲရောက်တော့မှ ပယ်ဖျက်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ထရမ့်က တရားမဝင် လူဝင်မှုတွေကို အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး နယ်စပ်လုံခြုံရေးမှာ စစ်တပ်ပါဝင်ကူညီဖို့ ညွှန်ကြားခဲ့ကာ နိုင်ငံခိုလှုံခွင့် ပိတ်ပင်ဖို့ ထုတ်ပြန်ထားပါတယ်။
▪️ မက္ကဆီကိုကလည်း ရွှေ့ပြောင်းသူတွေ တင်ဆောင်လာတဲ့ အမေရိကန်စစ်လေယာဉ်ကို ပြီးခဲ့တဲ့သီတင်းပတ်က ငြင်းဆန်ခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 26 January 2025
▪️ ခါးနာခါးကိုက်ဝေဒနာ ခံစားနေရတယ်ဆိုရင် ကျောရိုးမကြီးအပေါ် ဖိအားမများစေတဲ့ပုံစံနဲ့ အိပ်စက်သင့်ပါတယ်။
▪️ ဒီလိုမှမဟုတ်ရင် ညအိပ်တဲ့အခါ လူးလိမ့်နေရမှာဖြစ်ပြီး အရေးပါတဲ့ နှစ်ခြိုက်စွာအိပ်စက်မှု လုံလုံလောက်လောက် မရပါက ကိုက်ခဲမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။
▪️ အိပ်တဲ့အခါ ပုံစံမှန်မှန်ကန်ကန် အိပ်ပါမှ ခါးနာခြင်းသက်သာစေမယ်လို့ အရေးပေါ်ကုသရေး ဆရာဝန် ဒယ်ရီယန်ဆပ်တန်က ပြောပြပါတယ်။
▪️ ခါးနာခြင်းအတွက် အဆိုးရွားဆုံးအိပ်စက်ပုံက ဗိုက်မှောက်လျက်အိပ်တဲ့ပုံစံ ဖြစ်ပါတယ်။
ဗိုက်မှောက်အိပ်ခြင်းဖြင့် ကျောရိုးမရဲ့ သဘာဝပုံသဏ္ဍာန်ကို ပြားသွားစေပြီး ကြွက်သားတွေနဲ့ အဆစ်တွေမှာ မလိုလားအပ်တဲ့ ဖိအားသက်ရောက်စေတယ်လို့ ဆောက်သန်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ အရိုးအထူးကု ဒေါက်တာရေမွန်ဂျေဟားက ပြောပါတယ်။
▪️ လည်ပင်းကို တစ်ဖက်သို့ စောင်းရတဲ့အတွက် ကျောအပေါ်ဘက်မှာ ပိုမိုကိုက်ခဲစေပါတယ်။
မျက်နှာကလည်း ခေါင်းအုံးပေါ်ပိနေတဲ့အတွက် အရေးကြောင်းတွေ၊ ဖောင်းအစ်တာတွေ ဖြစ်ပေါ်နိုင်ကြောင်း အလှအပပညာရှင် ရူပက်ရှ်ရှားက ဆိုပါတယ်။
▪️ အကောင်းဆုံး အိပ်စက်ပုံစံကတော့ ကျောကိုအောက်မှာထားပြီး လှဲအိပ်တာ ဖြစ်ပါတယ်။
ခေါင်းအုံးကို ဒူးအောက်နဲ့ လည်ပင်းအောက်တို့မှာ ထားပါက ကျောရိုးမနဲ့ တစ်တန်းတည်း ဖြစ်စေပါမယ်။
▪️ ဒါပေမဲ့ ဒီနည်းလမ်းက အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းပြဿနာမျိုး ဖြစ်နိုင်ပြီး အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်ပါတယ်။
▪️ ဘေးတိုက်အိပ်ခြင်းကတော့ အသက်ရှူလမ်းကြောင်းပွင့်စေပြီး ခြေထောက်တန်းတန်းထားခြင်းက ခါးနာခြင်းအတွက် နောက်ထပ်အကောင်းဆုံးပုံစံ ဖြစ်ပါတယ်။
▪️ ဒူးကိုအပေါ်ထိမရောက်အောင် ခြေထောက်ကြားမှာ ခေါင်းအုံးထားခြင်းဖြင့် ကျောရိုးဖြောင့်တန်းစေမှာဖြစ်ပြီး ကျောရိုးအနှံ့ကို ဖိအားညီမျှစွာ ဖြန့်ပေးတာကြောင့် ကိုက်ခဲမှုသက်သာစေနိုင်ပါတယ်။
Source: New York Post
#World_Health
Published 26 January 2025
▪️ တန်ဇန်နီယာ အနောက်မြောက်ပိုင်း ကာဂယ်ရာဒေသမှာ မာဘတ်ဂ်ဗိုင်းရပ်စ်ရောဂါ (MVD)ကူးစက်ပျံ့ပွားနေတယ်လို့ WHOဖော်ပြထားပြီး ရောဂါကူးစက်သူ ၉ ဦးမှာ ၈ ဦးသေဆုံးထားပါတယ်။
▪️ ရောဂါစောင့်ကြည့်ရေးများ ပြုလုပ်နေပြီး လာမယ့်ရက်တွေမှာ ကူးစက်သူတွေ ထပ်မံတွေ့ရှိရနိုင်တယ်လို့ WHOညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေဆပ်စ်က Xမှာဖော်ပြထားပါတယ်။
▪️ ကာဂယ်ရာက ကူးပြောင်းသွားလာရေး အချက်အခြာလို ဖြစ်နေပြီး ရဝမ်ဒါ၊ ယူဂန်ဒါ၊ ဘူရန်ဒီ၊ ကွန်ဂိုတို့လို အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတာကြောင့် ထိုဒေသမှာ မာဘတ်ဂ်ဗိုင်းရပ်စ်ပျံ့နှံ့နိုင်ခြေ များတယ်လို့ WHOက သုံးသပ်ထားပါတယ်။
▪️ မာဘတ်စ်ဗိုင်းရပ်စ်ရောဂါဟာ အီဘိုလာလိုမျိုး ကူးစက်နှုန်းမြင့် ဗိုင်းရပ်စ်အဖျားရောဂါမျိုး ဖြစ်ပြီး ရောဂါလက္ခဏာ ပြင်းထန်ကာ အသက်ဆုံးပါးမှုနှုန်း ၉၀ ရာခိုင်နှုန်းနီးပါးအထိ ရှိပါတယ်။
▪️ ဒီဗိုင်းရပ်စ်တွေက Rousettus aegyptiacusလို့ခေါ်တဲ့ သစ်သီးစားသုံးလင်းနို့တွေမှာ အစပြုပြီး ကူးစက်ပျံ့ပွားစေတာ ဖြစ်တယ်လို့ ယူဆထားပါတယ်။
▪️ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အချက်အလက်အပြည့်အစုံ မသိရသေးသလို ရောဂါတွေ့ရှိမှု နှောင့်နှေးခြင်း၊ သီးသန့်ခွဲထားရခြင်း၊ ခြေရာခံလိုက်ခြင်းတို့ပါ ပြုလုပ်နေရပြီး တိုင်းပြည်အဆင့်အထိ ကူးစက်မှုမြင့်မားနေတာ ဖြစ်ပါတယ်။
▪️ ပျံ့ပွားမှုထိန်းချုပ်ဖို့အတွက် ကျန်းမာရေးလုပ်သားများ အပါအဝင် ရောဂါကူးစက်သူများနဲ့ ထိတွေ့သူများကို ကျန်းမာရေးအာဏာပိုင်များ ရှာဖွေနေကြပါတယ်။
▪️ မာဘတ်ဂ်ဗိုင်းရပ်စ်က သွေး၊ တံတွေး၊ အချွဲလိုမျိုး ခန္ဓာကိုယ်အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်ပြီး လူနာနဲ့ဆက်ဆံတဲ့အခါ ကာကွယ်ရေးအတိုင်းအတာက အရေးကြီးပါတယ်။
▪️ အစောပိုင်းရောဂါလက္ခဏာတွေက ငှက်ဖျားလိုရောဂါတွေနဲ့ ဆင်တူပြီး မာဘတ်စ်ဗိုင်းရပ်စ်ကြောင့်လို့ သိရချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေပါ ကူးစက်ထားနိုင်ပါတယ်။
▪️ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်နိုင်ပြီး အပြင်းအထန် ဝမ်းလျှောခြင်း၊ အစာအိမ်အောင့်ခြင်း၊ မူးဝေအော့အန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ လက်ရှိအချိန်မှာ ဒီအတွက် ကာကွယ်ဆေး၊ ကုသဆေး မရှိသေးဘဲ အစောပိုင်း ကြပ်မတ်ကုသပေးခြင်းဖြင့် အသက်အန္တရာယ်နဲ့ ရောဂါလက္ခဏာခံစားရမှု လျှော့ချနိုင်ပါတယ်။
#Source: The Jerusalem Post
၂၅ ဇန်နဝါရီ၊၂၀၂၅
တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့ တရုတ်တန်းတွင် ဈေးရောင်းပွဲတော်များ ကြည့်ချင်ပွဲများဖြင့် ကျင်းပလျက်ရှိပါတယ်။
ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းမကြီးပေါ်တွင် လမ်းမတော်လမ်းနှင့် လသာလမ်းအကြား ဆိုင်များခင်းကျင်း ရောင်းချခြင်းနှင့် ဖျော်ဖြေရေးပွဲများကျင်းပခြင်းတို့ဖြင့် ကျင်းပနေခြင်းဖြစ်ပါတယ်။
အဆိုပါ ပွဲတော်ကို ယနေ့ ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။
#ymg/knl
ဒေစီအော်တစ်ဇ်နဲ့ အသက် ၃နှစ်အရွယ်သားဖြစ်သူတို့ဟာ နေရပ်ကိုလံဘီယာမှ ဂိုဏ်းတွေကနေ လွတ်မြောက်လာပြီး အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်ရောက်ဖို ၈ လကြာမြင့်ခဲ့ပြီးနောက် အခုတော့ ခက်ခဲနေရပါပြီ။
#World_Crisis
Published 25 January 2025
#ဒေါ်နယ်ထရမ့်၏ဒုက္ခသည်ခိုလှုံခွင့်ရပ်ဆိုင်း #စောင့်ဆိုင်းနေသူများမျှော်လင့်ချက်ပျက်သုဉ်း
#YMG #Yangon_Times #Yangon_Media_Group
Page 60 of 929