BMW AGရဲ့ စီအီးအို စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဥက္ကဌ အိုလီဗာဇစ်ပ်က တရုတ်ထောက်ပံ့ရေးကွင်းဆက်များနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းမှုအကြောင်း အလေးပေးပြောခဲ့ကာ တရုတ်ဈေးကွက်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံဖို့ကို တနင်္ဂနွေနေ့က ထပ်မံအတည်ပြုပြောသွားပါတယ်။
#World_Industry
Published 26 March 2025
#BMWစီအီးအို #အိုလီဗာဇစ်ပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 March 2025
၁။ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် သနပ်ခါးသင်္ကြန် ထည့်သွင်းကျင်းပမည်
၂။ ရန်ကုန်တိုင်း၌ ပဲမျိုးစုံ ဧကငါးသိန်းခန့်အထိ စိုက်ပျိုးထား
၃။ တစ်နှစ်အတွင်း ကျွမ်းကျင်လုပ်သားပေါင်း သုံးသောင်းခန့်အား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့
၄။ တရုတ်ကားဈေးကွက်၌ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် BMW စီအီးအိုပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 March 2025
▪️ အမေရိကန်ဟာ ပင်လယ်ပြင်တိုက်ခိုက်မှုတွေနဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ယူကရိန်း၊ ရုရှားတို့နဲ့ သီးခြားသဘောတူညီချက်တွေ အင်္ဂါနေ့က ရရှိခဲ့ပြီဖြစ်ပြီး ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းဖို့ သဘောတူလိုက်ပါတယ်။
▪️ ပင်လယ်နက် ရေကြောင်းလုံခြုံရေး သဘောတူညီမှုတွေ ဘယ်အချိန် ဘယ်လိုစတင်မလဲ သေချာမသိရပေမယ့် သမ္မတဒေါ်နယ်ထရမ့် တာဝန်ယူချိန်ကစပြီးနောက် နှစ်ဖက်စလုံးမှ ပထမဆုံးတရားဝင် သဘောတူညီလာကြတာ ဖြစ်ပါတယ်။
▪️ အမေရိကန်နဲ့ ရုရှားသဘောတူညီချက်က ယူကရိန်းထက် ခရီးပိုရောက်နေပြီး အမေရိကန်က ရုရှားလယ်ယာစိုက်ပျိုးရေးနဲ့ မြေဩဇာတင်ပို့မှုများအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
▪️ အမေရိကန်ဘက်မှ ထုတ်ပြန်ပြီးမကြာခင်မှာပဲ ရုရှားတို့က ယင်းတို့ဘဏ်အချို့နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွေကြား ချိတ်ဆက်မှုတွေ ပြန်လည်မရမချင်း ပင်လယ်နက်သဘောတူညီမှု အကျုံးဝင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကတော့ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ စတင်အသက်ဝင်ဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချတာတွေ မလိုအပ်ဘူးလို့ ဆိုလိုက်ကာ ရုရှားတို့က သဘောတူညီချက်တွေကို ခြယ်လှယ်ဖို့ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
▪️ "ရုရှားတို့ဟာ သဘောတူညီချက်တွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေပြီး ကြားဝင်စေ့စပ်သူတွေရော တစ်ကမ္ဘာလုံးကိုပါ လှည့်ဖျားနေတယ်" လို့ ဇယ်လန်စကီက ပြောသွားပါတယ်။
▪️ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က "ရှင်းလင်းတဲ့ အာမခံချက်တွေ လိုပါလိမ့်မယ်။ အရင်က ယူကရိန်းနဲ့ သဘောတူညီချက်ယူရာမှာ စိတ်ပျက်စရာ ဖြစ်ခဲ့တာကြောင့် အမေရိကန်ကနေ ဇယ်လန်စကီကို ညွှန်ကြားလို့ဖြစ်လာတဲ့ အရာကသာ အာမခံချက်ဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။
▪️ ရုရှားအနေနဲ့ သဘောတူညီချက်တွေကို ချိုးဖောက်ပါက ရုရှားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နဲ့ ယူကရိန်းကို လက်နက်တွေ ထပ်ပြီးထောက်ပံ့ရန် ထရမ့်ကို တောင်းဆိုသွားမယ်လို့ ဇယ်လန်စကီ ပြောပါတယ်။
#Source: Reuters
#World_Health
Published 26 March 2025
▪️ ဝိုင်နီက ဝိုင်ဖြူထက် ကျန်းမာရေးအရ ပိုကောင်းတယ်လို့ သိထားကြပါတယ်။
▪️ ဒါဟာ ဝိုင်နီမှာက စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရက်စ်ဗရာထရိုလ် ကြွယ်ဝတာကြောင့် ရောင်ရမ်းခြင်းနဲ့ ကင်ဆာ၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တာ ဖြစ်ပါတယ်။
▪️ ဝိုင်ဖြူက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အစားအသောက် ထိန်းသိမ်းရာမှ ပိုသင့်တော်ပြီးတော့ ဝိုင်နီကတော့ ရေရှည်ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တယ်လို့ သတ်မှတ်ကြကြောင်း သက်ရှည်ကျန်းမာရေး ပညာရှင် ဒန်ဘတ်နာက ဆိုပါတယ်။
▪️ လူပေါင်း ၉၆,၀၀၀ နီးပါးပါဝင်တဲ့ လေ့လာချက်ပြုလုပ်ရာမှာ ဝိုင်နီဝိုင်ဖြူ သောက်သုံးခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှု ကွာခြားချက်မရှိဘူးလို့ ဆန်းစစ်တွေ့ရှိလာပါတယ်။
▪️ ဖြစ်နိုင်ခြေရှိတာက ဝိုင်ဖြူသောက်ခြင်းက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများစေတာနဲ့ ဆက်စပ်နေပါတယ်။
▪️ ဒါဟာ ဝိုင်ဖြူကို နေ့ခင်းဘက်တွေမှာ အပြင်ဖက်နေရာတွေမှာထိုင်ရင်း သောက်တတ်ကြတာကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေ များတာဖြစ်နိုင်ပါတယ်။
▪️ ဝိုင်နီရဲ့ အကျိုးကျေးဇူးတွေကို လေ့လာရာမှာတော့ အူလမ်းကြောင်း ကျန်းမာရေး၊ နုပျိုတဲ့အရေပြား၊ မျိုးပွားနိုင်စွမ်းမြင့်မားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ ဝိုင်နီက နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုကြပေမယ့် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အငြင်းပွားနေကြဆဲဖြစ်ပါတယ်။
▪️ လေ့လာချက်တွေအရ အနည်းငယ်သောက်သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာပဲ ဖြစ်တယ်လို့ ယူစီဆန်ဖရန်ဆစ္စကို သူနာပြုကျောင်းမှ ကိုင်းဖီလ်မိုးက ပြောသွားပါတယ်။
▪️ အယ်လ်ကိုဟောကို သာမန်ပမာဏ သောက်သုံးရင်တောင် ကင်ဆာဖြစ်နိုင်ခြေများစေတယ်လို့ သုတေသနအဖွဲ့တစ်ခုက ပြောထားပါတယ်။
#Source: New York Post
#World_Health
Published 26 March 2025
▪️ အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးက အချို့သောကင်ဆာတွေ ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ဖွယ်ရှိပါတယ်။
▪️ အက်စ်ပရင်က လူနာရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီးတော့ ကင်ဆာအကျိတ်ပျံ့နှံ့မှုကို လျှော့ချပေးနိုင်တယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
▪️ အက်စ်ပရင်က သွေးခဲခြင်းကို ကူညီပေးတဲ့ TXA2ထုတ်လုပ်မှုနဲ့ သွေးခဲခြင်းကို ဟန့်တားပေးပါတယ်။
▪️ အက်စ်ပရင်က TXA2ကို လျှော့ချပေးကာ ကိုယ်ခံအားဆဲလ်တွေ ထွက်စေခြင်းဖြင့် ကင်ဆာပျံ့နှံ့ခြင်းကို ကာကွယ်ပေးတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
▪️ အရေပြားကင်ဆာရှိနေတဲ့ ကြွက်တွေမှာ အက်စ်ပရင်ပေးလိုက်တဲ့အခါ တခြားကြွက်တွေနဲ့ယှဉ်ရင် ကင်ဆာပျံ့နှံ့မှု လျော့နည်းသွားပါတယ်။
▪️ အက်စ်ပရင်နဲ့ အလားတူဆေးတွေက ဒီလိုဆောင်ရွက်ချက်မျိုးဖြင့် အခြားကုသနည်းတွေထက် အကုန်အကျ သက်သာနိုင်တယ်လို့ ကိမ်းဘရစ်ချ် ရောဂါဗေဒဌာနမှ ဒေါက်တာ ကျိယန်က ပြောပါတယ်။
▪️ ယခင်သုတေသနတွေမှာလည်း နေ့စဉ်အက်စ်ပရင်အသုံးပြုခြင်းက ရောဂါရှိတဲ့သူတွေမှာ ကင်ဆာပျံ့နှံ့မှုနဲ့ ကင်ဆာကြောင့် အသက်ဆုံးရှုံးမှုတို့ကို လျှော့ချနိုင်တယ်လို့ ယူဆထားကြောင်း ကိမ်းဘရစ်ချ်မှ ဒေါက်တာ ရာဟူရွိုင်ချောင်ဒရီက ပြောပါတယ်။
▪️ စမ်းသပ်မှုတစ်ခုမှာတော့ အက်စ်ပရင်ကို နေ့စဉ် ၆၀၀ မီလီဂရမ်ဖြင့် ၂၅ လခန့် သုံးစွဲခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်သူတွေမှာ ဖြစ်ပျက်မှုနှုန်း သိသိသာသာ လျော့နည်းသွားပါတယ်။
▪️ အက်စ်ပရင်က ဈေးသက်သာပြီး ဝယ်လို့လွယ်ပေမယ့် ရေရှည်သုံးတဲ့အခါ ဆိုးကျိုးမရှိဘဲနဲ့တော့ မနေပါဘူး။
▪️ သက်ကြီးရွယ်အိုတွေမှာ အထူးသဖြင့် သွေးထွက်ခြင်း၊ သွေးယိုခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါကြောင့် ဆရာဝန် ညွှန်ကြားချက်မရဘဲ ကင်ဆာကာကွယ်ဖို့အတွက် ကိုယ်တိုင် အက်စ်ပရင်သောက်သုံးတာမျိုးတော့ မလုပ်သင့်ဘူးလို့ အကြံပြုထားပါတယ်။
▪️ ယခုလေ့လာချက်ကလည်း ကြွက်တွေမှာသာ စမ်းသပ်ထားတာကြောင့် ယုံကြည်ဖို့တော့ လိုအပ်နေပါသေးတယ်။
#Source: Fox News
သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ ကြေညာထားတဲ့အတိုင်း အမေရိကန် မော်တော်ယာဉ်လုပ်ငန်းဟာ စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းအပါအဝင် ကုန်သွယ်ရေးမူဝါဒသစ်များရဲ့ အကျိုးဆက်တွေကို ခံစားနေရပါတယ်။
#World_Industry
Published 25 March 2025
#ဒေါ်နယ်ထရမ့် #ကုန်သွယ်ရေးအခွန်စည်းကြပ်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 March 2025
၁။ ယူနက်စကိုစာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ရန်ကုန်၌စည်ကားသိုက်မြိုက်စွာကျင်းပမည်
၂။ လာမည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပေါင်းဆန် တန်ချိန် ၃ သိန်း တင်ပို့မည်
၃။ ‘ပြည်တွင်းဆီ ပိဿာချိန် ခြောက်သောင်းကျော်ရောင်းချပေးမည့် သင်္ကြန်အကြိုဈေးရောင်းပွဲတော်’ကျင်းပမည်
၄။ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ ကုန်သွယ်ရေးအခွန်စည်းကြပ်မှု မူဝါဒအသစ်များကြောင့် မော်တော်ယာဉ်လုပ်ငန်းထိခိုက်ကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 5 of 912