#World_Science
Published 26 February 2025
▪️ ဂရင်းလန်းရေခဲပြင်လွှာကြီးမှာ ရိုက်ခတ်သွားတဲ့ ထောင်ပေါင်းများစွာသော ရေခဲငလျင်ငယ်များကို ပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်များ ဖမ်းယူနိုင်ခဲ့ကြပါတယ်။
▪️ အဆိုပါ အားနည်းငလျင်တွေက ရေခဲစီးဆင်းကြောများအတွင်း နက်ရှိုင်းတဲ့နေရာတွေမှာ လှုပ်ခတ်နေကာ မီတာရာနဲ့ချီ အကွာအဝေးအထိ ပျံ့နှံ့သွားတယ်လို့ ဖော်ပြထားပါတယ်။
▪️ ရေခဲတွေ ကွဲအက်သွားပြီး တစ်ခုနဲ့တစ်ခု ဖိတိုက်မိတဲ့အခါ ရေခဲငလျင်တွေ ဖြစ်ပျက်ကြပါတယ်။
▪️ အဆိုပါ ရေခဲငလျင်တွေကနေ ဂရင်းလန်းကျွန်းကြီးရဲ့ အေးခဲနေတဲ့မြစ်တွေ ပင်လယ်ဆီသို့ နိမ့်ရာစီးဆင်းသွားတဲ့ ပုံစံကို ပိုမိုသိရှိစေနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။
▪️ ဒီဖြစ်ရပ်ကနေ ရေခဲအရည်ပျော်ခြင်းနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့အကြောင်း မှတ်တမ်းတင်ပုံများ ပြောင်းလဲလာနိုင်ပြီး ရာသီဥတုဖောက်ပြန်ခြင်းနဲ့ ကမ္ဘာကြီးပူနွေးလာမှုတို့အကြောင်း သိရှိလာဖို့ အရေးပါနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ဂရင်းလန်းရေခဲပြင်ကြီးက ကမ္ဘာပေါ်မှာ ဒုတိယမြောက် ရေခဲထုအကြီးမားဆုံးဖြစ်ပြီး ကျွန်းမျက်နှာပြင်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ဖုံးအုပ်ထားပါတယ်။
▪️ ရေခဲထုအထူဆုံးအချိန်မှာ ၃ ကီလိုလောက်အထိ ရှိတတ်ပြီး သက်တမ်းနှစ်ပေါင်း ၁၈ သန်းခန့် ရှိပါတယ်။
▪️ သုတေသီတွေက ဂရင်းလန်းရေခဲကြော အရှေ့မြောက်ဘက် ၁.၇ မိုင်အနက်အထိ ဖိုင်ဘာအော့ပ်တစ်ကြိုး နေရာချပြီး လေ့လာခဲ့ပါတယ်။
▪️ ရေခဲအောက် ၂၉၅၀ ပေလောက်မှာ မီးတောင်မှုန်အလွှာက ပိတ်ဆို့ထားတာကြောင့် ဂရင်းလန်းမှာ ရေခဲငလျင်တွေကို မသိခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ အဆိုပါ ရေခဲငလျင်တွေ တွေ့ရှိခြင်းဖြင့် ရေခဲကြောတွေ နည်းနည်းချင်း ပျက်ယွင်းလာပုံကို ပိုမိုနားလည်လာစေဖို့ အဓိကခြေလှမ်း ဖြစ်လာတယ်ဆိုတာကို သိရှိလာကြောင်း ဂျာမနီ အယ်လ်ဖရက်ဝက်ဂနာအဖွဲ့အစည်းမှ ရေခဲဗေဒပညာရှင် အိုလက်ဖ်အိုင်ဆင်က ပြောသွားပါတယ်။
#Source: WION
#World_Health
Published 26 February 2025
▪️ ကမ္ဘာတဝှမ်းမှာ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းလမ်းတွေ အသုံးပြုနေတဲ့ အမျိုးသမီး သန်း ၂၅၀ ခန့်ရှိမယ်လို့ ယူဆထားရာမှာ ထိုကဲ့သို့ ဟော်မုန်းသန္ဓေတားနည်းလမ်းများ အသုံးပြုခြင်းနဲ့ လေဖြတ်ခြင်း နှလုံးဖောက်ခြင်းတို့ ဖြစ်နိုင်ခြေများခြင်းတို့ကြား ဆက်စပ်နေနိုင်တယ်လို့ သုတေသနတစ်ခုမှာ ယူဆထားပါတယ်။
▪️ ဒိန်းမတ်သိပ္ပံပညာရှင်များက အမျိုးသမီးအင်္ဂါကွင်းများ၊ အရေပြားကပ်ဆေးများ၊ အင်္ဂါထဲထည့်သွင်းပစ္စည်းများ၊ အရေပြားအောက် ပစ္စည်းထည့်ခြင်းများ၊ ဆေးထိုးခြင်း၊ ဆေးသောက်ခြင်းတို့နဲ့ ဆက်စပ်တဲ့ ဘေးအန္တရာယ်များကို လေ့လာခဲ့ကြပါတယ်။
▪️ ဟော်မုန်းသန္ဓေတားဆေးတွေထဲက အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်တို့ဆိုရင် အမျိုးသမီးခန္ဓာကိုယ်မှာ သဘာဝအတိုင်း တွေ့ရတဲ့ ဟော်မုန်းမျိုးဖြစ်ပြီး ဓမ္မတာစက်ဝန်း ထိန်းညှိပေးခြင်း၊ သန္ဓေထောက်ကူခြင်းတို့မှာ ပါဝင်ဆောင်ရွက်ပေးကြပါတယ်။
▪️ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားရှိတဲ့ ဒိန်းမတ်အမျိုးသမီး ၂ သန်းကျော်ကို ၂၅ နှစ်အတွင်း ဆေးညွှန်းမှတ်တမ်းများ လေ့လာကြည့်ရှုခဲ့ကြပါတယ်။
▪️ အသက်အရွယ်၊ ပညာရေး၊ သွေးတိုးဆီးချိုစတဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြီးနောက် ကိုယ်ဝန်တားသောက်ဆေး အီစထရိုဂျင်-ပရိုဂျက်စတင်ဆေးဟာ ဦးနှောက်သွေးကြောပိတ်ခြင်း၊ နှလုံးဖောက်ခြင်းအန္တရာယ်တို့ကို နှစ်ဆပိုများစေနိုင်တာနဲ့ ဆက်စပ်တွေ့ရှိခဲ့ကြပါတယ်။
▪️ သောက်ဆေးတွေတင်မကဘဲ အမျိုးသမီးအင်္ဂါကွင်းနဲ့ အရေပြားကပ်ဆေးတို့ဟာလည်း ဘေးအန္တရာယ်များစေပါတယ်။
▪️ ပရိုဂျက်စတင်သာပါဝင်တဲ့ အင်္ဂါထဲထည့်သွင်းပစ္စည်း (IUD)ကတော့ ဘေးအန္တရာယ်မများစေတဲ့ တစ်ခုတည်းသော သန္ဓေတားနည်းလမ်း ဖြစ်နေပါတယ်။
▪️ ဖြစ်ရတဲ့အကြောင်းအရင်းတွေ၊ သက်ရောက်ပုံတွေအကြောင်း ခိုင်မာတဲ့ကောက်နုတ်ချက်တွေ မရှိသေးပါဘူး။
▪️ ဘေးအန္တရာယ် ဖြစ်နိုင်ခြေတွေက နည်းပါးပေမယ့် အကျိုးကျေးဇူးတွေနဲ့ အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ သန္ဓေတားနည်းလမ်းတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိပေမယ့် ကမ္ဘာတဝှမ်း အသုံးများနေကြဆဲ ဖြစ်ပါတယ်။
#Source: New York Post
ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်မြောက် သမ္မတတာဝန်ယူနေတဲ့ ကာလအတွင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးမူဝါဒများ ပိုမိုတင်းကြပ်လာတာကြောင့် မက္ကဆီကိုမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူများဟာ အနာဂတ်မရေရာမှု များလာပြီး ဘေးအန္တရာယ်များတဲ့ လမ်းကြောင်းတွေဆီ ဦးတည်လာရပါတယ်။
#World_News
Published 25 February 2025
#အမေရိကန်နယ်စပ်မူဝါဒ #ပိုမိုတင်းကြပ်လာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 February 2025
၁။ ပုဂံဘုရားများအား မဲခေါင်ဒေသတွင်း ပန်းချီပညာရှင်များ Outdoor Paintingရေးဆွဲ
၂။ ခရမ်းချဉ်သီးဈေးထိုးကျ၍ တောင်သူများအရှုံးပေါ်
၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ၂၃သန်းနှင့် ဘတ်သန်း၁၅၀ရောင်းချပေးမည်
၄။ အမေရိကန်နယ်စပ်မူဝါဒများ ပိုမိုတင်းကြပ်လာသဖြင့် ရွှေ့ပြောင်းနေထိုင်သူများအန္တရာယ်များသည့်လမ်းကိုရွေးချယ်ဖို့ဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 25 February 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း-ရုရှားစစ်ပွဲ ငြိမ်းချမ်းရေးရရှိရန် ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမေရိကန်မူကြမ်းရေးဆွဲထားတဲ့ ပဋိပက္ခဖြေရှင်းချက်အတိုင်း ကျင့်သုံးဖို့ တနင်္လာနေ့က အတည်ပြုဆုံးဖြတ်လိုက်ပြီး ၃ နှစ်ပြည့်မြောက်လာပြီဖြစ်တဲ့ စစ်ပွဲပဋိပက္ခမှာ ကြားနေအဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ်။
▪️ အဆိုပါ ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့လ ထရမ့်သမ္မတတာဝန်ယူပြီးချိန်ကစလို့ ယူကရိန်းအပေါ်ထားတဲ့ အမေရိကန်မူဝါဒ ပြောင်းလဲလာပုံနဲ့ ရုရှားဘက်ကို ပြေရာပြေကြောင်းပေးလိုတဲ့ သဘောထားကို ဖော်ပြနေပါတယ်။
▪️ သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်ကတော့ အမေရိကန်ကဦးဆောင်ပြီး ကုလသမဂ္ဂကနေ ယူကရိန်းကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်ရဲ့ ရပ်တည်ချက် ပြောင်းလဲလာပုံကို ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆလီနီဘင်ဇီယာက အသိအမှတ်ပြုလိုက်ပြီး ကောင်စီရဲ့ဆုံးဖြတ်ချက် အကောင်းကြီး မဟုတ်ပေမယ့် အနာဂတ်မှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် စမှတ်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
▪️ ရုရှားနိုင်ငံက ဗီတိုအာဏာကိုင်ထားတာကြောင့် အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလလုံခြုံရေးကောင်စီဟာ စစ်ပွဲတလျှောက် ဘာမှမလုပ်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။
▪️ ဒါပေမဲ့ ၁၉၃ နိုင်ငံပါဝင်တဲ့ အထွေထွေညီလာခံမှာတော့ ယူကရိန်း အချုပ်အခြာအာဏာကို အကြိမ်ကြိမ်ထောက်ခံခဲ့ကြပြီး ကုလသမဂ္ဂပဋိဉာဉ်အတိုင်း တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ တောင်းဆိုခဲ့ကြပါတယ်။
▪️ ဖြေရှင်းဆုံးဖြတ်ချက်ထဲမှာ ပဋိပက္ခအတွင်း အသက်ဆုံးရှုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြထားကာ ကုလရဲ့ရည်ရွယ်ချက်က နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းတို့ဖြစ်ပြီး ပဋိပက္ခ အမြန်ဆုံးအဆုံးသတ်ရေးနဲ့ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရန် တောင်းဆိုထားပါတယ်။
▪️ အမေရိကန်ရဲ့ မူကြမ်းဆုံးဖြတ်ချက်ဟာ ထောက်ခံမဲ ၁၀ မဲဖြင့် အတည်ပြုခဲ့တာဖြစ်ပြီး ပြင်သစ်၊ ဗြိတိန်၊ ဒိန်းမတ်၊ ဂရိ၊ ဆလိုဗေးနီးယားတို့က ကြားနေမဲ ပေးခဲ့ပါတယ်။
▪️ ထရမ့်ကြားဝင်စေ့စပ်တဲ့ ဖြစ်စဉ်မှာ ရုရှားကို အာရုံစိုက်နေခြင်းအပေါ် ယူကရိန်းနဲ့ ဥရောပမဟာမိတ်များအတွက် သတိမူစရာဖြစ်လာပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေမှာ ချန်လှပ်ခံခဲ့ရမှာကို စိုးရိမ်လာကြပါတယ်။
#Source: Reuters
#World_Science
Published 25 February 2025
▪️ သုတေသီတွေက ပစိဖိတ်သမုဒ္ဒရာ အောက်ခြေကြမ်းပြင်မှာ ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ် ဘယ်ရီလီယံ-၁၀ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒါဟာ ဘူမိဗေဒ သက်တမ်းတွက်ချက်မှုတွေမှာ အမှတ်အသားသစ်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။
▪️ ဘယ်ရီလီယံ-၁၀က ရှားပါးတဲ့ ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်ဖြစ်ကာ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် ပြန့်ကျဲနေတဲ့ အာကာသဓာတ်ရောင်ခြည်ကနေ ကမ္ဘာ့လေထုမှာ အဓိကဖြစ်ပေါ်ပြီး ကမ္ဘာ့ဘူမိဗေဒသမိုင်းမှာ အရေးပါတဲ့ အချက်အလက်တွေ ရလာနိုင်ပါတယ်။
▪️ အိုင်ဆိုတုပ်တွေ စုပြုံလာတာဟာ အာကာသရောင်ခြည် နှောင့်ယှက်မှုကြောင့်လို့ သုတေသီများ ဖော်ပြခဲ့ကြပါတယ်။
▪️ ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ သန်းခန့်ကဖြစ်နိုင်ကာ ရှေးခေတ် ကမ္ဘာအနီး စူးရှတဲ့ကြယ်ကြောင့် ဖြစ်နိုင်ပါတယ်။
▪️ ကာဗွန်ဟာ သက်တမ်း ၅,၇၀၀ နှစ်ရှိပြီး နှစ်ပေါင်း ၅ သောင်းကျော်ရင် အိုင်ဆိုတုပ်တွေ ရှာလို့မရတော့ပါဘူး။
▪️ ဘယ်ရီလီယံ-၁၀လိုမျိုး အိုင်ဆိုတုပ်တွေကတော့ သက်တမ်း ၁.၄ သန်းနှစ်ရှိတာကြောင့် ဆန်းစစ်သုံးသပ်လို့ ရနိုင်ပါတယ်။
▪️ ဒါပေမဲ့ ရေဒီယိုကာဗွန်နည်းလမ်းကတော့ နှစ်ပေါင်း ၅ သောင်းကျော်ရင် လေ့လာရာမှာ အကန့်အသတ် ရှိလာတယ်လို့ HZDR ဆရာဝန် ဒေါက်တာ ဒိုမီနစ်ကိုးလ်က ပြောထားပါတယ်။
▪️ ဒီထက်သက်တမ်းရင့်တဲ့ နမူနာတွေကို လေ့လာဖို့က ကော့စ်မိုဂျင်းနစ် ဘယ်ရီလီယံ-၁၀လိုမျိုး အိုင်ဆိုတုပ်တွေ လိုအပ်ကြောင်း ထည့်သွင်းပြောသွားပါတယ်။
#Source: WION
#World_Health
Published 25 February 2025
▪️ အပင်အခြေပြု စားစရာတွေက ကျန်းမာခြင်းနဲ့ အသက်ရှည်ခြင်းတို့ကို မြှင့်တင်ပေးနိုင်မယ်လို့ ဒေါက်တာ လူဂျီဖွန်တာနာက အကြံပြုထားပါတယ်။
▪️ အသက်ရှည်ကျန်းမာအောင် နေထိုင်ခြင်းက ခန္ဓာကိုယ်ကို သင့်လျော်တဲ့ အာဟာရဓာတ်များဖြင့် ဖြည့်တင်းပေးပြီး ဆဲလ်ပြုပြင်ခြင်းနဲ့ အူလမ်းကြောင်းကျန်းမာရေးကို လှုံ့ဆော်ပေးတယ်လို့ ဆစ်ဒနီတက္ကသိုလ်မှ ဖွန်တာနာက ဆိုပါတယ်။
▪️ အပင်အခြေပြုအစာများကို တစ်ပတ် ၂ ကြိမ်ကနေ စတင်စားသုံးကြည့်ပြီး ၅ ကြိမ်အထိ တိုးမြှင့်သွားနိုင်တယ်လို့ အကြံပြုထားပါတယ်။
▪️ မှန်ကန်သင့်လျော်စွာ ရွေးချယ်စားသုံးပါက အိုမင်းရင့်ရော်ခြင်းနဲ့ ရောင်ရမ်းမှုကို နှောင့်နှေးစေပြီး ဇီဝကမ္မဖြစ်စဉ်တွေ အားကောင်းစေကြောင်း၊ အပင်အခြေပြု စားစရာများ မလုံလောက်ပါက အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယားများ သေဆုံးစေပြီး ကိုယ်ခံအားစနစ် အားနည်းလာနိုင်ပါတယ်။
▪️ ဘက်စုံအာဟာရရှိတဲ့ စားစရာတွေထဲမှာ အသားဆိုတာထက် များစွာပတ်သက်နေပြီး လူတွေက အသားမစားဘဲနေပေမယ့် အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ စားစရာတွေ ဆက်စားနေတာကြောင့် လေဖြတ်ခြင်း၊ ဒီမန်ရှာ၊ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်နိုင်ခြေများလာတယ်လို့ ပြောပါတယ်။
▪️ လေ့လာချက်တစ်ခုမှာဆိုရင် အပင်အခြေပြု အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ စားစရာများကနေ ကယ်လိုရီ ၁၀ ရာခိုင်နှုန်း ပိုစားမိတိုင်းမှာ နှလုံးသွေးကြောပြဿနာတွေကြောင့် သေဆုံးနိုင်ခြေ ၁၂ ရာခိုင်နှုန်းနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅ ရာခိုင်နှုန်း ပိုများလာတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ရိုးရိုးရှင်းရှင်း အပင်အခြေပြုစားစရာများသာ အဓိကစားသုံးသူတွေကတော့ နှလုံးသွေးကြောရောဂါနဲ့ အသက်သေဆုံးနိုင်ခြေ လျော့ကျတာ တွေ့ခဲ့ကြပါတယ်။
▪️ အပင်အခြေပြုပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ စားစရာတွေထဲမှာ အဓိကအမျိုးအစား ၆ ခုက ဆန်ညို၊ ဂျုံ၊ မုယောစပါး၊ ပဲတောင့်၊ ကုလားပဲ၊ ပဲနီလေးတို့ ဖြစ်ပါတယ်။
▪️ ဒါတွေစားသုံးခြင်းဖြင့် ဆီးချို၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေ လျော့နည်းစေတဲ့အပြင် အမျှင်ဓာတ်၊ ပရိုတိန်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ထောက်ပံ့ပေးနိုင်တာကြောင့် နှလုံး၊ အစာခြေစနစ်နဲ့ အရိုးကျန်းမာရေးတို့ကို ကူညီပေးပါတယ်။
▪️ ဒါ့အပြင် အခွံမာသီးများ၊ အစေ့အဆံများ၊ သံလွင်ဆီလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ၊ အသီးအနှံများ၊ ဟင်းရွက်များကိုလည်း စားသုံးခြင်းဖြင့် ဘက်စုံကျန်းမာရေးကို ထောက်ကူပေးမှာ ဖြစ်ပါတယ်။
#Source: New York Post
Page 37 of 927