#World_Health
Published 18 November 2024
▪️ အိုမီဂါ-၃နဲ့ အိုမီဂါ-၆ ဖက်တီးအက်ဆစ်တို့ အများအပြားပါဝင်တဲ့ အစားအစာတွေဟာ ကျန်းမာရေး ကောင်းမွန်ဖို့ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို လေ့လာတွေ့ရှိပြီးသား ဖြစ်ပါတယ်။
▪️ ကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှာ ကင်ဆာအများအပြားကိုလည်း ကာကွယ်ပေးနိုင်တာနဲ့ ဆက်စပ်နေတယ်လို့ ယခုတွေ့ရှိလာပါတယ်။
▪️ ဂျော်ဂျီယာတက္ကသိုလ်မှ သုတေသနအဖွဲ့က လူပေါင်း ၂ သိန်းခွဲကို ၁၀ နှစ်ကြာ လေ့လာပြီးနောက် သွေးထဲက အိုမီဂါ-၃ နဲ့ အိုမီဂါ-၆ တို့ဟာ ကင်ဆာ ၁၉ မျိုး ကာကွယ်နိုင်ခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။
▪️ ထိုဖက်တီးအက်ဆစ်တွေဟာ အကျိုးပြုအဆီများလို့ ခေါ်ပြီး လူ့ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးပြီး အဆီပါသောငါး၊ အခွံမာသီးများ၊ ထောပတ်သီး၊ ကာနိုလာဆီတို့မှာ ပါဝင်ကြပါတယ်။
▪️ ငါးကြီးဆီ ဖြည့်စွက်ဆေးများ အသုံးပြုခြင်းက ခန္ဓာကိုယ်ထဲမှာ အကျိုးပြုအဆီများ တိုးများစေပေမယ့် လိုအပ်ချက်နဲ့တော့ မကိုက်ညီပါဘူး။
▪️ ဒါပေမဲ့ အိုမီဂါ-၃ ပမာဏမြင့်မားခြင်းက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ အနည်းငယ်မြင့်တက်စေနိုင်တာနဲ့ ဆက်စပ်ကြောင်းလည်း တွေ့ရှိထားပါတယ်။
▪️ ဒါကြောင့် အမျိုးသမီးတွေကတော့ အိုမီဂါ-၃ ပိုမိုစားသုံးနိုင်တယ်လို့ ဖရန်ကလင် သိပ္ပံကောလိပ်မှ တွဲဖက်ပရော်ဖက်ဆာ ကိုင်ရှောင်ယီက ပြောသွားပါတယ်။
#Source: India Today
#World_Health
Published 18 November 2024
▪️ အချိုအရသာ ကြိုက်တတ်သူတွေဟာ စိတ်သဘောထား နူးညံ့တတ်ကြတယ်လို့ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိထားပါတယ်။
▪️ အချိုကြိုက်တတ်သူတွေဟာ သဘောတူလက်ခံတတ်ကြတယ်လို့ ပန်ဆယ်ဗေးနီးယား ဂက်တီစ်ဘာ့ဂ်ကောလိပ်မှ သုတေသီများ တွေ့ရှိထားပါတယ်။
▪️ စမ်းသပ်ခံမယ့်သူ ၁၆၂၉ ဦးကို ခေါ်ယူကာ ယင်းတို့ရဲ့ စိတ်သဘောထားများအကြောင်း စစ်တမ်းကောက်ယူခဲ့ပါတယ်။
▪️ ဒီနောက် သကြားလုံးကနေ သကာရည်နဲ့ စပျစ်ခြောက်အထိ စားစရာ ၁၀ မျိုးကို မကြိုက်ဆုံး အမှတ် ၁ ကနေ အကြိုက်ဆုံး အမှတ် ၆ အထိ သတ်မှတ်ခိုင်းခဲ့ပါတယ်။
▪️ သူတို့ရဲ့ အရသာ နှစ်သက်မှုအတိုင်း ချို ချဉ် ငံ ခါး အစပ်စတဲ့ စားစရာများကို အဆင့်သတ်မှတ်ခဲ့ကြပါတယ်။
▪️ အချိုကြိုက်တဲ့သူတွေရဲ့ ယေဘုယျစိတ်နေစိတ်ထားက အပြုသဘောဆန်တယ်လို့ သတ်မှတ်လို့ရတယ်လို့ သုတေသီများ ဆိုပါတယ်။
▪️ လူတွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ အရာတွေအတိုင်း သဘောထားထင်ဟပ်နေတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒါပေမဲ့ ပူပူစပ်စပ်စားတဲ့သူတွေက ဒေါသထွက်တယ်၊ အခါးကြိုက်တဲ့သူတွေ စိတ်မမှန်ဘူး ဆိုတာမျိုးတော့ မဆိုလိုပါဘူး။
▪️ ယခင်သုတေသနမှာ အခါးကြိုက်တဲ့သူတွေနဲ့ စိတ်မမှန်ခြင်း၊ လူမှုရေးညံ့ဖျင်းခြင်း၊ ဝမ်းနည်းတတ်ခြင်းတို့ကြား ဆက်စပ်မှုရှိတာတော့ တွေ့ရှိဖူးပါတယ်။
#Source: New York Post
၁၇ နိုဝင်ဘာ ၂၀၂၄
အမေရိကန်သမ္မတရွေးကောက်ပွဲအပြီးမှာ တည်ငြိမ်သန်စွမ်းပြီး တည်တံ့တဲ့ တရုတ်-အမေရိကန် ဆက်ဆံ ရေးဟာ ဘေဂျင်းရဲ့ မူဝါဒရည်မှန်းချက်ပဲဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ထပ်မံပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၃၁ကြိမ်မြောက် အေပက်အဖွဲ့စီးပွားရေး ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ရန် ပီရူးနိုင်ငံ လီမာမြို့တော်သို့ရောက်ရှိနေစဉ်အတွင်း သီးခြားတွေ့ဆုံကြစဉ် ရှီကပြောကြားလိုက်တာဖြစ်ပါတယ်။
Source CCTV+
၁၇ နိုဝင်ဘာ ၂၀၂၄
တရုတ်နိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာမှာ နောက်ထပ် ဓားထိုးမှု တစ်ခုကြောင့် လူ(၈)ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ရဲတွေက တနင်္ဂနွေနေ့က ပြောပါ တယ်။
စနေနေ့ညမှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဆုပြည်နယ် ဝူရှီပြည်နယ် ယီရှင်းက ဝူရှီ ဝိဇ္ဇာနှင့်နည်းပညာ အသက်မွေးဝမ်းကျောင်းကောလိပ်မှာ ကျောင်းသားဟောင်းတစ်ဦးကဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ တရားခံအဖြစ်သံသယရှိရသူ ကို အခင်းဖြစ်ပွားရာနေရာမှာပဲ ဖမ်းမိပြီး သူကလည်း ဝန်ခံတယ်လို့ ရဲတွေ ကပြောပါတယ်။
ပြီးခဲ့တဲ့တနင်္လာတုန်းကလည်း တရုတ်နိုင်ငံတောင်ပိုင်း ဇူဟိုင်းမြို့မှာ အသက် ၆၁နှစ်အရွယ် ယာဉ်မောင်း က လူအပ်ထဲ ကားမောင်းဝင်လို့ လူ ၃၅ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဝူရှီရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ အဆိုပါလူငယ်မှာ သူစာမေးပွဲကျပြီး သူဘွဲလက်မှတ်မရတာနှင့် အလုပ် သင်နစ်နာကြေးရရှိတဲ့အပေါ် စိတ်ဆိုးပြီး ဓားဖြင့်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာလို့ သိရပါတယ်။
ကနဦးစစ်ဆေးချက်များအရ တရားခံဟာ အသက် ၂၁ နှစ်အရွယ် ရှုဆိုသူဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မှာကောလိပ်ပြီးသွားတဲ့ကျောင်းသားဖြစ်ပါတယ်။
Source Reuters
#World_Lifestyle
Published 17 November 2024
▪️ စိတ်ကို အေးချမ်းငြိမ်သက်စေတဲ့ အရောင်များ ဝတ်ဆင်ခြင်းဖြင့် တစ်နေ့တာမှာ တည်ငြိမ်မှုရစေမှာ ဖြစ်ပါတယ်။
▪️ အရောင်အမျိုးမျိုးဟာ စိတ်အခြေအနေကို သက်ရောက်မှုရှိနိုင်တယ်လို့ အရောင်စိတ်ပညာပညာရှင် မစ်ရှဲလ်လူးဝစ်က ပြောပါတယ်။
▪️ အဝါရောင်က ပျော်ရွှင်စေကာ ပန်းရောင်ကတော့ သက်တောင့်သက်သာဖြစ်စေပြီး အစိမ်းရောင် မျှခြေဖြစ်စေတယ်လို့ ပြောပါတယ်။
▪️ အစိမ်းရောင်က အခြား ၃ ရောင်ဖြစ်တဲ့ အနီ၊ အဝါ၊ အပြာတို့ကို မျှတစေတဲ့ စိတ်ပိုင်းဆိုင်ရာ အဓိကအရောင်ဖြစ်ပါတယ်။
▪️ ဖိစီးမှု များလွန်းရင် အစိမ်းရောင်က တည်ငြိမ်စေပြီး စိတ်ဓာတ်ကျနေရင် မြှင့်တင်ပေးတယ်လို့ ပြောပါတယ်။
▪️ အစိမ်းရောင်ဝတ်တဲ့အခါ စိတ်ပြေလျော့စေပြီး ပူပန်မှု လျော့နည်းစေတယ်လို့ စိတ်ကျန်းမာရေးပညာရှင် အယ်လန်အယ်ဘတ်ဆန်က ပြောပါတယ်။
▪️ မြို့တစ်မြို့မှာ အစိမ်းဝန်းကျင်နေရာတစ်ခုကို သွားရောက်ပါက သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း ကျစေတယ်လို့လည်း ၂၀၁၇ လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
▪️ အစိမ်းရောင်က ဖိစီးမှုကို လျှော့ချပေးပေမယ့် အစိမ်းရောင်မကြိုက်ရင်တော့ အပြာရောင်က စိတ်ငြိမ်သက်စေပါတယ်။
▪️ အပြာရောင် ရင့်ရင့်ဖြစ်ဖြစ် ဖျော့ဖျော့ဖြစ်ဖြစ် ဖိစီးမှုကို သက်သာစေတယ်လို့ အယ်ဘတ်ဆန်က ဆိုပါတယ်။
#Source: New York Post
#World_Science
Published 17 November 2024
▪️ ဂျပန်နိုင်ငံက ပထမဆုံးသော သစ်သားဂြိုဟ်တု LingoSat ကို ထုတ်လုပ်လွှတ်တင်လိုက်ပြီး အာကာသထဲမှာ အမှိုက်သရိုက်များ ဖြစ်ပေါ်ခြင်းကို လျှော့ချဖို့အတွက် သစ်သားအသုံးပြု လေ့လာလိုတာ ဖြစ်ပါတယ်။
▪️ ကျိုတိုတက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့ ထုတ်လုပ်လိုက်တဲ့ ဂြိုဟ်တုဟာ ကမ္ဘာ့လေထုထဲ ပြင်ဝင်လာတဲ့အခါ လောင်ကျွမ်းမှာဖြစ်ပြီး သတ္တုမှုန်များ ဖြစ်ပေါ်ခြင်းမရှိစေမယ့် နည်းလမ်း ဖြစ်လာနိုင်ပါတယ်။
▪️ LingoSatဟာ ၉၀၀ဂရမ်မျှသာလေးပြီး SpaceX မစ်ရှင်ဖြင့် လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
▪️ ဂျပန်အာကာသ လေ့လာရေးအေဂျင်စီမှ ပြုလုပ်တဲ့ အထူးပုံးတစ်ခုထဲမှာ ဂြိုဟ်တုကိုတပ်ဆင်ထားပြီး အာကာသထဲသို့ ဘေးကင်းစွာ ပျံသန်းသွားခဲ့တယ်လို့ ကျိုတိုတက္ကသိုလ်က ထုတ်ပြန်လိုက်ပါတယ်။
▪️ သစ်သားပြားတွေကို မက်ဂ်နိုလီယာသစ်သားဖြင့် ပြုလုပ်ထားကာ ဝက်အူတွေ၊ ကော်တွေမသုံးဘဲ ဂျပန်ရိုးရာနည်းဖြင့် ပြုလုပ်ထားပါတယ်။
▪️ အာကာသနည်းပညာပိုင်းမှာ သစ်သားတွေက သတ္တုတွေနေရာမှာ အစားထိုးလာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
▪️ သစ်သားစာ အာကာသထဲက အခြေအနေတွေကို ခံနိုင်ရည်ရှိမယ်လို့ ယူဆရပြီး ရေနဲ့ အောက်ဆီဂျင်မရှိခြင်းတို့က ဆွေးမြေ့တာမျိုး ဖြစ်စေမှာမဟုတ်ဘူးလို့ ကျိုတိုတက္ကသိုလ်မှ ပရော်ဖက်ဆာ ကိုဂျီမူရာတာက ပြောပါတယ်။
▪️ အာကာသထဲမှာ သတ္တုအပိုင်းအစများ များလာတဲ့ပြဿနာကို သစ်သားက ဖြေရှင်းနိုင်ပေမယ့် ကမ္ဘာ့လေထုထဲ ပြန်ဝင်လာချိန်မှာ လုံးဝလောင်ကျွမ်းဖို့အတွက် လုံလောက်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အရင်လိုအပ်လာပါတယ်။
▪️ သတ္တုမဟုတ်တဲ့ ဂြိုဟ်တုတွေက အနာဂတ်မှာ အဓိကဖြစ်လာသင့်တယ်လို့ နက္ခတ္တပညာရှင် တာကိုဒိုအီက ပြောသွားပါတယ်။
#Source: WION
စွမ်းအင်သစ်ယာဉ်နှစ်စဉ်ထုတ်လုပ်မှု(၁၀)သန်းကျော်သွားသော ပထမဆုံးနိုင်ငံဖြစ်လာသည့်တရုတ်
တရုတ်နိုင်ငံရဲ့ စွမ်းအင်သစ်ယာဉ်များ နှစ်စဉ်ထုတ်လုပ်မှုက ကြာသပတေးနေ့မှာ ၁၀ သိန်းကျော်လွန်ပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ ထိုပမာဏကို ပထမဆုံးရောက်ရှိတဲ့ နိုင်ငံဖြစ်လာကြောင်း တရုတ်မော်တော်ယာဉ် ထုတ်လုပ်သူများအဖွဲ့(CAAM)က ပြောပါတယ်။
#World_Automobile
Published 16 November 2024
#စွမ်းအင်သစ်ယာဉ် #တရုတ်မော်တော်ယာဉ်
#YMG #Yangon_Times #Yangon_Media_Group
Page 32 of 848