#World_Health
Published 05 March 2025
▪️ ကိုဗစ်ကပ်ရောဂါကာလအတွင်း ကိုဗစ်ကာကွယ်ဆေးတွေကြောင့် လူသန်းနဲ့ချီ အသက်သေဆုံးခြင်းမှ ကာကွယ်နိုင်ခဲ့ပါတယ်။
▪️ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုးများ ဖြစ်ကြတဲ့အကြောင်းတွေ ကြားနေရပြီး ယေးလ်တက္ကသိုလ်မှ သုတေသီများက ကာကွယ်ဆေးနောက်ဆက်တွဲ လက္ခဏများ(PVS)အကြောင်း ထဲထဲဝင်ဝင် လေ့လာခဲ့ကြပါတယ်။
▪️ PVS ဖြစ်တဲ့လူတွေရဲ့ ကိုယ်ခံအားဖြစ်စဉ်ပုံစံနဲ့ အခြားသူတွေရဲ့ ပုံစံကွဲပြားပုံတွေကို လေ့လာနေကြပြီး အစောပိုင်းအဆင့်သာရှိသေးကာ တွေ့ရှိချက်တွေကို အတည်ပြုဖို့ လိုသေးတယ်လို့ ယေးလ်ဆေးတက္ကသိုလ်မှ ကိုယ်ခံအားဗေဒ ပရော်ဖက်ဆာ အာကီကိုအီဝါဆာကီက ပြောသွားပါတယ်။
▪️ PVS ရဲ့ နာတာရှည် လက္ခဏာများအနေဖြင့် လေ့ကျင့်ခန်း မလုပ်နိုင်ခြင်း၊ အလွန်အမင်း နွမ်းနယ်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ အိပ်မပျော်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ဒီလက္ခဏာတွေ ကာကွယ်ဆေးထိုးပြီးနောက် ရက်ပိုင်းအတွင်းမှာတင် ဖြစ်ပေါ်နိုင်ပြီး နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတတ်ပါတယ်။
▪️ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများနဲ့ ကာကွယ်ဆေးနောက်ဆက်တွဲ လက္ခဏာများအကြောင်း နားလည်သိရှိဖို့ သုတေသီများက သွေးနမူနာများ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ လက္ခဏာမပေါ်တဲ့ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ ကိုယ်ခံအားဆဲလ်တွေနဲ့ ပတ်သက်ပြီး ကွဲပြားချက်တွေ တွေ့ရှိခဲ့ကြပါတယ်။
▪️ PVS ဖြစ်တဲ့လူတွေထဲမှာ SARS-CoV-2 စပိုက်ခ်ပရိုတိန်း မြင့်မားနေတာတွေ့ခဲ့ကြပြီး ဒါကနေပဲ ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
▪️ PVS အကြောင်း ပိုမိုနားလည်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး နည်းပါးပြီး ပိုမိုထိရောက်တဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်လာနိုင်မယ်လို့ သုတေသီများ ဆိုပါတယ်။
▪️ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)ရဲ့ ဖော်ပြချက်အရ ကာကွယ်ဆေးတွေဟာလည်း အခြားဆေးတွေလိုပဲ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါတယ်။
▪️ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးလို့ ပြင်းထန်တဲ့တုံ့ပြန်မှုဖြစ်တာကတော့ အလွန်ရှားပါးပါတယ်။
#Source: Times of India
ထိုင်းနိုင်ငံက အွန်လိုင်းလိမ်လည် ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေးကို ဆန့်ကျင်နှိမ်နင်းဖို့ ကြိုးစားနေရာမှာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာက ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်ရှိ ဆာကဲယိုပြည်နယ်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြပ်မတ်စောင့်ကြည့်ရေးစနစ်များ တိုးမြှင့်ဆောင်ရွက်ဖို့ အေဂျင်စီဌာနအသီးသီးကို ညွှန်ကြားခဲ့ပါတယ်။
#Asia_News
Published 4 March 2025
#အွန်လိုင်းလိမ်လည်လုပ်ငန်း #တိုက်ဖျက်နေမှုများစစ်ဆေး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 4 March 2025
၁။ ဗဟိုဘဏ်ကစက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ၂၃ သန်းနှင့် ဘတ်သန်း ၁၅၀ ထပ်မံရောင်းပေးမည်
၂။ E-စီးကရက် နှင့် Vape များအား ဥပဒေအရ ထိန်းချုပ်ရန်ဆောင်ရွက်နေ
၃။ မော်လမြိုင် အမြန်ရထားကြိုတင်လက်မှတ်များ ပိတ်ရက်မရှိ ရောင်းချပေးနေ
၄။ ထိုင်းဝန်ကြီးချုပ် နယ်စပ်ဒေသသို့သွားရောက်ကာ အွန်လိုင်းလိမ်လည်လုပ်ငန်းတိုက်ဖျက်နေမှုများအားစစ်ဆေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 March 2025
▪️ ပြီးခဲ့တဲ့သီတင်းပတ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီတို့ အချေအတင်ဖြစ်ခဲ့ပြီးနောက်မှာ ယူကရိန်းကို စစ်ရေးအကူအညီ ထောက်ပံ့ခြင်း အမေရိကန် ရပ်ဆိုင်းလိုက်ပြီလို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသွားပါတယ်။
▪️ ဒီအတွက် အရင်က မိတ်ဖက်များဖြစ်ခဲ့ကြတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးအက်ကွဲကြောင်း ပိုမိုနက်ရှိုင်းလာတဲ့သဘော မြင်တွေ့လာရပါတယ်။
▪️ "သမ္မတထရမ့်က ငြိမ်းချမ်းရေးရဖို့ရာ အာရုံစိုက်လုပ်ဆောင်နေတာ အရှင်းသားတွေ့နေရပါတယ်။ မိတ်ဖက်များအနေနဲ့လည်း ဒီရည်မှန်းချက်အတိုင်း စိတ်ပိုင်းဖြတ်လုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဖြေရှင်းဆုံးဖြတ်ချက်တစ်ခု သေချာပေါက်ရရှိဖို့အတွက် အထောက်အပံ့များကို ရပ်ဆိုင်းထားပြီး ပြန်လည်သုံးသပ်နေပါတယ်" လို့ အမည်မဖော်လိုသူ အရာရှိက တနင်္လာနေ့မှာ ပြောပြပါတယ်။
▪️ အထောက်အပံ့တွေ ဘယ်လောက်အတိုင်းအတာအထိ ရပ်ဆိုင်းမလဲ၊ ဘယ်လောက်ကြာမလဲဆိုတာတော့ မပြောထားပါဘူး။
▪️ ယူကရိန်းသမ္မတရုံးနဲ့ ဝါရှင်တန်ရှိ ယူကရိန်းသံရုံးတို့က ဒါနဲ့ပတ်သက်ပြီး ပြန်လည်ပြောကြားခြင်း မရှိသေးပါဘူး။
▪️ ထရမ့်သမ္မတတာဝန် ယူချိန်ကစပြီး ယူကရိန်းနဲ့ ရုရှားအပေါ်ထားတဲ့ အမေရိကန်မူဝါဒ ဆန့်ကျင်ဘက်ဖြစ်သွားကာ ရုရှားအတွက် ပြေရာပြေကြောင်းပုံစံ ကျင့်သုံးလာတဲ့ အနေအထားမှာ အခုလို အကူအညီ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
▪️ ဇယ်လန်စကီဟာ ရုရှားနဲ့စစ်ပွဲအတွက် အမေရိကန်မှ ထောက်ပံ့ကူညီခဲ့တဲ့အပေါ်ကျေးဇူးမသိဘူးလို့ ထရမ့်က ဝေဖန်ခဲ့ပါသေးတယ်။
▪️ စစ်ပွဲအဆုံးသတ်ရေးက အလှမ်းဝေးလွန်းနေတယ်လို့ ဇယ်လန်စကီပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကားက ဒီထက်ပိုပြီး သည်းခံမှာမဟုတ်ဘူးလို့ ထရမ့်က Truth Socialမှာ ဖော်ပြထားပါတယ်။
▪️ ယူကရိန်းနဲ့ ပတ်သက်လို့ စိတ်ပျက်နေပေမယ့် ယူကရိန်း တွင်းထွက်သတ္တုပစ္စည်းများ ရင်းနှီးမြှုပ်နှံရေးကတော့ သဘောတူညီမှု ရနိုင်သေးတယ်လို့ ဆိုပါတယ်။
▪️ ရုရှားတို့ ယူကရိန်းကို လွန်ခဲ့တဲ့ ၃ နှစ်က ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်မှ ယူကရိန်းကို ဘဏ္ဍာရေးနဲ့ စစ်ရေးအကူအညီ ပေးခဲ့သမျှအတွက် သတ္တုပစ္စည်းကိစ္စကနေ ဒေါ်လာဘီလီယံချီပြန်ရယူမယ့် နည်းလမ်းအဖြစ် အမေရိကန်အစိုးရက ရှုမြင်ထားပါတယ်။
▪️ စစ်ပွဲကာလအတွင်း အမေရိကန်လွှတ်တော်က ယူကရိန်းထောက်ပံ့ရေးအတွက် စုစုပေါင်း ဒေါ်လာ ၁၇၅ ဘီလီယံ ခွင့်ပြုပေးကမ်းထားပါတယ်။
#Source: Reuters
#World_Health
Published 04 March 2025
▪️ ဟင်းသီးဟင်းရွက်တွေကို ဘယ်လိုပုံစံမျိုး ချက်ပြုတ်ရင် အာဟာရဓာတ်ပါဝင်မှုကို ဘယ်လိုသက်ရောက်လဲဆိုတာ လူအများသိချင်နေကြပါတယ်။
▪️ ဒီအတွက် သင်တကယ်စားချင်တဲ့ အစားအစာက အကောင်းဆုံးဟင်းရွက် ဖြစ်တယ်လို့ အာဟာရပညာရှင် ကာလင်းသောမတ်စ်က ပြောပါတယ်။
သုတေသနအရတော့ ချက်ပြုတ်နည်းအမျိုးမျိုးက အာဟာရပါဝင်မှုကို သက်ရောက်နေပါတယ်။
▪️ မြင့်မားတဲ့အပူချိန်မှာ ကြာရှည်စွာ ချက်ပြုတ်ပါက အာဟာရဓာတ်များစွာကို လျော့ပါးစေပေမယ့် ဆဲလ်နံရံတွေကို ပျော့ပျောင်းစေပြီး ချေဖျက်ရလွယ်ကူစေနိုင်တယ်လို့ သောမတ်စ်က ပြောပါတယ်။
▪️ ခရမ်းချဉ်သီးဆိုရင် အစိမ်းလိုက်စားတာထက်စာရင် ချက်ပြုတ်တဲ့အခါ ဓာတ်တိုးဆန့်ကျင်ပစ္စည်း လိုင်ကိုပင်း ပိုမိုထွက်ရှိစေသလို ဖရုံသီး၊ မုန်လာဥနီ၊ ကန်စွန်းဥတို့ဆိုရင် အပူပေးတဲ့အခါ ကယ်ရိုတီနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ထွက်ရှိစေပါတယ်။
▪️ အချိန်ခဏတာသာ ချက်ပြုတ်ပေးရင် အာဟာရဓာတ်ကောင်းစွာ ထုတ်လုပ်ပေးနိုင်တယ်လို့ လင်ကွန်းမှ အာဟာရပညာရှင် အမ်ဘာပန်ကိုနင်က ဆိုပါတယ်။
▪️ သတိထားရမှာက ဟင်းရွက်တွေကို ရေနွေးပူထဲ တစ်မိနစ် နှစ်မိနစ်ထက်ပိုပြီး မထားသင့်ပါဘူး။
▪️ ရေထဲစိမ်ပြီးလို့ ရေကိုသွန်ပစ်လိုက်ရင် အာဟာရဓာတ်တွေအားလုံး ပါသွားပါလိမ့်မယ်။
▪️ ကြော်လှော်ဖို့ ဆီထည့်တဲ့အခါမှာ ဟင်းရွက်တွေ မကပ်ရုံသာ ဆီသုံးသင့်ပြီး များစွာမထည့်သင့်ဘူးလို့ ပန်ကိုနင်က အကြံပြုပါတယ်။
▪️ စားစရာတွေ အရသာရှိအောင် ဆီအနည်းငယ်ထည့်သင့်ပြီး အဆီပျော်ဝင် ဗိုက်တာမင်တွေ စုပ်ယူစေနိုင်ပါတယ်။
#Source: AP News
#World_Health
Published 04 March 2025
▪️ အဝတ်ဗလာနဲ့ အိပ်ခြင်းက အလုံးစုံကျန်းမာရေးနဲ့ အိပ်စက်မှုအရည်အသွေးကို လွယ်ကူသက်သာစွာ မြှင့်တင်ပေးနိုင်မယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
▪️ ကိုယ်တုံးလုံးနဲ့ အိပ်စက်ခြင်းက ဖိစီးမှုကို လျှော့ချနိုင်မယ့်အပြင် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။
(၁) နှစ်ခြိုက်စွာအိပ်ပျော်ခြင်း
▪️ ကိုယ်တုံးလုံးအိပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို အေးမြစေတာကြောင့် အပူချိန်ထိန်းညှိပေးပြီး ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။
(၂) ဇီဝကမ္မဖြစ်စဉ်မြှင့်တင်ခြင်း
▪️ အပူချိန်ကျတဲ့အခါ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး ဟော်မုန်းထိန်းညှိမှု ပိုမိုကောင်းမွန်စေကာ ကယ်လိုရီလောင်ကျွမ်းစေပါတယ်။
(၃) အရေပြားလေဝင်လေထွက်ဖြစ်ခြင်း
▪️ အရေပြားမှာ လေလှည့်ပတ်မှု ကောင်းစေပြီး အစိုဓာတ်ထိန်းသိမ်းပေးနိုင်ကာ အရေပြားယားယံခြင်းမျိုး မဖြစ်စေနိုင်ပါဘူး။
(၄) မျိုးပွားအင်္ဂါများ အထောက်အကူဖြစ်ခြင်း
▪️ ကျားအင်္ဂါနဲ့ မအင်္ဂါနားတဝိုက် လေဝင်လေထွက်ရှိစေသဖြင့် စိုစွတ်မှုကို လျှော့ချပေးကာ မှိုနဲ့ ဘက်တီးရီးယားများ ကူးစက်နိုင်ခြေ နည်းစေတဲ့အပြင် အေးမြမှုထိန်းသိမ်းတဲ့အတွက် သုတ်ပိုးထုတ်လုပ်မှု ကောင်းမွန်စေပါတယ်။
(၅) ဖိစီးမှုနည်းပါးခြင်း
▪️ အဝတ်မပါသဖြင့် လွတ်လပ်စိတ်ပြေလျော့တဲ့သဘော ရစေပြီး ဖိစီးမှုအတိုင်းအတာ လျော့ကျစေပါတယ်။
(၆) ခန္ဓာကိုယ်အပြုသဘောဆောင်ခြင်း
▪️ အဝတ်ဗလာအိပ်တဲ့အခါ ခန္ဓာကိုယ်ပြောင်းလဲမှုများကို သိရှိစေနိုင်ကာ အပြုသဘောဆောင် ထိန်းသိမ်းစေနိုင်ပါတယ်။
(၇) ရင်းနှီးမှုတိုးပွားစေခြင်း
▪️ မိမိရဲ့လက်တွဲဖော်နဲ့ အဝတ်ဗလာအတူအိပ်တဲ့အခါ သံယောဇဉ်တိုးများခိုင်မြဲစေပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာမှာ ပိုမိုနီးစပ်လာစေတယ်လို့ ခံစားရနိုင်ပါတယ်။
#Source: New York Post
Published_3 March 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ တရားဝင် ချစ် ကြည် ရေးခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်း တွင် အထူး လေယာဉ်ဖြင့် နေပြည်တော်တပ်မတော် လေဆိပ်မှထွက်ခွာခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် မြန်မာအဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ သည်ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ ကြရာ ရုရှား စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr, Maxim Reshetnikov ၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်း အုန်း၊ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizovi မြန်မာစစ် သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ်မိုးကျော်တို့က ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက် သည့် နိုင်ငံ့ခေါင်းဆောင်များ အား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ကြိုဆိုရာတွင်နှစ်နိုင်ငံနိုင်ငံတော် သီချင်း များကို တီးမှုတ်ဂုဏ်ပြု အလေးပြု ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ် ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။
Page 28 of 922