#Daily_News
Published 5 December 2024
၁။ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ညီလာခံတွင် သင်္ကြန်ပွဲတော်အား မြန်မာတို့၏ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အတည်ပြုမဲခွဲဆုံးဖြတ်မည်
၂။ ရှမ်းပြည်နယ်၌ ပြောင်းခင်းခြေရာခံစနစ်စတင်ဖော်ဆောင်နေ
၃။ ပြည်ပသို့ ပျားရည်တန်ချိန် ၇၀၀ကျော်တင်ပို့ထား ဂျပန်သို့အများဆုံးတင်ပို့
၄။ တစ်ချိန်က ကျွန်သိုလှောင်ကုန်ကူးရာအချက်အခြာနေရာဖြစ်ခဲ့သည့် အနောက်အာဖရိကမှဂိုရီကျွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 05 December 2024
▪️ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဇွန်လက သဘောတူညီခဲ့တဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်ဟာ ဗုဒ္ဓဟူးနေ့က မော်စကိုမှာ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးဖလှယ်ခဲ့ကြကာ စတင်အသက်ဝင်လာပြီဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းအေဂျင်စီ KCNA က ဖော်ပြပါတယ်။
▪️ ဇွန်လက ပြုံယမ်း ထိပ်သီးအစည်အဝေးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံစဉ် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး တစ်နိုင်ငံမှ လက်နက်အင်အားဖြင့် တိုက်ခိုက်ခံရပါက စစ်ရေးကူညီပြီး အပြန်အလှန် ကာကွယ်ဖို့ ပါဝင်ပါတယ်။
▪️ အဆိုပါ သဘောတူစာချုပ်ဟာ လွှမ်းမိုးချုပ်ကိုင်မှု၊ ချုပ်ချယ်မှုများမရှိဘဲ လူမျိုးပေါင်းစုံပါဝင်ပြီး လွတ်လပ်တဲ့ ကမ္ဘာကြီး ထူထောင်ရေးကို အရှိန်မြှင့်နိုင်မယ့် အင်အားတစ်ခုဖြစ်လာမယ်လို့ KCNA က ဖော်ပြထားပါတယ်။
▪️ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ တင်းမာမှုမြင့်တက်နေပြီး မြောက်ကိုရီးယားတပ်သား ၁သောင်းကျော်ကို ရုရှားဘက်ကနေ တိုက်ခိုက်ရန် နေရာချထားချိန်မှာ ပူတင်က စစ်ရေးပူးပေါင်းမှု ဆက်လက်တိုးမြှင့်ရန် ပူတင်က သဘောတူခဲ့တာ ဖြစ်ပါတယ်။
▪️ မြောက်ကိုရီးယားကနေ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာများ၊ ဒုံးကျည်လောင်ချာများပါတဲ့ ကွန်တိန်နာထောင်ချီ တင်ပို့ပေးထားတယ်ဆိုတာကို နှစ်နိုင်ငံစလုံးမှ ငြင်းဆိုထားပါတယ်။
#Source: Reuters
#World_Health
Published 05 December 2024
▪️ အသင့်စား ခေါက်ဆွဲထုပ်တွေက ပြုလုပ်ရလွယ်ကူပြီး အရသာရှိတာကြောင့် လူအများ လွယ်လင့်တကူ ဝယ်ယူစားသုံးနေကြပါတယ်။
▪️ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပါဝင်ပစ္စည်းများကြောင့် ပုံမှန်စားသုံးပါက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ ရံဖန်ရံခါမှ စားသုံးတာက ကိစ္စမရှိပေမယ့် ဒါကိုပဲ မှီခိုစားနေရင်တော့ ပြဿနာဖြစ်လာနိုင်ပါတယ်။
▪️ (၁) ဆိုဒီယမ်ပါဝင်မှုများခြင်း - အသင့်စားခေါက်ဆွဲထုပ်တွေမှာ အနံ့အရသာ ကောင်းမွန်ပြီး ကြာရှည်ခံစေဖို့ ဆားနဲ့ပြုလုပ်ရတာကြောင့် သွေးပေါင်ချိန်တိုးခြင်း၊ ကျောက်ကပ်ထိခြင်း၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ (၂) မကောင်းတဲ့အဆီများပါဝင်ခြင်း - ခေါက်ဆွဲပုံစံဖြစ်ပြီး ကြာရှည်ခံဖို့ ဆီထဲထည့်ကြော်တဲ့အတွက် မကောင်းတဲ့ ကိုလက်စ်ထရောလ်များ ပါဝင်ကာ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ (၃) အာဟာရဓာတ်မပါဝင်ခြင်း - သန့်စင်ပြီးသား ဂျုံမှုန့်တွေနဲ့ အဓိကပြုလုပ်ထားတာကြောင့် စွမ်းအင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ မပေးနိုင်ပါဘူး။
▪️ (၄) တာရှည်ခံဆေးများပါဝင်ခြင်း - TBHQ တာရှည်ခံဆေးများကို ပုံမှန်စားမိတဲ့အခါ မူးဝေခြင်းနဲ့ ရေရှည်မှာ အင်္ဂါထိခိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ (၅) အစာခြေစနစ်ကိုနှောင့်ယှက်ခြင်း - သန့်စင်ပြီးဂျုံမှုန့်က အစာကြေဖို့ ခက်ခဲပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းဖောခြင်းတို့ ဖြစ်နိုင်တဲ့အပြင် အူလမ်းကြောင်း ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
▪️ (၆) ဇီဝဖြစ်စဉ်ရောဂါဖြစ်နိုင်ခြင်း - သွေးပေါင်ချိန်များခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း၊ ကိုလက်စ်ထရောလ်ပမာဏ ပုံမှန်မဖြစ်ခြင်းတို့ ဖြစ်စေနိုင်ကာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ (၇) ကိုယ်အလေးချိန်တက်နိုင်ခြင်း - ကယ်လိုရီများပြီး အာဟာရတန်ဖိုး နည်းတာကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။
▪️ (၈) ရေရှည်ကျန်းမာရေးအတွက် မသင့်လျော်ခြင်း - အသင့်စားခေါက်ဆွဲတွေပဲ စားပါက အသီးများ၊ ဟင်းရွက်များစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ မစားမိတာကြောင့် အာဟာရချို့တဲ့လာနိုင်ပါတယ်။
#Source: DoctorNDTV
#World_Science
Published 05 December 2024
▪️ ကမ္ဘာ့သက်တမ်းအရင့်ဆုံး အက္ခရာစာလုံး အရေးအသားများကို ဆီးရီးယားရှိ သင်္ချိုင်းတစ်ခုကို တူးဖော်ရင်း လက်ချောင်းအရှည်ရှိတဲ့ ရွှံ့အိုးတွေမှာ ရှေးဟောင်းသုတေသန ပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
▪️ ထိုစာတွေဟာ ၂၄၀၀ဘီစီဝန်းကျင်လောက်က ဖြစ်မယ်လို့ အမေရိကန် ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ပါတယ်။
▪️ အက္ခရာအရေးအသားတွေက လူတွေ နေထိုင်ပုံ စဉ်းစားတွေးတောပုံ ဆက်သွယ်ပုံတို့ကို ပြောင်းလဲစေတယ်လို့ ရှေးဟောင်းသုတေသီ ဂလန်းရှဝါ့ဇ်က ပြောပါတယ်။
▪️ ထိုအရေးအသားပုံစံက အထက်တန်းလွှာတွေအပြင် အခြားလူတွေပါ အသုံးပြုနိုင်တဲ့အတွက် ပြုပြင်ပြောင်းလဲလာတဲ့ ဘာသာစကား ဖြစ်နိုင်တယ်လို့ ပညာရှင်များ ဆိုပါတယ်။
▪️ ထိုလူတွေဟာ နေရာဒေသအမျိုးမျိုးကနေ ဆက်သွယ်ရေး နည်းပညာအသစ်များ စမ်းသပ်နေခဲ့ကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ ရွှံ့အိုးပေါ်က ပေါက်ထွင်းရာလေးတွေက အခြားပစ္စည်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ သိရပါတယ်။
▪️ ရွှံအိုးထဲမှာ ပါတဲ့ဟာတွေ၊ ဘယ်ကလာလဲဆိုတာတွေ၊ ဘယ်သူပိုင်လဲ ဆိုတာတွေကို ဖော်ပြထားတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာရှဝါ့ဇ်က ရှင်းပြပါတယ်။
▪️ ကာဗွန်အချိန်ပြ နည်းပညာများအသုံးပြုပြီး အုတ်ဂူတွေ၊ ရှေးဟောင်းပစ္စည်းတွေ, အရေးအသားတွေဟာ ၂၄၀၀ဘီစီလောက်က ဖြစ်မယ်လို့ အတည်ပြုတာ ဖြစ်ပါတယ်။
▪️ ယခင်ကတော့ အက္ခရာကို ၁၉၀၀ဘီစီအီးနောက်ပိုင်း အီဂျစ်တဝိုက်မှာ ဖန်တီးခဲ့တယ်လို့ ထင်ထားပေမယ့် ယခုတွေ့ရှိချက်တွေက ကွဲပြားတဲ့နေရာကဖြစ်ပြီး ပိုမိုသက်တမ်းရင့်တယ်လို့ ဆိုနေကြပါတယ်။
#Source: WION
၂၉ကြိမ်မြောက် အာရှတီဗီဆုပေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပခဲ့ပြီး ဂီတ၊ ဖန်တီးမှု၊ ဇာတ်ကြောင်းတိုကို ပေါင်းစပ်ပြီး အာရှရုပ်သံတွေရဲ့ အကောင်းဆုံးတွေကို ဂုဏ်ပြုခဲ့ကြပါတယ်။
#Asia_Event
Published 4 December 2024
#အာရှရုပ်သံဆုပေးပွဲ #ဂျာကာတာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 4 December 2024
၁။ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပန်းပွဲတော်ကျင်းပမည်
၂။ နိုဝင်ဘာလအတွင်းပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန်သုံးသိန်းကျော်တင်ပို့ထားပြီး အင်ဒိုနီးရှားသို့ ဆန်အများဆုံးတင်ပို့
၃။ အထည်ချုပ်လုပ်ငန်းများ အလုပ်သမားအခက်အခဲများကြုံနေ
၄။ (၂၉)ကြိမ်မြောက် အာရှရုပ်သံဆုပေးပွဲအား အင်ဒိုနီးရှားနိုင်ငံဂျာကာတာတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 December 2024
▪️ အင်္ဂါနေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ နေတိုး(NATO)မဟာမိတ်အဖွဲ့ဝင် ဖြစ်ရေးအတွက် ဖိတ်ကြားရန် ယူကရိန်းရဲ့ တောင်းဆိုချက်ကို နေတိုးက လက်ရှောင်ခဲ့သဖြင့် ယူကရိန်းက အနာဂတ် လုံခြုံရေး အာမခံချက်ရရှိဖို့အတွက် နေတိုးအဖွဲ့ဝင် ဖြစ်ရေးမှတပါး အခြားမရှိဘူးလို့ ကြေညာလိုက်ပါတယ်။
▪️ ယူကရိန်းကို အဖွဲ့ဝင်ဖြစ်ရေး ဖိတ်ခေါ်လိုက်ပါက ဒီဖြစ်ရပ်ကို တားဆီးဖို့ စစ်ပွဲဆင်နွှဲနေတဲ့ ရုရှားအကြောင်းပြချက် တစ်ခုကိုလည်း ဖယ်ရှားပြီးသား ဖြစ်လိမ့်မယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆစ်ဘီဟာက စာရေးသားပေးပို့ခဲ့ပါတယ်။
▪️ နေတိုးအဖွဲ့က ဖိတ်ကြားချက် ထုတ်ပြန်ဖို့ နေ့ရက်ကို မသတ်မှတ်ရသေးဘဲ အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံကြား ဘုံသဘောတူညီချက် မရသေးဘူးလို့ သံတမန်များက ဆိုပါတယ်။
▪️ မကြာခင် အမေရိကန်သမ္မတ ရာထူးရယူတော့မယ် ဒေါ်နယ်ထရမ့်အစိုးရရဲ့ သက်ရောက်မှုကို မသိရမချင်း အဖွဲ့ဝင်နိုင်ငံအချို့က စောင့်ဆိုင်းနေပါသေးတယ်။
ညစာစားပွဲအပြီးမှာ လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဂေဘရီယယ်လီယပ်စ်လန်းစ်ဘာဂျစ်က အဖွဲ့ဝင်ဖြစ်ရေးကိစ္စ တိုးတက်မှုမရှိသေးဘူး သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ ချက်နိုင်ငံခြားရေးဝန်ကြီး ယန်းလီပက်ဗ်စကီက ယူကရိန်းကို ဖိတ်ကြားဖို့က လိုအပ်တယ်ဆိုပေမယ့် သဘောတူညီချက် မရသေးဘူးလို့ ဆိုပါတယ်။
▪️ ရုရှားနဲ့ ဆက်ဆံရေးနီးစပ်တဲ့ ဟန်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး ပီတာဆစ်ဂျာတိုကတော့ ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။
▪️ ယူကရိန်းအနေနဲ့ နေတိုးတစ်ဖွဲ့လုံးထက်စာရင် အနောက်တိုင်း တစ်နိုင်ငံချင်းစီကနေ လုံခြုံရေး အာမခံချက်များ ရနိုင်တယ်လို့ သံတမန်အချို့က အကြံပြုပါတယ်။
▪️ နေတိုးမဟာမိတ် သဘောတူညီချက်အရ တစ်နိုင်ငံတိုက်ခိုက်ခံရပါက ဝိုင်းဝန်းခုခံတိုက်ခိုက်ရမှာဖြစ်တဲ့အတွက် ယူကရိန်းက နေတိုးအဖွဲ့ဝင် ဖြစ်ချင်နေတာ ဖြစ်ပါတယ်။
#Source: Reuters
Page 17 of 847