#Daily_News
Published 10 March 2025
၁။ ရန်ကုန်-မန္တလေး အမြန်လမ်း၌ EV Charging Station နှစ်ခုထပ်တိုးတည်ဆောက်
၂။ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့် ရုပ်ရှင်အစည်းအရုံးတို့နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
၃။ ပြည်တွင်းထုတ်သံထည်ထုတ်ကုန်ပစ္စည်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးလုပ်ဆောင်မည်
၄။ ကမ္ဘာ့မိုဘိုင်းနည်းပညာအဆန်းသစ်ဆုံး နောက်ဆုံးထုတ်ပစ္စည်းများပြသခဲ့ကြသည့် Mobile World Congress ပြပွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published10 March 2025
▪️ သိပ္ပံပညာရှင်တွေက မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ပေါ်မှာ အဏုဇီဝရုပ်ကြွင်းတွေကို ရှာဖွေနိုင်မယ့် လေဆာပစ္စည်းသစ်တစ်ခုကို စမ်းသပ်ထုတ်လုပ်နေကြပါတယ်။
▪️ လေဆာကိရိယာဟာ အဆိုပါရုပ်ကြွင်းလက္ခဏာများဖြစ်တဲ့ ဂျစ်ပဆမ်အနည်းများကို စူးစမ်းရှာဖွေမှာဖြစ်ပြီး အယ်ဂျီးရီးယားမှ မားစ်ဂြိုဟ်နဲ့ဆင်တူတဲ့ ဂျစ်ပဆမ်အစုအပြုံတွေမှာ စမ်းသပ်ထားပြီး ဖြစ်ပါတယ်။
▪️ ဒီတွေ့ရှိမှုတွေက အင်္ဂါဂြိုဟ်ဆာလ်ဖိတ်သတ္တုတွေထဲက ဇီဝလက္ခဏာများကို ရှာဖွေမယ့် ဘောင်ပုံစံတစ်ခု ဖြစ်လာနိုင်ပြီး အနာဂတ် အင်္ဂါဂြိုဟ်စူးစမ်းရေးမစ်ရှင်တွေကို လမ်းပြပေးနိုင်မယ်လို့ ဘန်းတက္ကသိုလ် ရူပဗေဒဌာနမှ သုတေသနပြုစုသူ ယူဆက်ဖ်ဆယ်လမ်က ပြောပါတယ်။
▪️ ယင်းတို့ရဲ့ အာကာသယာဉ်သုံး ရှေ့ပြေးကိရိယာ laser ablation ionization mass spectrometerက ဆာလ်ဖိတ်သတ္တုပစ္စည်းတွေထဲက ဇီဝလက္ခဏာများကို ထိရောက်စွာ ရှာဖွေနိုင်ပြီး အနာဂတ်မှာ အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်များ၊ အာကာသယာဉ်မှူးများအတွက် အသုံးဝင်စေမှာဖြစ်တယ်လို့ ဆယ်လမ်က ဆိုပါတယ်။
▪️ နာဆာ(NASA)က Curiosityယာဉ်ကို စေလွှတ်ကာ အင်္ဂါဂြိုဟ်မျက်နှာပြင်နဲ့ Gale Craterတို့မှာ ရှေးခေတ် ရေကန်များ မြစ်များရှိတဲ့အထောက်အထား တွေ့ရှိခဲ့ပါတယ်။
▪️ အခုအချိန်ထိတော့ အင်္ဂါဂြိုဟ်မှာ ရုပ်ကြွင်းအထောက်အထားတွေတော့ သေချာမတွေ့ထားသေးပါဘူး။
▪️ Curiosityယာဉ်ကနေ အင်္ဂါဂြိုဟ်လေထုထဲမှာ မီသိန်းတွေ့ရှိခဲ့ပြီး ဒါဟာ အဏုဇီဝသက်ရှိရဲ့ လက္ခဏာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်များ အကောင်းမြင်နေကြပါတယ်။
▪️ မားစ်ဂြိုဟ်ပေါ်က ရေတွေ လွန်ခဲ့တဲ့နှစ်ဘီလီယံခန့်က ခန်းခြောက်ခဲ့ပြီး ဂျစ်ပဆမ်နဲ့ အခြားဆာလ်ဖိတ်တွေ ဖြစ်ပေါ်လာတယ်လို့ လေ့လာချက်မှာ ဆိုပါတယ်။
▪️ ဂျစ်ပဆမ်တွေက ရုပ်ကြွင်းဖြစ်နိုင်တဲ့ သဘောရှိပြီး မပြိုကွဲခင်မှာ အဏုဇီဝသက်ရှိတွေကို ပိတ်သိမ်းထားကာ ဇီဝတည်ဆောက်ပုံနဲ့ ဓာတုဇီဝလက္ခဏာများ ထိန်းသိမ်းထားတယ်လို့ ဆယ်လမ်က ရှင်းပြပါတယ်။
▪️ အယ်ဂျီးရီးယားကနေ ဂျစ်ပဆမ်များ ရယူခဲ့ကြပြီး mass spectrometer ဖြင့် ဆန်းစစ်ခဲ့ကြကာ အဏုဇီဝရုပ်ကြွင်းတွေနဲ့ သဘာဝကျောက်တုံး ဖြစ်ပေါ်မှုတို့ကြား ခွဲခြားနိုင်မယ့် စံအချက်အလက်တွေအတိုင်း ကျင့်သုံးခဲ့ကြပါတယ်။
#Source: WION
#World_News
Published 10 March 2025
▪️ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ခဲ့တဲ့ မာ့ခ်ကာနေးဟာ ကနေဒါရဲ့ အာဏာရလစ်ဘရယ်ပါတီ ခေါင်းဆောင်အဖြစ် အနိုင်ရခဲ့ကာ ဂျက်စတင်ထရူဒေါရဲ့ ဝန်ကြီးချုပ်နေရာ ဆက်ခံသွားမှာဖြစ်တယ်လို့ တနင်္ဂနွေနေ့ တရားဝင်ရလဒ်များအရ သိရပါတယ်။
▪️ ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်နဲ့ ကုန်သွယ်ရေးတိုက်ပွဲ ဖြစ်နေပြီး ကနေဒါမှာ ဂယက်ထနေတဲ့အချိန်မှာ ကာနေးက တာဝန်ယူသွားရမှာဖြစ်ပြီး မကြာခင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
▪️ ပါတီဝင် ၁၅၂,၀၀၀ အောက်သာ မဲပေးခဲ့ကြတဲ့ပြိုင်ပွဲမှာ အသက် ၅၉ နှစ်ရှိတဲ့ ကာနေးက မဲ ၈၆ ရာခိုင်နှုန်းဖြင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ခရစ္စတီယာဖရီးလန်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
▪️ "နိုင်ငံ့စီးပွားရေးကို ချည့်နဲ့အောင် လုပ်နေတဲ့သူရှိပါတယ်။ သူက ကနေဒါအလုပ်သမားတွေ၊ မိသားစုတွေ၊ စီးပွားရေးတွေကို တိုက်ခိုက်နေပါတယ်။
▪️ မထင်မှတ်ထားတာတွေကို ပြုလုပ်သွားရတော့မယ်" လို့ ကာနေးက ပြောသွားပါတယ်။
▪️ ထရူဒေါက လူထုထောက်ခံမှုနှုန်း ကျဆင်းလာကာ ၉ နှစ်ကျော် အုပ်ချုပ်လာပြီးနောက် ရာထူးမှဆင်းတော့မယ်လို့ ဇန်နဝါရီမှာ ကြေညာခဲ့ပြီးနောက် အာဏာရလစ်ဘရယ်ပါတီက ထရူဒေါနေရာမှာ အစားထိုးရန် မဲပေးပွဲအလျင်အမြန် ပြုလုပ်လာရပါတယ်။
▪️ ပါတီကို ပြန်လည်အသက်သွင်းပေးဖို့နဲ့ ကနေဒါစီးပွားရေးအပေါ် အခွန်တင်းကြပ်ဖို့ ခြိမ်းခြောက်နေတဲ့ ထရမ့်နဲ့ ကုန်သွယ်ရေးညှိနှိုင်းမှုများ ကြီးကြပ်ဖို့ရာ ကာနေးက သူ့ကိုယ်သူ အသင့်လျော်ဆုံးလို့ ဆိုလိုက်ပါတယ်။
▪️ ကနေဒါအပေါ် ထရမ့်အခွန်တင်းကြပ်လိုက်တဲ့အပေါ် ထရူဒေါက အမေရိကန်အပေါ်မှာ လက်စားချေတဲ့အနေနဲ့ ကနေဒါဒေါ်လာ ၃၀ ဘီလီယံ အခွန်ချမှတ်လိုက်ပါတယ်။
▪️ အမေရိကန်ဘက်မှာ လေးစားမှုမပြသေးသရွေ့ ယင်းတို့အစိုးရက အခွန်ဆက်လက်ထားရှိသွားမယ်လို့ ကာနေးက ဆိုပါတယ်။
▪️ နိုင်ငံရေးနောက်ခံသမိုင်း ခိုင်ခိုင်မာမာမရှိတဲ့ ကာနေးက ယင်းဟာ ထရမ့်နဲ့ ညှိနှိုင်းဖို့ အသင့်လျော်ဆုံးလူလို့ ပြောသွားပါတယ်။
▪️ စစ်တမ်းများအရ လစ်ဘရယ်တွေရော ကွန်ဆာဗေးတစ်တွေရောက လူများစုအစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူးလို့ ညွှန်ပြနေပါတယ်။
#Source: Reuters
#World_Health
Published 10 March 2025
▪️ ကိုယ်အလေးချိန် ကျဆင်းလိုတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားပေမယ့် ထင်ထားတာထက် ကြာနေရင် စိတ်ပျက်စရာ ဖြစ်လာတတ်ပါတယ်။
▪️ အာဟာရပညာရှင် အန်ဂျလီမူကာဂျီက ကျန်းမာရေးနဲ့ ညီညွတ်စွာ စားနေပေမယ့် ဝိတ်ကျဖို့ ခက်ခဲနေရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အင်စတာဂရမ်မှာ ပြောထားကာ ဘယ်လောက်စားလဲဆိုတာနဲ့ ခန္ဓာကိုယ်က ဘယ်လိုချေဖျက်လဲဆိုတာကလည်း ပတ်သက်နေတယ်လို့ ဆိုပါတယ်။
(၁) စားတဲ့ပမာဏနဲ့ ကယ်လိုရီကို ချိန်ညှိပါ
▪️ ဗာဒံစေ့၊ ဂီးထောပတ်တို့လို အစားအစာတွေဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် အများကြီးစားမိရင် ကယ်လိုရီတက်စေနိုင်ပါတယ်။
(၂) အလွန်အကျွံစားမိခြင်း
▪️ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခွံမာသီးများ၊ အစေ့အဆန်များ၊ ထောပတ်သီး၊ သစ်ကြားသီး၊ သီဟိုဉ်စေ့၊ စွန်ပလွံ၊ စပျစ်ခြောက်၊ ချောကလက်မည်းတို့ကို အလွန်အကျွံစားမိရင် ဝိတ်ချရာမှာ အထောက်အကူ မဖြစ်စေနိုင်ပါဘူး။
(၃) ဟော်မုန်းအခြေအနေ တွက်ဆပါ
▪️ သိုင်းရွိုက်ပြဿနာရှိတဲ့ အခြေအနေမျိုးဆိုရင် ဝိတ်ချဖို့အားထုတ်မှုကို ထိခိုက်စေပါတယ်။
(၄) ရေရှည်ဖိစီးမှု
▪️ ဖိစီးမှုကြောင့် ကော်တီဆောလ်ပမာဏ မြင့်မားစေကာ ဗိုက်အဆီတက်စေတာကြောင့် ဖိစီးမှုလျှော့ချနိုင်ရင် ကိုယ်အလေးချိန်ကျဖို့ အထောက်အကူ ဖြစ်ပါတယ်။
(၅) အူလမ်းကြောင်းကျန်းမာရေး ထိန်းသိမ်းခြင်း
▪️ အူလမ်းကြောင်းထဲမှာ သင့်တော်တဲ့ ပိုးမွှားတွေ ထိန်းသိမ်းခြင်းဖြင့် ကိုယ်အလေးချိန်ကျဖို့ရာ အကူအညီ ဖြစ်စေပါတယ်။
#Source: NDTV
#World_Health
Published 09 March 2025
▪️ မမှန်ကန်တဲ့ စားသောက်ပုံစံတွေကြောင့် အိပ်စက်ရာမှာ အနှောင့်အယှက် ဖြစ်ရတယ်လို့ အမေရိကန် အမျိုးသားကျန်းမာရေး အဖွဲ့အစည်းက ဆိုပါတယ်။
▪️ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ပုံစံက အိပ်စက်မှုအခြေအနေနဲ့ အလုံးစုံကျန်းမာရေးတို့အတွက် မရှိမဖြစ်လိုအပ်ကြောင်း နယူးယော့ခ်စီးတီး အိပ်စက်ကျန်းမာရေးအကြံပေး ဒန်ဂါတင်ဘာ့ဂ်က ပြောပါတယ်။
▪️ အာရုံကြောဆက်သွယ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ GABAဟာ အိပ်စက်ခြင်းနဲ့ စိတ်ပြေလျော့ခြင်းတို့ကို ကူညီပေးပါတယ်။
▪️ အရင်ဆုံးအနေနဲ့ အိပ်စက်မှုကို နှောင့်ယှက်စေနိုင်တဲ့ အစားအစာတွေကို မစားသုံးဖို့ပါ။
▪️ အိပ်ရာဝင်ခါနီးမှာ ရှောင်ရှားသင့်တဲ့ အစားအသောက်များကို ဂါတင်ဘာ့ဂ်က ဖော်ပြသွားပါတယ်။
▪️ (၁) အယ်လ်ကိုဟော
အယ်လ်ကိုဟောက သဘာဝအိပ်စက်မှုစက်ဝန်းကို နှောင့်ယှက်ပြီး ခန္ဓာကိုယ်က အယ်လ်ကိုဟောကို ချေဖျက်ရာမှာ ခဏခဏနိုးစေပါတယ်။
ကြာလာတဲ့အခါ ဦးနှောက်က ထိန်းချုပ်လုပ်ဆောင်လာရပြီး အိပ်မပျော်တဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။
▪️ (၂) ကော်ဖီနှင့်လက်ဖက်ရည်
ကဖင်းဓာတ်ပါဝင်တာကြောင့် ညဖက်သောက်သုံးခြင်းမှ ရှောင်ရှားသင့်ပါတယ်။
▪️ ကဖင်းဓာတ်က လူကိုနိုးကြားနေစေကာ အိပ်စက်မှုကို နှောင့်ယှက်စေနိုင်ပါတယ်။
▪️ (၃) ချောကလက်နဲ့ သကြားလုံး
သကြားပါဝင်မှု မြင့်မားတာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေကာ စိတ်မငြိမ်မသက် ဖြစ်စေပါတယ်။
▪️ ဒါ့အပြင် ချောကလက်မှာ ကဖင်းဓာတ်အနည်းငယ်လည်း ပါဝင်ပါသေးတယ်။
▪️ (၄) အချဉ်သီးများ
လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီးတို့မှာ ဆစ်ထရပ်စ်အက်ဆစ် အများအပြားပါဝင်ပြီး အစာအိမ်အက်ဆစ် ပိုမိုထွက်စေကာ အက်ဆစ်လျှံတက် ရင်ပူစေပြီး အိပ်စက်ခြင်းကို နှောင့်ယှက်စေပါတယ်။
▪️ (၅) အစပ်စာများ
အချဉ်လိုမျိုးပဲ အစပ်ပါတဲ့စားစရာတွေကလည်း အစာအိမ်အက်ဆစ် အများအပြားထုတ်လုပ်တဲ့အပြင် ခန္ဓာကိုယ်အပူချိန် တိုးစေကာ အိပ်စက်ဖို့လိုအပ်တဲ့ အေးမြခြင်းအခြေအနေကို နှောင့်ယှက်စေပါတယ်။
#Source: New York Post
#World_Health
Published 09 March 2025
▪️ တစ်ပတ်ကို ဒိန်ချဉ်နှစ်ကြိမ်သောက်သုံးပါက အူမကြီးကင်ဆာမျိုးတွေကို ကာကွယ်ပေးနိုင်တယ်လို့ အမေရိကန်လေ့လာချက်တစ်ခုမှာ ယူဆထားပါတယ်။
▪️ ယခင်သုတေသနမှာလည်း အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအပေါ် ဒိန်ချဉ်ရဲ့အကျိုးကျေးဇူးတွေ တွေ့ရှိခဲ့ပေမယ့် သိပ်ပြီးစိတ်မချရပါဘူး။
▪️ ယခုလေ့လာချက်က ဆယ်စုနှစ် ၃ ခုကျော်အထိ အမျိုးသမီး ၈၇,၀၀၀ ကျော်နဲ့ အမျိုးသား ၄၅,၀၀၀ ရဲ့ အချက်အလက်များကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဒိန်ချဉ်သောက်ခြင်းနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားမှုကြား သိသာထင်ရှားတဲ့ ဆက်စပ်မှု မတွေ့ရပေမယ့် ကင်ဆာအမျိုးအစားကွဲတွေကို ဆန်းစစ်ရာမှာတော့ သိသာခဲ့ပါတယ်။
▪️ တစ်ပတ်ကို ဒိန်ချဉ်နှစ်ကြိမ်သောက်သူတွေက Bifidobacterium-positive အကျိတ်ဖြစ်ပေါ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းတာတွေ့ရပါတယ်။
▪️ Bifidobacteriumက လူ့ခန္ဓာကိုယ်အူထဲမှာ တွေ့ရတတ်တဲ့ ပိုးမွှားတစ်မျိုးဖြစ်ပြီး ရောဂါဆိုးရွားလာချိန်မှာ အကျိတ်တစ်ရှူးအတွင်း ရှိတတ်ပါတယ်။
▪️ အောက်ဆီဂျင်နည်းတဲ့ အကျိတ်နေရာမှာ ပေါက်ဖွားရှင်သန်ပြီး အူနံရံအတားအဆီးကို ကျော်ဖြတ်ကာ အူမကြီးတစ်ရှူးထဲသို့ ယိုစိမ့်လာပါတယ်။
▪️ ဒိန်ချဉ်ထဲကနေ Bifidobacteriumတွေ ပိုမိုစားသုံးပေးရင်တော့ ဒီလိုဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ အံ့အားသင့်စွာ တွေ့ရှိထားပါတယ်။
▪️ Bifidobacteriumက ဓာတ်တိုးဆန့်ကျင်၊ ရောင်ရမ်းဆန့်ကျင်၊ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ စွမ်းရည်တွေရှိပြီး အူလမ်းကြောင်းကျန်းမာရေးကို ထောက်ကူပေးနိုင်တယ်လို့ လေ့လာချက်တွေမှာ အကြံပြုထားပါတယ်။
▪️ အူမကြီးကင်ဆာ ကာကွယ်ခြင်းနဲ့ နောက်ခံဇီဝဖြစ်စဉ်များအပေါ် ဒိန်ချဉ်သောက်ခြင်းရဲ့ ရေရှည်သက်ရောက်မှုများအကြောင်း ဆက်လက်သုတေသန ပြုလုပ်သွားသင့်တယ်လို့ အကြံပြုထားပါတယ်။
#Source: WION
ပနားမားတူးမြောင်းနဲ့ ဂရင်းလန်းတို့ကို ထိန်းချုပ်သွားမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို ပနားမားနဲ့ ဒိန်းမတ်ခေါင်းဆောင်တို့က ဗုဒ္ဓဟူးနေ့မှာ ငြင်းဆန်လိုက်ကြပြီး ထိုကဲ့သို့ မျက်နှာပြောင်တိုက်ပြောဆိုမှုကို ဘယ်နိုင်ငံကမှ အရှုံးပေးမှာမဟုတ်ဘူးလို့ ခုခံပြောဆိုနေကြပါတယ်။
#World_News
Published 8 March 2025
#ပနားမားတူးမြောင်း #ပနားမားနှင့်ဒိန်းမတ်ခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
Page 16 of 914