#WorldWildlife
Published 15 June 2022
ဒုစရိုက်ဂိုဏ်းချုပ်ကြီး'ဟွာကင်းအယ်လ်ချာပိုဂုဇ်မန်း'ဟာ အာဏာပါဝါကျဆင်းပြီး အမေရိကန်မှာအကျဉ်းကျခံနေရပေမယ့် ဇီဝမျိုးနွယ်ကွဲသတ္တဝါများစွာရှိတဲ့ မက္ကဆီကိုနိုင်ငံဟာ ရေမြေခြားတိရိစ္ဆာန် ကုန်ကူးရောင်းချခြင်းတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ချမ်းသာတဲ့မိသားစုတွေ၊ ကုန်သည်တွေ၊ ဆေးခြောက်ရောင်းဝယ်သူတွေကပါ ဝယ်ယူနေကြပါတယ်။
#Yangon_Media_Group
Published 15 June 2022
ရေတွင်းကျဉ်းကျဉ်းကလေးထဲ လေးရက်ကြာပိတ်မိနေတဲ့ ဆွံ့အနားမကြား မသန်စွမ်းဖြစ်နေတဲ့ ၁၀နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို အိန္ဒိယ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက အင်္ဂါနေ့က ကယ်တင်လိုက်နိုင်ပြီဖြစ်တယ်လို့ အစိုးရကပြောပါတယ်။
ရုပ်သံကြည့်ရှုရန်..
Source AFP
#LocalNews
Published - 15 June 2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်မှာတည်ထားတဲ့ တန့်ကြည်တောင်စေတီတော်ကို ဘုရားဖူးလာတဲ့ကား ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားလာမှုဟာ ကျဆင်းသွားနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_15 June 2022
ရန်ကုန်မှာရှိတဲ့ စက်မှုဇုန်တွေမှာ ည ၁၁ နာရီကနေ မနက် ၄ နာရီထိ လျှပ်စစ်မီးပေးနေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 15 June 2022
လတ်တလောမှာ မိုးရာသီကာလ ပြည်တွင်းခရီးသွားတွေနည်းပါးလာတဲ့အတွက် ပုဂံဒေသရှိခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေရတဲ့ လက်မှုနဲ့အစားအသောက်လုပ်ငန်းတွေ ရပ်သလောက်ဖြစ်နေပြီး လာမယ့်ခရီးသွားရာသီမှာ လုပ်ငန်းတွေပြန်လည်လည်ပတ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပုဂံဒေသခံတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 15 June 2022
၁။ ခရီးသွားပါးနေ၍ ပုဂံဒေသရှိ ခရီးသွားကိုမှီခိုနေရသည့်လုပ်ငန်းအချို့ရပ်သလောက်ဖြစ်၊ လာမည့်ခရီးသွားရာသီတွင် လည်ပတ်နိုင်ရန်မျှော်မှန်း
၂။ တန့်ကြည်တောင်ဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားလာမှုကျဆင်းသွားနိုင်သည်ဟု UMTA ဥက္ကဌပြော
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မက္ကဆီကိုတွင် ကြောင်ကြီးမျိုးနွယ်များအား ထိန်းသိမ်းမွေးစားမှုများရှိလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldBusiness
Published 14 June 2022
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှ ခေတ်မီဆန်းသစ်တဲ့ ဆိပ်ကမ်းတစ်ခုမှာ မြေအောက်ဘူတာရုံတစ်ခု၊ နာမည်ကြီးစားဖိုမှူးတစ်ဦးရဲ့စားသောက်ဆိုင်နဲ့ ဈေးဝယ်စင်တာတို့ ဖွင့်လှစ်ထားပါတယ်။
#Yangon_Media_Group
Page 878 of 1001