#Local_News
Published _ 23 June 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့ စက်သုံးဆီဈေး မတည်ငြိမ်မှုတွေကြောင့် လက်ရှိမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 23 June 2022
မွန်ပြည်နယ်၊ သထုံမြို့ရဲ့ကျက်သရေဆောင် သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးမှာ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်သွားဖို့ရှိတယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဌဦးခွန်သိန်းရွှေက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 23 June 2022
၁။ သထုံ၊ ရွှေစာရံစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မည်
၂။ လူမှုကူညီကယ်ဆယ်ရေးအသင်းများ စက်သုံးဆီဈေးမတည်ငြိမ်မှုကြောင့် အခက်အခဲအချို့ရှိနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဘင်္ဂလာဒေ့ရှ်အထည်ချုပ်လုပ်ငန်း စီးပွားရေးတိုးတက်ခြင်း၏ အကျိုးဆက်မြစ်ရေများအဆိပ်သင့်ပျက်စီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 22 June 2022
မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအုပ်စု အချို့နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက မြန်မာနစက ကာကွယ်ရေးဝန်ကြီးကို အစည်းအဝေးတွင် ချန်ထားခဲ့ရန်တောင်းဆိုနေသည့်ကြားက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ ဗုဒ္ဓဟူးနေ့က ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း အေအက်ဖ်ပီက သတင်းရိုက်ကူးပေးပို့ပါတယ်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင်ကို ဖိတ်ကြားဖို့ ကျန်တဲ့ အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေ အားလုံး သဘောတူခဲ့ကြတာဖြစ်တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဘန်းက ပြောတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
Source AFP
#WorldEnvironment
Published 21 June 2022
ပေကျင်းရှိ နှစ်ပေါင်း ၃,၅၀၀ သက်တမ်းရှိတဲ့ သစ်ပင်အိုကြီးဟာ ဒေသပိုင်အာဏာပိုင်များရဲ့ ပြုပြင်စောင့်ရှောက်မှုနဲ့ လွတ်လပ်ကျယ်ပြန့်တဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် အသက်ဝင်ရှင်သန်နေဆဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 22 June 2022
ဖိနပ်မပါခြေဗလာနှင့် တီးဝိုင်းတစ်ခုဟာ ဘာရွန်ဒီ အမျိုးသားဝတ်စုံတွေ ဝတ်ဆင်ပြီး ကြီးမားလှတဲ့ သစ်သားဗုံကြီးတွေကို အားအင်အပြည့်နှင့် ရိုက်ခတ် လိုက်ပါတယ်။ တိကျသေချာမှုနှင့်... မကွယ်မဝှက်တဲ့ ပျော်ရွှင်မြးတူးမှုတွေနှင့် ဖြစ်ပါတယ်။
လက်တစ်ဖက်စီမှာ တုတ်ချောင်းတစ်ခုကိုကိုင်ပြီး သူတို့ဟာ ဝှေ့ရမ်းကခုန်နေကြပါတယ်။ ဗုံးတီးသူတွေနှင့် သူတို့ရဲ့တော်ဝင် ဗုံတွေဟာ ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ ဘာရွန်ဒီတို့ရဲ့ ရိုးရာဓလေ့ဖြစ်ပြီး ယူနက်စကိုအဖွဲ့ကြီးက စာရင်းသွင်း အသိအမှတ်ပြုထားတာပါ။ အစိုးရက သတိနှင့်စောင့်ရှောက်ကာကွယ်ပေးနေရတဲ့ ယဉ်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 22 June 2022
သွေးလွန်တုပ်ကွေးရောဂါသံသယရှိပြီး စိုးရိမ်ရတဲ့သွေးလန့်လက္ခဏာတွေပေါ်လာပါကဆေးရုံကို အချိန်မီသွားဖို့လိုတယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်ခင်ထားကပြောပါတယ်၊၊
#Yangon_Media_Group
Page 871 of 1001