#Local_News
Published_29 June 2022
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊ ဇီးပင်ချောင်းကျေးရွာအနီးမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာမူလွန် ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးဟာ သူတို့ရဲ့ နေအိမ်အသီးသီးကို ဇွန်လ ၂၈ ရက်မှာ ရောက်ရှိသွားကြပါပြီ။ပြန်ပေးသမားတွေက ငွေမပေးရင် သတ်ပစ်မယ်လို့ ပြောတာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဆရာကြီး ဦးဘိုဝင်းကတော့ သူ့အနေနဲ့ သေလူလို ကိုယ့်ကိုကိုယ် သဘောထားလိုက်တော့တယ်လို့ YMG ကို ရင်ဖွင့်ပြောပြပါတယ်။
#Yangon_Media_Group
#Local_News
Published - 29 June 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းမှာ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ တူးဖော်ရောင်းချနေကြတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
#Yangon_Media_Group
#Local_News
Published_29 June 2022
ဥမင်လှိုဏ်ခေါင်း ၆၀ ကျော် ပါဝင်မယ့် မူဆယ်-မန္တလေး မီးရထားလမ်းစီမံကိန်းကို ပြန်လည်စတင်မယ်လို့ နစက တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 June 2022
၁။ မူဆယ်-မန္တလေးမီရထားလမ်းစီမံကိန်းပြန်လည်စတင်မည်
၂။ စစ်ကိုင်းတိုင်းအတွင်း ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ တူးဖော်ရောင်းချနေကြောင်း သတင်းထွက်ပေါ်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တရုတ်နိုင်ငံတွင် BMW မော်တော်ကားထုတ်လုပ်ရေး တတိယမြောက်စက်ရုံအသစ်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#AsiaTradition
Published 28 June 2022
တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချောင်ဘူရီမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ထိုင်းရိုးရာကျွဲပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။
#Yangon_Media_Group
Published 28 June 2022
ဗြိတိန်၊အမေရိကန်ပြည်ထောင်စု၊ဂျပန်နှင့်ကနေဒါတို့က ရုရှားကို အရေးယူပိတ်ဆို့မှု ထပ်မံတင်းကြပ်လိုက်တဲ့အနေနှင့် ရုရှားနိုင်ငံမှ ရွှေများတင်သွင်းတာကို ပိတ်ပင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဂျာမနီမှာ တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်း အကျပ်အတည်းနှင့် ရာသီဥတုပြဿနာတွေလို ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။
Source CCTV+/AFP
#PiontOfView
Published - 28 June 2022
IT ကျွမ်းကျင်သူ ကိုအောင်ဇော်ဇော်ဝင်းက Facebook ရဲ့ပြောင်းလဲလာတယ့် မူဝါဒအသစ်တွေနဲ့ပက်သက်ပြီး
"Normal user သုံးတယ့်သူတွေအနေနဲ့ AESO ဆိုတာကိုမသိဘူး Booth လုပ်ရမယ်ဆိုတာကိုမသိဘူး။ မသိတဲ့အတွက်ကြောင့် သူတိုရဲ့အကောင့်တွေက ခဏလေးနဲ့လော့ကျတာတွေ၊ ဘန်းခံရတာတွေ၊ ဘာပုံတင်တင် မကောင်းတယ့်ပုံတင်ရင်လည်း ဘန်းခံရမှာပဲ။ အဲဒါကြောင့် Normal user တွေအတွက် sight effect အများကြီးထိပါတယ်" ဆိုတဲ့အကြောင်းအရာများကို ဆွေးနွေးပြောပြလာခဲ့ပါတယ်။
#Yangon_Media_Group
Page 865 of 1000