#WorldArchaeology
Published 30 June 2022
ပီရူးနိုင်ငံမြောက်ပိုင်း ချန်ချန်မြို့ရှိ စပိန်ခေတ်မတိုင်ခင် ရဲတိုက်ကြီးရဲ့ အခမ်းအနားခန်းမမှာ သစ်သားရုပ်ထုတစ်ခုကို ရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ကြောင်း အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
#Yangon_Media_Group
Published 30 June 2022
ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ် ဂျုနီယာက ဇွန်လ(၃၀)ရက် ကြာသပတေးနေ့က နိုင်ငံ့ခေါင်းဆောင်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ ဖခင်ဖြစ်သူ အာဏာရှင်မားကိုစ်ရဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့တာတွေကို ချီးကျူးလိုက်ပါတယ်။
အသက် ၆၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဒီနန် ဘွန်ဘွန် မားကို့စ် ဂျုနီယာဟာ ပြီးခဲ့တဲ့ လက ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ခဲ့ရပြီး ဒီ အနိုင်ရမှုဟာ သူ့ဖခင်ကို လူထူအုံကြွမှုကြီးနှင့်ဖယ်ရှားခဲ့တဲ့ ၁၉၈၆ခုနှစ် နောက်ပိုင်း အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။
သူဟာ ကြောက်မက်စရာ မူးယစ်စစ်ပွဲနှင့် နိုင်ငံတကာမှာ အရှက်ခွဲခံရပြီး ပြည်တွင်းမှာအလွန်လူကြိုက်များခဲ့တဲ့ သမ္မတ ရိုဒရီဂို ဒူတာတီးရဲ့ အရိုက်အရာကို ဆက်ခံရတာပါ။
မနီလာမြို့တော်မှာကျင်းပတဲ့ သမ္မတအဖြစ်ကျမ်းသစ္စာဆိုလူထုအခမ်းအနားကို သံတမန်တွေ၊လူကုံထံတွေနှင့် သူ့ကို ထောက်ခံသူတွေနှင့်အတူ မိခင်ဖြစ်သူ အသက်၉၂နစ်အရွယ် အီမယ်လ်ဒါမားကို့စ် ဟာ မီတာအနည်းငယ်အကွာမှာ တက်ရောက်ခဲ့ပါတယ်။
“ ကျွန်တော်ဟာ လွတ်လပ်ရေးရပြီးကတည်းက အနည်းအကျဉ်းပဲ တိုးတက်မှုရှိခဲ့တာကိုတွေ့ခဲ့ရတဲ့ လူတစ်ဦးကို တစ်ခါတုန်းက ကျွန်တော်သိခဲ့တယ်။ ဒါပေမယ့် သူဟာ အများကြီးလုပ်သွားတယ်” လို့ ဖခင်မားကို့စ်ကိုချီးကျူးပြောဆိုပါတယ်။ သူ့ဖခင်ဟာ သူ့ကိုဆက်ခံခဲ့တဲ့သူတွေထက် လမ်းတွေ အများကြီးဖောက်သွားတယ်။ ဆန်တွေ အများကြီးစိုက်ပျိုးထုတ်လုပ်သွားတယ် လို့လည်းသူကပြောပါတယ်။
အဲဒါကြောင့် သူသားတစ်ဦးအနေနှင့် ခင်ဗျားတို့ဟာ ကျွန်တော့်ဆီက ဆင်ခြေဘာတစ်ခုမှ ရမှာမဟုတ်ပါဘူး” လို့လည်း သူက ကတိပေးသွားပါတယ်။
ကျမ်းသစ္စာ မကျိန်မှီ နှာခေါင်းစည်းတပ်ပြီး ရိုးရာ ဝတ်စုံဝတ်ထားတဲ့ တာဝန်ပြီးဆုံးတော့မယ့် အသက်၇၇နှစ်အရွယ် သမ္မတ ဒူတာတီးဟာ မားကို့စ်ဂျုနီယာကို သမ္မတအိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ဒူတာတီးရဲ့သမီးဆာရာဒူတာတီးဟာ ဒုသမ္မတ တစ်ဦးအဖြစ် မားကိုစ့်ဂျူနီယာရဲ့အစိုးရမှာ တာဝန်ယူမှာလည်းဖြစ်ပါတယ်။
Source AFP
#Local_News
Published - 29 June 2022
မြဝတီနယ်စပ်က တစ်ဆင့် ပြည်ပနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်တွေအားလုံးအတွင် အမေရိကန်ဒေါ်လာနဲ့ပဲ ဈေးနှုန်းသတ်မှတ်ခွင့် ပြုမယ်လို့ မြဝတီနယ်စပ်ကုန်သည်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published - 30 June 2022
မြန်မာ့အိုးစည်၊ ဒိုးပတ်တွေကို ထိုင်း၊ မလေးရှား၊ ဂျပန်၊ အမေရိကန်နိုင်ငံတွေကပြည်ပရောက်မြန်မာတွေအော်ဒါမှာ ယူမှုများနေပြီး ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးတွေက မှာယူမှုအများဆုံးဖြစ်တယ်လို့ ဒို့ဗမာအိုးစည်နှင့်ဒိုးပတ်လုပ်ငန်းကကို ရန်အောင်ဝင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 30 June 2022
၁။ မြန်မာ့အိုးစည်၊ ဒိုးပတ်များကို ပြည်ပရောက်မြန်မာများ အော်ဒါမှာယူမှုများနေ
၂။ မြဝတီနယ်စပ်မှ ပြည်ပပို့ကုန်များအတွက် ကန်ဒေါ်လာဖြင့်သာ ဈေးနှုန်းသတ်မှတ်ခွင့်ပြုမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပီရူးနိုင်ငံချန်ချန်မြို့ရှိ စပိန်ခေတ်မတိုင်မီ ရဲတိုက်ခံတပ်တွင် ရှေးဟောင်းပန်းပုရုပ်ထုတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldBusiness
Published 29 June 2022
ဂျာမနီမော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ BMW က တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်ဒေသ ရှန်ယန်မြို့မှာ စက်ရုံအသစ်တစ်ရုံကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ဖွင့်လှစ်ခဲ့ပါတယ်။
#Yangon_Media_Group
Published 29 June 2022
အိန္ဒိယနိုင်ငံရဲ့ မဟာမြို့ကြီးဖြစ်တဲ့ မွမ်ဘိုင်းမှာ မုတ်သုန်မိုးကြောင့် လေးထပ်တိုက်တစ်တိုက် ပြိုကျရာ အနည်းဆုံး လူ(၁၉)ဦး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီတိုက်ဟာ မြို့လယ်ခရိုင်တစ်ခုရဲ့ ဆင်းရဲသားရပ်ကွက်နှင့်ကပ်လျက်တည်ရှိပြီး တနင်္လာနေ့ သန်းခေါင်မတိုင်ခင် ပြိုကျသွားခဲ့တာဖြစ်တယ်လို့ ဒေသအရာရှိတွေက ပြောပါတယ်။
အင်္ဂါနေ့ညနေအထိ လူ(၁၄)ဦး ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် အပျက်အစီးတွေကြားထဲက ရုပ်အလောင်း(၁၉)လောင်းကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေကြတယ် လို့ အမျိုးသား သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရသူ ကပြောပါတယ်။
သေဆုံးသူတွေထဲက ခြောက်ဦးဟာ အသက်၁၈နှစ်နှင့် ၂၁ နှစ်အကြား လူငယ်တွေဖြစ်ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူရဲ့ညီမဖြစ်သူလို့ထင်ရတဲ့ အမျိုးသမီးတစ်ဦဟာ သေဆုံးတဲ့ရုပ်အလောင်းတစ်ခု လူနာတင်ယာဉ်နှင့်သယ်ဆောင်သွားတဲ့အချိန်ငိုယိုပြီးကျန်ရစ်ခဲ့ပါတယ်။
ဇွန်လကစင်တင်ဘာထိ မုတ်သုန်မိုးတွေဟာ အိန္ဒိယနိုင်ငံမှာ မြစ်တွေနှင့်တွင်းရေတွေအတွက် ပြန်ဖြည့်ပေးဖို့ အရေးကြီးပေမယ့် မိုးကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း များတတ်ပါတယ်။
မိုးတွင်းမှာ တိုက်တွေပြိုကျတာဟာ အိန္ဒိယမှာဖြစ်နေကြပါ။ မရပ်မနားရွာနေတဲ့ မိုးတွေရဲ့အောက်မှာ ဟောင်းနွမ်းပြီး ခနော်နီ ခနောနဲ့ဖြစ်နေတဲ့ တိုက်တွေဟာ ပြိုလဲတတ်ကြပါတယ်။
မွမ်ဘိုင်းမြို့တော်ရဲ့ အနောက်ပိုင်းပြည်နယ်မဟာရာရှထရာမှာ မနှစ်က မုတ်သုန်မိုးကြောင့်ရေကြီးရေလျှံနှင့် မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၂၀၀ခန့်သေဆုံးခဲ့ကြရပါတယ်။ လူပေါင်း တစ်သန်းခန့်ကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။
Page 864 of 1000