Published 4 July 2022
ရုရှားက ဓာတ်ငွေ့ပိတ်ပစ်လိုက်နိုတဲ့ အခြေအနေရှိနေတဲ့အတွက် အဲဒါကိုကြိုတင်ပြင်ဆင်တဲ့အနေနှင့် ဂျာမဏီအစိုးရက ယင်းရဲ့ စွမ်းအင်လုံခြုံရေးဥပဒေကို ပြန်လည်မွမ်းမံမယ်လို့ ဒုတိယ အဓိပတိ ရောဘတ် ဟာဘက်က တနင်္ဂနွေနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒါကြောင့် ဂျာမန်မှ သုံးစွဲသူတွေဟာ စွမ်းအင်တွေကို ဈေးပိုကြီးလာမှာကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဓာတ်ငွေ့ ပြတ်တောက်သွားတာဩာ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနှင့် အဆောက်အဦတွေကို ထိခိုက်မှုရှိ အသေအချာရှိလိမ့်မယ်လို့ ဖက်ဒရယ်စီးပွားရေးရာနှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးလည်းဖြစ်တဲ့ ဟာဘက်က သတိပေးလိုက်ပါတယ်။ အဲဒါကြောင့် အသုံးပြုသူတွေဟာ ထပ်တိုးကုန်ကျစရိတ်တွေကို ညီတူ မျှခံကြ ရလိမ့်မယ်လို့ သူက ပြောပါတယ်။
ဂျာမနီဟာ ၂၀၂၂ခုနှစ် နှစ်ကုန်မှာ ရုရှဦးထံမှ ရေနံတင်ပို့တာကို ရပ်ပစ်ဖို့ နှင့် ၂၀၂၄ နှစ်လယ်မှာ ရုရှားဆီက ဓာတ်ငွေ့ မှီခိုနေရတာကနေ လွတ်ကင်းတဲ့ နိုင်ငံဖြစ်ဖို့ စီစဉ်နေပါတယ်။
ဂျာမန်ရဲ့ နိုင်ငံအဆင့်သတင်းစာတစ်စောင်ဖြစ်တဲ့ The World က ဂျာမန်ဟာ ရုရှားထံမှ ရေနံတင်သွင်းနေရတာတွေကို အောင်မြင်စွာကြံ့ကြံခံမယ်လို့ ဟာဘက်ကမှတ်ချက်ပေးထားတာကို စိန်ခေါ်ခဲ့ပါတယ်။
ဧပြီလကုန်မှာ ရုရှားထံကနေ ဂျာမနီက ရေနံတင်သွင်းနေတာဟာ မတ်လမှာ စုစုပေါင်းရေနံတင်ပိုမှုရဲ့ ၃၇ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၁၂ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ ဟာဘက်ကပြောပါတယ်။ ဒါပေမယ့် ဖက်ဒရယ်စီးပွားရေးရာနှင့်ရာသီဥတုဆိုင်ရာဝန်ကြီးဌာနရဲ့ မေလ ကိန်းဂဏန်းတွေမှာတော့ ၂၇.၈ ရာခိုင်နှုန်းလို့ ပြနေပါတယ်။
ပြီးခဲ့တဲ့နှစ်က ဂျာမနီရဲ့ စုစုပေါင်း ဓာတ်ငွေ့တင်ပို့မှုရဲ့ ၅၅ ရာခိုင်နှုန်းကို ရုရှားက တင်သွင်းနေရတာပါ။ အဲဒီအပြင် ရေနံရဲ့ ၃၅ ရာခိုင်နှုန်းကလည်း ရုရှားဆီကဝယ်နေရတာဖြစ်ပါတယ်။
Source: CCTV+
#Local_News
Published - 4 July 2022
ရန်ကုန်ရွှေဈေးကွက်ဟာ အရောင်းအဝယ်အေးနေပြီး ဝယ်သူထက် ရောင်းသူပိုများနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 4 July 2022
လာမယ့်ခရီးသွားရာသီမှာ မြန်မာ့လက်မှုပစ္စည်းလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့ ဖြေလျော့မှုအချို့ဆောင်ရွက်ပေးဖို့လိုတယ်လို့ မြန်မာ့လက်မှု အနုပညာအသင်းဥက္ကဌဦးသာဓုကYMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 4 July 2022
၁။ မြန်မာ့လက်မှုပစ္စည်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်အောင် ဖြေလျော့မှုအချို့ဆောင်ရွက်ပေးရန် လိုဟုဆို
၂။ ရန်ကုန်ရွှေဈေးကွက် တည်ငြိမ်နေကာ လိုင်စင်လျှောက်သူပိုမိုများပြားနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကာကွယ်ဆေးဘေးကင်းစိတ်ချရရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ မြင်းခွာဂဏန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 3 July 2022
ကမ္ဘာ့စီးပွားရေးဟာ ငွေကြေးဖောင်းပွမှုတွေ..၊ထောက်ပို့ကွင်းဆက်ပြဿနာတွေနှင့် ရင်ဆိုင်နေရချိန်မှာ တရုတ်နှင့် အခြားမဲခေါင်(၅)နိုင်ငံအကြားမှာ ဖွံ့ဖြိုးတိုးတက်မှု အဟုန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစဉ်အလာ နယ်ပယ်များတွင်သာမကဘဲ ထွန်းသစ်စနယ်ပယ်အသစ်တွေမှာပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်တယ်လို့ ပညာရှင်တစ်ဦးကပြောလိုက်ပါတယ်။
တရုတ်နှင့် အခြားမဲခေါင်(၅)နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးရှိနေကြပေမယ့် ပြီးခဲ့တဲ့နှစ်ထက် ၂၃ ရာခိုင်နှုန်းတိုးတက်လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ခုနှစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သဘာပတိအဖြစ်ဆောင်ရွက်ဖို့ စနေနေ့က မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပါတယ်။ ဆွေးနွေးကြမယ့် အကြောင်းအရာတွေဟာ စီးပွားရေးဆက်ဆံရေး၊အရင်းအမြစ်မျှဝေသုံးစွဲရေးနှင့် မဲခေါင်မြစ်ဝှမ်းတစ်လျောက် ရေအားလျှပ်စစ်စီမံကိန်းများကို အလေးထားဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
“ လာမယ့်နှစ်တွေမှာ တရုတ်နှင့် အခြားငါးနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အစဉ်အလာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေဖြစ်တဲ့ လယ်ယာထွက်ကုန်၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုတွေသာမကဘဲ ကိုဗစ်-၁၉ကိုတိုက်ဖျက်ဖို့နှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းသစ်တွေကိုရှာဖွေတဲ့ နိုင်ငံတကာနှင့် ဒေသဆိုင်ရာပြဿနာတွေအပေါ် ကျွန်တော်တို့ရဲ့ နိုင်ငံရေးညှိနှိုင်းဆောင်ရွက်မှု၊ပြီးတော့ ဆက်သွယ်ရေးမြှင့်တင်ဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ ခေတ်ပြိုင်နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ချိုင်းနားအင်စတီကျုက ပါမောက္ခ လျို ယွန်ကွန်က ပြောပါတယ်။
ဇန်နဝါရီ(၁)ရက်က စတင်အသက်ဝင်တဲ့ ကမ္ဘာ့အကြီးမားဆုံးကုန်သွယ်ရေးအစီအစဉ်ကြီးဖြစ်တဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP)ဟာ သူတို့အကြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေးကိုပါ မြှင့်တင်ပေးနိုင် မယ်လို့ သူက ထပ်ပြောပါတယ်။
RCEPဟာ အာဆီယံ ၁၀နိုင်င့နှင့် တရုတ်၊ဂျပန်၊တောင်ကိုးရီးယား၊ဩစတြေလျနှင့် နယူးဇီလန်တို့ဖြစ်တဲ့ လွတ်လပ်သော ကုန်သွယ်ရေး မိတ်ဖက်(၅)နိုင်ငံတို့ ပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။
“တရုတ်နှင့်အခြား(၅)နိုင်ငံအတွက် RCEP ကို ယင်းရဲ့မူဘောင်အောက်ကနေ ကောင်းမွန်စွာအသုံးပြုပြီးတရုတ်နှင့် အာဆီယံ နိုင်ငံတွေဟာ လာမယ့်နှစ်တွေမှာ စီးပွားရေးနှင့် သမားရိုးကျပူးပေါင်းဆောင်ရွက်မှုတွေသာမကဘဲ နယ်ပယ်သစ်တွေဖြစ်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေး နှင့် အစိမ်းရောင်စီးပွားရေးတွေကိုပါ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ပါမယ်” လို့ သူကပြောပါတယ်။
လန်ချန်း-မဲခေါင်ဆိုတာ တရုတ်နိုင်ငံကနေ လန်ချမ်းမြစ်အဖြစ် မြစ်ဖျားခံစီးဆင်းပြီးနောက် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို ကျော်လာတာနှင့် အရှေ့တောင်အာရှတစ်လျောက် မဲခေါင်မြစ်ရယ်လို့ ခေါ်တွင်ခဲ့ကြပါတာပါ။
၂၀၁၄ခုနှစ်မှာ ပြုလုပ်တဲ့ ၁၇ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးမှာ ဝန်ကြီးချုပ်လီကာရှင်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို စတင်အဆိုပြုခဲ့ပြီးနောက် ၂၀၁၅ခုနှစ်မှာ တရုတ်၊မြန်မာ၊ထိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများက အဲဒီအဖွဲ့ကို တရားဝင်တည်ထောင်ခဲ့ကြပါတယ်။
Source CCTV+
Published 3 July 2022
အိန္ဒိယနိုင်ငံရဲ့ ရိုးရာရထားဆွဲပွဲတစ်ခုဖြစ်တဲ့ မာဟက်ရှ်၏ ရသာယာထရာပွဲဟာ အိန္ဒိယနိုင်ငံ ဆာရမ်ပူလမ်းများပေါ် ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။ ကိုဗစ်-၁၉ လော့ခ်ဒေါင်းကြောင့် (၂)နှစ်ကြာ ရပ်ဆိုင်းခဲ့ရပြီးမှ ယခုနှစ်မှာ ပြန်လည် ဆင်နွှဲကြတာဖြစ်ပါတယ်။ အဲဒီရိုးရာ ရထားဆွဲပွဲတော်ကို ၁၃၉၆ခုနှစ်ကတည်းက ကျင်းပလာကြတာဖြစ်ပြီး ရာစနှစ်ပေါင်းများစွာ ရှည်ကြာတည်ရှိနေတဲ့ ရိုးရာယဉ်ကျေးမှုပွဲတစ်ခုပါ။
အနောက်ဘင်္ဂလားပြည်နယ်က ကိုလ်ကာတားမြို့ကနေ ၂၀ ကီလိုမီတာ ဝေးကွာတဲ့နေရာမှာ ယုံကြည်ကိုးကွယ်ကြသူ တစ်သိန်းကျော်ဟာ ပွဲတော်မှာ ဆင်နွှဲနေကြတာကို တွေ့ကြရပါတယ်။ သူတို့ဟာ ရထားရဲ့ကြိုးကိုဆွဲရဖို့အရေး အလုအယက်ကြိုးစားကြရပါတယ်။ အဲဒီရထားဟာ အရှင် ဂျာဂန်နတ်၊ဘာလာရာမနှင့်ဆူဘာဒရာတို့ရဲ့ နတ်ရထားဖြစ်ပြီး ဒီလိုကြိုးဆွဲခွင့်ရရင် ကံကောင်းတယ်၊ထူးမြတ်တယ်လို့ယူဆထားကြပါတယ်။
ကျွန်မ ဒီကိုနှစ်တိုင်းလာတယ်။ ဂျာဂန်နတ်က ကျွန်မရဲ့ သားအရင်းလိုပဲ။ အရှင့်ကို တစ်ကြိမ်ကိုးကွယ်လိုက်ရုံနှင့် ကောင်းချီးတွေရနိုင်ပါတယ်။ သူ့ကို အမြဲတမ်း အော်ခေါ်နေစရာမလိုပါဘူး။သူ့ရဲ့ ကောင်းချီးတွေဟာ အကြီးအကျယ်ပဲ ။သူက ကျွန်မတို့ကိုမေတ္တာထားပါတယ်လို့ ဘင်္ဂလားကလာတဲ့ အသက်၅၅နှစ်အရွယ် ခရစ်ရှနားဒေစီကပြောပါတယ်။
“ဒီပွဲမလုပ်ဖြစ်တာ (၂)နှစ်ရှိပြီ။ဒါပေမယ့် အခုကျွန်မအလွန်ဝမ်းသာတယ်။အရှင့်အပေါ် ကျွန်မရဲ့ မေတ္တတရားကို ဖော်ပြနိုင်တဲ့စကားလုံးတောင်မရှိတော့ပါဘူး”လို့ သူမက ဆက်ပြောပါတယ်။
ရထားဆွဲပွဲတော်သုံးခုရှိတယ်။ ကိုလ်ကာတားမှာ မာယာပူနှင့် အိုက်စ်ကွန်ရှိတယ်။ ဒါပေမယ့် မာဟက်ရှ်က အကောင်းဆုံးပဲ။ ပူရီ ရသာယာထရာပြီးရင် မာဟက်ရှ်က ဒုတိယအကြီးဆုံးရထားဆွဲပွဲပဲ။ (၂)နှစ်ကြာမှလုပ်ရတဲ့ပွဲဆိုတော့ အိန္ဒိယနိုင်ငံအနှံ့ကလူတွေ ဒီကို ထောင်နှင့်ချီပြီးလာကြတယ်။ဒီနေ့တစ်နေ့လုံးနှင့် ပွဲတော်က တစ်လလုံးလုပ်နေမှာဖြစ်တယ်။ လူတွေတော်တော်များများလာကြဦးမယ်။ သိပ်ကြီးတဲ့ပွဲပါ လို့လည်း အသက်၃၆နှစ်အရွယ် ဒီဘာဂျနီ ဘာဒူရီကပြောပါတယ်။
ကျွန်မတို့က မာဟက်ရှ်မှာ နေတော့ ဂုဏ်ယူစရာပါ။ ဒီပွဲဟာ အလွန်ကြီးမားတဲ့ပွဲဆိုတော့ အနှစ်သာရအများကြီးရှိပါတယ်။ (၂)နှစ်ကြာမှပြန်လုပ်တော့ ကျွန်မ အလွန်ပျော်ပါတယ်။ ပွဲက တစ်လလုံးလုံးရှိနေမှာ လို့ အသက် ၃၁နှစ်အရွယ် ဩရိသကချေသည် ဒီဘက်ရှရီ မူခါဂျီ ကပြောပါတယ်။
ကျွန်မဒီမှာ နေတာ ၁၅နှစ်ရှိပြီ။ ကပ်ဘေး(၂)နှစ်ပြီးတဲ့နောက် ကျွန်မ ရထားဆွဲပွဲတော်ကို ကြည့်ချင်လို့ ဒီကိုလာတာပါ။ လွန်ခဲ့တဲ့(၂)နှစ်က ကပ်ဘေးကြောင့် ပွဲမလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ကောင်းကောင်းကို ဆင်နွှဲခွင့်ရပြီ။ ဆာရာပူးရဲ့ ရထားဆွဲပွဲကို လုပ်လာတာ နှစ်ပေါင်း ၆၂၆ နှစ်ရှိပါပြီ။ ပူရီရထားဆွဲပွဲက အကြီးဆုံးလို့သိထားပါတယ် ဒါပေမယ့် မာဟက်ရှ် ရသာယာထရာက ဒုတိယအကြီးဆုံးပါ လို့ အသက်၃၈နှစ်အရွယ် မာဟက်ရှ်ဒေသခံ မိုဟာဂို့ရှ်က ပြောပါတယ်။
ယခုပွဲတော်ဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်ရှေးအကျဆုံး ရထားဆွဲပွဲတော်ဖြစ်ပြီး ဘင်္ဂလားပြည်နယ်မှာတော့ ရှေးအကျဆုံးဖြစ်ပါတယ်။
Source: AFP
TV Yangon Times Matters အစီအစဉ်
Published - 3 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Orchid (အခမ်းအနားမှူး)နှင့်အတူ
-"ကမ္ဘာကျော်အမျိူးသမီးအစီအစဉ်တင်ဆက်သူတွေရဲ့ ပြောဆိုပုံတွေကို ကြည့်ပြီး အတုယူဖြစ်တယ်ဆိုတဲ့အကြောင်း
-My Read Page မှ အင်္ဂလိပ်စာအုပ်တင်မကဘူး မြန်မာစာအုပ်တွေပါ ဖတ်ပြီး အနှစ်ချုပ်ရေးပြီး တင်ဖြစ်တဲ့အကြောင်း
ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဖြစ်တဲ့အတွက် အိမ်မက်လေးဖြစ်မြောက်လာတာကို တန်ဖိုးထားဝမ်းသာမိပါတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 860 of 1000