#Local_News
Published_26 July 2022
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့ နိုင်ငံ Level 4: Do Not Travel အနီရောင်အဆင့် သတ်မှတ်လိုက်တာကြောင့် ခရီးသွားလုပ်ငန်းမှာ ထိခိုက်သွားမယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
#Yangon_Media_Group
#DailyNews
Published - 26 July 2022
၁။ မြန်မာနိုင်ငံကို ခရီးမသွားသင့်သည့် နိုင်ငံအဆင့် အမေရိကန်သတ်မှတ်ခြင်းအတွက် ခရီးသွားလုပ်ငန်းနစ်နာမှုရှိ
၂။ မြန်မာ့လူဦးရေ(၅)သန်းကျော်တွင် အသည်းရောင်ရောဂါများရှိနေ၊ B ပိုး C ပိုး ရှိမရှိအခမဲ့ စစ်ဆေးပေးမည်ဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဗီယက်နမ်စစ်ပွဲကာလမှ စတင်အသုံးပြုခဲ့သည့် ရော်ဘာဖိနပ်များ ယနေ့အချိန်အထိ လူကြိုက်များလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Wildlife
Published 25 July 2022
တောင်အာဖရိကမှ တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တွေက မိဘမဲ့ကြံ့ငယ်လေးတွေအကောင် ၃၀ ကျော်ကို လုံခြုံမှုရှိသည့် ဘေးမဲ့တောထဲသို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published - 25 July 2022
ကမ္ဘာ့ရွှေဈေးကျနေပေမယ့် ပြည်တွင်းရွှေဈေးကွက်မှာတော့ ဈေးမကျသေးပဲ ဈေးအမြင့်ပိုင်းနဲ့ အရောင်းအေးနေတယ်လို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 24 July 2022
လတ်တလောမှာ ရွှေချည်ထိုးဝတ်စုံလုပ်ငန်းတွေ အရောင်းပြန်ဖြစ်နေသော်လည်း ရွှေချည်ထိုးဈေးကွက်တစ်ခုလုံးကတော့ အရောင်းအေးစက်နေဆဲဖြစ်တယ်လို့ ရွှေချည်ထိုးလုပ်ငန်းလုပ်ကိုင်တဲ့ ကိုရဲလင်းအောင် ကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 25 July 2022
၁။ ရွှေချည်ထိုးဝတ်စုံလုပ်ငန်းများ ပြည်တွင်း၌အရောင်းပြန်ဖြစ်နေ၊ ပြည်ပဈေးကွက်အေးစက်ဆဲဖြစ်
၂။ ဒေါ်လာဈေး အတက်အကျပေါ် မူတည်၍ ရွှေဈေးကွက်အပြောင်းအလဲရှိမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မိဘမဲ့ကြံ့ပေါက်လေးများအား တောင်အာဖရိကသို့ ပြောင်းရွှေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 24 July 2022
တရုတ်နိုင်ငံ တျန်ဝန်-၁ ဂြိုဟ်ပတ်ယာဉ်က အရည်အသွေးမြင့်မားတဲ့ ပုံရိပ်တွေကို ပြန်ပို့ပေးခဲ့ပါတယ်။ အဲဒီပုံရိပ်တွေဟာ အင်္ဂါဂြိုဟ်ရဲ့ အတွင်းအကျဆုံးနှင့်ကြီးမားတဲ့ သဘာဝဂြိုဟ်ငယ်”လ” နှစ်စင်းရဲ့ ပုံရိပ်တွေပါဝင်ပါတယ်။
အဲဒီပုံတွေကို တျန်ဝန်-၁ မှာတပ်ဆင်ထားတဲ့ အရည်အသွေးမြင့်ကင်မရာတစ်လုံးကနေ ရိုက်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီပုံတွေ ရိုက်ကူးစဉ်မှာ တျန်ဝန်-၁ ဟာ အဲဒီဂြိုဟ်ငယ်နှစ်စင်းကနေ ၅၀၀၀ ကီလိုမီတာအကွာမှာရှိနေပါတယ်။
“ လဂြိုဟ်ငယ်တွေရဲ့ပုံရိပ်တွေကို ဂြိုဟ်ပတ်ယာဉ်ရဲ့ အရည်အသွေးမြင့် ကင်မရာပေါ်က လှိုင်းဖမ်းကိရိယာကနေ ဖမ်းယူခဲ့တာပါ။ ကြိုတင်သတ်မှတ်ထားတဲ့ရည်မှန်းချက်ဖြစ်တဲ့ အင်္ဂါဂြိုဟ်တစ်ခုလုံရဲ့ ပုံတွေကိုရယူပြီးနောက် ဒါဟာ နောက်တိုးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်” လို့ တျန်ဝန်-၁ ရဲ့ ဒုတိယဒီဇိုင်းအင်ဂျင်နီယာချုပ် ကျူဆင်ဟွာက ပြောပါတယ်။
တျန်ဝန်-၁က ရိုက်ကူးတဲ့ ပုံတွေမှာ အဲဒီ လဂြိုဟ်ငယ်ကလေးတွေဟာ သေးငယ်ပြီး အာလူးတစ်လုံးလို ပုံမကျပန်းမကျ ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ လဂြိုဟ်ငယ်ကလေးတွေရဲ့ မျက်နှာပြင်မှာ အစင်းကြောင်းအချို့တွေ့ရပါတယ်။ ဒါတွေဟာ နှစ်ကာလအကြာကြီးတုန်းက ရိုက်ခတ်မှုတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ပြီးတော့ အချင်း ၂ ကီလိုမီတာလောက်ရှိတဲ့ ချိုင့်ကြီးတစ်ခုကိုလည်း ပုံရဲ့ အပေါ်ညာထောင့်မှာတွေ့နိုင်ကြပါတယ်။
“ အရည်အသွေးမြင့်ကင်ရာကနေ ပုံတွေရိုက်ယူဖို့ ဂြိုဟ်ပတ်ယာဉ်ဟာ သူ့မှာရှိတဲ့ ထိန်းချုပ်မောင်းနှင်တဲ့ စွမ်းရည်ကို ကျွန်တော်တို့ အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ဟာ အင်္ဂါဂြိုဟ်နှင့်သူ့ရဲ့ လတွေကို သိပ္ပံနည်းကျကျ လေ့လာကြည့်ရှုနိုင်တယ်ဆိုတာ သက်သေပြတာပဲဖြစ်တယ်။ အင်္ဂါဂြိုဟ်ရဲ့ လက ဘယ်လိုဖွဲ့စည်းဖြစ်တည်လာတာလဲ။ အဲဒီလဂြိုဟ်ငယ်ကလေးက တဖြည်းဖြည်းနှင့် အင်္ဂါဂြိုဟ်ထဲ တိုက်မိပျက်ကျသွားမလား။ ဒီမေးခွန်းတွေအတွက် သိပ္ပံနည်းကျအချက်အလက်တွေ ကျွန်တော်တို့လိုအပ်တယ်။ သိပ္ပံပညာရှင်အဖွဲ့ဟာ သူတို့ရဲ့ စွမ်းရည်တွေ အစွမ်းကုန်ထုတ်သုံးပြီး နောက်ထပ်လေ့လာကြည့်ရှုချင်တာတွေ ထပ်တောင်းနိုင်တယ်။ ဥပမာ လဂြိုဟ်ငယ်တွေရဲ့ ထောင့်အမျိုးမျိုးကပုံတွေအပါအဝင်ပေါ့” လို့ ကျူးက ဆက်ပြောပါတယ်။
တျန်ဝန်-၁ ဟာ တရုတ်ရဲ့ ပထမဆုံး အင်္ဂါဂြိုဟ်မစ်ရှင်ဖြစ်ပြီး အဲဒီအထဲမှာ ဂြိုဟ်ပတ်ယာဉ်နှင့် ဂြိုဟ်သွားယာဉ် ကျုရောင်း တို့ ပါဝင်ပါတယ်။
ကျူရောင်းဟာ မေလ၁၅ရက်က အင်္ဂါဂြိုဟ်ပေါ် အန္တရာယ်ကင်းစွာ ဆင်းသက်ခဲ့ပြီးအဲဒီ အောင်မြင်မှဒက တရုတ်နိုင်ငံကို ဂြိုဟ်နီကြီးပေါ် ယာဉ်ဆင်းသက်နိုင်တဲ့ ကမ္ဘာ့ တတိယနိုင်ငံအဖြစ် ရောက်ရှိစေခဲ့ပါတယ်။
#Source_CCTV+
#China's_Tianwen-1
#Mars’s_Phobos
#China_space_technology
Page 841 of 1000