#World_Crisis
Published 27 July 2022
သီရိလင်္ကာနိုင်ငံရဲ့အကြီးဆုံးဆေးရုံကြီးတစ်ခုလုံး လူသူမရှိသလောက်ဖြစ်နေပြီး ကျန်ရှိနေသေးတဲ့ လူနာအနည်းငယ်ဟာလည်း ပြီးဆုံးသည်အထိကုသရခြင်းမရှိဘဲ ဝေဒနာတန်းလန်းနဲ့ပြန်ကုန်ကြပါပြီ။
#Yangon_Media_Group
#Local_News
Published _ 27 July 2022
ဈေးကွက်ထဲ ကြက်သွန်နီနဲ့ ငြုတ်သီးလက်ကျန်နည်းပါးလာတာကြောင့် ဈေးနှုန်းတွေဟာ အတက်ဖက်ကို ဦးတည်နေတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 27 July 2022
ပုဂ္ဂလိကကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်တယ်ဆိုတာမဟုတ်မှန်ဘဲ သတင်းမှားသာဖြစ်တယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌဦးနေအုပ်က YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 27 July 2022
၁။ ပုဂ္ဂလိကကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်မည်ဆိုသည်မှာ သတင်းမှားသာဖြစ်
၂။ ဈေးကွက်တွင် လက်ကျန်ကုန်ပစ္စည်းနည်းပါမှုကြောင့် ကြက်သွန်နီနှင့် ငြုတ်သီး အမြင့်ဈေးတွင်ရှိနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ သီရိလင်္ကာတွင် အစစအရာရာရှားပါးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်သုဉ်းလုနီးပါးဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Industry
Published 26 July 2022
ဗီယက်နမ်တော်လှန်ရေးတပ်ဖွဲ့များ ဝတ်ဆင်ခဲ့တဲ့ ဗီယက်နမ်လက်လုပ်ရော်ဘာဖိနပ်တွေကို စစ်ကားဘီးတာယာများ၊ စစ်လေယာဉ်ဘီးတာယာများမှ အသုံးမပြုတော့တဲ့ ပစ္စည်းများဖြင့် ပြုလုပ်ကြပါတယ်။
#Yangon_Media_Group
Published 26 July 2022
အာတိတ်ပင်လယ်ဖျံမလေးတစ်ကောင်ဟာ အနားယူဖို့နေရာ ရှာဖွေဖို့ကြိုးစားရင်း နော်ဝေနိုင်ငံ မြို့တော်အောစလိုအနီးက လှေတွေအနီး ကူးခတ်ရောက်ရှိလာခဲ့ပါတယ်။
ပင်လယ်ပျော် နို့တိုက်သတ္တဝါကြီးတစ်ကောင်းဖြစ်တဲ့ အဲဒီပင်လယ်ဖျံကြီးဟာ လှေရဲ့နောက်ဘက်ကနေ အပေါ်ကိုတက်လာတာကို မြင်ရသူတွေဟာ ဇဝေဇဝါဖြစ်ကုန်ကြပါတယ်။
တကယ်တမ်းတော့ ဖရီယာလို့အမည်ပေးထားတဲ့ အဲဒီဖျံမကလေးဟာ နေပူစာလှုံရင်း အနားယူဖို့ လှေပေါ်တက်လာတာပါ။
ဖရီယာဆိုတာ စကင်ဒီနေဗီးယားရဲ့ လှပခြင်းနှင့်ချစ်ခြင်းမေတ္တာဆိုင်ရာ နတ်သမီးတစ်ပါးအမည်ပါ။
အလေးချိန်ပေါင်၁၃၀၀ရှိတဲ့ဖရီယာကြောင့် ဥရောပတစ်ခွင်က ဆိပ်ကမ်းတွေက လှေတွေ၊ လေသွင်းလှေတွေတော်တော်များများ နစ်မြုပ်ခဲ့ရပါတယ်။
အဲဒါကြောင့် အော်စလိုက သူနေပူစာလှုံပြီး အေးအေးချမ်းချမ်း နားနေနိုင်အောင် သူနှင့်ကိုက်ညီတဲ့ ရေပေါ်ဆိပ်ခံလေးတစ်ခုကို ဖန်တီးပေးထားပါတယ်။
ဖရီယာလို့အမည်ပေးထာတဲ့ အဲဒီဖျံမကလေးဟာ နေထိုင်ကောင်းနေပုံရတယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်းမန်နေဂျာ ရော့ဖ် အာရက် ဂျင်ဆင်က ပြောပါတယ်။
#Source_AFP
#Sleepy_walrus
#Freya
#Oslo_walrus
#Local_News
Published - 26 July 2022
မြန်မာ့လူဦးရေ(၅)သန်းကျော်မှာB ပိုး၊ C ပိုး အပါအဝင် အသည်းရောင်ရောဂါတွေရှိနေပြီး ရောဂါရှိမရှိ အခမဲ့စစ်ဆေးပေးသွားဖို့ရှိတယ်လို့ မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာ ဒေါ်ခင်ပြုံးကြည်က ပြောပါတယ်၊၊
#Yangon_Media_Group
Page 840 of 1000