#Local_News
Published _ 28 July 2022
ပြည်တွင်း ဆန်စပါးဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၇၀၀၀၀ ကျပ်ကနေ ၇၆၀၀၀၀ ကြား မြင့်တက်နေရတာဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေမတည်ငြိမ်မှုတွေနဲ့ ဆက်စပ်နေတယ်လို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_28 July 2022
ဈေးကွက်အတွင်း ဘေးမကင်းတဲ့ စားသုံးဆီတွေ ရောင်းချနေတာတွေရှိနေတဲ့အတွက် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန FDA မှ ကြပ်မတ်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 28 July 2022
၁။ ဗူးသွင်းထုတ်လုပ်သည့် စားသုံးဆီတိုင်းဘေးကင်းကြောင်း FDA ထောက်ခံချက်ရမှ ရောင်းချခွင့်ပြုမည်
၂။ ရွှေဘိုပေါ်ဆန်း လာမည့်ရက်ပိုင်းအတွင်း ဈေးအနည်းငယ်ပြန်ကျမည်
၃။ ချွေးကနေတဆင့် ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်တင်ပြနိုင်မယ့် စမတ်ဆွဲကြိုးအား သိပ္ပံပညာရှင်များတီထွင်ထုတ်လုပ်
၄။ စပိန်မိသားစုထံမှ ရှေးဟောင်းပစ္စည်း(၂,၅၀၀)ခန့်အား မက္ကဆီကိုလက်ခံရယူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 July 2022
ဆေးနဲ့ ဆေးပစ္စည်းတွေကို ကိုယ့်ရဲ့နိုင်ငံခြားငွေအစီအစဉ်နဲ့ တင်သွင်းလိုတယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ခွင့်ပြုမှ စီးပွားကူးသန်းအနေနဲ့ လိုင်စင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 28 July 2022
ယူကရိန်းစစ်တပ်က ပိုလန်နိုင်ငံလုပ် ခရက်ဘ် ဟောင်ဝစ်ဇာ အမြောက်တွေကို ရုရှားနှင့်စစ်ဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်း ရှေ့တန်းကို ပေးပို့လိုက်ပါတယ်။
ပိုလန်နိုင်ငံက အဲဒီဟောင်ဝစ်ဇာ အမြောက် ၁၈ လက်ကို လှုဒါန်းခဲ့တာဖြစ်ပြီး တစ်လအကြာမှာ နောက်ထပ် ဟောင်ဝစ်ဇာ အမြောက် အလက်(၆၀)ကို ယူရိုသန်း ၆၅၀နှင့်ရောင်းချမယ်လို့ကြေညာခဲ့ပါတယ်။
ခရက်ဘ်ဟာ self-propelled tracked gun အမျိုးအစား ဟောင်ဝစ်ဇာဖြစ်ပြီး ၁၅၅ မီလီမီတာရှိတဲ့ အမြောက်တပ်ဆင်ထားပါတယ်။
Source: AFP
#Polish-made_howitzers
#Ukraine_war
#Russia_Ukraine_Conflict
Published 27 July 2022
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း မနီလာမြို့တော်နှင့် ၁၈၅ မိုင်ကွာမှာ ဗုဒ္ဓဟူးနေ့ မနက်က ပြင်းအား ၇အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ရှားခဲ့ရာ အနည်းဆုံးလူလေးဦး သေဆုံးပြီး အဆောက်အအုံတွေပြိုလဲပျက်စီးကာ အထပ်မြင့်အဆောက်အဦတွေ လှုပ်ခါခဲ့ရပါတယ်။
ဇူလိုင် ၂၇ရက် မနက် ၈နာရီ ၄၃ မိနစ်မှာ လူဦးရေသိပ်မထူထပ်တဲ့ အာဘရာပြည်နယ်က ပင်မကျွန်းတစ်ခုဖြစ်တဲ့ လူဇွန်ကျွန်း မှာ ငလျင်က လှုပ်ရှားခဲ့တာပါ။
မြေကြီးအနက် ခပ်တိမ်တိမ်မှာ လှုပ်ရှားခဲ့တာမို့ အပျက်အစီးတွေရှိပါတယ်။ တောင်ထူထပ်တဲ့ အဲဒီနေရာတစ်ဝိုက်မှာ ရာဂဏန်းမျှရှိတဲ့လူတွေ ထိခိုက်ဒဏ်ရာရှိခဲ့ကြပါတယ်။မြေပြိုမှုတွေကလည်း ဒါဇင်ချီရှိခဲ့ပါတယ်။ အဆောက်အအုံတွေပျက်စီးခဲ့ပြီး လျှပ်စစ်မီးတွေပြတ်တောက်ခဲ့ရပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်တဲ့ ဗီဂန်မြို့က ရာစုနှစ်သက်တမ်းရှိတဲ့ ရှေးဟောင်း အဆောက်အအုံတစ်ခုဟာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ အဲဒီအဆောက်အဦဟာ စပိန်ကိုလိုနီခေတ် အဆောက်အဦတစ်ခုဖြစ် ပါတယ်။
အာဘရာပြည်နယ်က ဒိုလိုရက်စ်မြူနီစပါယ်ဒေသမှာ အိမ်တွေလှုပ်ခါပြီး နံရံတွေကွဲအက်လာလို့ လူတွေဟာ အပြင်ကို ပြေးလွှားထွက်လာကြရတယ်လို့ ရဲအရာရှိ အက်ဒွင် ဆာဂျီယိုက အေအက်ဖ်ပီကို ပြောပါတယ်။
ငလျင်ဟာသိပ်ပြင်းထန်တယ်လို့လည်း သူကပြောပါတယ်။ အရပ်ဈေးတစ်ခုက ပြတင်တွေကွဲထွက်ကုန်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဈေးထဲက ဈေးဆိုင်ခင်းထာတဲ့ စားပွဲတွေအားလုံးလဲကျပြီး ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ ပြန့်ကျဲကုန်တယ်လို့လည်း သူကပြောပါတယ်။
အာဘရာပြည်နယ်ရဲ့ မြို့တော် ဘန်ယူမှာ နံရံပြိုလဲကျလို့ အသက် ၂၃နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီဒေသမှာ အနည်းဆုံး လူ၆၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ကာလင်ဂါပြည်နယ်က တောင်တွေပေါ်တည်ဆောက်ထားတဲ့ အဆောက်အအုံတစ်ခုကနေ ပြုတ်ကျသေဆုံးရတာဖြစ်ပါတယ်။
မြောက်ပိုင်းဟာ သူ့မိသားစုရဲ့ အမာခံဒေသဖြစ်တဲ့ သမ္မတ မားကို့စ်ဂျူနီယာက ပြတ်တောက်မှုတွေကို ရှောင်ရှားချင်တဲ့ အတွက် အဲဒီနေရာကို သူချက်ခြင်းသွားရောက်ဦးမှာမဟုတ်ဘူးလို့ပြောပါတယ်။
သူတို့အိမ်တွေကို ပျက်စီးမှု စစ်ဆေးမပြီးမချင်း အရေးပေါ် စခန်းတွေမှာပဲ နေကြဖို့ သူက ပြည်သူတွေကို ပြောထားပါတယ်။
Source_ AFP
#Philippine_earthquakes
#Abra_earthquakes
#World_earthquakes
#World_Crisis
Published 27 July 2022
သီရိလင်္ကာနိုင်ငံရဲ့အကြီးဆုံးဆေးရုံကြီးတစ်ခုလုံး လူသူမရှိသလောက်ဖြစ်နေပြီး ကျန်ရှိနေသေးတဲ့ လူနာအနည်းငယ်ဟာလည်း ပြီးဆုံးသည်အထိကုသရခြင်းမရှိဘဲ ဝေဒနာတန်းလန်းနဲ့ပြန်ကုန်ကြပါပြီ။
#Yangon_Media_Group
Page 839 of 999