#WorldAgriculture
Published 02 April 2022
ခရိုအေးရှားနိုင်ငံမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ဆေးခြောက်ပြတိုက်မှာ ဆေးခြောက်အသုံးပြုခြင်းသမိုင်းဝင်အကြောင်းတွေ၊ ရက်ဂေးသံစဉ်နဲ့ ဆေးစွဲသူတို့ရဲ့အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။
#Yangon_Media_Group
#LocalNews
Published_2 April 2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အမျိုးသမီး ၃ ဦးကို မတ်လ ၃၁ ရက်နေ့မှာ အကြမ်းဖက်မှုပုဒ်မနဲ့ ထောင် ၁၀ နှစ်စီ ချလိုက်တာနဲ့ ပတ်သက်ပြီးတော့ အယူခံဝင်မယ် မဝင်ဘူးဆိုတာကို သူတို့ မိသားစုတွေနဲ့ မဆွေးနွေးရသေးဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ပြောပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 2 April 2022
၁။ ကိုဗစ်ကပ်ဘေးနှင့်အတူတွဲပါလာတဲ့ သတင်းအချက်အလက်ကပ်ဘေးအကြောင်း
၂။ သတင်းအချက်အလက် ကပ်ဘေးဟာ ဘယ်လောက်ကြောက်စရာကောင်းသလဲ??
၃။ ကိုဗစ်ကပ်ဘေးအတွက်တော့ ကာကွယ်ဆေးတွေရှိလာပြီ။ သတင်းအချက်အလက်ကပ်ဘေးအတွက်ရော ကာကွယ်ဆေး ဖော်စပ်နိုင်ပြီလား ?? ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက်တာခင်မောင်လွင်က ယခုလို ဆွေးနွေးပြောဆိုခဲ့ပါတယ်။
#Yangon_Media_Group
Published 2 April 2022
အိုမီခရွန်ကနေထပ်ခွဲလာတဲ့ ဗိုင်းရပ်မျိုးကွဲအခွဲအသစ်တစ်ခု "XE" (အိတ်စ်အီး) ကို ရှာတွေ့ခဲ့ပြီး အဲဒါဟာ လက်ရှိကူးစက်မှုအမြန်ဆုံးဖြစ်နေတဲ့ အိုမီခရွန်အခွဲ BA.2 ထက် ကူးစက်မှု ၁၀ရာခိုင်နှုန်း မြန်ဆန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
"XE" (အိတ်စ်အီး)ဟာ အိုမီခရွန်၊, BA.1နှင့် BA.2 တို့ပေါင်းစပ်မိပြီး ထပ်မံပေါ်ပေါက်လာတဲ့ မျိုးကွဲအခွဲတစ်ခုဖြစ်ပြီး သိသာစွာကွဲပြားတဲ့ ရောဂါဆိုးရွားမှုအပါအဝင် ရောဂါအသွင်အပြင်တွေမပြမချင်း အိုမီခရွန်ရဲ့ အခွဲဖြစ်နေဦးမှာပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မတ်၂၉ရက်က ထုတ်ပြန်တဲ့ ကပ်ရောဂါဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာဖော်ပြထားပါတယ်။
Source CMG
#LocalNews
Published_2 April 2022
လုံးခင်း၊ဖားကန့်၊မော်လု၊မော်ဟန်၊မိုးညှင်းရတနာနယ်မြေတွေမှာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းကစလို့ မိုးတွင်းမှာအန္တရာယ်မဖြစ်ရအောင်ဆိုပြီးတော့ ယာယီရပ်နားခဲ့တာကနေ အခုဆိုရင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက အမြဲတမ်းသဘောမျိုး ပိတ်သိမ်းလိုက်ပါပြီ။
#Yangon_Media_Group
#LocalNews
Published - 2 April 2022
ရန်ကုန်ကားဝိုင်းစျေးကွက်တွင် ကျပ်သိန်း ၂၀၀ ပတ်လည်ချာကားများ အဝယ်လိုက်နေပြီး ကား စျေးနှုန်းတန်းတွေကလည်း အမြင့်ပိုင်းမှာရှိနေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -2 April 2022
၁။ သိန်း ၂၀၀ ပတ်ချာလည်ကားများ အဝယ်လိုက်နေပြီး ကားဈေးနှုန်းတွေမြင့်တက်နေ
၂။ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခွင့်ကို အမြဲတမ်းသဘောမျိုးပိတ်သိမ်း
၃။ မိုးလေဝသ သတင်း
၄။ ဆေးခြောက်ပြတိုက် ခရိုအေးရှားတွင်ဖွင့်လှစ်ပြသ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 829 of 889