Published 12 May 2022
အာဏာပိုင်တွေက သုံးရက်ကြာလော့ခ်ဒေါင်းလုပ်မယ်လို့ အွန်လိုင်းပေါ်မှာ ကောလာဟလတွေထွက်လာတဲ့အတွက် ဘေဂျင်း ဒေသခံတွေဟာ စူပါမားကက်တွေမှာ မေ(၁၂)ရက်က စားသောက်ကုန်တွေကို အပြေးအလွှား အလုအယက် ဝယ်ယူ နေခဲ့ကြ ပါတယ်။
ဘေဂျင်းမှာ ကိုဗစ်နေ့စဉ်ကူးစက်မှုမှာ ဒါဇင်ကျော်ရှိပြီး တည်ငြိမ်နေပါတယ်။
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာတော့ ဘေဂျင်းဟာ အငှားယာဉ်နှင့် အငှားယာဉ်မောင်းလုပ်ငန်းတွေကို ကိုဗစ်ကူးစက်မှုစတင်ခဲ့တဲ့ ဘေဂျင်းရဲ့ကြီးဆုံးခရိုင်ဖြစ်တဲ့ ချောင်းယန်ခရိုင်နှင့်အခြားခရိုင်နှစ်ခုမှာ ခေတ္တရပ်ဆိုင်းကြောင်းကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။
အဲဒီဒေသတွေမှာ စားသောက်ဆိုင်တွေထမှာ ထိုင်စားတာတွေပိတ်ခဲ့ပြီး အချို့ ဈေးဝယ်စင်တာတွေ၊ဖျော်ဖြေရေးနှင့်ခရီးသွား နေရာတွေကိုပိတ်ခဲ့ပါတယ်။အချို့ ဘတ်စ်လိုင်းနှင့် မြေအောက်ရထားလမ်းပိုင်းတွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ အချို့ လူနေအိမ်ရာတွေကို လော့ခ်ဒေါင်းချခဲ့ပါတယ်။
Source Text: AFP/Reuters & Video AFP
#LocalNews
Published - 12 May 2022
ဧရာဝတီတိုင်းရှိ ရှေးဟောင်းကြပ်ပြင် ပျူဂဝံမြို့ဟောင်းအတွင်း ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကျောက် ခေတ်ပစ္စည်းများနှင့် ပတ်သက်၍ သုတေသန စာတမ်းတစ်စောင်ကို ပြုစုနေတယ်လို့ ပျူဂဝံမြို့ ဟောင်း ဆရာတော်ဦးပညာသီရိက မိန့်ကြားပါတယ်။
#Yangon_Media_Group
#LocalNews
Published -12 May 2022
လတ်တလော ပုဂံဒေသမှာလုံခြုံရေးအရ သံတံခါးတွေတပ်ဆင်တာ၊ CCTV Network တပ်ဆင်တာတွေဆောင်ရွက်သွားဖို့ရှိတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံဌာနခွဲ)၊ ညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_12 May 2022
တိုင်းရင်းသားတွေ ပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကလွဲရင် တခြားနည်းလမ်းမရှိဘူးလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ဆိုပါတယ်။
#Yangon_Media_Group
#DailyNews
Published - 12 May 2022
၁။ ရှေးဟောင်းပစ္စည်းများ ခိုးယူခံနေရသည့် ကမ္ဘာ့အမွေအနှစ်ဒေသပုဂံတွင် CCTV Network တပ်ဆင်မည်။
၂။ ပျူဂဝံမြို့ဟောင်းအတွင်း ဖော်ထုတ်တွေ့ရှိခဲ့သည့် ကျောက်ခေတ်ပစ္စည်းများနှင့် ပတ်သက်၍ သုတေသန စာတမ်းပြုစုနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရုပ်ရှင်အမှတ်တရပစ္စည်းများ လေလံတင်ပွဲတွင် ဒီလော်ရီယန်မော်တော်ကားပါဝင် ပြသသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#အမေရိကန်ကွန်တိန်နာသင်္ဘော SS Mayaguez သင်္ဘောကိုကမ္ဘောဒီးယားတပ်များကသိမ်းပိုက်
မေ ၁၂ ၊ ၁၉၇၅ ခုနှစ် ဗီယက်နမ်မြို့တော် ဆိုင်းဂုံကျရှုံးပြီးနောက်တစ်နေ့ ၁၉၇၅ခုနှစ် မေလ(၁၂)ရက်တွင် ခမာရုတပ်များက အမေရိကန်ကွန်တိန်နာသင်္ဘော SS Mayaguez ကို စီးနင်းသိမ်းပိုက်ကာ သင်္ဘောသားများကို ကမ္ဘောဒီးယားကမ်းခြေသို့ ချထားခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်မရိန်းတပ်က သင်္ဘောနှင့် သင်္ဘောသားများကိုဖမ်းထားသည့် ခိုတန်ကျွန်းကို ဝင်ရောက်စီးနင်းခဲ့သည်။
မေ(၁၂)ရက် ထင်ရှားကမ္ဘာ့ဖြစ်ရပ်အချို့က..
၁၈၉၇
တက်ဆာလီစစ်ပွဲ- တူရကီတပ်က ဂရိကိုအနိုင်တိုက်
၁၉၂၅
ဥဇဘက်ကစ္စတန်နှင့်ကီဂျစ်စတန်တို့ အထူးအုပ်ချုပ်ခွင့်ရ ဆိုဗီယက်သမ္မတနိုင်ငံများဖြစ်လာ
၁၉၄၃
ဂျာမန်တပ်များက တူနီးရှား၊မြောက်အာဖရိကတွင် လက်နက်ချ
၁၉၈၄ တောင်အာဖရိကအကျဉ်းသား နယ်လ်ဆင်မင်ဒဲလား ဇနီးဖြစ်သူ ဝင်နီမင်ဒဲလားနှင့် ၂၂နှစ်ခွဲနေရပြီးပထမဆုံးတွေ့ခွင့်ရ
၁၉၉၁
ပစိဖိတ်အနောက်မြာက်ရှိ ရှားပါးအပင်တစ်ပင်၏ အခေါက်မှထုတ်ယူရသည့် ကင်ဆာဆေးဝါးသစ်ကြေညာ
#WorldTradition
Published 11 May 2022
လေမုန်တိုင်းနတ်ဘုရားကို ကျေနပ်စေပြီး မိုးခေါင်မှုကျော်လွှားနိုင်ဖို့အတွက် မက္ကဆီကိုတောင်ပိုင်းမှာ ရှေးဟောင်းရိုးရာပွဲတစ်ခု ကျင်းပခဲ့ကြပါတယ်။
#Yangon_Media_Group
Page 798 of 889